Pular para o conteúdo
Publicidade

Consolo

Por Bíblia Online

A vida traz dias difíceis em que o peso do mundo parece grande demais para carregar sozinho. Nesses momentos de dor, o choro vem sem pedir licença e a alma busca um refúgio que o silêncio ao redor não consegue oferecer.

Deus conhece o tamanho exato da sua fadiga e não se afasta quando você se sente fraco. As palavras guardadas nas Escrituras servem justamente para lembrar que a presença dele permanece firme, mesmo quando o chão parece faltar sob os seus pés.

O consolo de Deus é bálsamo para a alma ferida. Ele nos conforta em todas as tribulações para que possamos consolar outros com o mesmo consolo divino.

Deus consola

Ainda que eu ande pelo vale da sombra da morte, não temerei mal algum. O Senhor consola, guia e está sempre presente.

အ​ကယ်၍ သေ​မင်း၏​အ​ရိပ်​လွှမ်း​မိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်​လည်း ဘေး​အ​န္တ​ရာယ်​ကို မ​ကြောက်​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ လှံ​တံ​တော်​နှင့် တောင်​ဝှေး​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​စေ​ပါ၏။

အ​လင်း​နှင့်​ကယ်​တင်​ရှင်

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း၊ ငါ့​ကို ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို ကြောက်​ရ​အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​သက်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​ရ​အံ့​နည်း။

ဗျာ​ဒိတ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​အ​သက်​ရှင်​သည်​ဖြစ်၍၊ ဆင်း​ရဲ​ကို​ခံ​ရ​စဉ်​တွင်၊ ထို​နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ်​သက်​သာ​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။

ကိုယ်​တော်၏​ကျွန်၌ မိန့်​တော်​မူ​ချက်​အ​တိုင်း၊ က​ရု​ဏာ​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​ပေး​ပါ​စေ​သော​ဟု ဆု​တောင်း​ပါ၏။

ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​နှင့် ကိုယ်​တော်​ကို ရှာ​သော​သူ၏​စိတ်​ဝိ​ညာဉ်​အား ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ၏။

Confiança na aflição

Eu sei que o meu Redentor vive. Deus é força e escudo — mesmo na tribulação, Ele nos sustenta e consola.

ငါ့​ကို​ရွေး​နုတ်​သော​သ​ခင်​သည် အ​သက်​ရှင်၍၊ နောင်​ကာ​လ၌ မြေ​မှုန့်​အ​ပေါ်​မှာ ပေါ်​လာ​တော်​မူ​မည်​ဟူ၍​လည်း​ကောင်း၊ ငါ့​အ​ရေ​ကုန်​ပြီး​မှ ဤ​ကိုယ်​ကို​ပင် ဖျက်​ဆီး​သော်​လည်း၊ ငါ​သည်​ကိုယ်​ခ​န္ဓာ၌ ဘု​ရား​သ​ခင်​ကို​မြင်​မည်​ဟူ၍​လည်း​ကောင်း ငါ​သိ၏။

ဘု​ရား​သ​ခင်​သည် ငါ့​ကို ကယ်​တင်​သော​အ​ရှင် ဖြစ်​တော်​မူ၏။ ကြောက်​လန့်​သော​စိတ်​မ​ရှိ​ဘဲ ရဲ​ရင့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ချီး​မွမ်း​ရာ၊ ငါ​သီ​ချင်း​ဆို​ရာ၊ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ၏။

သင့်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တိုင်​ကြွ၍ သင်​နှင့်​ရှိ​တော်​မူ​လိမ့်​မည်။ သင့်​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ။ မ​စိုး​ရိမ်​နှင့်၊ စိတ်​မ​ပျက်​နှင့်​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ပြော​ဆို၏။

သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မ​စ​တော်​မူ​သည်​ဖြစ်၍၊ လူ​သည် ငါ၌​ပြု​နိုင်​သ​မျှ​ကို ငါ​မ​ကြောက်​ဟု၊ ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့် ပြော​ဆို​ရ​သော​အ​ခွင့် ရှိ​ကြ၏။

စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

ငါ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​မည်။ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​ခို​လှုံ​မည်။ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်။

ငါ​သည် သင်​တို့​ကို မိ​ဘ​မဲ့​ဖြစ်​စေ​ခြင်း​ငှာ စွန့်​ပစ်​မည်​မ​ဟုတ်။ သင်​တို့​ဆီ​သို့ လာ​ဦး​မည်။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.