Corpo de Cristo
A Igreja é o Corpo de Cristo — organismo vivo onde cada membro tem função única e indispensável. Cristo é a cabeça; nós somos seus membros.
Um corpo, muitos membros
Assim como o corpo é um e tem muitos membros, assim é Cristo. Nós somos o corpo de Cristo e individualmente seus membros.
ကိုယ်ခန္ဓာတစ်ခု၌ဟိသော အင်္ဂါအစိတ်အပိုင်းများ
ခရစ်တော်သည် အင်္ဂါအစိတ်အပိုင်းများစွာဟိသော ကိုယ်ခန္ဓာတစ်ခုနှင့်တူ၏။ ကိုယ်ခန္ဓာသည် တစ်ခုတည်းသာဖြစ်သော်လည်း၊ မတူညီသော အင်္ဂါအစိတ်အပိုင်းများစွာ ဟိ၏။
သင်ရို့အပေါင်းသည် ခရစ်တော်၏ ကိုယ်ခန္ဓာတော်ဖြစ်၏။ သင်ရို့အသီးသီးသည်လည်း ထိုကိုယ်ခန္ဓာတော်၏ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်၏။
သင်ရို့၏ ကိုယ်ခန္ဓာများသည် ခရစ်တော်၏ ကိုယ်အင်္ဂါများဖြစ်သည်ကို သင်ရို့သိကြ၏။ ငါသည် ခရစ်တော်၏ကိုယ်အင်္ဂါကို ယူ၍ ပြည့်တန်ဆာ၏ ကိုယ်အင်္ဂါ ဖြစ်ရစီမည်လော။ ထိုသို့ မဖြစ်စီနိုင်။
လူတစ်ယောက်၏ခန္ဓာကိုယ်တွင် အင်္ဂါများစွာ ဟိကြသည်နှင့်အညီ ထိုအင်္ဂါများ၌ ဆောင်ရွက်စရာ လုပ်ငန်းကိုယ်စီ ဟိကြသည့် နည်းတူ များစွာသော ငါရို့သည် ခရစ်တော်၌ ခန္ဓာတစ်ခုတည်းဖြစ်၍ အသီးသီးသောအင်္ဂါများ ဖြစ်ကြ၏။
ဘုရားသခင်သည် သင်ရို့အား မျှော်လင့်ခြင်းတစ်ခုတည်းသို့ ခေါ်တော်မူသကဲ့သို့ ကိုယ်ခန္ဓာ တစ်ပါး၊ ဝိညာဉ်တော် တစ်ပါးတည်း ဟိတော်မူ၏။
ထိုသူ၌ ကိုယ်အင်္ဂါ ဟိသမျှရို့သည် တစ်ခုနှင့်တစ်ခု အဆစ်အပိုင်းများဖြင့် ဆက်စပ်လျက် နိန်ကြ၏။ ထို့ကြောင့် ကိုယ်အင်္ဂါ အသီးသီးရို့သည် မိမိရို့သက်ဆိုင်သော အငန်းအတာကို ဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးသည် ကြီးထွားလျက် မိမိကိုယ်ကိုလည်း မေတ္တာတရား၌ တည်ဆောက်လေ၏။
Cristo, a cabeça
Ele é a cabeça do corpo, que é a igreja. O corpo cresce e se edifica em amor quando cada parte faz o seu trabalho.
ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ ဦးဂေါင်းဖြစ်တော်မူပြီး အသက်ရှင်ခြင်း၏ မူလအရင်းအမြစ်ဖြစ်၏။ ကိုယ်တော်သည် သီခြင်းတရားမှ အဦးဆုံး ထမြောက်တော်မူသဖြင့် ခပ်သိမ်းသောအရာရို့၏ အထွဋ်အထိပ်အဖြစ်ကို ခံယူတော်မူ၏။
အသင်းတော်၏ အခိုင်းအစီတစ်ယောက်အဖြစ် ပေါလုလုပ်ဆောင်ခြင်း
အဂုတွင် သင်ရို့အတွက် ငါခံရသော ဒုက္ခဆင်းရဲကြောင့် ငါဝမ်းမြောက်၏။ ခရစ်တော်သည် မိမိကိုယ်ခန္ဓာတည်းဟူသော အသင်းတော်အတွက် ဒုက္ခဆင်းရဲ ခံရရန် ကျန်ခသည့် အရာများကို ငါ၏ကိုယ်ခန္ဓာ၌ ဖြည့်စွက်ပီးလျက်ဟိ၏။
သင်ရို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးပါစီ။ အကြောင်းမူကား ဤငြိမ်သက်ခြင်းအတွက် ခန္ဓာတစ်ခုထဲသို့ သင်ရို့ကို ခေါ်ယူထားတော်မူ၏။ သို့ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
ဇာသူလေ့ မိမိကိုယ်ကို မုန်းသည်ဟူ၍ မဟိ။ ထိုသို့ပြုမည့်အစား၊ ခရစ်တော်သည် အသင်းတော်အား ကျွေးမွေးပြုစုတော်မူသကဲ့သို့ ငါရို့သည် မိမိကိုယ်ကို ကျွေးမွေး၍ ပြုစုစောင့်ရှောက်ကြ၏။ အကြောင်းမူကား ငါရို့သည် ကိုယ်တော့်ခန္ဓာ၏ အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။)