Pular para o conteúdo
Publicidade

Bom dia

Por Bíblia Online

Acordar para mais um dia é a oportunidade de entregar as suas preocupações e os seus planos nas mãos de quem sustenta a sua vida. Antes mesmo que o sol apareça ou que as demandas do dia comecem a exigir a sua atenção, existe um convite silencioso para buscar a presença de Deus e alinhar o coração com a vontade dele.

A Palavra de Deus mostra que as manhãs carregam uma porção diária de graça, renovando as forças para enfrentar qualquer desafio. Voltar-se para o Criador logo cedo traz direção, acalma a ansiedade e lembra você de que o cuidado divino não falha, acompanhando cada passo da sua jornada.

Cada manhã é presente de Deus. As misericórdias do Senhor se renovam cada dia. A Bíblia convida a começar o dia com louvor, oração e gratidão ao Criador.

Manhã com Deus

De manhã te apresentarei a minha oração. Pela manhã ouvirás a minha voz — eu te busco ao despertar.

အို​ထာ​ဝ​ရ​ဘု​ရား၊ နံ​နက်​အ​ခါ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​တော်​မူ​ရ​ပါ၏။ နံ​နက်​အ​ခါ​ကိုယ်​တော်​ကို မျက်​မှောက်​ပြု၍ မျှော်​လင့်​ပါ​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ် အော်​ဟစ်​ပါ၏။ နံ​နက်​အ​ချိန်၌ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​သည် ရှေ့​တော်​သို့​ရောက်​ပါ၏။

အို​ငါ့​ဝိ​ညာဉ်၊ နိုး​လော့။ တ​ယော​နှင့် စောင်း​တို့ နိုး​ကြ​လော့။ ငါ​လည်း စော​စော​နိုး​မည်။

အ​ကျွန်ုပ်​မူ​ကား၊ တန်​ခိုး​တော်​ကို​သီ​ချင်း​ဆို​ပါ​မည်။ နံ​နက်​ယံ၌ က​ရု​ဏာ​တော်​ကို ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ဘေး​ရောက်​သော​ကာ​လ၌ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ၊ ဘေး​လွတ်​ရာ ဖြစ်​တော်​မူ၏။

အ​ကျွန်ုပ်​မူ​ကား၊ တန်​ခိုး​တော်​ကို​သီ​ချင်း​ဆို​ပါ​မည်။ နံ​နက်​ယံ၌ က​ရု​ဏာ​တော်​ကို ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ဘေး​ရောက်​သော​ကာ​လ၌ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ၊ ဘေး​လွတ်​ရာ ဖြစ်​တော်​မူ၏။ အို အ​ကျွန်ုပ်​အ​စွမ်း​သ​တ္တိ၊ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၌ က​ရု​ဏာ​အ​ရှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

က​ရု​ဏာ​တော်​စ​ကား​သံ​ကို အ​လျင်​အ​မြန် ကြား​စေ​တော်​မူ​ပါ။ ကိုယ်​တော်၌ ကိုး​စား​ပါ၏။ ကိုယ်​သွား​ရ​မည်​လမ်း​ကို သိ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​တ​သ​ပါ၏။

အ​ကျွန်ုပ်​မူ​ကား​ဖြောင့်​မတ်၍ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ နိုး​သော​အ​ခါ ပုံ​သ​ဏ္ဌာန်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အလို ပြည့်​စုံ​ရ​ပါ​လိမ့်​မည်။

Misericórdias renovadas

As misericórdias do Senhor se renovam cada manhã. Este é o dia que o Senhor fez — alegremo-nos e nos regozijemos nele.

ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။ နံ​နက်​တိုင်း က​ရု​ဏာ​တော်​အ​သစ်​ကို ခံ​ရ​ကြ၏။ သ​စ္စာ​တော်​သည် ကြီး​မြတ်​ပါ၏။ ငါ့​ဝိ​ညာဉ်၏​သ​ဘော​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​ဖို့​ဖြစ်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​ကို ငါ​မျှော်​လင့်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။ နံ​နက်​တိုင်း က​ရု​ဏာ​တော်​အ​သစ်​ကို ခံ​ရ​ကြ၏။ သ​စ္စာ​တော်​သည် ကြီး​မြတ်​ပါ၏။

ဤ​နေ့​ရက်​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​နေ့​ရက်​ဖြစ်၍၊ ယ​နေ့ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့။

ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ သန့်​ရှင်း​သော​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​မျက်​တော်​သည် ခ​ဏ​ထွက်၏။ ကျေး​ဇူး​တော်​မူ​ကား၊ တစ်​သက်​လုံး​တည်၏။ ညဉ့်​ဦး​ယံ၌ ငို​ကြွေး​ခြင်း​သည် လာ၍​တည်း​ခို၏။ နံ​နက်​ယံ၌​ကား၊ သီ​ချင်း​ဆို​ရ​သော​အ​ခွင့်​ရှိ၏။

အ​မျက်​တော်​သည် ခ​ဏ​ထွက်၏။ ကျေး​ဇူး​တော်​မူ​ကား၊ တစ်​သက်​လုံး​တည်၏။ ညဉ့်​ဦး​ယံ၌ ငို​ကြွေး​ခြင်း​သည် လာ၍​တည်း​ခို၏။ နံ​နက်​ယံ၌​ကား၊ သီ​ချင်း​ဆို​ရ​သော​အ​ခွင့်​ရှိ၏။

အ​ဝေး​ဆုံး​သော​အ​ရပ်​တို့၌ နေ​သော​သူ​တို့​သည် ကိုယ်​တော်၏​နိ​မိတ်​များ​ကို​မြင်၍ ကြောက်​ရွံ့​ကြ​ပါ၏။ နေ​ထွက်​ရာ​အ​ရပ်​နှင့် နေ​ဝင်​ရာ​အ​ရပ်​တို့​ကို ရွှင်​လန်း​စေ​တော်​မူ၏။

အ​ကျွန်ုပ်​တို့​ကို က​ရု​ဏာ​တော်​နှင့် အ​လျင်​အ​မြန် ရောင့်​ရဲ​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင် တစ်​သက်​လုံး ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​လိမ့်​မည်။

Louvor matinal

Saciai-nos de manhã com a tua benignidade. Todo dia te louvarei e celebrarei o teu nome para sempre.

ထော​မ​နာ​သီ​ချင်း

အ​ကျွန်ုပ်၏​ရှင်​ဘု​ရင်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို ချီး​မြှောက်​ပါ​မည်။ က​မ္ဘာ​အ​ဆက်​ဆက် နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ပါ​မည်။ ကိုယ်​တော်​ကို နေ့​တိုင်း​အ​စဉ် ကောင်း​ချီး​ပေး​ပါ​မည်။ နာ​မ​တော်​ကို က​မ္ဘာ​အ​ဆက်​ဆက် ချီး​မွမ်း​ပါ​မည်။

ထော​မ​နာ​သီ​ချင်း

ဥ​ပုသ်​နေ့​အ​ဖို့ ဆာ​လံ​သီ​ချင်း။

ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏​နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​ငှာ​လည်း​ကောင်း၊

ချီး​မွမ်း​သီ​ချင်း

ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို၍၊ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို တစ်​နေ့​ထက်​တစ်​နေ့ ညွှန်​ကြား​ကြ​လော့။ ဘုန်း​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ခပ်​သိမ်း​သော လူ​မျိုး​တို့၌​လည်း​ကောင်း ဖော်​ပြ​ကြ​လော့။

တ​ရား​တော်​ကို​နှစ်​သက်​မြတ်​နိုး​ခြင်း

ကိုယ်​တော်၏​တ​ရား​ကို အ​ကျွန်ုပ်​သည် အ​လွန် နှစ်​သက်​ပါ၏။ တစ်​နေ့​လုံး ဆင်​ခြင်​အောက်​မေ့​လျက် နေ​ပါ၏။

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် နေ့​အ​ခါ သ​နား​ခြင်း​ကျေး​ဇူး​တော်​ကို ပေး​ချ​တော်​မူ၏။ ည​အ​ခါ၌​လည်း ဂုဏ်​တော်​ကို သီ​ချင်း​ဆို​လျက်၊ ငါ့၏​အ​သက်​သ​ခင်​ကို ပ​တ္ထ​နာ​ပြု​လျက် ငါ​နေ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို မျှော်​လင့်​ကြ​ပါ၏။ နံ​နက်​တိုင်း အ​ကျွန်ုပ်​တို့၌ ခွန်​အား​ကို ပေး​တော်​မူ​ပါ။ အ​မှု​ရောက်​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​ပါ။

အ​စေ​ခံ​၏​နှိမ့်​ချ​ခြင်း

ငါ​သည် ပင်​ပန်း​သော​သူ​အား မ​စ​ခြင်း​ငှာ စ​ကား​ပြော​တတ်​မည်​အ​ကြောင်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​တတ်၏​နှုတ်​သ​တ္တိ​ကို ငါ့​အား​ပေး​တော်​မူ​ပြီ။ နံ​နက်​အ​စဉ်​အ​တိုင်း ငါ့​ကို​နှိုး​တော်​မူ၏။ စာ​သင်​သော​သူ​ကဲ့​သို့ နား​ထောင်​စေ​မည်​အ​ကြောင်း ငါ့​နား​ကို နှိုး​ဆော်​တော်​မူ၏။

Graça para o novo dia

O Senhor te abençoe e te guarde. Cada novo dia é oportunidade de viver sob a graça do Deus que nos ama.

ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို​ကောင်း​ချီး​ပေး၍ စောင့်​မ​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​မျက်​နှာ​တော်​အ​လင်း​ကို​လွှတ်၍ က​ရု​ဏာ​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​မျှော်​ကြည့်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ​စေ​သော​ဟု

နံ​နက်​အ​ချိန်၌ မျိုး​စေ့​ကို​ကြဲ​လော့။ ညဉ့်​ဦး​အ​ချိန်၌​လည်း မ​ကြဲ​ဘဲ​မ​နေ​နှင့်။ အ​ကြောင်း​မူ​ကား၊ အ​ဘယ်​အ​ရာ​သည် အ​ကျိုး​ရှိ​မည်​ကို​လည်း​ကောင်း၊ နှစ်​ပါး​စ​လုံး​တို့​သည် အ​ညီ​အ​မျှ​အ​ကျိုး​ရှိ​မည်​ကို​လည်း​ကောင်း မ​သိ​နိုင်။

မိုး​မ​လင်း​မီ​ထ​လျက်၊ အိမ်​သူ​အိမ်​သား​တို့​အား စား​စ​ရာ​ကို​လည်း​ကောင်း၊ ကျွန်​မ​တို့​အား အ​ငန်း​အ​တာ​ကို​လည်း​ကောင်း၊ ပေး​ဝေ​တတ်၏။

ဆင်း​ရဲ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဖြစ်၍၊ အိပ်​ခြင်း​ကို မ​တပ်​မက်​နှင့်။ နိုး​တတ်​လျှင် ဝ​စွာ​စား​ရ၏။

ထို​အ​လင်း​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​၍၊ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်း​ခြား​ခွဲ​ထား​တော်​မူ​၏။ အ​လင်း​ကို နေ့​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ မှောင်​မိုက်​ကို ည​ဟူ​သော​အမည်​ဖြင့်​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ညဉ့်​ဦးနှင့် နံ​နက်​သည် ပ​ထ​မ​နေ့​ရက်​ဖြစ်​လေ​၏။

ထို​မှ​တစ်​ပါး၊ သာ၍​မြဲ​မြံ​သော အ​နာ​ဂ​တ္တိ​စ​ကား​တော်​သည် ငါ​တို့၌​ရှိ​သေး၏။ စိတ်​နှ​လုံး​ထဲ၌ အ​ရုဏ်​တက်၍ ကြယ်​နီ​ပေါ်​ထွက်​သည် ကာ​လ​တိုင်​အောင်၊ ထို​အ​နာ​ဂ​တ္တိ​စ​ကား​တော်​ကို မှောင်​မိုက်​အ​ရပ်၌ ထွန်း​လင်း​သော​ဆီ​မီး​ကဲ့​သို့ မှတ်၍၊ သင်​တို့​သည် အ​မှီ​ပြု​သင့်​ကြ၏။-

ငါ​တို့​သည် နိုး​လျက်​ရှိ​သည်​ဖြစ်​စေ၊ အိပ်​ပျော်​သည်​ဖြစ်​စေ၊ ထို​သ​ခင်​နှင့်​အ​တူ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ငါ​တို့​အ​ဖို့ အ​သေ​ခံ​တော်​မူ​ပြီ။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.