Compaixão
A compaixão vai muito além de um sentimento passageiro; ela revela o próprio caráter de Deus em movimento na história humana. Quando você atravessa dias difíceis ou se depara com a dor alheia, é na bondade divina que você encontra firmeza e acolhimento genuíno.
As Escrituras mostram que Deus inclina os ouvidos para ouvir o seu clamor e age com misericórdia infinita diante das suas fragilidades. Esse amor profundo que você recebe diariamente também transborda para a sua relação com o próximo, transformando a maneira como você enxerga e acolhe quem sofre ao seu redor.
A compaixão é o coração de Deus em ação. Ele é compassivo e misericordioso, tardio em irar-se e grande em amor. Somos chamados a refletir essa compaixão no mundo.
အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်းခံတတ်သောသဘော၊ ကရုဏာနှင့် သစ္စာ ကြွယ်ဝသောသဘောနှင့် ပြည့်စုံသောဘုရား ဖြစ်တော်မူ၏။
ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့်၊ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။
ထာဝရဘုရားသည်သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။
မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။ ငါသည် ကိုယ်လက်ဝါး၌ သင့်ကိုစာထိုးပြီ။ သင်၏မြို့ရိုးသည် ငါ့ရှေ့မှာအစဉ်ရှိ၏။
9*8/သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုလိုသောငှာ မျှော်လင့်တော်မူမည်။ ကရုဏာပြုလိုသောငှာ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် တရားသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မျှော်လင့်သောသူ အပေါင်းတို့သည် မင်္ဂလာရှိကြ၏။
အပြစ်မှ လွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော်လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော်မူထသော၊ ကရုဏာ၌ မွေ့လျော်သောကြောင့် အစဉ်အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ်ဘုရား ရှိပါသနည်း။
ယုဒအမျိုးကိုလည်း ငါခိုင်ခံ့စေမည်။ ယောသပ်အမျိုးကိုလည်း ငါကယ်တင်မည်။ သူတို့ကို သနားစုံမက်သောကြောင့် နေရာချမည်။ သူတို့သည် နှင်ထုတ်ခြင်းကို မခံဖူးသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၍ သူတို့စကားကို နားထောင်မည်။
တရားအမှုကို တရားသဖြင့် စီရင်ကြလော့။ သနားခြင်းကရုဏာစိတ်နှင့် တစ်ယောက်ကို တစ်ယောက် ကျေးဇူးပြုကြလော့။ မိဘမရှိသောသူ၊ မုဆိုးမ၊ တစ်ကျွန်းတစ်နိုင်ငံသား၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့်။ တစ်ယောက်ကို တစ်ယောက် မကောင်းသောအကြံကို မကြံကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသော်လည်း၊
ထိုကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့။-
အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။
သုစရိုက်ကိုပြု၍ဆင်းရဲခံခြင်း
အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့။-
အကြင်သူသည် လောကီစည်းစိမ်ဥစ္စာ ရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကို မြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့ တည်မည်နည်း။
ကျေးဇူးတော်ချီးမွမ်းခြင်း
သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်း အမျိုးမျိုးတို့၏အရှင်တည်းဟူသော ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေတည်း။- ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏။-
ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။-
ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုလည်းကောင်း ပြုကြလော့။-
ကြွင်းသေးသောစကား ဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာဝမ်းမြောက်ခြင်း ရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်း အသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကိုလည်းကောင်း၊ အသင့်အတင့်နေခြင်း ချမ်းသာကိုလည်းကောင်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတ္တံ့။-
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.