Pular para o conteúdo
Publicidade

A carne

Por Bíblia Online  - 

Você conhece bem a luta diária entre o desejo de fazer o que é certo e a inclinação para ceder aos próprios impulsos. Essa resistência silenciosa acontece dentro de cada pessoa que tenta viver de maneira íntegra diante de Deus, gerando cansaço e frustração constantes.

A Escritura não esconde essa fragilidade humana e aponta com clareza para a direção oposta à fraqueza. As palavras registradas nas páginas sagradas oferecem direção segura para que você entenda como o Espírito de Deus atua, fortalecendo sua vida e colocando limite aos apetites da natureza terrena.

A carne representa a natureza pecaminosa que milita contra o Espírito. A Bíblia ensina que os que pertencem a Cristo crucificaram a carne com suas paixões e desejos.

Carne versus Espírito

Os que são segundo a carne inclinam-se para as coisas da carne. O nascido da carne é carne; o nascido do Espírito é Espírito.

ဇာ​တိ​ပ​က​တိ​ရှိ​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။ ဝိ​ညာဉ်​ပ​က​တိ​ရှိ​သော သူ​တို့​မူ​ကား၊ ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​ကြ၏။- ဇာ​တိ​ပ​က​တိ​စိတ်​သ​ဘော​သည် သေ​ခြင်း​အ​ကြောင်း ဖြစ်၏။ ဝိ​ညာဉ်​ပ​က​တိ​စိတ်​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် ငြိမ်​သက်​ခြင်း​အ​ကြောင်း ဖြစ်၏။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဇာ​တိ​ပ​က​တိ စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်၏။ ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့ မ​လိုက်​တတ်။ ထို​မျှ​မ​က မ​လိုက်​နိုင်။- ထို​ကြောင့် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် မ​တွေ့​နိုင်​ကြ။-

သို့​သော်​လည်း ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ​ဘက်၌ ရှိ​ကြ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​ပ​က​တိ​ဘက်၌ ရှိ​ကြ၏။ ခ​ရစ်​တော်၏​ဝိ​ညာဉ်​ကို မ​ရ​သော​သူ​မည်​သည်​ကား ခ​ရစ်​တော်​နှင့်​မ​ဆိုင်။-

ဝိ​ညာဉ်​အား​ဖြ​င့်​အ​သက်​ရှင်ခြင်း

ဘု​ရား​သ​ခင် ကယ်​လွှတ်​တော်​မူ​သော​ကြောင့် ယေ​ရှု​ခ​ရစ်၌​တည်၍၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် လွတ်​ကြ၏။- ယေ​ရှု​ခ​ရစ်၌​တည်၍ အ​သက်​ရှင်​စေ​သော ဝိ​ညာဉ်​တော်၏​တ​ရား​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လည်း​ကောင်း၊ သေ​ခြင်း​တ​ရား၏​လက်​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​လွှတ်​ပြီ။- ဇာ​တိ​ပ​က​တိ​ကြောင့် ပ​ညတ်​တ​ရား​သည် အား​နည်း၍ မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခြင်း​ငှာ၊ အ​ပြစ်​နှင့်​ပြည့်​စုံ​သော ဇာ​တိ​ပ​က​တိ၏ သ​ဏ္ဌာန်​ကို​ဆောင်​သော မိ​မိ​သား​တော်​ကို စေ​လွှတ်​တော်​မူ၍၊ အ​ပြစ်​ဖြေ​ဖို့​ရာ ဇာ​တိ​ပ​က​တိ၌ အ​ပြစ်​ကို ဒဏ်​ပေး​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​ငါ​တို့​သည်၊ တ​ရား၌​ပါ​သော ပ​ညတ်​တို့​ကို စောင့်​ရှောက်​မည်​အ​ကြောင်း​တည်း။-

သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း​အ​သက်​ရှင်​လျှင် သေ​ရ​ကြ​မည်။ ဝိ​ညာဉ်​တော်​အား​ဖြင့် ကိုယ်​ကာ​ယ၏​အ​ကျင့်​တို့​ကို သေ​စေ​လျှင် အ​သက်​ရှင်​ကြ​လိမ့်​မည်။- ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော် ဆုံး​မ​ပဲ့​ပြင်​တော်​မူ​သ​မျှ​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ၏။-

ထို​သို့ ကောင်း​သော​အ​ကျင့်​ကို ငါ​ကျင့်​ချင်​သော​အ​ခါ၊ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​တတ်​သော တ​ရား​ကို ငါ​တွေ့၏။- ငါ​သည် အ​တွင်း​လူ​အား​ဖြင့် ဘု​ရား​သ​ခင်၏ ပ​ညတ်​တ​ရား​တော်​ကို နှစ်​သက်၏။- သို့​သော်​လည်း ငါ့​ကိုယ်​အင်္ဂါ​များ၌ ရှိ​သော တ​ရား​တစ်​ပါး​သည် စိတ်​ဝိ​ညာဉ်​တ​ရား​ကို ဆိုင်​ပြိုင် တိုက်​လှန်​သ​ဖြင့်၊ ငါ့​ကိုယ်​အင်္ဂါ​များ၌​ရှိ​သော အ​ပြစ်​တ​ရား​လက်​သို့ ငါ့​ကို ဖမ်း​သွား​အပ်​နှံ​သည်​ကို ငါ​မြင်၏။-

ငါ​တို့​သည် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော​အ​ခါ၊ အ​ပြစ်​နှင့်​စပ်​ဆိုင်​သော စိတ်​တို့​သည် ပ​ညတ်​တ​ရား​အား​ဖြင့်​ပေါက်၍ သေ​ခြင်း​တ​ရား၏​အ​လို​နှင့်​အ​ညီ တိုး​ပွား​မည်​အ​ကြောင်း၊ ငါ​တို့၏​ကိုယ်​အင်္ဂါ​များ၌ ပြု​ပြင်​ကြ၏။-

ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။-

ဝိ​ညာဉ်​သာ​လျှင် အ​သက်​ရှင်​စေ၏။ ကိုယ်​ကာ​ယ​သည် အ​လျှင်း​မ​တတ်​နိုင်။ ငါ​ပြော​သော​စ​ကား​သည် ဝိ​ညာဉ်​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။-

Vencer a carne

Andai no Espírito e não cumprireis os desejos da carne. Os que são de Cristo crucificaram a carne com suas paixões.

ဝိ​ညာဉ်​ပ​က​တိ​နှ​င့်​ဇာ​တိ​ပ​က​တိ

ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။-

ဇာ​တိ​ပ​က​တိ​အ​ကျင့်​တို့​သည် ထင်​ရှား​ကြ၏။ ထို​အ​ကျင့်​တို့​မူ​ကား၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း၊- ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုန်​ခြင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​ခြင်း၊ သင်း​ခွဲ​ခြင်း၊- သူ့​အ​ကျိုး​ကို​ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို​သတ်​ခြင်း၊ ယစ်​မျိုး​ကို သောက်​ကြူး​ခြင်း၊ ပွဲ​လုပ်​ခြင်း​မှ​စ၍ ထို​သို့​သော အ​ကျင့်​ပေ​တည်း။ ထို​သို့​သော အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ​ဟု အ​ထက်​က ငါ​ပြော​နှင့်​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ပင်​လည်း ငါ​ပြော​နှင့်၏။-

ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​ကို​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​စိတ်​များ​နှင့် အ​လို​ဆ​န္ဒ​များ​ကို​လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ​ပြီ။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွှတ်​ခြင်း​အ​ခွင့်​ကို ရ​သော​သူ​ဖြစ်​ကြ၏။ သို့​သော်​လည်း ဇာ​တိ​ပ​က​တိ​အား အ​ခွင့်​ကို​ပေး၍၊ ထို​လွှတ်​ခြင်း​ကို မ​သုံး​ကြ​နှင့်။ အ​ချင်း​ချင်း​ချစ်၍ အ​မှု​ချင်း​ကို ဆောင်​ရွက်​ကြ​လော့။-

မိ​မိ​ဇာ​တိ​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် ပုပ်​ပျက်​ခြင်း​အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။ ဝိ​ညာဉ်​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဝိ​ညာဉ်​ပ​က​တိ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။-

လော​က၌​ရှိ​သ​မျှ​သော အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း၊ မျက်​စိ​တပ်​မက်​ခြင်း၊ လော​ကီ​စည်း​စိမ်၌ ဝါ​ကြွား​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်၊ လော​က​နှင့်​သာ စပ်​ဆိုင်​ကြ၏။-

ခ​ရစ်​တော်၏ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် ဇာ​တိ​ပ​က​တိ​အ​ပြစ်၏ ကိုယ်​ကို​ပယ်​ရှင်း၍၊ လက်​ဖြင့်​မ​လုပ်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ထို​သ​ခင်၌ သင်​တို့​သည် ခံ​ကြ​သည်​ဖြစ်၍၊-

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား​အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊-

ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ လူ​အ​သွေး​အ​သား​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​နိုင်၊ ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော​အ​ဖြစ်​ကို အ​မွေ​မ​ခံ​နိုင်။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.