Confissão
A confissão é caminho de libertação e restauração. Quando confessamos nossos pecados, Deus é fiel e justo para nos perdoar e nos purificar de toda injustiça.
Confessar e receber perdão
Se confessarmos os nossos pecados, Ele é fiel e justo para nos perdoar. A confissão abre a porta da graça restauradora.
ငါလို့ဟ ကိုယ့်အပစ်များဟို ဖော်ပြဝန်ခံရင် ဘုရားသခင် သစ္စာနဲ့ ပြေ့စုံယွေ့ ဖြောင့်မတ်သောသူ ဖြစ်သောကျောန့် ငါလို့ရဲ့ အပစ်များဟို ခွင့်လွှတ်ပင်း ငါလို့ဟို မတရားမှု ဆိသမျှဆေမှ စင်ကြယ်စေအယ်။
Confissão como fé
Se com a boca confessares que Jesus é Senhor e creres, serás salvo. A confissão de fé é alicerce da vida cristã.
နင်လို့ဟ "ယေရှုဟ သခင် ဖြစ်အယ်" ဆိုတာဟို နင့်ရဲ့ စလောင်ဖြင့် ဝန်ခံယွေ့၊ ဘုရားသခင်ဟ အေးသူဟို သေခြင်းမှ ထမြောက်စေပီဟု စိတ်နေလုံးထဲနှိုက် ယုံကြည်ရင်၊ နင်လို့ဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်။
အကျောန်းမှာ ငါလို့ စိတ်နေလုံးနဲ့ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရအယ်။ စလောင်ဖြင့် ဝန်ခံယွေ့ ကယ်တင်ခြင်း ခံရအယ်။
လူတိုင်းဟ အပစ်ပြုကြပင်း ဘုရားသခင်ရဲ့ ကယ်တင်ခြင်း မျက်မှောက်တော်နဲ့ ဝေးကွာအယ်။ အဲလိုလဲ ဘုရားသခင်ရဲ့ အလကားကား ကျေးဇူးတော်ကျောန့် သူလို့ဟို ယေရှု ခရစ်ရဲ့ ရွေးနုတ်ခြင်းအားဖြင့် ဖြောင့်မတ်ရာဟို ရောက်စေအယ်။
ယုံကြည်ခြင်းနဲ့ဆိုင်လဲ့ ကောင်းသောတိုက်ပွဲဟို တိုက်ယွေ့ ထာဝရ အသက်ဟို ရယူပိုင်ဆိုင်လော့၊ နင်ဟ အဲအသက်အတွက် ခေါ်ယူခြင်းဟို ခံရယွေ့ ရမ်းဆာ့သော သက်သေလို့ဆေ့တွင် ကောင်းသော ဝန်ခံချက်ဟို ပေးလေပီ။
အေးလိုမို့ ဘုရားသခင်ဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်စေရန် နောင်တရယွေ့ ပြောင်းလဲကြလော့။ အဲလိုဖြစ်ခါမှသာ၊
အဲလိုမို့ နင်လို့ဟ ကျန်းမာစေခြင်းဟို ခံရမဲ့အကျောန်း တဦးနဲ့ တဦး မိမိရဲ့ အပစ်များဟို ဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူရဲ့ စိတ်အားထက်သန်လဲ့ ဆုတောင်းချက်ဟ ရမ်းဆာ့ တန်ခိုးပါယွေ့ ထိရောက်မှု ဆိအယ်။
ဘုရားသခင်ဆေဟို ချဉ်းကပ်ကြလော့။ အဲလိုပြုရင် ကိုယ်တော်ဟ နင်လို့ဆေ ချဉ်းကပ်လိမ့်မယ်။ အပစ်သားလို့၊ နင်လို့ လက်ဟို စင်ကြယ်စေကြလော့။ စိတ်နေခွဆိသောသူလို့၊ နင်လို့ စိတ်နေလုံးဟို သန့်ဆှင်းစေကြလော့။