Pular para o conteúdo
Publicidade

Comunidade

Por Bíblia Online

Ninguém foi feito para caminhar sozinho pela vida. A fé cristã não sobrevive isolada, pois Deus nos desenhou para pertencer a uma família e repartir o fardo uns com os outros. Quando andamos juntos, a carga fica mais leve e o caminho faz sentido.

As Escrituras mostram que a igreja primitiva crescia porque repartia a vida de verdade. Estar lado a lado com quem crê não é apenas cumprir um ritual, mas encontrar o refúgio e a força de que você precisa para continuar firme.

A comunidade cristã é essencial para o crescimento da fé. A Bíblia ensina que fomos criados para viver em comunhão — edificando-nos, encorajando-nos e servindo uns aos outros.

Viver em unidade

Os que creram eram um coração e uma alma. A comunidade primitiva partilhava tudo e vivia em harmonia e alegria.

ပ​စ္စည်း​ဥ​စ္စာ​ကို​ဝေ​မျှ​သုံး​စွဲ​ခြင်း

ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် စိတ်​နှ​လုံး တ​ညီ​တ​ညွတ်​တည်း​ရှိ​ကြ၍၊ အ​ဘယ်​သူ​မျှ မိ​မိ​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ငါ့​ဥ​စ္စာ​ဟူ၍​မ​ဆို​ဘဲ​လျက်၊ ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ဆက်​ဆံ​သ​ဖြင့် သုံး​ဆောင်​ကြ၏။-

ထို​သူ​များ​သည် တ​မန်​တော်​တို့၏ ဆုံး​မ​ဩ​ဝါ​ဒ​ကို​ခံ​ခြင်း၊ အ​ပေါင်း​အ​သင်း​ဖွဲ့​ခြင်း၊ မုန့်​ကို​ဖဲ့​ခြင်း၊ ပ​တ္ထ​နာ​ပြု​ခြင်း​တို့​ကို အ​မြဲ​ဆောင်​ရွက်၍ နေ​ကြ၏။

ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။- ဘု​ရား​သ​ခင်​ကို​လည်း ချီး​မွမ်း၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မျက်​နှာ​ပွင့်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​ကို​လည်း နေ့​စဉ်​မ​ပြတ် သ​ခင်​ဘု​ရား​သည် သင်း​ဝင်​စေ​တော်​မူ၏။

ထို​သူ​အ​ပေါင်း​တို့​သည် ယေ​ရှု၏​မယ်​တော်​မာ​ရိ​မှ​စ၍ မိန်း​မ​တို့​နှင့်​လည်း​ကောင်း၊ ညီ​တော်​တို့​နှင့်​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။

ပေ​တ​ရု​သည် ထောင်​ထဲ၌ အ​ကျဉ်း​နေ​ရ​စဉ်၊ သင်း​ဝင်​သူ​တို့​သည် သူ့​အ​ဖို့​ကြိုး​စား၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ၏။

အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ လူ​နှစ်​ဦး​သုံး​ဦး​သုံး​ဦး​တို့​သည် ငါ၏​နာ​မ​ကို​ထောက်၍ စည်း​ဝေး​ကြ၏။ ထို​အ​ရပ်၌ သူ​တို့​အ​လယ်​မှာ ငါရှိ​သည်​ဟု​မိ​န့်​တော်​မူ၏။

Edificação mútua

Vivam em harmonia uns com os outros. Não haja divisões entre vós. A comunidade cresce quando cada membro contribui.

အ​သင်း​တော်​တွင်း​ကွဲ​ပြား​ခြင်း

ညီ​အစ်​ကို​တို့၊ သင်​တို့​ရှိ​သ​မျှ​သည် စ​ကား​တ​ညီ​တ​ညွတ်​တည်း​ဖြစ်၍ အ​ချင်း​ချင်း​မ​ကွဲ​ပြား​ဘဲ စိတ်​သ​ဘော​တစ်​သံ တစ်​သ​မတ်​တည်း ရှိ​သည်​နှင့် စေ့​စပ်​စုံ​လင်​ကြ​မည်​အ​ကြောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ သင်​တို့​ကို ငါ​နှိုး​ဆော်​တောင်း​ပန်​ပါ၏။-

အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် တစ်​ကိုယ်​တည်း​ထဲ​သို့ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ထဲ​သို့​လည်း သောက်​ကြ၏။-

ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍၊ ထို​အင်္ဂါ​အ​များ​သည် ဆောင်​ရွက်​စ​ရာ​အ​မှု တစ်​ခု​တည်း​မ​ရှိ​သ​ကဲ့​သို့၊-ထို​အ​တူ၊ အ​များ​ဖြစ်​သော​ငါ​တို့​သည် ခ​ရစ်​တော်၌ တစ်​ကိုယ်​တည်း​ဖြစ်၍၊ အ​သီး​အ​သီး​အင်္ဂါ​ချင်း ဖြစ်​ကြ၏။-

အ​ချင်း​ချင်း စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ ဂုဏ်​စည်း​စိမ်​ကို ငဲ့​ကွက်​ခြင်း​မ​ရှိ​ကြ​နှင့်။ နှိမ့်​ချ​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော်​လုပ်​ကြ​လော့။ ငါ​သည် ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​ကြ​နှင့်။-

ယုံ​ကြည်​အား​နည်း​သော​သူ​တို့

ယုံ​ကြည်​အား​နည်း​သော သူ​တို့​ကို လက်​ခံ​ကြ​လော့။ သို့​ရာ​တွင် ယုံ​မှား​ဖွယ်​သော ပြဿ​နာ​တို့​ကို ထို​သူ​နှင့် မ​ဆွေး​နွေး​ကြ​နှင့်။ အ​စာ​အ​မျိုး​မျိုး​ကို စား​အပ်​သည်​ဟု လူ​အ​ချို့​ယုံ၏။-

သင်​တို့​သည် ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​ကို တ​ညီ​တ​ညွတ်​တည်း နှုတ်​မြွက်၍ ချီး​မွမ်း​စေ​ခြင်း​ငှာ၊-

နောက်​ဆုံး​ညွှန်​ကြား​ချက်​များ

ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​ပြီး​သော ဆုံး​မ​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သော သင်း​ခွဲ​ခြင်း၊ မှား​ယွင်း​ခြင်း အ​ကြောင်း​ကို ပြု​တတ်​သော သူ​တို့​ကို​မှတ်၍ ရှောင်​ကြ​လော့​ဟု ငါ​သ​တိ​ပေး၏။-

Amor e compromisso

Não deixemos de congregar. O vínculo perfeito é o amor — ele une a comunidade e produz frutos que duram.

ထို​မှ​တစ်​ပါး မေ​တ္တာ​စိတ်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တိုက်​တွန်း နှိုး​ဆော်​ရ​သော​အ​ခွင့်​ကို ရှာ၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ထောက်​စာ​ကြည့်​ရှု​ကြ​ကုန်​အံ့။- လူ​အ​ချို့​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း စည်း​ဝေး​ခြင်း​အ​မှု​ကို မ​ရှောင်​မ​လွှဲ​ကြ​နှင့်။ အ​ချင်း​ချင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။ ကာ​လ​အ​ချိန် ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ သာ၍ ကြိုး​စား​ကြ​လော့။

စုံ​လင်​ခြင်း​အ​ဖွဲ့​အ​စည်း​တည်း​ဟူ​သော ချစ်​ခြင်း​မေ​တ္တာ​ကို ထပ်၍ ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။-

အ​သင့်​အ​တင့် ပေါင်း​ဖော်​ခြင်း အ​ဖွဲ့​အ​စည်း​အား​ဖြင့်၊ သင်​တို့​သည် အ​ချင်း​ချင်း စိတ်​သ​ဘော မ​ခြား​မ​နား တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​အံ့​သော​ငှာ ကြိုး​စား​အား​ထုတ်​ကြ​လော့။-

ညီ​အစ်​ကိုသဘောတူခြင်း

ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။

သု​စ​ရိုက်​ကို​ပြု၍​ဆင်း​ရဲ​ခံ​ခြင်း

အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​အ​ပေါင်း​သည် စိတ်​တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ စိတ်​ကြင်​နာ​ခြင်း၊ ညီ​အစ်​ကို​ချင်း​ကဲ့​သို့ ချစ်​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း ရှိ​ကြ​လော့။-

ချစ်​သူ​တို့၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဤ​မျှ​လောက်​ချစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​ရ​ကြ​မည်။-

ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။-

ယေ​ရှု​ခ​ရစ်၌ ယု​ဒ​လူ​မ​ရှိ၊ ဟေ​လ​သ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ။ လူ​လွတ်​မ​ရှိ၊ ယောက်ျား​မ​ရှိ၊ မိန်း​မ​မ​ရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။- ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​လျှင်​အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်၍၊ က​တိ​တော်​အ​တိုင်း အ​မွေ​ခံ၏​အ​ရာ၌ တည်​ကြ၏။

မု​ဆိုး​မ​အ​မှန်​ဖြစ်​သော မိန်း​မ​တို့​ကို မ​စ​လုပ်​ကျွေး​လော့။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ​သည်​ဟု မိန့်​တော်၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.