Bíblia
A Bíblia é a Palavra de Deus — viva, eficaz e mais cortante que espada de dois gumes. Toda Escritura é inspirada por Deus e útil para ensinar, repreender, corrigir e instruir em justiça.
Inspiração divina
Toda Escritura é inspirada por Deus. Homens santos falaram da parte de Deus movidos pelo Espírito Santo.
ကျမ်းစာတော်မြတ် အားလုံးသည် ဘုရားသခင် မှုတ်သွင်းထားတော်မူသည်ဖြစ်၍ ထိုကျမ်းစာတော်မြတ်သည် သမ္မာတရားကို သွန်သင်ခြင်း၊ အပြစ်ကို ဖော်ပြ၍ ဆုံးမခြင်း၊ အမှားကို ပြုပျင်ခြင်း၊ မှန်သောအသက်လမ်းကို ညွှန်ပြပီးခြင်း၌ အသုံးဝင်တော်မူ၏။ ထို့ကြောင့် ကျမ်းစာတော်မြတ်သည် ဘုရားသခင်၏အစီခံတစ်ယောက်၌ ကောင်းသောအမှု အမျိုးမျိုးကို ဆောင်ရွက်နိုင်ရန် အရည်အချင်းများနှင့် ပြည့်ဝ စီတော်မူ၏။
ထို့အပြင် သင်သည် ခရစ်တော်ယေသျှု၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းနှင့်ဆိုင်သော အသိဉာဏ်ကို ပီးနိုင်သည့် သန့်ယှင်းသော ကျမ်းစာတော်မြတ်ကို ငယ်ရွယ်စဉ်ကတည်းကပင် သိထားပြီးဖြစ်သည်ကို သိမှတ်လော့။ ကျမ်းစာတော်မြတ် အားလုံးသည် ဘုရားသခင် မှုတ်သွင်းထားတော်မူသည်ဖြစ်၍ ထိုကျမ်းစာတော်မြတ်သည် သမ္မာတရားကို သွန်သင်ခြင်း၊ အပြစ်ကို ဖော်ပြ၍ ဆုံးမခြင်း၊ အမှားကို ပြုပျင်ခြင်း၊ မှန်သောအသက်လမ်းကို ညွှန်ပြပီးခြင်း၌ အသုံးဝင်တော်မူ၏။ ထို့ကြောင့် ကျမ်းစာတော်မြတ်သည် ဘုရားသခင်၏အစီခံတစ်ယောက်၌ ကောင်းသောအမှု အမျိုးမျိုးကို ဆောင်ရွက်နိုင်ရန် အရည်အချင်းများနှင့် ပြည့်ဝ စီတော်မူ၏။
ကျမ်းစာ၌ဖော်ပြသော ပရောဖက်ပြုချက်များကို မည်သူတစ်ယောက်မျှ မယှင်းပြနိုင်ကြောင်း သင်ရို့ အထူး သိမှတ်ကြလော့။ အကြောင်းမူကား မည်သည့် ပရောဖက်ပြုချက်မျှ လူ့အလိုဆန္ဒအရ ပေါ်လာသည် မဟုတ်။ သန့်ယှင်းသော ဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူရို့သည် ဘုရားသခင် ထံတော်ပါးမှ လာသော ဗျာဒိတ်တော်ကို ဟောပြောခြင်းသာဖြစ်၏။
သင်မူကား ရှက်ကြောက်စရာမဟိဘဲ သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်ကို မှန်ကန်စွာ သွန်သင်တတ်သောသူ၊ ဘုရားသခင်နှစ်သက်တော်မူသောသူ တစ်ယောက်အဖြစ်ဖြင့် မိမိကိုယ်ကို ဆက်ကပ်အပ်နှံခြင်းငှာ အစွမ်းကုန် ကြိုးစား အားထုတ်လော့။
အခွင့်အခါ ကောင်းသည်ဖြစ်စီ၊ မကောင်းသည်ဖြစ်စီ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်း နှိုးဆော်တိုက်တွန်းခြင်းကို ပြုလော့၊ စည်ရုံးသိမ်းသွင်းခြင်း၊ အပြစ်ကို ဖော်ပြ၍ သွန်သင်ခြင်း၊ တိုက်တွန်းခြင်း၊ စိတ်ရှည်စွာဖြင့် သြဝါဒ ပီးခြင်းကို ပြုလော့။
ငါ ရောက်လာသည့်တိုင်အောင် လူအပေါင်းရို့၏ရှိ့၌ ကျမ်းစာဖတ်ခြင်း၊ တရားဟောခြင်း၊ သွန်သင်ဆုံးမခြင်းများကို အားထုတ်၍ ဆောင်ရွက်လော့။
Poder da Palavra
A Palavra de Deus é viva e eficaz. O céu e a terra passarão, mas as minhas palavras jamais passarão.
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ လှုပ်ယှားလျက်ဟိ၏။ ထိုနှုတ်ကပတ်တော်သည် အသွားနှစ်ဖက်ပါသော သံလျက်ဒါးထက် ပြတ်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် ဝိညာဉ်ကိုလည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီများကိုလည်းကောင်း ထိုးထွင်းပိုင်းခြားတတ်၏။ ထိုနှုတ်ကပတ်တော်သည် စိတ်နှလုံးအကြံအစည်နှင့် တပ်မက်မှုကို ခွဲခြားသိမြင်တတ်၏။
ကောင်းကင်နှင့် မြီကြီး ပျောက်ကွယ်လားသော်လည်း၊ ငါ့စကားသည် တစ်ခါလည်း ကွယ်ပျောက်လားလိမ့်မည် မဟုတ်ချေ။
ယေသျှုက "ကျမ်းစာလာသည်ကား၊ ‘လူသည် အစာအားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့်သာ အသက်ရှင်ရမည်’" ဟု ပြန်၍ မိန့်တော်မူ၏။
သမ္မာတရားအားဖြင့် သူရို့ကို သန့်ယှင်းစီတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။
သင်ရို့သည် ကျမ်းစာတော်မြတ်ကို ကြိုးစား၍ လေ့လာကြ၏။ အကြောင်းမူကား သင်ရို့သည် ထိုအထဲ၌ ထာဝရအသက်ကို ရှာတွိ့လိမ့်မည်ဟု ထင်သောကြောင့်ဖြစ်၏။ ထိုကျမ်းစာတော်မြတ်ပင်လျှင် ငါ၏အကြောင်းကို သက်သီခံ၏။
ထာဝရဘုရား၏ နှုတ်ကပတ်တော်မူကား ကာလအစဉ်အဆက် တည်၏"
ဟူ၍ ဖော်ပြထားသည့်အတိုင်း ဖြစ်၏။ ထိုနှုတ်ကပတ်တော်သည်ကား သင်ရို့အား ကြေညာသည့် သတင်းကောင်းဖြစ်ပေ၏။
Estudar e pregar
Os bereanos examinavam as Escrituras diariamente. Procura apresentar-te a Deus aprovado como obreiro que maneja bem a Palavra.
ဗေရိ မြို့သူမြို့သားရို့သည် သက်သာလောနိတ် မြို့သူမြို့သားတိထက်မက သာ၍ ကြည်ညိုစိတ်ဟိကြသည်ဖြစ်၍ သူရို့သည် နှုတ်ကပတ်တရားတော်ကို စိတ်အားထက်သန်စွာ ခံယူကြပြီးလျှင် ပေါလုပြောသည်မှာ မှန်၏၊ မမှန်၏ကို သိခြင်းငှာ ကျမ်းစာကို နိ့စဉ်နိ့တိုင်း လေ့လာဆန်းစစ်ကြလေ၏။
ပေါလုသည် မိမိပြုလေ့ဟိသည့်အတိုင်း တရားဇရပ်သို့ လား၍ ခရစ်တော်သည် ဒုက္ခဝေဒနာကို ခံယူပြီးမှ အသီခံခြင်းက ထမြောက်တော်မူမည့်အကြောင်းကို ကျမ်းစာကို အမှီပြု၍ ယှင်းပြပြီး ဥပုသ် သုံးပတ်တိုင်တိုင် လူတိနှင့် ဆွေးနွေးလေ၏။ ပေါလုက "ငါသည် သင်ရို့အား ဟောပြောနိန်သော ယေသျှုသည်ကား ကယ်တင်သျှင်ဖြစ်၏" ဟူ၍ ဆိုလေ၏။
ဖိလိပ္ပုသည် ဗြီးလား၍ ပရောဖက်ဟေသျှာယကျမ်းအား ဖတ်လျက်နိန်သည်ကို ကြားသဖြင့် "သင် ဖတ်နိန်သော အရာကို နားလည်သလော" ဟု ထိုသူအား မိန်းလေ၏။
ထိုအရာဟိက၊ "ငါ့ကို အနက်ဖွင့်ပြသူ မဟိဘဲ ဇာပိုင် နားလည်နိုင်ပါမည်နည်း" ဟု ပြန်ပြောပြီးနောက်၊ ဖိလိပ္ပုအား ရထားထက်တက်၍ မိမိနှင့်အတူထိုင်ရန် ဖိတ်ခေါ်လေ၏။ ထိုသူ ဖတ်နိန်သည့် ကျမ်းစာပိုဒ်ကား၊
"အသီသတ်ရန် ဆွဲယူလားသော သိုးကဲ့သို့၊ သူ့ကို ဆောင်ယူလားကြ၏။
သိုးချေသည် အမွီးညှပ်သူရို့ရှိ့၌ နှုတ်ဆိတ်၍နိန်သကဲ့သို့၊
မိမိနှုတ်ကို မဖွင့်ဘဲနိန်၏။
ထို့ကြောင့် ဖိလိပ္ပုသည် ထိုကျမ်းစာပိုဒ်နှင့် အစပြု၍ ယေသျှုအကြောင်း သတင်းကောင်းကို ဟောပြောလေ၏။
ထိုအခါ ယေသျှုက သူရို့အား၊ "ပရောဖက်တိ ဟောကြားခသမျှကို ယုံကြည်ရန် အားနည်းနိန်သော အို... လူမိုက်တိ၊ မေသျှိယသည် ဘုန်းတန်ခိုးတော်ကို မခံယူခင် ဤကဲ့သို့ ဒုက္ခဝေဒနာတိကို ခံစားရန် လိုအပ်သည် မဟုတ်လော" ဟု မိန့်တော်မူ၏။ ထို့နောက် ယေသျှုသည် မောသျှေ ကျမ်းမှစ၍ ပရောဖက်ကျမ်းအားလုံးတွင် မိမိအားရည်မှတ်၍ ရီးထားသမျှသော ကျမ်းချက် အနက်အဓိပ္ပာယ်တိကို ထိုသူရို့အား ယှင်းလင်းဖော်ပြတော်မူ၏။
ထို့ကြောင့် ယေသျှုသည် မိမိ၏တပည့်တော်တိပါးသို့ လာ၍ မိန့်မှာတော်မူသည်မှာ၊ "ငါသည် ကောင်းကင်ဘုံ၌လည်းကောင်း၊ မြီကြီးပေါ်၌လည်းကောင်း အုပ်စိုးပိုင်သော တန်ခိုးအာဏာကို ရထားပြီးပြီ။ ထို့ကြောင့် သင်ရို့သည် လား၍ လူမျိုးအားလုံးကို ငါ့တပည့် ဖြစ်စီလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ယှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပီးကြလော့။ ငါသည် သင်ရို့အား ပီးထားသမျှသော ပညတ်တော်တိကို စောင့်ထိန်းကြစီခြင်းငှာ သူရို့အား ဆုံးမဩဝါဒ ပီးကြလော့။ ငါသည် ကပ်ကမ္ဘာ ကုန်သည့်တိုင်အောင် သင်ရို့နှင့်အတူ အမြဲတမ်း ဟိနိန်လိမ့်မည်" ဟု မိန့်တော်မူ၏။
‘ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ’ ဟု ဟောပြောကြလော့။
Revelação e fidelidade
A Palavra do Senhor veio aos profetas. A graça de Deus se manifestou na Escritura para a salvação de todos.
Viver pela Palavra
Não só de pão vive o homem. Nada acrescentes nem diminuas. A Palavra é alimento, guia e espada do cristão.
နိဂုံး
ဤစာစောင်ပါ ဗျာဒိတ်တော်များကို ကြားရသောသူ အပေါင်းရို့အား ငါ ယောဟန်သည် ကြပ်တည်းစွာ သတိပီးလိုက်၏။ ဇာသူမဆို ဤစာအုပ်တွင် တစ်စုံတစ်ရာ ထပ်လောင်း၍ ဖြည့်စွက်ပါက ဘုရားသခင်သည် ထိုသူ၌ ဤစာစောင်တွင် ဖော်ပြသော ဘေးဒဏ်များကို ကျရောက်စီတော်မူလိမ့်မည်။ ဇာသူမဆို ဤစာစောင်တွင် ပရောဖက်ပြုထားသော စကားများမှ တစ်စုံတစ်ရာကို နုတ်ပယ်ပါက ဘုရားသခင်သည် ဤစာစောင်၌ ဖော်ပြသော အသက်ပင်၏အသီးကို စားသုံးခွင့်နှင့် မြင့်မြတ်သန့်ယှင်းသော မြို့တော်သို့ ဝင်စားခွင့်ကို ထိုသူပါးမှ နုတ်ပယ်တော်မူလိမ့်မည်။
တစ်ခုတည်းသော သတင်းကောင်း
ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်ရို့အား ခေါ်ယူတော်မူသော အသျှင်ကို သင်ရို့သည် ဤမျှလောက် စောလျင်စွာ စွန့်ခွါ၍ အခြားသော သတင်းကောင်းကို နာယူလျက်ဟိသဖြင့် ငါသည် အလွန်အံ့သြ၏။ အမှန်ဆိုသော် "အခြားသော သတင်းကောင်း" ဟူ၍မဟိ။ သို့ရာတွင် လူတချို့သည် သင်ရို့ကို အနှောက်အယှက်ဖြစ်စီပြီး ခရစ်တော်၏ သတင်းကောင်းကို မှောက်လှန်လိုခြင်းငှာ ကြိုးစားနိန်ခြင်းသာ ဖြစ်သည်ဟု ငါပြောဆို၏။ သို့သော်လည်း ငါရို့ဖြစ်စီ၊ ကောင်းကင်ဘုံမှ ကောင်းကင်တမန်ဖြစ်စီ သင်ရို့အား ငါရို့ဟောပြောခသည့် သတင်းကောင်းနှင့် ကွဲပြားခြားနားသည့် အခြားသော သတင်းကောင်းကို ဟောပြောလျှင် ထိုသူရို့သည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစီ။ အယင်က ငါရို့ ပြောခသည့်အတိုင်း အဂုလည်း ထပ်၍ ငါပြောဆို၏။ အကယ်၍ ဇာသူမဆို သင်ရို့လက်ခံခပြီးဖြစ်သည့် သတင်းကောင်းနှင့် ကွဲပြားခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ဘုရားသခင်၏ ကျိန်ခြင်းကို ခံစီ။
ငါရို့ချစ်သော ညီအစ်ကို ပေါလုသည် ဘုရားသခင် ပီးသနားတော်မူသည့် ဉာဏ်ပညာအားဖြင့် သင်ရို့အား ရီးသားဖော်ပြခသည့်အတိုင်း သင်ရို့သည် ကယ်တင်ခြင်း ခံရရန်အတွက် အခွင့်ပီးထားခြင်း ဖြစ်၍ ငါရို့ သခင်ဘုရား၏ စိတ်ရှည်သည်းခံတော်မူခြင်းကို သိမှတ်ကြလော့။ သူသည် ဤအကြောင်းအရာနှင့်ပတ်သက်၍ ရီးထားသမျှသောစာများတွင် ဤသို့ ဖော်ပြထား၏။ သူ၏စာများတွင် ပါဟိသော အကြောင်းအရာအချို့မှာ နားလည်ရန်ခက်သဖြင့် အသိပညာမဲ့၍ မတည်ကြည်သော သူရို့သည် အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူတတ်ကြ၏။ ထိုသူရို့သည် အခြားသော ကျမ်းများ၏ အဓိပ္ပာယ်ကိုလည်း ထိုနည်းတူ ကောက်ယူသဖြင့် မိမိကိုယ်ကို ပျက်စီးခြင်းသို့ ရောက်စီကြ၏။
ကျမ်းစာ၌ အယင်က ရီးထားသောအရာတိုင်းသည် ငါရို့ကို သွန်သင်ဖို့ရန် ရီးထားခြင်းဖြစ်၏။ အကြောင်းမှာ ကျမ်းစာ၌ သွန်သင်ထားသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ငါရို့၌ မျှော်လင့်စရာ ဟိစီရန်ဖြစ်၏။
သို့ရာတွင် ကိုယ်တော့်ကို ယုံကြည်မှုမဟိလျှင် ဇာပိုင် ဆုတောင်းပတ္ထနာ ပြုနိုင်မည်နည်း။ သတင်းကောင်းတရားကို မကြားလျှင် ဇာပိုင် ယုံကြည်နိုင် ဖို့လဲ။ သတင်းကောင်းတရားကို မဟောပြောလျှင် ဇာပိုင်ကြားနိုင်ဖို့လဲ။ ဟောပြောဖို့လူတိကို မပို့ပီးလျှင် သတင်းကောင်းတရားကို ဇာသူ ဟောပြောနိုင်ဖို့လဲ။ ကျမ်းစာက ဆိုထားသည်မှာ "သတင်းကောင်းတရားကို ယူဆောင်လာသောသူရို့သည် အလွန် ချီးမွမ်းအံ့ဩဖွယ် ကောင်းလီစွ" ဟူ၍ ဖြစ်၏။ သို့ရာတွင် သတင်းကောင်းတရားကို လူတိုင်း လက်မခံကြ။ ပရောဖက်ဟေသျှာယက သူကိုယ်တိုင် ပြောခသည်မှာ "ထာဝရဘုရားသျှင်၊ အကျွန်ရို့၏သတင်းစကားကို ဇာသူ ယုံကြည်ပါသနည်း" ဟူ၍ ဖြစ်၏။ သို့ဖြစ်၍ ယုံကြည်ခြင်းသည် သတင်းကောင်းတရားကို ကြားနာရခြင်းကြောင့် ဖြစ်၏။ ကြားနာခြင်းသည်ကား ခရစ်တော်အကြောင်းကို ဟောပြောခြင်းအားဖြင့် ဖြစ်၏။
သတင်းကောင်းတရား၏ တန်ခိုးတော်
ငါသည် သတင်းကောင်းတရားတော်၌ ယုံကြည်ခြင်း အပြည့်ဟိပါ၏၊ အကြောင်းမူကား၊ ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏။ အကြောင်းမူကား "ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်" ဟု ကျမ်းစာက ပြောထားသည်နှင့်အညီ၊ အစမှ အဆုံးတိုင်အောင် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်သည် မိမိ၏မျက်မှောက်တော်တွင် ငါရို့အား ဖြောင့်မတ်ခြင်းတရား၌ ဇာပိုင် တည်နိုင်သည်ဆိုစွာကို ဤသတင်းကောင်းတရားတော်က ဖော်ပြထား၏။
ငါရို့သည် ဤလောကနှင့်ဆိုင်သော ဝိညာဉ်ကို ခံယူရဟိကြသည် မဟုတ်။ ငါရို့အား ဘုရားသခင် ပီးတော်မူသောအရာအားလုံးကို သိခြင်းငှာ ဘုရားသခင်ထံပါးမှ လာသော ဝိညာဉ်တော်ကိုသာ ခံယူရဟိကြ၏။
ထို့ကြောင့် ငါရို့သည် လူ၏ဉာဏ်ပညာအားဖြင့် သွန်သင်ဟောပြောခြင်းကို မပြုဘဲ၊ ဝိညာဉ်တော်ကို ခံယူရဟိကြသော သူရို့အား ဝိညာဉ်ရေးရာနှင့်ဆိုင်သော အရာများကို ယှင်းပြသောအခါ ဝိညာဉ်တော်၏ သွန်သင်ပီးသော စကားများကိုသာ အသုံးပြုကြ၏။ ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော် ချပီးသည့်ဆုကျေးဇူးများကို မခံယူနိုင်။ သို့သော် ထိုသူရို့သည် ထိုအရာများကို အချည်းနှီးသောအရာများဟု ထင်မှတ်တတ်ကြ၏။ အကြောင်းမူကား ဝိညာဉ်တော်အားဖြင့်သာလျှင် ထိုအရာများကို သိနိုင်သည်ဖြစ်သောကြောင့် သူရို့သည် နားမလည်နိုင်ကြပေ။
အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ "အချည်းနှီးသော" တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။
ယုဒလူရို့သည် သက်သီအဖြစ် နိမိတ်လက္ခဏာများကို တောင်းကြ၏။ ဟေလသလူရို့မူကား ဉာဏ်ပညာကို ရှာဖွီကြ၏။ ငါရို့ ဟောပြောကြေငြာသော လက်ဝါးကပ်တိုင်ထက်တွင် အသီခံတော်မူသည့် ခရစ်တော်၏အကြောင်းသည် ယုဒလူရို့အဖို့ ထိမိ၍ လဲစရာဖြစ်ပြီး၊ တခြားလူမျိုးရို့အဖို့မူကား အချည်းနှီးသော တရားဖြစ်၏။ သို့ရာတွင် ယုဒလူဖြစ်စီ၊ တခြားလူမျိုးဖြစ်စီ၊ ဘုရားသခင် ခေါ်ထားတော်မူခြင်းကို ခံရကြသော သူရို့၌ကား ခရစ်တော်သည် ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ ဉာဏ်ပညာတော်ဖြစ်ပေ၏။
ခရစ်တော်သည် ငါ့အား စီရွှတ်တော်မူသည်မှာ ဗတ္တိဇံပီးခြင်းငှာ မဟုတ်၊ လက်ဝါးကပ်တိုင်ထက်တွင် ခရစ်တော်၏ အသီခံခြင်းတန်ခိုးသည် အချည်းနှီးမဖြစ်စီခြင်းငှာ လူရို့၏ဉာဏ်ပညာနှင့် ယှဉ်သောစကားများကို အသုံးမပြုဘဲ သတင်းကောင်းတရားကို ဟောပြောရန်ပင် ဖြစ်၏။
သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။