Compaixão
A compaixão é o coração de Deus em ação. Ele é compassivo e misericordioso, tardio em irar-se e grande em amor. Somos chamados a refletir essa compaixão no mundo.
သင်ရို့သည် ဘုရားသခင်၏ ရွီးကောက်ထားသောသူ၊ သန့်ယှင်းသောသူနှင့် ချစ်တော်မူသောသူတိ ဖြစ်ကြသောကြောင့် ကိုယ်ချင်းစာခြင်း၊ သနားကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သီးခံခြင်းများကို ဝတ်ဆင်ကြလော့။
ယင်းအစား၊ သင်ရို့သည် တစ်ဦးကိုတစ်ဦး သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်ရို့အား ခွင့်ရွှတ်တော်မူသည့်နည်းတူ သင်ရို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ခွင့်ရွှတ်ကြလော့။
ကောင်းမွန်စွာပြုသည့်အတွက် ခံရသည့် ဒုက္ခဆင်းရဲ
အချုပ်ဆိုရသော် သင်ရို့သည် တစ်ယောက်နှင့်တစ်ယောက် တစ်စိတ်တစ်ဝမ်းတည်းဟိလျက် ကြင်နာတတ်သောသဘော၊ ချစ်တတ်သောသဘော၊ သနားတတ်သောသဘော၊ နှိမ့်ချတတ်သောသဘော ဟိကြလော့။
တစ်စုံတစ်ယောက်သောသူသည် ကြွယ်ဝချမ်းသာသောသူ ဖြစ်ပါလျက် မိမိ၏ ညီအစ်ကိုမောင်နှမ ဆင်းရဲသည်ကို မြင်သောအခါ သနားကရုဏာစိတ်ကို ချုပ်တည်းလျှင် ဘုရားသခင်၏ မေတ္တာတော်သည် ထိုသူ၌ မတည်နိုင်။
ပေါလုသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်း
ကရုဏာတော်၏ အဖ၊ နှစ်သိမ့်ခြင်း အလုံးစုံတိကို ပီးတော်မူသော ဘုရားသခင်၊ အသျှင်ယေသျှုခရစ်တော်၏ ခမည်းတော်ကို ငါရို့ ချီးမွမ်းကြကုန်အံ့။ ငါရို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံကြရသောအခါ ကိုယ်တော်သည် ငါရို့အား နှစ်သိမ့်ခြင်းကို ပီးတော်မူ၏။ သို့ဖြစ်၍ ငါရို့သည် ငါရို့ကိုယ်တိုင် ဘုရားသခင်ထံတော်မှ ရဟိသော နှစ်သိမ့်ခြင်းအားဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားရသူရို့အား နှစ်သိမ့်ပီးနိုင်ရန်ဖြစ်၏။
ငါရို့၏ယဇ်ပုရောဟိတ်မင်းသည် ငါရို့၏အားနည်းချက်များကြောင့် ငါရို့ကို သနားကြင်နာစိတ် မဟိနိုင်သောသူ မဟုတ်ပေ။ တစ်နည်းဆိုသော် ငါရို့ ခံရသည့်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံယူတော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိတော်မူ၏။ သို့ရာတွင် ထိုအသျှင်သည် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။
ဝမ်းမြောက်သောသူတိနှင့် အတူ ဝမ်းမြောက်ကြလော့၊ ငိုကြွီးနိန်ကြသောသူတိနှင့်အတူ ငိုကြွီးကြလော့။
ညီအစ်ကိုမောင်နှမရို့၊ ဝမ်းမြောက်ကြလော့။ ပြည့်စုံစီရန်အတွက် ကြိုးစားအားထုတ်လော့။ ငါ၏ တိုက်တွန်းချက်ကို နားထောင်ကြလော့။ အချင်းချင်း စိတ်သဘောတူညီလျက် သင့်မြတ်စွာ နီထိုင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်၏ မေတ္တာတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့နှင့်အတူ ဟိတော်မူလိမ့်မည်။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.