Comunhão com os irmãos
A comunhão com os irmãos é marca da igreja verdadeira. Os cristãos primevos perseveravam na comunhão — partindo pão, orando e encorajando-se mutuamente.
Comunhão verdadeira
Perseveravam na doutrina dos apóstolos e na comunhão. A comunhão autêntica envolve amor sacrificial e acolhimento mútuo.
လူအမြောက်အများဟ သူရဲ့စကားဟို လက်ခံကြကာ နှစ်ခြင်းမင်္ဂလာဟို ခံယူကြသဖြင့် အဲနေ့တွင် လူပေါင်း ��,������ မျှ တိုးပွားလာအယ်။ အဲသူလို့ဟ တမန်တော်လို့ရဲ့ ဆုံးမဩဝါဒဟို ခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ စုပေါင်းနေထိန် စားသောက်ခြင်း၊ ပွဲတော်မင်္ဂလာဝင်ခြင်း၊ အတူတကွ ဆုတောင်းခြင်းလို့ဖြင့် အချိန်ဟို ကုန်လွန်စေကြအယ်။
တမန်တော်လို့ဟ ရမ်းဆာ့သော အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများဟို ပြကြသဖြင့် လူအပေါင်းလို့ဟ အံ့ဩမှုနဲ့ ပြေ့ကြအယ်။ ယုံကြည်သောသူအပေါင်းလို့ဟ တစုတဝေးတည်း နေထိန်ယွေ့ မိမိလို့ပိုင်ဆိုင်လဲ့ ဥစ္စာပစ္စည်းများဟို သူလို့အချင်းချင်း ဝေမျှသုံးစွဲကြလေအယ်။ မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို ရောင်းချယွေ့ လိုအပ်နေသော သူတယောက်စီတိုင်းဟို ပေးကြအယ်။ သူလို့ဟ နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် အတူတကွ ဆက်လက်ယွေ့ တွေ့ဆုံကြအယ်။ သူလို့ဟ မိမိလို့ နေအိုင်များတွင် နှိမ့်ချသောစိတ်ဖြင့် ဝမ်းမြောက်စွာ အတူတကွ အစာအာဟာရဟို သုံးဆောင်ကြအယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းလျက် လူအပေါင်းလို့ရဲ့ အဆေ့တွင် မျက်နှာရ ကြအယ်။ ကယ်တင်ခြင်းသို့ ရောက်သောသူလို့ဟိုလည်း သခင်ဘုရားဟ နေ့စဉ်နေ့တိုင်း တိုးပွားစေအယ်။
အေးအပြင် မေတ္တာစိတ် ဆိစေရန် လည်းကောင်း၊ ကောင်းသောအကျင့်ဟို ကျင့်စေရန် လည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ဟို ဆှာယွေ့ အချင်းချင်း တယောက်ဟို တယောက် ကျေ့ရှုကြစို့။ အချို့သောသူလို့ ပြုလေ့ဆိသလို အတူတကွ စည်းဝေးခြင်းအမှုဟို မပစ်ပယ်ဘဲ အချင်းချင်း တိုက်တွန်းနှိုးဆော်ယွေ့ နေ့ရက် နီးကပ်လာတာဟို တွေ့မျော်သလို သာယွေ့ အားပေးကြစို့။
Amor fraternal
Amai-vos com amor fraternal sincero. Encorajem-se mutuamente e carreguem os fardos uns dos outros.
နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။
ညည်းညူခြင်း မဆိဘဲ အချင်းချင်း ဧည့်ဝတ်ကျေပွန်ကြလော့။
တယောက်နဲ့ တယောက် ချစ်ခြင်းမေတ္တာနဲ့ တည်နေကြလော့၊ ချီးမြှောက်ခြင်းမှာ သူတပါးဟို ကိုယ့်ထက် ချီးမြှောက်ကြလော့။
ခရစ်တော်နှိုက်ဆိသော နင်ရဲ့ အသက်တာဟ နင့်အား ခိုင်ခံ့စေအယ်။ သူရဲ့ ချစ်ခြင်းမေတ္တာဟ နင့်ဟို နှစ်သိမ့်စေအယ်။ နင်လို့ဟ ဝိညာဉ်တော်နဲ့ မိတ်သဟာယဖွဲ့ခြင်းဟို ရဆိကြအယ်၊ နင်လို့ဟ အချင်းချင်း သနားကြင်နာစိတ် ဆိကြအယ်။ နင်လို့ဟ တစိတ်တသဘောတည်း ဆိယွေ့ စိတ်ဝမ်းမကွဲဘဲ တူညီသော မေတ္တာဆိလျက် စိတ်တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ငါရဲ့ ဝမ်းမြောက်ခြင်းဟို ပြေ့စုံစေကြလော့။
ခရစ်တော်ရဲ့ နှုတ်ကပတ်တရားဟ ပညာအမျိုးမျိုးနဲ့ နင်လို့အထဲနှိုက် ကြွယ်ဝစွာ တည်နေယွေ့ နင်လို့ဟ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်း အမျိုးမျိုးအားဖြင့်၊ အချင်းချင်းလို့ဟို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းဟို ပြုယွေ့ နူးညွတ်သော စိတ်နေလုံးနဲ့ ဘုရားသခင်ဆေ့နှိုက် တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။
တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
ငါ့မိတ်ဆွေလို့၊ နင်လို့အတွက်ဟတော့ လွတ်လပ်မှုအတွက် ခေါ်ခြင်းခံရကြအယ်။ အဲလိုလဲ အေးလွတ်လပ်မှုဟာ နင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆန္ဒတွေကို ချုပ်ကိုင်ထားဖို့ အကျောန်းပြချက်တခု ဖြစ်လာအောန် မလုပ်ပါနဲ့။ အေးအစား ချစ်ခြင်းမေတ္တာအားဖြင့် အချင်းချင်း အစေခံစေ။
အေးလိုမို့ အခုနင်လို့ လုပ်နေလဲ့အတိုင်း အချင်းချင်း ခွန်အားပေးယွေ့ တဦးဟိုတဦး တည်ဆောက်ပေးကြလော့။
ငါလို့ဟ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ခြင်း ဆိအယ်ဟု ဆိုလျက်နဲ့ မိုက်နှိုက် အသက်ဆှင် ဆော့က်လှမ်းနေကြရင် ငါလို့ဟ ဝါပြောတာ ဖြစ်ယွေ့ သမ္မာတရားဟို ကျင့်သုံးနေကြတာ မဟုတ်။ အားပေမဲ့ ဘုရားသခင်ဟ အလင်းနှိုက် ဆိသလို ငါလို့ဟလည်း အလင်းနှိုက် အသက်ဆှင် ဆော့က်လှမ်းရင် ငါလို့ဟ အချင်းချင်းနှိုက် မိတ်သဟာယဖွဲ့ခြင်း ဆိယွေ့ ဘုရားသခင်ရဲ့ သားတော် ယေရှုရဲ့ အသွေးတော်ဟ ငါလို့ဟို အပစ်ဆိသမျှလို့မှ စင်ကြယ်စေအယ်။
နောက်ဆုံးအနေဖြင့်၊ ညီအကိုလို့ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းဟို ရောက်ကြလော့၊ နှစ်သိမ့်ခြင်းဟို ခံစားကြလော့၊ စိတ်တညီတညွတ်တည်း ဆိယွေ့ သင့်မြတ်စွာ နေကြလော့။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်သက်ခြင်းလို့ရဲ့ ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။
အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ဟို နင်လို့အား ငါပေးအယ်။ ငါဟ နင်လို့ဟို ချစ်လဲ့တိုင်းတိုင်း နင်လို့ဟလည်း အချင်းချင်း ချစ်ကြရမယ်။