Pular para o conteúdo
Publicidade

Conversão

Por Bíblia Online

A conversão é o momento em que você decide mudar a direção da sua vida e se voltar de verdade para Deus. Não se trata apenas de seguir regras, mas de reconhecer os próprios erros, deixar o passado para trás e aceitar a graça que vem de Cristo. É o ponto de partida para uma história inteiramente nova, moldada pelo perdão e pelo cuidado do Pai.

Quando você se arrepende e abre o coração para o Senhor, algo profundo acontece por dentro e também no céu. Deus não deseja a ruína de ninguém, mas espera pacientemente pelo dia em que cada pessoa decide abandonar o caminho errado para encontrar vida, paz e recomeço em Sua presença.

A conversão é o ato de se voltar para Deus — arrependendo-se do pecado e abraçando a graça. É o início de uma vida nova, transformada pelo amor de Cristo.

Arrependei-vos

Arrependei-vos e convertei-vos para que os vossos pecados sejam apagados. A conversão começa com a mudança de mente e coração.

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ချမ်း​ဧ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လာ၍၊-

ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။-

ဘု​ရား​သ​ခင်​သည် မိုက်​မဲ​သော အ​ချိန်​ကာ​လ​တို့​ကို အ​မှု​မ​ထား​ဖူး​သော်​လည်း၊ ယ​ခု​မှာ ကိုယ်​အ​ပြစ်​ကို မြင်၍ နောင်​တ​ရ​ကြ​လော့​ဟု ခပ်​သိမ်း​သော အ​ရပ်​တို့၌​ရှိ​သော လူ​အ​ပေါင်း​တို့​အား ပ​ညတ်​တော်​မူ၏။-

ထို​အ​ခါ​မှ​စ၍ ယေ​ရှု​က၊ နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ ဟူ​သော တ​ရား​ကို ဟော​စ​ပြု​တော်​မူ၏။-

နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။

အ​ချိန်​ပြည့်​စုံ​ပြီ၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ၊ နောင်​တ​ရ​ကြ​လော့။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ယုံ​ကြည်​ကြ​လော့​ဟူ​သော ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။

O amor de Deus converte

Céu se alegra por um pecador que se arrepende. Deus não deseja a morte do ímpio, mas que se converta e viva.

ထို​နည်း​တူ ဖြောင့်​မတ်၍ နောင်​တ​ရ​စ​ရာ​အ​ကြောင်း မ​ရှိ​သော​သူ ကိုး​ဆယ်​ကိုး​ယောက်​တို့၌ ကောင်း​ကင်​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက်၊ နောင်​တ​ရ​သော​လူ​ဆိုး​တစ်​ယောက်၌ သာ၍​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​သည်​ဟု ငါ​ဆို၏။

ထို​နည်း​တူ ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​သည် နောင်​တ​ရ​သော လူ​ဆိုး​တစ်​ယောက်၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ ငါ​လာ​သည်​မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို​ခေါ်​ခြင်း​ငှာ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။

အ​သေ​ခံ​ရ​သော​သူ၏​အ​သေ​ခံ​ခြင်း​အ​မှု၌ ငါ​သည်​ပျော်​မွေ့​ခြင်း​မ​ရှိ။ ထို​ကြောင့်၊ ပြောင်း​လဲ၍ အ​သက်​ရှင်​ကြ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​ရာ​တွင်၊ မ​တ​ရား​သော​သူ​သည် မိ​မိ​ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကို ကြဉ်​ရှောင်​လျက်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​တို့​ကို စောင့်​ရှောက်၍၊ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​တို့​ကို ပြု​လျှင်၊ သေ​ခြင်း​နှင့်​လွတ်၍ စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။

ပြစ်​မှား​သော​ဝိ​ညာဉ်​သည်​သေ​ရ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ အ​ဘ​တို့​သည် ချဉ်​သော​စ​ပျစ်​သီး​ကို​စား၍ သား​တို့​သည် သွား​ကျိန်း​လျက်​ရှိ​ကြ၏​ဟု၊ သင်​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို​ရည်​မှတ်၍ စ​ကား​ပုံ​ကို​သုံး​သော​အ​ခါ အ​ဘယ်​သို့​ဆို​လို​သ​နည်း။အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း နောက်​တစ်​ဖန် ဣ​သ​ရေ​လ​ပြည်၌ ထို​စ​ကား​ပုံ​ကို​သုံး​ရ​သော အ​ကြောင်း​မ​ရှိ​ရ။ ဝိ​ညာဉ်​အ​ပေါင်း​တို့​ကို​ငါ​ပိုင်၏။ အ​ဘ၏​ဝိ​ညာဉ်​ကို ငါ​ပိုင်​သ​ကဲ့​သို့ သား၏​ဝိ​ညာဉ်​ကို​လည်း ငါ​ပိုင်၏။ ပြစ်​မှား​သော​ဝိ​ညာဉ်​သည် အ​သက်​သေ​ရ​မည်။ လူ​မည်​သည်​ကား၊ သ​ဘော​ဖြောင့်၍ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​ကို ပြု​လျှင်​လည်း​ကောင်း၊ တောင်​ပေါ်​မှာ​မ​စား၊ ဣ​သ​ရေ​လ​အ​မျိုး ကိုး​ကွယ်​သော ရုပ်​တု​တို့​ကို မ​ဖူး​မ​မျှော်၊ သူ့​မ​ယား​ကို မ​ပြစ်​မှား၊ ဥ​တု​ရောက်​သော မိန်း​မ​ကို မ​ချဉ်း​ကပ်၊ အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ကြွေး​စား​ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​မ​နေ၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး၍၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​လျှင်​လည်း​ကောင်း၊ အ​တိုး​စား၍ ငွေ​ကို​မ​ချေး၊ အ​ဓ​မ္မ​အ​မှု​ကို လက်​မ​ခံ၊ သူ​တစ်​ပါး​အ​မှု​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​သည် အ​တိုင်း​ကျင့်၍ သ​စ္စာ​စောင့်​ခြင်း​ကို ပြု​လျှင်​လည်း​ကောင်း၊ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ​ဖြစ်၏။ အ​ကယ်​စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​ရာ​တွင်၊ ထို​သူ၏​သား​သည် ဓား​ပြ​တိုက်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ အ​ရင်​ဆို​ခဲ့​ပြီး​သော ဒု​စ​ရိုက်​တစ်​စုံ​တစ်​ခု​ကို ပြု​သော​သူ၊ အ​ရင်​ဆို​ခဲ့​ပြီး​သော သု​စ​ရိုက်​ကို​မ​ပြု၊ တောင်​ပေါ်​မှာ​စား​ခြင်း၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​ကို ညှဉ်း​ဆဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​နေ​ခြင်း၊ ရုပ်​တု​ကို ဖူး​မျှော်​ခြင်း၊ ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ခြင်း၊ အ​တိုး​စား၍​ငွေ​ချေး​ခြင်း​ကို​ပြု​သော သူ​ဖြစ်​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​သက်​မ​ရှင်​ရ။ ထို​ရွံ​ရှာ​ဖွယ်​သော​အ​မှု​များ​ကို​ပြု​သော​ကြောင့်၊ စင်​စစ်​အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။

သို့​ရာ​တွင်၊ ထို​သူ၏​သား​သည် အ​ဘ​ပြု​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကို မြင်၍​ဆင်​ခြင်​သ​ဖြင့်၊ ထို​သို့​သော အ​မှု​တို့​ကို​မ​ပြု၊ တောင်​ပေါ်​မှာ​မ​စား၊ ဣ​သ​ရေ​လ​အ​မျိုး​ကိုး​ကွယ်​သော ရုပ်​တု​တို့​ကို မ​ဖူး​မ​မျှော်၊ သူ့​မ​ယား​ကို​မ​ပြစ်​မှား၊ အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ပေါင်​ထား​သော ဥ​စ္စာ​ကို​မ​သိမ်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့်​ဖုံး​လွှမ်း​ခြင်း၊ ဆင်း​ရဲ​သော သူ​ကို​ချမ်း​သာ​ပေး​ခြင်း၊ အ​တိုး​မ​စား​ဘဲ​ငွေ​ချေး​ခြင်း​ကို​ပြု၍ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​လျှင်၊ ထို​သူ​သည် အ​ဘ၏​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ​မည်​မ​ဟုတ်။ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။ အ​ဘ​မူ​ကား၊ မိ​မိ​ညီ​အစ်​ကို​ကို အ​ထပ်​ထပ်​ညှဉ်း​ဆဲ​လျက်၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​တွင် မ​ကောင်း​သော​အ​မှု​ကို ပြု​သော​အ​ပြစ်​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ သင်​တို့​က​လည်း၊ အ​ဘယ်​သို့​နည်း။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ​သ​လော​ဟု မေး​ကြ​သော်၊ သား​သည် တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​ကို​ပြု၍၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​အ​တိုင်း ကျင့်​စောင့်​လျှင်၊ စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။ ပြစ်​မှား​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ။ အ​ဘ​သည် သား၏​အ​ပြစ်​ကို မ​ခံ​ရ။ တ​ရား​သော​သူ​သည် တ​ရား​စွာ​ပြု​ခြင်း အ​ကျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မ​တ​ရား​စွာ​ပြု​ခြင်း အ​ပြစ်​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်၊ မ​တ​ရား​သော​သူ​သည် မိ​မိ​ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကို ကြဉ်​ရှောင်​လျက်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​တို့​ကို စောင့်​ရှောက်၍၊ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​တို့​ကို ပြု​လျှင်၊ သေ​ခြင်း​နှင့်​လွတ်၍ စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။ ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို သူ့​တစ်​ဖက်၌​မ​မှတ်​ရ။ ပြု​မိ​သော ဖြောင့်​မတ်​ခြင်း​အ​မှု​ကြောင့် အ​သက်​ရှင်​ရ​လိမ့်​မည်။ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကျင့်​တို့​ကို​ရှောင်၍ အ​သက်​မ​ရှင်၊ အ​သေ​ခံ​ခြင်း​အ​မှု၌ ငါ​သည် အ​နည်း​ငယ်​သော​ပျော်​မွေ့​ခြင်း ရှိ​သ​လော။ သို့​ရာ​တွင် တ​ရား​သော​သူ​သည် ဖောက်​ပြန်၍၊ အ​ဓ​မ္မ​အ​မှု​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို​လည်း​ကောင်း​ပြု​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​ရင်​ပြု​သ​မျှ​သော ဖြောင့်​မတ်​ခြင်း​အ​မှု​တို့​ကို မ​မှတ်၊ သူ​သည် လွန်​ကျူး​သော​အ​မှု၊ ပြစ်​မှား​သော​အ​ပြစ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

သို့​သော်​လည်း သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ငါ​စီ​ရင်​ချက်​သည် ဖြောင့်၍၊ သင်​တို့​စီ​ရင်​ချက် ကောက်​သည်​မ​ဟုတ်​လော။ တ​ရား​သော​သူ​သည် တ​ရား​သော​အ​မှု​ကို​ပယ်၍ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လျှင်၊ ထို​အ​မှု​ကြောင့် သေ​ရ​မည်။ ပြု​မိ​သော​အ​ဓ​မ္မ​အ​မှု​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ ထို​အ​တူ၊ မ​တ​ရား​သော​သူ​သည် မိ​မိ​ပြု​မိ​သော အ​ဓ​မ္မ​အ​မှု​ကို​ရှောင်၍၊ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော အ​မှု​ကို​ပြု​လျှင်၊ မိ​မိ​အ​သက်​ကို ကယ်​နုတ်​ရ​လိမ့်​မည်။ ပြု​မိ​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​တို့​ကို ဆင်​ခြင်၍ ရှောင်​သော​ကြောင့်၊ သေ​ခြင်း​နှင့်​လွတ်၍ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။ သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​က၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ငါ​စီ​ရင်​ချက်​သည် ဖြောင့်၍၊ သင်​တို့​စီ​ရင်​ချက် ကောက်​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့ အ​သီး​အ​သီး​ကျင့်​ကြ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ငါ​စီ​ရင်​မည်။ သင်​တို့​သည် အ​ဓ​မ္မ​အ​မှု​ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍ ပြောင်း​လဲ​ကြ​လော့။ ပြောင်း​လဲ​ကြ​လော့။ ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ထိ​မိ၍ ဆုံး​ခြင်း​သို့​မ​ရောက်​ကြ​နှင့်။ သင်​တို့​သည် ပြု​သ​မျှ​သော လွန်​ကျူး​ခြင်း​အ​မှု​တို့​ကို​စွန့်​ပစ်၍ အ​သစ်​သော​နှ​လုံး၊ အ​သစ်​သော​စိတ်​သ​ဘော​ကို ပြင်​ဆင်​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် အ​ဘယ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​လို​သ​နည်း။ အ​သေ​ခံ​ရ​သော​သူ၏​အ​သေ​ခံ​ခြင်း​အ​မှု၌ ငါ​သည်​ပျော်​မွေ့​ခြင်း​မ​ရှိ။ ထို​ကြောင့်၊ ပြောင်း​လဲ၍ အ​သက်​ရှင်​ကြ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။-

Transformação

Voltai-vos para mim e sereis salvos! Rasgai o coração e não as vestes. A verdadeira conversão transforma o interior.

ဆိုး​သော​သူ​သည် မိ​မိ​လမ်း​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကြံ​တို့​ကို​လည်း​ကောင်း စွန့်​ပစ်၍၊ ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် သ​နား​တော်​မူ​လိမ့်​မည်။ ငါ​တို့ ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် အ​ထူး​သ​ဖြင့် အ​ပြစ်​ကို လွှတ်​တော်​မူ​လိမ့်​မည်။

သင်၏​ဒု​စ​ရိုက်​တို့​ကို တိမ်​တိုက်​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​အ​ပြစ်​တို့​ကို တိမ်​လွှာ​ကဲ့​သို့​လည်း​ကောင်း ငါ​ချေ​ပြီ။ ငါ့​ထံ​သို့​ပြန်​လာ​လော့။ သင့်​ကို​ငါ ရွေး​နုတ်​ပြီ။

ထာ​ဝ​ရ​ဘု​ရား၏​ချစ်​သ​နား​ခြင်း

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​တွင် အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့်​တ​ကွ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ထံ​သို့ ပြန်​လာ​ကြ​လော့။

အ​ဝတ်​ကို မ​ဆုတ်​ဘဲ နှ​လုံး​ကို​ဆုတ်​လျက်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​သော​သ​ဘော၊ အ​လွန် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ အ​ပြစ်​ပေး​ခြင်း​ကို နောင်​တ​ရ​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။

ငါ့​နာ​မ​ဖြင့်​သ​မုတ်​သော ငါ့​လူ​တို့​သည် ကိုယ်​ကို​နှိမ့်​ချ​သ​ဖြင့်၊ ငါ့​မျက်​နှာ​ကို​ရှာ​လျက် ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍ အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်​လျှင် ငါ​သည် ကောင်း​ကင်​ဘုံ၌ နား​ထောင်​မည်။ သူ​တို့​အ​ပြစ်​ကို​ဖြေ၍ သူ​တို့​ပြည်​ကို ချမ်း​သာ​ပေး​မည်။

ပ​သ​ခါ​ပွဲ​တော်​ပြင်​ဆင်​ခြင်း

တစ်​ဖန် ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​သို့​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ပ​သ​ခါ​ပွဲ​ကို ခံ​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​သည် စာ​ရေး၍ ပေး​လိုက်​လေ၏။ ဒု​တိ​ယ​လ​တွင်၊ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ ရှင်​ဘု​ရင်​သည် တိုင်​ပင်၍၊ မှူး​တော်​မတ်​တော်​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့၌ စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် စီ​ရင်​ကြ​ပြီ။ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သန့်​ရှင်း​စွာ မ​ပြု​ကြ​သေး။ ပြည်​သူ​ပြည်​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ မ​စည်း​ဝေး​သော​ကြောင့် လွန်​ခဲ့​သော​လ​တွင် ထို​ပွဲ​ကို​မ​ခံ​နိုင်​ကြ။ ရှင်​ဘု​ရင်​နှင့်​စည်း​ဝေး​သော သူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကို​နှစ်​သက်​သော​ကြောင့်​လည်း​ကောင်း၊ ကျမ်း​စာ၌​လာ​သည်​အ​တိုင်း၊ ကြာ​မြင့်​စွာ​သော ကာ​လ​ပတ်​လုံး၊ ပ​သ​ခါ​ပွဲ​ကို မ​ခံ​သော​ကြောင့်​လည်း​ကောင်း၊ အ​ရပ်​ရပ်​တို့​က​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ယေ​ရု​ရှ​လင်​မြို့၌ ပ​သ​ခါ​ပွဲ​ကို​ခံ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး၊ ဗေ​ရ​ရှေ​ဘ​မြို့​မှ​စ၍ ဒန်​မြို့​တိုင်​အောင်၊ ကြော်​ငြာ​စေ​မည်​အ​ကြောင်း အ​မိန့်​တော်​နှင့်​စီ​ရင်​ကြ၏။ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​ပေး​လိုက်​သော​စာ​ကို စာ​ပို့​လု​လင်​တို့​သည်​ယူ၍၊ အ​မိန့်​တော်​အ​တိုင်း ဣ​သ​ရေ​လ​ပြည်​နှင့် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​သို့ ပြေး​ကြ၏။ စာ၌​ပါ​သော​စ​ကား​ဟူ​မူ​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်သို့ ပြန်​လာ​ကြ​လော့။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​လက်​မှ​လွတ်၍၊ ကျန်​ကြွင်း​သေး​သော​သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​တော်​မူ​မည်။ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော သင်​တို့၏​အ​ဘ​များ၊ ညီ​အစ်​ကို​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ ပြစ်​မှား​သော ထို​သူ​တို့​ကို သင်​တို့​မြင်​သည်​အ​တိုင်း၊ သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ အပ်​တော်​မူ​ပြီ။ သင်​တို့​အ​ဘ​များ​ကဲ့​သို့ ခိုင်​မာ​သော​သ​ဘော မ​ရှိ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား၌ ကိုယ်​ကို​အပ်​နှံ​ကြ​လော့။ အ​စဉ်​သန့်​ရှင်း​စေ​တော်​မူ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ လာ​ကြ​လော့။ ပြင်း​စွာ​သော အ​မျက်​တော်​သည် သင်​တို့​မှ လွှဲ​သွား​မည်​အ​ကြောင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို စောင့်​ကြ​လော့။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​လျှင်၊ သင်​တို့၏​ညီ​အစ်​ကို သား​သ​မီး​တို့​သည် သိမ်း​သွား​သော​သူ​တို့​ထံ​မှာ၊ က​ရု​ဏာ​စိတ်​နှင့် တွေ့​ကြုံ၍၊ ဤ​ပြည်​သို့ တစ်​ဖန် ပြန်​လာ​ကြ​လိမ့်​မည်။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ သ​နား​တတ်​သော​သ​ဘော​ရှိ​သော​ကြောင့်၊ သင်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ​လျှင်၊ မျက်​နှာ​တော်​ကို သင်​တို့​မှ လွှဲ​တော်​မ​မူ​ဟု စာ၌​ပါ​သ​တည်း။ စာ​ပို့​လု​လင်​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင် တစ်​လျှောက်​လုံး၊ ဇာ​ဗု​လုန်​ခ​ရိုင်​တိုင်​အောင် တစ်​မြို့​မှ တစ်​မြို့​သို့ ပြေး​ကြ၏။ ပြည်​သား​တို့​သည် ပြက်​ရယ်​ပြု၍ ကဲ့​ရဲ့​ကြ၏။ သို့​ရာ​တွင် အာ​ရှာ​ခ​ရိုင်​သား၊ မ​နာ​ရှေ​ခ​ရိုင်​သား၊ ဇာ​ဗု​လုန်​ခ​ရိုင်​သား​အ​ချို့​တို့​သည် ကိုယ်​ကို​နှိမ့်​ချ၍ ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ကြ၏။ ယု​ဒ​ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရားအ​မိန့်​တော်​အ​တိုင်း၊ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ တ​ညီ​တ​ညွတ်​တည်း ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို၊ ဘု​ရား​သ​ခင်​တန်​ခိုး​တော်​ကြောင့်​ရ​ကြ၏။

ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​ခြင်း

ဒု​တိ​ယ​လ​တွင် အ​ဇု​မ​ပွဲ​ကို​ခံ​လို​သော​ငှာ၊ များ​စွာ​သော​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌​စည်း​ဝေး​ကြ၍၊ အ​လွန်​ကြီး​သော​ပ​ရိ​သတ် ဖြစ်​လေ၏။ သူ​တို့​သည်​ထ၍၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ယဇ်​ပ​လ္လင်​တို့​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ယဇ်​ပ​လ္လင် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ပယ်​ရှင်း၍၊ ကေ​ဒြုန်​ချောင်း​ထဲ​သို့ ပစ်​ချ​ကြ၏။ ဒု​တိ​ယ​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် သ​တိ​ရ၍ ကိုယ်​ကို​သန့်​ရှင်း​စေ​လျက်၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို ဗိ​မာန်​တော်​ထဲ​သို့ သွင်း​ကြ၏။ ဘု​ရား​သ​ခင်၏​လူ မော​ရှေ​ပ​ညတ်​တ​ရား၌ စီ​ရင်​သော ထုံး​စံ​အ​တိုင်း၊ မိ​မိ​တို့​နေ​ရာ၌ ရပ်​နေ​လျက်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လေ​ဝိ​သား​တို့​လက်​မှ အ​သွေး​ကို​ယူ၍​ဖျန်း​ကြ၏။ မ​သန့်​ရှင်း​သော​သူ​အ​များ​တို့​သည် ပ​ရိ​သတ်၌​ပါ​သော​ကြောင့်၊ ထို​မ​သန့်​ရှင်း​သော​သူ ရှိ​သ​မျှ​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ပ​သ​ခါ​သိုး​သ​ငယ်​သတ်​ခြင်း​အ​မှု​ကို၊ လေ​ဝိ​သား​တို့​သည် စောင့်​ရ​ကြ၏။ များ​စွာ​သော​လူ​တည်း​ဟူ​သော၊ ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး၊ ဣ​သ​ခါ​အ​မျိုး၊ ဇာ​ဗု​လုန်​အ​မျိုး​သား​အ​များ​တို့​သည် ကျမ်း​စာ၌​ပါ​သော တ​ရား​သို့​မ​လိုက်၊ ကိုယ်​ကို​မ​သန့်​ရှင်း​စေ​ဘဲ၊ ပ​သ​ခါ​သိုး​သ​ငယ်​ကို စား​ကြ၏။ သို့​ရာ​တွင်၊ ဟေ​ဇ​ကိ​က၊ သန့်​ရှင်း​ရာ​ဌာ​န​ထုံး​စံ​အ​တိုင်း၊ သန့်​ရှင်း​ခြင်း​မ​ရှိ​သော်​လည်း၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ခြင်း​ငှာ၊ သ​ဘော​ကျ​သော​သူ​အ​ပေါင်း​တို့၏ အ​ပြစ်​ကို ကောင်း​မြတ်​သော ထာ​ဝ​ရ​ဘု​ရား​သည် လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ထို​သူ​တို့​အ​ဖို့ ဆု​တောင်း​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဟေ​ဇ​ကိ​စ​ကား​ကို နား​ထောင်​တော်​မူ၍၊ လူ​များ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့၌ စည်း​ဝေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ခု​နစ်​ရက်​ပတ်​လုံး အ​လွန်​ရွှင်​လန်း​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​ခံ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် အ​သံ​ကျယ်​သော​တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက်၊ နေ့​ည​မ​ပြတ် ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း ဆို​ကြ၏။

ဒု​တိ​ယ​အ​ကြိမ်​ပွဲ​တော်​ကျင်း​ပ​ခြင်း

ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​မြတ်​ကို သွန်​သင်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​ကို၊ ဟေ​ဇ​ကိ​သည် အား​ပေး​သော​စ​ကား​နှင့် နှုတ်​ဆက်​သ​ဖြင့်၊ သူ​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​ပွဲ​ခံ​စဉ်​အ​ခါ၊ စား​သောက်​လျက် မိတ်​သ​ဟာ​ယ ပူ​ဇော်​သ​ကာ​ကို​ပြု​လျက်၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လျက် နေ​ကြ၏။ စည်း​ဝေး​သော​သူ အ​ပေါင်း​တို့​သည် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ခြင်း​ငှာ တိုင်​ပင်​ပြီး​မှ၊ ရွှင်​လန်း​သော​စိတ်​နှင့် ခု​နစ်​ရက်​ထပ်၍ ပွဲ​ခံ​ကြ၏။ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် နွား​တစ်​ထောင်​နှင့် သိုး​ခု​နစ်​ထောင်​တို့​ကို​လည်း​ကောင်း၊ မှူး​မတ်​တို့​သည် နွား​တစ်​ထောင်​နှင့် သိုး​တစ်​သောင်း​ကို​လည်း​ကောင်း၊ စည်း​ဝေး​သော​သူ​တို့​အား ပေး​ကြ၏။ များ​စွာ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကိုယ်​ကို သန့်​ရှင်း​စေ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​နှင့်​တ​ကွ ယု​ဒ​ပ​ရိသတ်​များ၊ ဣ​သ​ရေ​လ​ပြည်​မှ​လာ​သော ပ​ရိ​သတ်​များ၊ ယု​ဒ​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား၊ ဣ​သ​ရေ​လ​ပြည်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ဝမ်း​မြောက်​ဝမ်း​သာ​ကြ၏။ ထို​သို့ ယေ​ရု​ရှ​လင်​မြို့၌ ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​သား​ရှော​လ​မုန် လက်​ထက်​မှ​သည်၊ နောက်​တစ်​ဖန် ယေ​ရု​ရှ​လင်​မြို့၌ ထို​မျှ​လောက်​ကြီး​စွာ​သော ဝမ်း​မြောက်​ခြင်း​မ​ရှိ။ ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​ထ၍ လူ​များ​တို့​ကို ကောင်း​ချီး​ပေး​ကြ၏။ သူ​တို့​စ​ကား​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ၏။ သန့်​ရှင်း​သော​ကျိန်း​ဝပ်​တော်​မူ​ရာ၊ ကောင်း​ကင်​ဘုံ​သို့ ပ​တ္ထ​နာ​စ​ကား​တက်​လေ၏။

နောင်​တ​ရ​ရန်​ခေါ်​တော်​မူ​ခြင်း

ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ အ​ဋ္ဌ​မ​လ​တွင်၊ ဣ​ဒေါ​သား ဗာ​ရ​ခိ၏​သား ပ​ရော​ဖက်​ဇာ​ခ​ရိ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ဘိုး​ဘေး​များ​ကို အ​လွန်​အ​မျက်​ထွက်​တော်​မူ​ပြီ။ သို့​သော်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ့​ထံ​သို့ ပြန်၍​လာ​ကြ​လော့​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ​သည်​လည်း သင်​တို့​ရှိ​ရာ​သို့​ပြန်​လာ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​ထာ​ဝ​ရ​ဘု​ရား မိ​န့်​တော်​မူ၏။ ရှေး​ပ​ရော​ဖက်​တို့​က၊ သင်​တို့ မ​ကောင်း​သော​လမ်း၊ မ​ကောင်း​သော အ​ကျင့်​များ​ကို ယ​ခု ကြဉ်​ရှောင်​ကြ​လော့​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို ဆင့်​ဆို​လျက် ကြွေး​ကြော်​သော်​လည်း နား​မ​ကြား၊ ငါ့​စ​ကား​ကို​လည်း နား​မ​ထောင်​သော သင်​တို့ ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ဘိုး​ဘေး​တို့​သည် အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။ ပ​ရော​ဖက်​တို့​သည် အ​စဉ်​အ​မြဲ အ​သက်​ရှင်​တတ်​ကြ​သ​လော။ ငါ၏ ကျွန်​ပ​ရော​ဖက်​တို့၌ ငါ​မှာ​ထား​သော ငါ၏​ပ​ညတ်​စ​ကား​တို့​သည် သင်​တို့ ဘိုး​ဘေး​များ​ကို​မီ​ကြ​ပြီ မ​ဟုတ်​လော။ သူ​တို့​သည် သ​တိ​ရ၍ ငါ​တို့​ကျင့်​ကြံ​ပြု​မူ​သည်​နှင့်​အ​လျောက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ စီ​ရင်​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

မြင်း​များ​ရူ​ပါ​ရုံ

ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဧ​ကာ​ဒ​သ​မ​လ​တည်း​ဟူ​သော ရှေ​ဗတ်​လ နှစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဣ​ဒေါ​သား​ဖြစ်​သော ဗာ​ရ​ခိ၏​သား ပ​ရော​ဖက်​ဇာ​ခ​ရိ​သို့ ရောက်​လာ၍၊ ည​အ​ခါ​မြင်​ရ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မြင်း​နီ​ကို စီး​သော လူ​တစ်​ဦး​သည် ထင်​ရှား၍ ချိုင့်​တွင်​ရှိ​သော မု​ရ​တု​တော၌ ရပ်၏။ သူ့​နောက်​မှာ နီ​သော​မြင်း၊ ညို​သော​မြင်း၊ ဖြူ​သော​မြင်း​တို့​သည် ရှိ​ကြ၏။ငါ​က​လည်း၊ အို သ​ခင်၊ ထို​သူ​တို့​ကား အ​ဘယ်​သူ​နည်း​ဟု မေး​သော်၊ ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​က၊ ထို​သူ​တို့​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို ငါ​ပြ​မည်​ဟု ဆို​ပြီး​မှ၊ မု​ရ​တု​တော၌ ရပ်​သော​လူ​က၊ ထို​သူ​တို့​သည် မြေ​ကြီး​အ​ရပ်​ရပ်​တို့​ကို လှည့်​လည်၍ သွား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​တော်​မူ​သော​သူ ဖြစ်​ကြ​သည်​ဟု ပြန်​ပြော၏။ ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် မြေ​ကြီး အ​ရပ်​ရပ်​တို့​ကို လှည့်​လည်၍ သွား​ပါ​ပြီ။ မြေ​ကြီး​တစ်​လျှောက်​လုံး​သည် အ​မှု​မ​ရှိ။ ငြိမ်​ဝပ်​လျက်​ရှိ​ပါ၏​ဟု မု​ရ​တု​တော၌​ရပ်​သော ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​အား ပြန်​လျှောက်​ကြ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က၊ အို ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး အ​မျက်​ထွက်​တော်​မူ​သော ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​မြို့​များ​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မ​သ​နား​ဘဲ နေ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား ကောင်း​သော​စ​ကား၊ နှစ်​သိမ့်​စေ​သော​စ​ကား ပြန်​ပြော​တော်​မူ၏။ ငါ​နှင့် ပြော​ဆို​သော ကောင်း​ကင်​တ​မန်​က​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို၍ ကြွေး​ကြော်​ရ​မည်​မှာ၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် ဇိ​အုန်​တောင်​အ​ဖို့ အ​လွန်​ကြင်​နာ​သော​စိတ်​အား​ကြီး၏။ ငြိမ်​ဝပ်​စွာ​နေ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​လွန်​အ​မျက်​ထွက်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​နည်း​ငယ် အ​မျက်​ထွက်​သော​အ​ခါ သူ​တို့​သည် ဝိုင်း၍ ညှဉ်း​ဆဲ​ကြ​ပြီ။ ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကျေး​ဇူး​ပြု​ချင်​သော​စိတ်​နှင့် ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​ပြန်​လာ​ပြီ။ ဤ​မြို့​တွင် ငါ့​အိမ်​ကို တည်​ဆောက်​ရ​မည်။ မြို့​ရာ​ကို​လည်း တိုင်း​ထွာ​ရ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို၍ ကြွေး​ကြော်​ရ​မည်​မှာ၊ ငါ၏​မြို့​ရွာ​တို့​သည် အ​ရပ်​ရပ်၌ နှံ့​ပြား၍ စည်​ပင်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​သား​တို့​ကို နှစ်​သိမ့်​စေ​ဦး​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ရွေး​ကောက်၍ ပြု​စု​ဦး​မည်​ဟု မိန့်​တော်​မူ၏။

ဦး​ချို​များ​နှင့်​လက်​သ​မား​လေး​ဦး

တစ်​ဖန် ငါ​မျှော်​ကြည့်၍ ဦး​ချို​လေး​ချောင်း​ကို မြင်၏။ ငါ​နှင့် ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား​လည်း၊ ထို​ဦး​ချို​တို့​ကား အ​ဘယ်​သို့​နည်း​ဟု မေး​မြန်း​သော်၊ ထို​ဦး​ချို​တို့​သည် ယု​ဒ​ပြည်၊ ဣ​သ​ရေ​လ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော ဦး​ချို​ဖြစ်​သည်​ဟု ပြန်​ပြော၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း လက်​သ​မား​လေး​ဦး​တို့​ကို ပြ​တော်​မူ၏။ ငါ​က​လည်း၊ ဤ​သူ​တို့​သည် အ​ဘယ်​အ​မှု​ကို ပြု​ခြင်း​ငှာ​လာ​ပါ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ကောင်း​ကင်​တ​မန်​က၊ ထို​ဦး​ချို​တို့​သည် အ​ဘယ်​သူ​မျှ​မျှော်၍ မ​ကြည့်​ဝံ့​အောင်၊ ယု​ဒ​ပြည်​သား​တို့​ကို ကွဲ​ပြား​စေ​သော ဦး​ချို​ဖြစ်​ကြ၏။ ဤ​လက်​သ​မား​တို့​သည် ယု​ဒ​ပြည်​သား​တို့​ကို ကွဲ​ပြား​စေ​ခြင်း​ငှာ တိုက်​လာ​သော​ထို​ဦး​ချို​တို့​ကို ခြိမ်း​မောင်း၍၊ တစ်​ပါး​အ​မျိုး၏​ဦး​ချို​တို့​ကို ရှုတ်​ချ​သော​သူ ဖြစ်​ကြ​သည်​ဟု ပြန်​ပြော၏။

ငါ​ချစ်​သ​မျှ​သော သူ​တို့၏​အ​ပြစ်​ကို ငါ​စစ်​ဆေး၍ သူ​တို့​ကို​ဆုံး​မ​တတ်၏။ ထို​ကြောင့် ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​လော့။ နောင်​တ​ရ​လော့။-

လူဟောင်း​နှင့်​လူ​သစ်

ထို​ကြောင့် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ​ပူ​ပန်​ခြင်း၊ ဆိုး​ညစ်​သော တပ်​မက်​ခြင်း၊ ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​ဖြစ်​သော လော​ဘ​လွန်​ကျူး​ခြင်း​တည်း​ဟူ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သင်​တို့၏ ကိုယ်​အင်္ဂါ​တို့​ကို သေ​စေ​ကြ​လော့။-

သင်​တို့၏​ကိုယ်​အင်္ဂါ​များ​ကို ဒု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ အ​ပြစ်​တ​ရား​အား မ​ဆက်​ကြ​နှင့်။ သေ​ခြင်း​မှ ထ​မြောက်၍ အ​သက်​ရှင်​သော​သူ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​အား ကိုယ်​ကို​ကိုယ်​ဆက်​ကြ​လော့။-

အ​ချင်း​ချင်း​ဝန်​ကို​ကူ​ညီ​ထမ်း​ရွက်

ညီ​အစ်​ကို​တို့၊ လူ​သည်​သ​တိ​လစ်၍ တစ်​စုံ​တစ်​ခု​သော ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို ခံ​ရ​သော​သင်​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း​နှင့် ကိုယ်​တိုင်​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သ​တိ​ပြု​လျက် သိမ်​မွေ့ နူး​ညံ့​သော​သ​ဘော​နှင့် ထို​သို့​သော​သူ​ကို မ​စ၍၊ သူ၏​နေ​ရာ၌ တည်​မြဲ တည်​စေ​ပြန်​ကြ​လော့။-

ထို​ကြောင့်၊ ခပ်​သိမ်း​သော​ညစ်​ညူး​ခြင်း၊ မ​နာ​လို​သော​စိတ် လွန်​ကျူး​ခြင်း​ကို ပယ်​ရှား၍၊ သင်​တို့​စိတ်​ဝိ​ညာဉ်​ကို ကယ်​တင်​နိုင်​သော၊ အ​ထဲ၌ စိုက်​ပျိုး​သော​နှုတ်​က​ပတ်​တ​ရား​ကို နူး​ညံ့​သိမ်​မွေ့​သော စိတ်​နှင့် ခံ​ယူ​ကြ​လော့။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.