Conversão
A conversão é o ato de se voltar para Deus — arrependendo-se do pecado e abraçando a graça. É o início de uma vida nova, transformada pelo amor de Cristo.
Arrependei-vos
Arrependei-vos e convertei-vos para que os vossos pecados sejam apagados. A conversão começa com a mudança de mente e coração.
အေးလိုမို့ ဘုရားသခင်ဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်စေရန် နောင်တရယွေ့ ပြောင်းလဲကြလော့။ အဲလိုဖြစ်ခါမှသာ၊
ပေတရုဟ သူလို့ဟို "နင်လို့ အယောက်စီတိုင်း အပစ်မှ နောင်တရကြပင်း၊ နင်လို့ အပစ်များ ဖြေလွှတ်စေရန် ယေရှု ခရစ်ရဲ့ နာမနှိုက် နှစ်ခြင်းဟို ခံလော့။ အားပင်း နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် တည်းဟူသော ဘုရားသခင်ရဲ့ လက်ဆောင်ဟို ရဆိကြလိမ့်မယ်။
ဘုရားသခင်ဟ လူလို့ မသိလဲ့အချိန်များဟို မမှတ်ထားဖူးခဲ့သော်လည်း၊ အခုအခါနှိုက် နေရာတိုင်းဆိ လူအပေါင်းလို့အား နောင်တရကြရန် အမိန့်ပေးအယ်။
အဲအခါမှစပင်း ယေရှုဟ "နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့။ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ" ဟု ဟောခဲ့အယ်။
နောင်တနဲ့ ထိုက်တန်သော အကျင့်ဟို ကျင့်ကြလော့။
"အချိန်ကျလာပီ။ ဘုရားသခင်ရဲ့ နိုင်ငံတော် တည်လုနီးပီမို့၊ နောင်တရယွေ့ သတင်းကောင်းဟို ယုံကြည်ကြလော့" ဟု ဟောလေအယ်။
O amor de Deus converte
Céu se alegra por um pecador que se arrepende. Deus não deseja a morte do ímpio, mas que se converta e viva.
အေးနည်းတိုင်းတိုင်း နောင်တရစရာမလိုလဲ့ ဖြောင့်မတ်သောသူ ကိုးဆယ့်ကိုးယောက်ထက် နောင်တရလဲ့ အပစ်သားတဦးအတွက် ခေါန်းခင်ဘုံနှိုက် ပိုယွေ့ ကြီးသော ဝမ်းမြောက်ခြင်းဆိလိမ့်မယ်ဟု နင်လို့အား ငါဆိုအယ်။
အေးတိုင်းတိုင်း နောင်တရသော အပစ်သားတယောက်အတွက် ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များ ဝမ်းသာခြင်းဆိအယ်ဟု နင်လို့အား ငါဆိုအယ်" ဟု ပြောအယ်။
ငါဟ နောင်တရပင်း ဂုဏ်အသရေဆိသူများဟို ခေါ်ဖို့ လာတာ မဟုတ်၊ အဲလိုလဲ အပယ်ခံရသူများဟို ခေါ်ဖို့ လာအယ်" ဟု မိန့်အယ်။
နှောင့်နှေးတာဟု အချို့လို့ဟ မှတ်ယူသလိုမျိုး ထာဝရဘုရားဟ ကတိတော်ဟို နှောင့်နှေးစေတာ မဟုတ်။ စသူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော် ဆိယွေ့ နင်လို့အပေါ် စိတ်ဆှည်သည်းခံလျက် နေခြင်းသာ ဖြစ်အယ်။
Transformação
Voltai-vos para mim e sereis salvos! Rasgai o coração e não as vestes. A verdadeira conversão transforma o interior.
ငါဟ ငါချစ်သမျှသော သူလို့ရဲ့ အပစ်ဟို ဖော်ပြယွေ့ ဆုံးမတတ်အယ်။ အဲကျောန့် စိတ်အားထက်သန်ခြင်း ဆိယွေ့ နောင်တရလော့။
အဲကျောန့် မတရားသော မေထုန်နှိုက် မှီဝဲခြင်း၊ ညစ်ညမ်းခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်းဟူသော မြေကြီးပေါ်မှာဆိသော နင်လို့ရဲ့ ကိုယ်အင်္ဂါလို့ဟို သေစေကြလော့။
မကောင်းသော ရည်ရွယ်ချက်နှိုက် အသုံးပြုရန် နင်လို့ရဲ့ ကိုယ်အင်္ဂါများဟို အပစ်အား မဆက်သစေနဲ့။ အဲအစား၊ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူလိုမျိုး နင့်ရဲ့ မန်ကန်လဲ့ ရည်ရွယ်ချက်အတွက် အသုံးပြုရန် ကိုယ်အင်္ဂါတခုလုံးဟို ဘုရားသခင်အား ဆက်သကြလော့။
ငါ့မိတ်ဆွေလို့၊ တစုံတဦးဟ စလို အမားမျိုးတွင် မဆို ဖမ်းဆီးမိပါက၊ ဝိညာဉ်သဘောဆိသော နင်လို့ဟ အေးသူဟို ဖြောင့်မတ်စွာ ထားသင့်ပေမဲ့ နူးညံ့သိမ်မွေ့သော နည်းဖြင့် လုပ်ရမယ်။ အားပင်း စုံစမ်းနှောင့်ယှက်ခြင်းဟို မပြုမယ့်အကျောန်း၊ ကိုယ်တတ်တိုင်း ကျေ့ရှုလော့။
အဲလိုမို့ နင်လို့ဟ ညစ်ညမ်းလဲ့ အလေ့အထနဲ့ ဆိုးယုတ်လဲ့ အကျင့်မန်သမျှလို့ဟို ပယ်ဆှားကြလော့။ နင်လို့ရဲ့ စိတ်အတွင်းနှိုက် ဘုရားသခင် သွင်းပေးသော တရားတော်ဟ နင်လို့ဟို ကယ်တင်နိန်အယ်။ တရားတော်ဟို သိမ့်မွေ့စွာ ခံယူကြလော့။