A comunhão
A comunhão cristã é dom e mandamento. Juntos somos mais fortes. A Bíblia celebra a unidade dos crentes em Cristo como antecipação do céu na terra.
သူရို့သည် တစ်လုံးတစ်ဝတည်း၌ စုံလင်ကြစီရန် ကိုယ်တော်သည် အကျွန်၌ ဟိတော်မူ၍ အကျွန်သည်လည်း သူရို့၌ ဟိတော်မူပါ၏။ ထိုသို့အားဖြင့် ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသကဲ့သို့ သူရို့ကိုလည်း ချစ်တော်မူကြောင်းကိုလည်းကောင်း ကိုယ်တော်သည် အကျွန့်အား စီရွှတ်လိုက်သည်ကိုလည်းကောင်း လောကသားတိ သိကြပါလိမ့်မည်။
‘အချင်းချင်း ချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်ရို့အား အဂု ငါပီး၏။ ငါသည် သင်ရို့ကိုချစ်ခသကဲ့သို့ သင်ရို့လည်း အချင်းချင်းချစ်ကြလော့။ သင်ရို့ အချင်းချင်းချစ်ကြလျှင် လူတိုင်းက သင်ရို့သည် ငါ့တပည့်တိဖြစ်ကြောင်း သိကြလိမ့်မည်" ဟု မိန့်တော်မူ၏။
ယုံကြည်သူ အားလုံးသည် အတူတကွ မိတ်ဖွဲ့နီထိုင်ကြ၍ မိမိဥစ္စာပစ္စည်းများကို အချင်းချင်း ဝီမျှသုံးဆောင်ကြလေ၏။ သူရို့သည် မိမိဥစ္စာများနှင့် ပိုင်ဆိုင်မှုများကိုရောင်းချ၍ ရဟိသောငွီများကို တစ်ဦးချင်း လိုအပ်မှုဟိသည်အတိုင်း ဝီမျှကြ၏။ သူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်၌ စုဝေးကြပြီးလျှင် သူရို့၏အိမ်များတွင် မုန့်ကိုဖဲ့လျက် စေတနာစိတ်နှင့် ဝမ်းမြောက်စွာ အတူတကွ အစားအစာများကို သုံးဆောင်ကြကာ၊ ဘုရားသခင်ကိုလည်း ချီးမွမ်းပြီးလျှင် လူအပေါင်းရို့ရှိ့တွင် မျက်နှာပွင့်လန်းလျက် ဟိကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသူရို့၏ အရီအတွက်ကို နိ့စဉ်နှင့်အမျှ တိုးပွားစီတော်မူ၏။
ငါရို့သည် ခမည်းတော်နှင့် လည်းကောင်း၊ သားတော် ယေသျှုခရစ်တော်နှင့် လည်းကောင်း၊ မိတ်ဖွဲ့ရကြသည်ဖြစ်၍ သင်ရို့သည်လည်း ငါရို့နှင့်အတူ ထိုမိတ်ဖွဲ့ခြင်းတွင် ပါဝင်ခွင့်ရကြစီရန် ငါရို့ မြင်ရ၊ ကြားရသည့် အကြောင်းအရာများကို သင်ရို့အား ဖော်ပြ၏။
ခရစ်တော်သည် ငါရို့အတွက် မိမိ၏အသက်ကို စွန့်တော်မူသည်ကို ထောက်၍ ငါရို့သည် မေတ္တာအကြောင်းကို သိရကြ၏။ ငါရို့သည်လည်း မိမိရို့၏ ညီအစ်ကို မောင်နှမတိအတွက် အသက်ကို စွန့်သင့်ပေ၏။
သို့ဖြစ်၍ သင်ရို့သည် အဂုပြုသည့်နည်းတူ အချင်းချင်း တိုက်တွန်းနှိုးဆော်၍ တစ်ယောက်ကိုတစ်ယောက် ကူညီမစ ကြလော့။
ငါဆိုလိုသည်မှာ ငါ၏ယုံကြည်ခြင်း တရားကို သင်ရို့အားလည်းကောင်း သင်ရို့၏ယုံကြည်ခြင်းကို ငါ့အားလည်းကောင်း အချင်းချင်း အပြန်အလှန် အားပီးတိုက်တွန်းလို၍ ဖြစ်၏။
တချို့သောသူရို့ ပြုမူကြသည့်အတိုင်း အတူတကွ စုဝေးသည့် အလေ့အထကို လက်မလျှော့ဘဲ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် တိုက်တွန်းနှိုးဆော်ကြကုန်အံ့။ အကြောင်းမှာ သင်ရို့သည် သခင်ဘုရား ကြွလာမည့်နိ့ရက်သည် သာ၍ နီးလာသည်ကို သိမြင်လျက်ဟိကြ၏။
သင်ရို့သည် အချင်းချင်း၏ ဝန်များကို ကူညီထမ်းရွက်သောအားဖြင့် ခရစ်တော်၏ ပညတ်တော်ကို နာခံကြလော့။
သို့ဖြစ်၍ ငါရို့သည် အခွင့်အရေးရတိုင်း လူအပေါင်းရို့၏အကျိုးကို ကောင်းစွာ ဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့် ယုံကြည်သူ အိမ်သူအိမ်သားရို့၏ အကျိုးကို ဆောင်ရွက်ကြကုန်အံ့။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.