Pular para o conteúdo
Publicidade

Confiança

Por Bíblia Online

Quando o chão parece faltar sob os seus pés e o futuro traz mais dúvidas do que certezas, o coração humano busca instintivamente um lugar firme onde se apoiar. A vida comum traz ventos contrários, contas a pagar, preocupações com quem você ama e dias em que a força parece esgotar.

As palavras registradas nas Escrituras servem justamente para lembrar quem governa a história e cuida de cada detalhe da sua jornada. Encontrar refúgio em Deus não significa ausência de problemas, mas a certeza silenciosa de que existe um Pai presente, leal e poderoso sustentando a sua vida em todo tempo.

A confiança em Deus é âncora da alma em tempos de tempestade. Quem confia no Senhor não será abalado — porque o Deus fiel sustenta, protege e guia os que nele esperam.

Confiança inabalável

Tudo posso naquele que me fortalece. O meu Deus suprirá toda necessidade. Quem confia não será confundido.

ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။-

ငါ၏​ဘု​ရား​သ​ခင်​သည် ဘုန်း​အာ​နု​ဘော်၌ စံ​ပယ်​တော်​မူ​သော စည်း​စိမ်​ရှိ​သည်​အ​တိုင်း၊ သင်​တို့​အ​လို ရှိ​သ​မျှ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။-

သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။-

ယေ​ရှု​ခ​ရစ်​၌​ဘု​ရား​သ​ခင်​၏မေတ္တာ​တော်

သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။-

အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။

ဘု​ရား​၏​ကွယ်​ကာ​ရာ

အ​မြင့်​ဆုံး​သော​ဘု​ရား၏ ကွယ်​ကာ​ရာ​ဌာ​န​တော်၌ နေ​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ အ​ရိပ်​ကို​ခို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ၊ ငါ၏​ရဲ​တိုက်၊ ငါ​ကိုး​စား​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု ငါ​ပြော​ဆို၏။

ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ၏​ဘုန်း​ပွင့်​ခြင်း​အ​ကြောင်း​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ့​ကို အား​ပေး​သော​ကျောက်၊ ငါ​ခို​လှုံ​ရာ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

အ​ကျွန်ုပ်​သည် ကြောက်​ရွံ့​သော​အ​ခါ ကိုယ်​တော်၌ ခို​လှုံ​ပါ​မည်။

ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု၍ နှုတ်​က​ပတ်​တော်၌ ဝါ​ကြွား​ပါ​မည်။ ငါ​သည် ဘု​ရား​သ​ခင်​ကို ခို​လှုံ​သည်​ဖြစ်၍ ကြောက်​စ​ရာ​မ​ရှိ။ လူ​သည် ငါ၌ အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။

Fundamento de confiança

Deus não é homem para que minta. Todas as suas promessas são firmes. Confiar em Deus é segurança absoluta.

ဘု​ရား​သ​ခင်​သည် မု​သား​စ​ကား​ကို​ပြော​အံ့​သော​ငှာ လူ​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ နောင်​တ​ရ​အံ့​သော​ငှာ လူ​သား​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ မိန့်​တော်​မူ​ပြီး​မှ၊ စ​ကား​တော်​အ​တိုင်း မ​ပြု​ဘဲ​နေ​တော်​မူ​မည်​လော။ က​တိ​ထား​တော်​မူ​ပြီး​မှ၊ က​တိ​တော်​မ​တည်​ဘဲ နေ​တော်​မူ​မည်​လော။

သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​သည် ငွေ​ကို​တပ်​မက်​ခြင်း​နှင့် ကင်း​လွတ်၍၊ ကိုယ်၌​ရှိ​သော​ဥ​စ္စာ​နှင့် ရောင့်​ရဲ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​အ​လျှင်း​ပစ်၍​မ​ထား​ဟု က​တိ​တော်​ရှိ၏။-

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မ​စ​တော်​မူ​သည်​ဖြစ်၍၊ လူ​သည် ငါ၌​ပြု​နိုင်​သ​မျှ​ကို ငါ​မ​ကြောက်​ဟု၊ ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့် ပြော​ဆို​ရ​သော​အ​ခွင့် ရှိ​ကြ၏။

ငါ့​ထံ၌ ကြား​ရ​ပြီး​သော၊ စင်​ကြယ်​သော​တ​ရား စ​ကား​အ​ချုပ်​အ​ခြာ​ကို၊ ယေ​ရှု​ခ​ရစ်၌ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့်​တ​ကွ စွဲ​လမ်း​လော့။-

ယေ​ရှု​ခ​ရစ်​၏​စစ်​သူရဲ

ငါ့​သား၊ သင်​သည် ယေ​ရှု​ခ​ရစ်၌​ရှိ​သော ကျေး​ဇူး​တော်​အား​ဖြင့် ခိုင်​ခံ့​ခြင်း​ရှိ​လော့။-

ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။

ကိုယ်​ပြု​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား၌​အပ်​လော့။ သို့​ပြု​လျှင် သင်၏​အ​ကြံ​အ​စည်​တို့​သည် တည်​ကြ​လိမ့်​မည်။

ပ​ညာ​နှင့် အ​မှု​စောင့်​သော​သူ​သည် အ​ကျိုး​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​သည်​လည်း မင်္ဂ​လာ​ရှိ၏။

လူ​ကို​ကြောက်​ရွံ့​ခြင်း​သ​ဘော​သည် ကျော့​ကွင်း​ကို​ထောင်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​မူ​ကား လုံ​ခြုံ​လိမ့်​မည်။

Confiar em todas as coisas

Não pertenço ao mundo — minha cidadania é do céu. A confiança cristã repousa na fidelidade de Deus, não nas circunstâncias.

မြေ​ကြီး​ပေါ်​မှာ​ရှိ​သော အ​ရာ​တို့​ကို စွဲ​လမ်း​သော​စိတ် မ​ရှိ​ကြ​နှင့်။ အ​ထက်​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း ရှိ​ကြ​လော့။-

ယေ​ရှု​က​လည်း၊ သင်​သည် ယုံ​ကြည်​နိုင်​သ​လော။ ယုံ​ကြည်​သော​သူ​ဖြစ်​လျှင် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တတ်​နိုင်​သည်​ဟု မိန့်​တော်​မူ၏။-

ကိုယ်​တော်​က​လည်း၊ လူ​မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။

မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​ငှက်​တို့​သည် မျိုး​စေ့​ကို မ​စိုက်​မ​ကြဲ၊ စ​ပါး​ကို​မ​ရိတ်၊ ကျီ၌​မ​စု​မ​သွင်း။ သို့​သော်​လည်း ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထို​ငှက်​တို့​ထက် သင်​တို့​သည် အ​လွန်​မြတ်​သည် မ​ဟုတ်​လော။-

သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ကို မိ​မိ​ကိုး​စား​ရာ အ​ကြောင်း​ဖြစ်​စေ​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​အပ်​သော​သူ​ဖြစ်၏။ ထို​သူ​သည်​ကား၊ ရေ​ရှိ​သော​အ​ရပ်၌​စိုက်၍ မြစ်​နား​မှာ အ​မြစ်​ဖြာ​သ​ဖြင့်၊ ပူ​သော​အ​ရှိန်​ရောက်​ကြောင်း​ကို မ​သိ၊ အ​ရွက်​မ​ညှိုး​နွမ်း၊ မိုး​ခေါင်​သော​ကာ​လ၌ စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ၊ အ​စဉ်​အ​မြဲ အ​သီး​ကို​သီး​တတ်​သော အ​ပင်​နှင့်​တူ၏။

သင်​သည် ရေ​ကို​လျှောက်​သွား​သော​အ​ခါ၊ သင်​နှင့်​အ​တူ ငါ​ရှိ၏။ မြစ်​တို့​ကို လျှောက်​သွား​သော​အ​ခါ၊ မ​နစ်​မ​မွန်း​ရ။ မီး​ကို ချင်း​နင်း​သော​အ​ခါ​လည်း မ​လောင်​ရ။ မီး​လျှံ​လည်း မ​ညိ​ရ။

ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ရဲ​ရင့်​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​လို​တော်​နှင့်​အ​ညီ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လျှင်၊ ဘု​ရား​သ​ခင်​သည် နား​ထောင်​တော်​မူ၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ရဲ​ရင့်​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​လို​တော်​နှင့်​အ​ညီ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လျှင်၊ ဘု​ရား​သ​ခင်​သည် နား​ထောင်​တော်​မူ၏။-

ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​ခြင်း မေ​တ္တာ​တော်​ကို ငါ​တို့​သည်​သိ၍ ယုံ​ကြည်​ကြ၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​တော်​မူ၏။ ချစ်​ခြင်း​မေ​တ္တာ၌ တည်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌ တည်​တော်​မူ၏။-

စိတ်​ဝိ​ညာဉ်​ကို​စုံ​စမ်း​ခြင်း

ချစ်​သူ​တို့၊ ခပ်​သိမ်း​သော​စိတ်​ဝိ​ညာဉ်​တို့​ကို မ​ယုံ​ကြ​နှင့်။ စိတ်​ဝိ​ညာဉ်​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည် မ​စပ်​ဆိုင်​သည်​ကို စုံ​စမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ဤ​လော​က​သို့ သွား​ကြ​ပြီ။-

Esperar com confiança

O Senhor está perto de todos os que o invocam. Na espera confiante encontramos descanso e direção divina.

ထာ​ဝ​ရ​ဘု​ရား​သည် ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း၊ သ​စ္စာ​နှင့်​တ​ကွ ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့၏​အ​နီး​အ​ပါး၌ ရှိ​တော်​မူ၏။

က​ရု​ဏာ​တော်​စ​ကား​သံ​ကို အ​လျင်​အ​မြန် ကြား​စေ​တော်​မူ​ပါ။ ကိုယ်​တော်၌ ကိုး​စား​ပါ၏။ ကိုယ်​သွား​ရ​မည်​လမ်း​ကို သိ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​တ​သ​ပါ၏။

သင်၏​ခြေ​ကို​ချော်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင့်​ကို စောင့်​သော​သူ​သည် အိပ်​တော်​မ​မူ။

ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။

ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​အ​ဖို့ သို​ထား​တော်​မူ၍၊ လူ​သား​တို့​ရှေ့​မှာ ကိုယ်​တော်​ကို ခို​လှုံ​သော သူ​တို့​အ​ဖို့ ပြု​ပြင်​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​လှ​ပါ၏။

ကိုယ်​တော်​မှ​တစ်​ပါး၊ ကောင်း​ကင်​ဘုံ​မှာ အ​ကျွန်ုပ်၌ အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်တော်ကိုအလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာအကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။

သင်​တို့​သည် အ​လျှင်း​မ​ချို့​တဲ့​ဘဲ စေ့​စပ်​စုံ​လင်​မည်​အ​ကြောင်း၊ သည်း​ခံ​ခြင်း​စိတ်​သည် အ​ကုန်​အ​စင် ပြု​ပြင်​ပါ​စေ။

သို့​ရာ​တွင် တွေး​တော​ခြင်း​မ​ရှိ​ဘဲ ယုံ​ကြည်​သော​စိတ်​နှင့် တောင်း​ရ​မည်။ တွေး​တော​ခြင်း​ရှိ​သော သူ​သည်​ကား၊ လေ​ခတ်၍​လှုပ်​ရှား​တတ်​သော လှိုင်း​တံ​ပိုး​နှင့်​တူ၏။-

အ​စဉ် ရဲ​ရင့်​သော​စိတ် ရှိ​ကြ၏။ မျက်​မှောက်​မ​မြင်​ဘဲ ယုံ​ကြည်​မျှော်​လင့်​ခြင်း ရှိ​သည်​အ​တိုင်း၊ ငါ​တို့​သည် ကျင့်​ဆောင်​ပြု​မူ​သည်​ဖြစ်၍၊-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.