Convicção
A convicção cristã é firmeza de fé que não se abala diante da oposição. É a certeza interior que compele a proclamar a verdade com ousadia, independentemente das consequências.
Ousadia para falar
Recebereis poder e sereis minhas testemunhas. A convicção do Espírito nos equipa para proclamar com coragem e sem vergonha.
သို့ရာတွင် သင်ရို့အထက်၌ သန့်ယှင်းသောဝိညာဉ်တော် ဆင်းသက်လာသောအခါ၊ သင်ရို့သည် တန်ခိုးဖြင့် ပြည့်ဝပြီးလျှင် ယေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ခုလုံး၊ ယှာမာရိပြည်နှင့် ကမ္ဘာမြီကြီးအစွန်းတိုင်အောင် ငါ၏သက်သီဖြစ်ကြလိမ့်မည်" ဟု သူရို့အား မိန့်တော်မူ၏။
ပေတရုနှင့် ယောဟန်ရို့သည် ပညာမတတ်သောသူ၊ သာမန်လူများသာ ဖြစ်လျက်ပင် ဤသို့ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင်များ မြင်တွိ့ကြသောအခါ အလွန်အံ့သြကြ၏။ ထိုသူရို့သည် ယေသျှု၏အပေါင်းအဖော်များ ဖြစ်ခကြသည်ကိုလည်း သတိပြုမိကြ၏။
ပေတရုနှင့် အခြားသောတမန်တော်ရို့က "ငါရို့သည် လူ၏အမိန့်ထက် ဘုရားသခင်၏အမိန့်ကို နားထောင်ရမည်။
ငါသည် တရားစကားကို ဟောပြောသောအခါ ဘုရားသခင်သည် ထိုဧဝံဂေလိတရား၏ နက်နဲသောအရာကို သိနားလည်ပြီး ရဲရင့်စွာ ဟောပြောနိုင်ရန် ငါ့အဖို့လည်း ဆုတောင်းပီးကြလော့။ ငါသည် အကျဉ်းကျခံနိန်ရသောသူ ဖြစ်သော်လည်း၊ ထိုဧဝံဂေလိတရား၏ သံတမန်တစ်ယောက်ဖြစ်၏။ ငါသည် ထိုဧဝံဂေလိတရားကို ဟောပြောရမည်ဖြစ်၍ ရဲရင့်စွာ ဟောပြောနိုင်ခြင်းငှာ ဆုတောင်းပီးကြလော့။
သတင်းကောင်းတရား၏ တန်ခိုးတော်
ငါသည် သတင်းကောင်းတရားတော်၌ ယုံကြည်ခြင်း အပြည့်ဟိပါ၏၊ အကြောင်းမူကား၊ ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏။
ဖောက်ပြန်၍၊ ဒုစရိုက်တိနှင့် ပြည့်နိန်သော ဤလောက၌ အကြင်သူသည် ငါနှင့် ငါ၏သြဝါဒကို ရှက်လျှင်၊ လူသားသည်လည်း အဖခမည်းတော်၏ ဘုန်းတန်ခိုးတော်ကို ဆောင်၍ သန့်ယှင်းသော ကောင်းကင်တမန်ရို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်လိမ့်မည်" ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါရို့၏သခင်ဘုရားအကြောင်း သက်သီခံခြင်းကို ရှက်ကြောက်ခြင်း မဟိကေ့။ ကိုယ်တော်၏အကျိုးအလို့ငှာ ထောင်ကျခံရသော်လည်း ငါသည် မရှက်။ ဘုရားသခင်၏တန်ခိုးကို ရထားသည်ဖြစ်၍ သတင်းကောင်းတရားအတွက် ငါနှင့်အတူ ဆင်းရဲဒုက္ခ ခံလော့။
ဤသည်ကား သင် ဆုံးမသွန်သင်အပ်သော အရာများဖြစ်၏။ သင်သည် အားပီးတိုက်တွန်းသောအခါ၌ ဖြစ်စီ၊ အပြစ်ကို ဖော်ပြ၍ ဆုံးမပဲ့ပြင်သောအခါ၌ ဖြစ်စီ အမိန့်အာဏာအပြည့်ဖြင့် ဟောပြောလော့။ မည်သူမျှ သင့်ကို မထီလေးစား မပြုစီကေ့။
Firmeza e confiança
Não temas diante dos homens. A Palavra de Deus é fogo na boca do profeta e firmeza na vida do crente.
သာသနာပလူရို့သည် သင်ရို့အား မကောင်းမှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက် နိန်ကြစဉ် သင်ရို့၏ ကောင်းသောအကျင့်များကို မြင်သဖြင့် သခင်ဘုရား ကြွလာတော်မူသောနိ့၌ ဘုရားသခင်အား ချီးမွမ်းကြစီရန် သင်ရို့သည် ထိုသူရို့ရှိ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူလျက် နီထိုင်ကြလော့။
ထိုသို့ပြုမည့်အစား ဘုရားသခင်သည် ငါရို့ကို အသိအမှတ်ပြုသဖြင့် သတင်းကောင်းတရားကို ယုံကြည်အပ်နှံထားတော်မူသည်နှင့်အညီ ငါရို့သည် ဘုရားသခင်၏ အလိုတော်အတိုင်း ဟောပြောကြ၏။ ငါရို့သည် လူရို့၏ နှစ်သက်မှုကို ရစီရန် မဟုတ်ဘဲ ငါရို့၏ စိတ်နှလုံးကို စစ်ဆေးတော်မူသော ဘုရားသခင်၏ နှစ်သက်မှုကိုရစီရန် ကြိုးစားကြ၏။
"သင်ရို့သည် ဤလောက၏အလင်း ဖြစ်ကြ၏၊ တောင်ထိပ်၌ တည်ထားသောမြို့ကို ကွယ်ဝှက်၍ မရနိုင်။ မီးခွက်ထွန်းပြီး တောင်းနှင့် အုပ်ထားသောသူဟူ၍ မဟိ၊ တစ်အိမ်လုံးကို အလင်းရစီခြင်းငှာ မီးခွက်စင်ထက်မှာသာ တင်၍ ထွန်းထားလေ့ဟိကြ၏။ ထိုနည်းတူ လူတိုင်းသည် သင်ရို့ပြုသော ကောင်းသောအကျင့်တိကို မြင်၍ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖကို ချီးမွမ်းစီခြင်းငှာ သင်ရို့၏အလင်းကို လူတိရှိ့မှာ လင်းကြလော့။