Pular para o conteúdo
Publicidade

Confiar no Senhor

Por Bíblia Online

Quando a vida aperta e o chão parece faltar, o impulso natural é tentar resolver tudo com as próprias forças. Você pesa as opções, calcula os riscos e carrega o peso do futuro nos ombros.

Deixar esse controle exige coragem e rendição diária. A Palavra de Deus lembra repetidamente quem Ele é e onde deve estar ancorada a nossa segurança, tirando o foco dos problemas para direcioná-lo à rocha que não se abala.

Confiar no Senhor é a base de toda vida espiritual. A confiança em Deus nos livra do medo, nos dá paz e nos posiciona para receber as promessas divinas.

Confiar de todo coração

Confia no Senhor de todo o coração. Não te apoies em teu próprio entendimento — em todos os caminhos o reconheça.

ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။

ဘု​ရား​၏​ကွယ်​ကာ​ရာ

အ​မြင့်​ဆုံး​သော​ဘု​ရား၏ ကွယ်​ကာ​ရာ​ဌာ​န​တော်၌ နေ​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ အ​ရိပ်​ကို​ခို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ၊ ငါ၏​ရဲ​တိုက်၊ ငါ​ကိုး​စား​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု ငါ​ပြော​ဆို၏။

အ​ကယ်​စင်​စစ် မု​ဆိုး၏​ကျော့​ကွင်း​နှင့်​လည်း​ကောင်း၊ သေ​တတ်​သော အ​နာ​နှင့်​လည်း​ကောင်း၊ သင့်​ကို ကင်း​လွတ်​စေ​တော်​မူ​မည်။ အ​တောင်​တော်​အ​မွေး​နှင့် ဖုံး​အုပ်​တော်​မူ၍၊ အ​တောင်​တော်​အောက်၌ သင်​သည်​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။ သ​စ္စာ​တော်​သည် သင်၏​ဒိုင်း​လွှား​ဖြစ်​လိမ့်​မည်။

လူ​စု​တော်​အ​တွက်​လုံ​ခြုံ​မှု

ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​တို့​သည် မ​တုန်​မ​လှုပ်၊ အ​စဉ်​အ​မြဲ​တည်​သော ဇိ​အုန်​တောင်​ကဲ့​သို့ ဖြစ်​ကြ၏။ တောင်​ရိုး​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဝန်း​ရံ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို ယ​ခု​မှ​စ၍၊ ကာ​လ​အ​စဉ်​မ​ပြတ် ဝန်း​ရံ​တော်​မူ၏။

မ​ကောင်း​သော သ​တင်း​ကို​မ​ကြောက်​ရ၊ စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သ​ဖြင့် တည်​ကြည်​တတ်၏။

ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။ ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။ ကိုယ်​အ​မှု​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား၌ အပ်​လော့။ ကိုယ်​တော်​ကို ကိုး​စား​လော့။ သို့​ပြု​လျှင် စီ​ရင်​တော်​မူ​မည်။ သင်၏ ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​ကို အ​လင်း​ကဲ့​သို့​လည်း​ကောင်း၊ တ​ရား​သ​ဖြင့်​ပြု​ခြင်း​အ​ရာ​ကို မွန်း​တည့်​ရောင်​ခြည် ကဲ့​သို့​လည်း​ကောင်း၊ ဖော်​ပြ​တော်​မူ​မည်။

နာ​မ​တော်​ကို သိ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ယုံ​ကြည်​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ရှာ​သော သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ​တတ်​ပါ။

Segurança em Deus

Bem-aventurado o homem que confia no Senhor. Ele é como árvore plantada junto às águas — não temerá quando vier o calor.

ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ကို မိ​မိ​ကိုး​စား​ရာ အ​ကြောင်း​ဖြစ်​စေ​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​အပ်​သော​သူ​ဖြစ်၏။ ထို​သူ​သည်​ကား၊ ရေ​ရှိ​သော​အ​ရပ်၌​စိုက်၍ မြစ်​နား​မှာ အ​မြစ်​ဖြာ​သ​ဖြင့်၊ ပူ​သော​အ​ရှိန်​ရောက်​ကြောင်း​ကို မ​သိ၊ အ​ရွက်​မ​ညှိုး​နွမ်း၊ မိုး​ခေါင်​သော​ကာ​လ၌ စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ၊ အ​စဉ်​အ​မြဲ အ​သီး​ကို​သီး​တတ်​သော အ​ပင်​နှင့်​တူ၏။

ထာ​ဝ​ရ​ဘု​ရား၌ အ​စဉ်​အ​မြဲ ခို​လှုံ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် နိ​စ္စ​ထာ​ဝ​ရ​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် ငါ့​ကို ကယ်​တင်​သော​အ​ရှင် ဖြစ်​တော်​မူ၏။ ကြောက်​လန့်​သော​စိတ်​မ​ရှိ​ဘဲ ရဲ​ရင့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ချီး​မွမ်း​ရာ၊ ငါ​သီ​ချင်း​ဆို​ရာ၊ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၌ ခို​လှုံ​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။

အ​ချို့​သော​သူ​တို့​သည် ရ​ထား​ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည် မြင်း​ကို​လည်း​ကောင်း၊ ချီး​မွမ်း​တတ်​ကြ၏။ ငါ​တို့​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​နှိမ့်​ချ၍ လဲ​လျက်​ရှိ​ကြ၏။ ငါ​တို့​မူ​ကား၊ ထ၍ မတ်​တတ်​နေ​ကြ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​ကို ကယ်​တင်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည်၊ လူ​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။ ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​ခြင်း​သည် မင်း​ကို ကိုး​စား​ခြင်း​ထက် သာ၍​ကောင်း၏။

Não confiar no homem

Não temas — em ti confiarei. Melhor é confiar no Senhor do que confiar no homem ou nos príncipes.

ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု၍ နှုတ်​က​ပတ်​တော်၌ ဝါ​ကြွား​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ နှုတ်​က​ပတ်​တော်၌ ဝါ​ကြွား​မည်။ ငါ​သည် ဘု​ရား​သ​ခင်​ကို ခို​လှုံ​သည်​ဖြစ်၍ ကြောက်​စ​ရာ​မ​ရှိ။ လူ​သည် ငါ၌​အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။

အ​ကျွန်ုပ်​သည် က​ရု​ဏာ​တော်​ကို ယုံ​ကြည်​ပါ၏။ ကယ်​တင်​တော်​မူ​ခြင်း​အ​ရာ၌ နှ​လုံး​ရွှင်​လန်း​ပါ​လိမ့်​မည်။

သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ကိုး​စား​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု အ​ကျွန်ုပ်​လျှောက်​ဆို​ပါ၏။

မာ​န​ထောင်​လွှား​သော​သူ​နှင့် မိ​စ္ဆာ​တ​ရား​လမ်း​သို့ လွှဲ​သွား​သော သူ​တို့​ကို မ​မှီ​ဝဲ၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

ခ​မည်း​တော်​ထံ​သွား​ရာ​လမ်း

တစ်​ဖန်​တုံ​ယေ​ရှု​က၊ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ ငါ့​ကို​လည်း ယုံ​ကြည်​ကြ​လော့။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.