Pular para o conteúdo
Publicidade

Céu

Por Bíblia Online

Pensar na eternidade muda a forma como você enfrenta os dias difíceuis e as incertezas da vida. Quando o cansaço aperta, saber que existe um lugar preparado por Deus traz paz ao coração e renova as forças para continuar caminhando com fidelidade.

As Escrituras mostram que a morada com o Criador é a verdadeira pátria do cristão e o destino final de quem confia nela. As palavras de Deus lembram onde deve estar o foco da sua vida e para onde aponta a esperança que nunca acaba.

O céu é a morada eterna de Deus e a esperança final do cristão. A Bíblia descreve o céu como lugar de glória, alegria e comunhão perfeita com o Criador.

A morada de Deus

Na casa de meu Pai há muitas moradas. Os céus declaram a glória de Deus — e um dia habitaremos lá eternamente.

ငါ့​အ​ဘ၏​အိမ်​တော်၌ နေ​စ​ရာ​အ​ခန်း​အ​များ​ရှိ၏။ သို့​မ​ဟုတ်​လျှင် မ​ဟုတ်​ကြောင်း​ကို သင်​တို့​အား ငါ​မ​ပြော​ဘဲ​မ​နေ။ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ခြင်း​ငှာ ငါ​သွား​ရ၏။-

ဘု​ရား​သ​ခင်၏​လက်​ရာ​တော်

မိုး​ကောင်း​ကင်​သည် ဘု​ရား​သ​ခင်၏​ဘုန်း​အ​သ​ရေ​တော်​ကို ကြား​ပြော၍၊ မိုး​မျက်​နှာ​ကြက်​သည် လက်​တော်​နှင့်​လုပ်​သော​အ​ရာ​များ​ကို ပြ​သ၏။ တစ်​နေ့​ကို​တစ်​နေ့ မြွက်​ဆို၍၊ တစ်​ည​ကို​တစ်​ည သွန်​သင်၏။

အို ဘု​ရား​သ​ခင်၊ ကောင်း​ကင်​မြင့်​သည်​ထက် ကိုယ်​တော်​ကြီး​မြင့်​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဘုန်း​တော် လွှမ်း​မိုး​ပါ​စေ​သ​တည်း။

ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အား​ဖြင့်၊ ငါ​တို့​သည် မ​စ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​သ​တည်း။

ကိုယ်​တော်​မှ​တစ်​ပါး၊ ကောင်း​ကင်​ဘုံ​မှာ အ​ကျွန်ုပ်၌ အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်တော်ကိုအလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာအကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။

ဖန်​ဆင်း​ခြင်း

အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။

မြေ​ကြီး​သည် အ​ဆင်း​သ​ဏ္ဌာန်​မ​ရှိ၊ လွတ်​လပ်​လ​ဟာ​ဖြစ်​၏။ နက်​နဲ​ရာ​အ​ရပ်​ကို မှောင်​မိုက်​ဖုံး​လွှမ်း​၍ ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ရေ​မျက်​နှာ​ပြင်​ပေါ်​မှာ​လှုပ်​ရှား​တော်​မူ​၏။

အ​ထက်​အ​ခန်း​တော်​တို့​ကို ကောင်း​ကင်၌​ဆောက်၍၊ အောက်​တိုက်​တော်​ကို မြေ​ကြီး​ပေါ်​မှာ တည်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​ရေ​ကို​ခေါ်၍ မြေ​ကြီး​ပြင်၌ သွန်း​လောင်း​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

ငါ​မ​မြင်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ပုန်း​ရှောင်၍ နေ​နိုင်​သ​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​မေး​တော်​မူ၏။ ငါ​သည် ကောင်း​ကင်​မြေ​ကြီး​ကို နှံ့​ပြား​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။

အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​နှင့် လက်​ရုံး​တော်​ကို​ဆန့်၍၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ကိုယ်​တော် မ​တတ်​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ပါ။

Cidadania celestial

A nossa cidadania está nos céus. Ajuntai tesouros no céu, não na terra. O céu é a pátria do cristão.

ငါ​တို့​ကျင့်​သော အ​ကျင့်​မူ​ကား၊ ကောင်း​ကင်​ဘုံ​နှင့် စပ်​ဆိုင်​လျက်​ရှိ၏။ ကယ်​တင်​တော်​မူ​သော​အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​တော်​မူ​မည်​ဟု ငါ​တို့​သည် မျှော်​လ​င့်​လျက်​နေ​ကြ၏။-

ကောင်း​ကင်​ဘ​ဏ္ဍာ

သံ​ချေး၊ ပိုး​ရွ​ဖျက်​ဆီး၍ သူ​ခိုး​ထွင်း​ဖောက်​ခိုး​ယူ​ရာ မြေ​ကြီး​ပေါ်​မှာ ဘ​ဏ္ဍာ​ကို မ​ဆည်း​ပူး​ကြ​နှင့်။-သံ​ချေး၊ ပိုး​ရွ မ​ဖျက်​ဆီး၍ သူ​ခိုး​မ​ထွင်း​မ​ဖောက်၊ မ​ခိုး​မ​ယူ​ရာ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​လော့။-

ယေ​ရှု​က​လည်း၊ ထို​သူ​ငယ်​တို့​ကို ရှိ​စေ​တော့။ ငါ့​ထံ​သို့​လာ​သည်​ကို မ​ဆီး​တား​ကြ​နှင့်။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၍၊-

ယေ​ရှု​က​လည်း၊ သင်​သည်​စုံ​လင်​ခြင်း​သို့ ရောက်​လို​လျှင် သွား​လော့။ ကိုယ်​ဥ​စ္စာ​များ​ကို​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။-

မြေ​ကြီး​ပေါ်​မှာ​ရှိ​သော အ​ရာ​တို့​ကို စွဲ​လမ်း​သော​စိတ် မ​ရှိ​ကြ​နှင့်။ အ​ထက်​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း ရှိ​ကြ​လော့။-

Esperança eterna

Seremos arrebatados para encontrar o Senhor nos ares. Ainda não se manifestou o que havemos de ser — mas seremos semelhantes a Ele.

သ​ခင်​ဘု​ရား​သည် ကြွေး​ကြော်​ခြင်း၊ ကောင်း​ကင်​တ​မန်​မင်း အ​သံ​ပေး​ခြင်း၊ ဘု​ရား​သ​ခင်၏ တံ​ပိုး​တော်​ကို မှုတ်​ခြင်း​နှင့်​တ​ကွ၊ ကောင်း​ကင်​ဘုံ​မှ ကိုယ်​တိုင် ဆင်း​သက်​တော်​မူ၍၊ ခ​ရစ်​တော်၌ သေ​လွန်​သော​သူ​တို့​သည် အ​ဦး​ထ​မြောက်​ကြ​လိမ့်​မည်။- ထို​အ​ခါ အ​သက်​ရှင်၍ ကျန်​ကြွင်း​သော​ငါ​တို့​သည် အာ​ကာ​သ​ကောင်း​ကင်၌ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​သူ​တို့​နှင့်​တ​ကွ မိုး​တိမ်​ပေါ်​သို့ ချီ​ဆောင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​မ​ပြတ် နေ​ရ​ကြ​လိမ့်​မည်။-

ချစ်​သူ​တို့၊ ယ​ခု​တွင် ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။ နောက်​မှ အ​ဘယ်​သို့​သော​သူ​ဖြစ်​မည်​ဟု မ​ထင်​ရှား​သေး။ သို့​သော်​လည်း ကိုယ်​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် ကိုယ်​တော်​နှင့် တူ​ကြ​လ​တ္တံ့​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော် ဖြစ်​တော်​မူ​သည်​အ​တိုင်း​ကို ငါ​တို့​သည် မြင်​ရ​ကြ​လ​တ္တံ့။- ထို​သို့ မျှော်​လ​င့်​သော​သူ​မည်​သည်​ကား၊ ကိုယ်​တော် သန့်​ရှင်း​တော်​မူ​သည်​နည်း​တူ၊ ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​တတ်၏။

ထို​မျှ​မ​က၊ သ​ခင်​ဘု​ရား​သည် မ​ကောင်း​သော အ​မှု​ရှိ​သ​မျှ​တို့မှ ငါ့​ကို​ကယ်​နုတ်၍၊ မိ​မိ​ကောင်း​ကင်​နိုင်​ငံ​တော်​သို့ တိုင်​အောင် မ​စ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်။ ထို​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​ခြင်း

ထို​နောက် တ​ပည့်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ဗေ​သ​နိ​ရွာ​တိုင်​အောင် ဆောင်​သွား​တော်​မူ​ပြီး​မှ၊ လက်​တော်​ကို​ချီ၍ ကောင်း​ကြီး​ပေး​တော်​မူ၏။-ထို​သို့ ကောင်း​ကြီး​ပေး​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​ဘုံ​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၏။

တ​မန်​တော်​တို့​သည် ကြည့်​ရှု​လျက်​နေ​ကြ​စဉ်၊ သ​ခင်​ဘု​ရား​သည် အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ မိုး​တိမ်​သည် ကိုယ်​တော်​ကို မျက်​ကွယ်​အောင် ခံ​ယူ​လေ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​သွေး​အ​သား​ရှိ​သော ရန်​သူ​တို့​နှင့် ဆိုင်​ပြိုင် တိုက်​လှန်​ရ​ကြ​သည်​မ​ဟုတ်။ အ​ထွတ်​အ​မြတ်​တို့​နှင့်​လည်း​ကောင်း၊ အာ​ဏာ​စက်​တို့​နှင့်​လည်း​ကောင်း၊ လော​ကီ​မှောင်​မိုက်၌ အ​စိုး​တ​ရ​ပြု​လုပ်​သော မင်း​တို့​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်၌​နေ​သော နတ်​ဆိုး​တို့​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​လှန် ရ​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဤ​လော​က​ထဲ​သို့ အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ လာ​သည်​ဖြစ်၍၊ ထွက်​သွား​လျှင်​လည်း၊ အ​ဘယ်​အ​ရာ​ကို​မျှ ယူ၍ မ​သွား​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။- သို့​ဖြစ်၍၊ စား​ရန်၊ ဝတ်​ရန်​ရှိ​သ​မျှ​နှင့် ရောင့်​ရဲ​လျက်​နေ​ကြ​ကုန်​အံ့။-

မိုး​ကောင်း​ကင်​သည် မြေ​ကြီး​ထက်​သာ၍ မြင့်​သ​ကဲ့​သို့၊ ငါ၏​အ​ကျင့်​သည် သင်​တို့၏​အ​ကျင့်​ထက်​လည်း​ကောင်း၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏​အ​ကြံ​အ​စည်​ထက်​လည်း​ကောင်း သာ၍​မြင့်၏။

ခပ်​သိမ်း​သော​အ​မှု​အ​တွက်​အ​ချိန်

ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် မိ​မိ​တို့​အ​ချိန်​ရှိ၏။ မိုး​ကောင်း​ကင်​အောက်၌ ကြံ​စည်​သ​မျှ အ​သီး​အ​သီး​တို့​ကို ပြု​ရ​သော​အ​ချိန်​ရှိ၏။

သို့​မ​ဟုတ်၊ စည်း​စိမ်​ရှင်​သည် အ​မိ​ဝမ်း​ထဲ​က အ​လျှင်း​မ​ပါ​ဘဲ ထွက်​လာ​သ​ကဲ့​သို့၊ ထို​နည်း​တူ ပြန်​သွား​ရ​မည်။ ကြိုး​စား​အား​ထုတ်၍ ရ​သော​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ လက်​နှင့်​စွဲ​ကိုင်​လျက် ယူ၍​မ​သွား​ရ။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.