Chamada
A chamada de Deus é irrevogável. Ele nos chamou das trevas para a sua maravilhosa luz — para sermos santos, discípulos e instrumentos de sua graça no mundo.
Chamados por Deus
Fostes chamados para a liberdade. A chamada de Deus é dom irrevogável que nos convida à santidade e ao serviço.
သင်ရို့အား ခေါ်တော်မူသော ဘုရားသခင်သည် သန့်ယှင်းတော်မူသည့်နည်းတူ သင်ရို့ ပြုမူသမျှ၌ သန့်ယှင်းကြလော့။ အကြောင်းမူကား၊ "ငါသည် သန့်ယှင်းသည်ဖြစ်၍ သင်ရို့သည်လည်း သန့်ယှင်းရမည်" ဟု ကျမ်းစာ၌ ဆိုထား၏။
ထိုသို့အလိုငှာ ဘုရားသခင်သည် သင်ရို့အား ခေါ်တော်မူခြင်းဖြစ်၏။ ခရစ်တော်ကိုယ်တိုင်ပင်လျှင် သင်ရို့အတွက် ဒုက္ခဝေဒနာကို ခံတော်မူ၍ ခြီရာတော်အတိုင်း သင်ရို့ လိုက်လျှောက်နိုင်ကြစီရန် ပုံဥပမာကို ထားပီးတော်မူခ၏။
အဆိုးကို အဆိုးအားဖြင့်လည်းကောင်း၊ ကျိန်ဆဲခြင်းကို ကျိန်ဆဲခြင်း အားဖြင့်လည်းကောင်း၊ မတုံ့ပြန်ကတ်ကေ့။ ထိုသို့ ပြုမည့်အစား ကောင်းကြီးပီးကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့သည် ဘုရားသခင် ကတိထားတော်မူသည့် ကောင်းကြီးမင်္ဂလာကို အမွီခံစီရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။
ကိုယ်တော်သည် ငါရို့ကို ကယ်တင်တော်မူ၍ မိမိ၏လူစုထဲသို့ ခေါ်သွင်းတော်မူ၏။ ငါရို့၏လုပ်ဆောင်ခြင်းကြောင့်မဟုတ်၊ ကိုယ်တော်၏ရည်ရွယ်ချက်နှင့် ကျေးဇူးတော်ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ရှိ့ကာလ မတည်မှီကပင် ဤကျေးဇူးတော်ကို ခရစ်တော်ယေသျှုအားဖြင့် ငါရို့အား ပီးထားတော်၏။
သင်ရို့ကို ခေါ်ယူတော်မူသော အသျှင်သည် သစ္စာနန့် ပြည့်စုံတော်မူသည်ဖြစ်၍ ထိုသို့ ပြုတော်မူလိမ့်မည်။
ဘုရားသခင်သည် သင်ရို့အား မျှော်လင့်ခြင်းတစ်ခုတည်းသို့ ခေါ်တော်မူသကဲ့သို့ ကိုယ်ခန္ဓာ တစ်ပါး၊ ဝိညာဉ်တော် တစ်ပါးတည်း ဟိတော်မူ၏။
ထို့ကြောင့် ငါသည် ဆုကိုရရန် ပန်းတိုင်သို့ ရှေးရှုလျက် ဗြီးနိန်၏။ ထိုဆုကား အထက်အရပ်၌ အသက်ရှင်မည့်အကြောင်း ခရစ်တော်ယေသျှုအားဖြင့် ဘုရားသခင် ဖိတ်ခေါ်တော်မူခြင်းပင် ဖြစ်သတည်း။
A resposta à chamada
Deus é fiel, pelo qual fostes chamados. Ele nos escolheu, nos capacitou e nos enviou com propósito eterno.
ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်ရို့အား မိမိ၏သားတော်တည်းဟူသော ငါရို့၏အသျှင် ယေသျှုခရစ်တော်နှင့် မိတ်သဟာယ ဖွဲ့စီခြင်းငှာ သင်ရို့ကို ရွီးကောက်တော်မူ၏။
လောက၌ မြတ်သောသူရို့ကို အရှက်ရစီခြင်းငှာ ယုတ်သောသူ၊ အထင်သေးခံရသောသူနှင့် လူရာမဝင်သောသူရို့ကို ရွီးကောက်တော်မူ၏။ သို့ဖြစ်၍ ဘုရားသခင်၏ ရှိ့တော်၌ ဇာသူမျှ ဝါကြွားစရာမဟိ။
ဘုရားသခင်သည် မိမိ၏ အကြံအစည် ဟိတော်မူသည့်အတိုင်း ခေါ်တော်မူသောသူတည်းဟူသော ကိုယ်တော့်ကို ချစ်သောသူရို့နှင့်အတူ အရာခပ်သိမ်း၌ ကောင်းသောအမှုကို လုပ်ဆောင်ပီးလျက် ဟိသည်ကို ငါရို့ သိကြ၏။
သင်ရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ဘုန်းတော်ကို ပိုင်ဆိုင်ကြစီရန် ဘုရားသခင်သည် ငါရို့ဟောပြောသည့် သတင်းကောင်းအားဖြင့် သင်ရို့ကို ခေါ်ထားတော်မူ၏။
ပေတရုက၊ "သင်ရို့၏အပြစ်မှ ခွင့်ရွှတ်ခြင်းရစီရန် တစ်ယောက်စီတိုင်း နောင်တရပြီးလျှင် ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံကို ခံယူကြလော။ ထိုသို့ပြုလျှင် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော သန့်ယှင်းသောဝိညာဉ်တော်ကို လက်ခံရကြလိမ့်မည်။
သင်ရို့သည် ငါ့ကို ရွီးကောက်ကြသည် မဟုတ်။ သင်ရို့သည် လား၍ တည်ကြည်သော အသီးတိကို သီး၍ ပွားများစီခြင်းငှာ ငါသည် သင်ရို့ကို ရွီးကောက်၍ ခန့်ထားခြင်း ဖြစ်၏။ သို့ဖြစ်၍ ငါ၏နာမ၌ တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။