Casal
O casal cristão é parceria abençoada por Deus. Juntos são mais fortes. O amor mutual, a paciência e a submissão ao Senhor são os pilares do casamento que honra a Deus.
Unidos em Cristo
Eu e minha casa serviremos ao Senhor. O vínculo perfeito é o amor que tudo suporta e tudo espera.
မေတ္တာဟ စိတ်ရှည်တတ်အယ်။ ကြင်နာသနားတတ်အယ်။ မေတ္တာဟ ဂုဏ်ပြိုင်ခြင်း မဆိ၊ ဝါကြွားခြင်း မဆိ၊ မာန်မာန မဆိ။ မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ့်အကျိုးဟို မဆာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပစ်ဆိအယ်ဟု မထင်တတ်။ မတရားသောအမှုနှိုက် ဝမ်းမြောက်ခြင်း မဆိတတ်၊ သမ္မာတရားနှိုက်သာ ဝမ်းမြောက်တတ်အယ်။ ခပ်သိမ်းသောအရာလို့ဟို ဖုံးအုပ်တတ်အယ်။ ခပ်သိမ်းသောအရာဟို ယုံတတ်အယ်။ ခပ်သိမ်းသောအရာဟို မျှော်လင့်တတ်အယ်။ ခပ်သိမ်းသောအရာဟို သည်းခံတတ်အယ်။
ဟေအရည်သွေးများဟို မေတ္တာဖြင့် ဖြည့်စွက်ကြလော့၊ မေတ္တာဟ အရာအားလုံးဟို စုစည်းယွေ့ စည်းလုံးညီညွတ်စေကြလော့။ နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ရဲ့ ငြိမ်သက်ခြင်း အုပ်စိုးစေကြလော့၊ အကျောန်းမှာ နင်လို့ဟ ဟေငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာ တခုတည်းထဲသို့ ခေါ်ယူခြင်း ခံရကြပီ။ ကျေးဇူးသိတတ်သောစိတ် ဆိကြလော့။ ခရစ်တော်ရဲ့ နှုတ်ကပတ်တရားဟ ပညာအမျိုးမျိုးနဲ့ နင်လို့အထဲနှိုက် ကြွယ်ဝစွာ တည်နေယွေ့ နင်လို့ဟ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်း အမျိုးမျိုးအားဖြင့်၊ အချင်းချင်းလို့ဟို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းဟို ပြုယွေ့ နူးညွတ်သော စိတ်နေလုံးနဲ့ ဘုရားသခင်ဆေ့နှိုက် တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။ နင်လို့ ပြုသမျှသောအရာလို့ဟိုလည်း စကားပြောဆိုမှု ဖြစ်စေ၊ လုပ်ဆောင်မှု ဖြစ်စေ အရာခပ်သိမ်းလို့ဟို သခင် ယေရှုရဲ့ နာမဟို ထောက်ယွေ့ ကိုယ်တော်အားဖြင့် ခမည်းတော် ဘုရားသခင်ဟို ကျေးဇူးတင်ကြလော့။
ဟေအရည်သွေးများဟို မေတ္တာဖြင့် ဖြည့်စွက်ကြလော့၊ မေတ္တာဟ အရာအားလုံးဟို စုစည်းယွေ့ စည်းလုံးညီညွတ်စေကြလော့။
စသူမှ သူတပါးအပေါ် အမားဟို အမားနဲ့ မတုံ့ပြန်ကြစေရန် သတိပြုကြလော့၊ အချင်းချင်းအတွက် လည်းကောင်း၊ လူအားလုံးလို့အတွက် လည်းကောင်း၊ ကောင်းကျိုးဟိုသာ အမြဲကြိုးစား လုပ်ကြလော့။
အဲလိုမို့ သူလို့ဟ နေဦးမဟုတ်ဘဲ တဦးတည်း ဖြစ်အယ်။ အဲကျောန့် ဘုရားသခင် စုံဖက်ပေးတာဟို လူဟ မခွဲခွာစေနဲ့" ဟု မိန့်အယ်။
အေးကျောန့် ဘုရားသခင်ဟ အတူတကွ ပေါင်းစည်းပေးထားသော အရာဖြစ်ယွေ့ စသူမှ မကွဲကွာစေနဲ့" ဟု ပြောလေအယ်။
O projeto divino
Não é bom que o homem esteja só. Dois são melhores do que um — e o cordão de três dobras não se rompe facilmente.
Amor conjugal
Maridos, amai vossas mulheres. A mulher virtuosa é achada de Deus. Cresçam juntos em graça e verdade.
ဖိုးအိုလို့၊ ခရစ်တော်ဟ အသင်းတော်ဟို ချစ်ယွေ့ အသင်းတော်အတွက် မိမိကိုယ်ကိုစွန့်လဲ့နည်းတူ ပေါင်အိုမဟို ချစ်ကြလော့။
ဖိုးအိုများဟ မိမိကိုယ်ကို ချစ်သလိုမျိုး ပေါင်အိုမကိုလည်း ချစ်သင့်အယ်။ ပေါင်အိုမဟိုချစ်သောသူဟ မိမိကိုယ်ကို ချစ်အယ်။ ငါလို့ရဲ့ ကိုယ်ခန္ဓာကို မုန်းသောသူဟူယွေ့ တယောက်မှမဆိပါ။ အဲအစား၊ ခရစ်တော်ဟ အသင်းတော်ကို လုပ်ဆောင်သလိုမျိုး သူလို့ဟို ကျွေးမွေးပြုစုစောင့်ဆှောက်အယ်။
ကျမ်းစာပြောတာအရ၊ "အေးအကျောန်းကျောန့် ယောက်ျားဟ မိမိ မိဘကိုစွန့်ယွေ့ မိမိပေါင်အိုမနဲ့ ပေါင်းစည်းပင်း အေးသူလို့နေဦးလို့ဟ တသားတကိုယ်တည်း ဖြစ်လာကြလိမ့်မယ်။"
ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ အူထော့ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနဲ့ ပစ်မားပြောဆိုခြင်းလို့ဟို မကောင်းမှုအားလုံးနဲ့အတူ နင်လို့ဆေမှ ဖယ်ဆှားကြလော့။ တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
အေးကျောန့်၊ ငါလို့ဆိသမျှဟ တခုတည်းသော ကိုယ်အင်္ဂါဖြစ်သောကျောန့်၊ နင်လို့ဟ မုသာစကားကို ပယ်ဆှင်းယွေ့ ကိုယ်နဲ့စပ်ဆိုင်သောသူအား အမန်အတိုင်း ပြောဆိုရမယ်။ "အူထော့သော်လည်း အပစ်မပြုကြနဲ့"။ စိတ်ဆိုးမပြေဘဲ နေမဝင်ပါစေနဲ့။ မာရ်နတ်ဟိုလည်း အခွင့်မပေးကြနဲ့။ ခိုးဖူးသူတိုင်း ခိုးယူခြင်း မပြုတော့ဘဲ လိုအပ်နေသူများအား မျှဝေနိန်စေရန်အတွက် မိမိလက်ဖြင့် ကောင်းသော အရာများကို လုပ်ဆောင်စေ။ နင်လို့ရဲ့ စလောင်ထဲမှ မကောင်းသောစကား တခွန်းဟိုမျှ မထွက်စေနဲ့၊ ကြားရသော သူလို့ဟို အကျိုးပြုနိန်ရန် လိုအပ်ချက်နဲ့အညီ တည်ဆောက်စရာဖြစ်စေလဲ့ ကောင်းသောစကားလို့ဟိုသာ ပြောဆိုကြလော့။ ရွေးနုတ်ခြင်း နေ့ရက်အတွက် တံဆိပ်ခတ်ခြင်း ခံရသော ဘုရားသခင်ရဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေနဲ့။ ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ အူထော့ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနဲ့ ပစ်မားပြောဆိုခြင်းလို့ဟို မကောင်းမှုအားလုံးနဲ့အတူ နင်လို့ဆေမှ ဖယ်ဆှားကြလော့။ တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
ကြွားဝါလိုသောစိတ်၊ အလကားကား ကျော်စောလိုသောစိတ်လို့ဖြင့် ပစာအမှုဟိုမျှ မပြုကြနဲ့၊ အားပေမဲ့ သူတပါးဟ မိမိထက်သာတာဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။ မိမိအကျိုးဟိုသာ မကျေ့ရှုဘဲ သူတပါးရဲ့ အကျိုးဟိုလည်း ကျေ့ရှုကြလော့။
နင်လို့အားလုံးဟ ယုံကြည်ခြင်းအားဖြင့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဆိသော ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ နင်ဟ ခရစ်တော်နဲ့ တလုံးတဝတည်း နှစ်ခြင်းမင်္ဂလာဟို ခံခဲ့ပင်း အခုတွင် နင်ဟ ခရစ်တော်ဟို အဝတ်တန်ဆာလိုမျိုး ဝတ်ဆင်ကြအယ်။ အေးလိုမို့ ယုဒလူမျိုးများနဲ့ လူမျိုးခြားတွေကြား ကွာခြားမှု ဆိဝူး။ ကျွန်များနဲ့ လွတ်လပ်သူများ၊ ယောက်ျားနဲ့ မိန်းမကြား ကွာခြားမှု မဆိ၊ နင်လို့ဆိသမျှဟ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ကြအယ်။
ထိမ်းမြားခြင်းအမှုဟို လူတိုင်း လေးစားကြရမယ်၊ ဖိုးအိုနဲ့ ပေါင်အိုမဟ တဦးဟို တဦး သစ္စာဆိရမယ်။ ဘုရားသခင်ဟ မတရားမေထုန်ဟို ပြုသောသူနဲ့ အိုင်ထောင်ရေး ဖောက်ပြန်သောသူဟို တရားစီရင်လိမ့်မယ်။
မယုံကြည်သောသူလို့နဲ့ မညီသောထမ်းပိုးဟို မထမ်းကြနဲ့။ အကျောန်းမှာ ဖြောင့်မတ်ခြင်းနဲ့ မတရားအမှုလို့ အကြားနှိုက် စလို ပတ်သက်မှုဆိတုန်း။ အဲဟာမဟုတ်ရင် အလင်းနဲ့ မိုက်လို့ အကြားနှိုက် စလို မိတ်သဟာယ ဖွဲ့ခြင်း ဆိတုန်း။
အားပေမဲ့ သခင်ဘုရားနှိုက် ယောက်ျားမပါဘဲ မိန်းမဖြစ်တာ မဟုတ်၊ မိန်းမ မပါဘဲ ယောက်ျားဖြစ်တာ မဟုတ်။