Pular para o conteúdo
Publicidade

Corpo

Por Bíblia Online

Deus criou você de forma única, unindo carne, mente e espírito em uma harmonia perfeita. Cuidar de si mesmo é uma forma prática de honrar o Criador que formou cada detalhe da sua existência com amor e precisão.

As Escrituras mostram que a vida física importa para Deus. Encarar a saúde, o descanso e as limitações humanas com equilíbrio ajuda você a viver com sabedoria, gratidão e paz no dia a dia.

O corpo é templo do Espírito Santo. A Bíblia ensina a cuidar do corpo com responsabilidade, moderação e respeito — honrando a Deus com nosso ser integral.

Templo do Espírito

Vosso corpo é templo do Espírito Santo. Glorificai a Deus no vosso corpo — ele não é vosso, foi comprado por preço.

အ​ဘယ်​သို့​နည်း။ သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော၊ သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်၍ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ဗိ​မာန်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း၊ မ​သိ​ကြ​သ​လော။-သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။

သူ​တစ်​ပါး​ကို ဆုံး​မ​ပြီး​မှ ကိုယ်​တိုင်​ရှုံး​သော​သူ မ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ကိုယ်​ကို​ထိုး၍ နှိပ်​စက်​လေ့​ရှိ၏။

သူ​တစ်​ပါး​ကို ငါ​ကျွေး​မွေး၍ ဥ​စ္စာ​ရှိ​သ​မျှ​ကို စွန့်​ကြဲ​သည်​သာ​မ​က၊ ကိုယ်​ခ​န္ဓာ​ကို မီး​ရှို့​စေ​ခြင်း​ငှာ အပ်​သော်​လည်း၊ မေ​တ္တာ​မ​ရှိ​လျှင်၊ ငါ၌​အ​ကျိုး​မ​ရှိ။-

အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် တစ်​ကိုယ်​တည်း​ထဲ​သို့ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ထဲ​သို့​လည်း သောက်​ကြ၏။-

ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍၊ ထို​အင်္ဂါ​အ​များ​သည် ဆောင်​ရွက်​စ​ရာ​အ​မှု တစ်​ခု​တည်း​မ​ရှိ​သ​ကဲ့​သို့၊-ထို​အ​တူ၊ အ​များ​ဖြစ်​သော​ငါ​တို့​သည် ခ​ရစ်​တော်၌ တစ်​ကိုယ်​တည်း​ဖြစ်၍၊ အ​သီး​အ​သီး​အင်္ဂါ​ချင်း ဖြစ်​ကြ၏။-

Cuidar do corpo

O exercício físico é proveitoso, mas a piedade tem promessa para a vida presente e futura. Cuide do corpo com sabedoria.

ကိုယ်​ကာ​ယ​ကို​ဆုံး​မ​ခြင်း​သည် များ​စွာ​သော အ​ကျိုး​ကို မ​ပေး​တတ်။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​မူ​ကား၊ ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့် စပ်​ဆိုင်​သော​က​တိ​တော်​ကို ရ​သည်​ဖြစ်၍၊-

စိတ်​ရွှင်​လန်း​ခြင်း​သည် ကျန်း​မာ​စေ​တတ်၏။ စိတ်​ပျက်​ခြင်း​မူ​ကား၊ အ​ရိုး​တို့​ကို သွေ့​ခြောက်​စေ​တတ်၏။

သာ​ယာ​သော​စ​ကား​တို့​သည် ပျား​လ​ပို့​ကဲ့​သို့​ဖြစ်၍၊ စိတ်​ဝိ​ညာဉ်၌ ချို​မြိန်​လျက်၊ ကိုယ်​အ​ရိုး​ကို ကျန်း​မာ​စေ​လျက်​ရှိ​ကြ၏။

ငါ​သည်​ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ ဒု​စ​ရိုက်​ကို​ရှောင်​လော့။သို့​ပြု​လျှင်၊ သင်၏​အ​ကြော​တို့​သည် အား​သန်၍၊ အ​ရိုး​တို့​သည် ခြင်​ဆီ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။

အ​ကျွန်ုပ်၏​အ​သား​နှင့် နှ​လုံး​သည်​ပျက်​ကြ​ပါ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​နှ​လုံး၏ အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​အ​စဉ်​အ​မြဲ ခံ​စား​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။

ဘု​ရား​သ​ခင်​အား​တောင့်​တ​ခြင်း

"ဒါ​ဝိဒ်​သည် ယု​ဒ​တော၌​ရှိ​သော​အ​ခါ စပ်​ဆို​သော​ဆာ​လံ။"

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို ကြိုး​စား၍ ရှာ​ပါ၏။ ရေ​မ​ရှိ သွေ့​ခြောက်​သော​လွင်​ပြင်၌ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို ငတ်​ပါ၏။ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​သည်​လည်း ကိုယ်​တော်​ကို လွမ်း​ဆွတ်​ပါ၏။

Corpo e espírito

O espírito está pronto, mas a carne é fraca. Não vos preocupeis com o corpo — a vida é mais do que alimento.

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား​အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊-

ထို​ကြောင့် လက်​ယာ​မျက်​စိ​ဖြစ်​သော်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ တစ်​ကိုယ်​လုံး င​ရဲ​သို့​ချ​ခြင်း​ကို ခံ​ရ​သည်​ထက် အင်္ဂါ​တစ်​ခု​ပျက်​သော် သာ၍​ကောင်း၏။-

မ​စိုး​ရိမ်​ကြ​နှင့်

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ အ​ဘယ်​သို့ စား​သောက်​ရ​မည်​ဟု အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟု ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​စာ​ထက် အ​သက်​မြတ်​သည် မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည် မ​ဟုတ်​လော။-

တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။-

ဟန်​ဆောင်​မှု​ကို​သ​တိ​ပေး​ခြင်း

ထို​အ​ခါ အ​တိုင်း​မ​သိ​များ​စွာ​သော လူ​တို့​သည် စု​ဝေး၍ အ​ချင်း​ချင်း နင်း​မိ​မ​တတ်​နေ​ကြ​သည်​ရှိ​သော်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ လျှို့​ဝှက်​ခြင်း​တည်း​ဟူ​သော ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို ရှေ့​ဦး​စွာ ကြဉ်​ရှောင်​ကြ​လော့။-ဖုံး​ထား​လျက်​ရှိ​သ​မျှ​တို့​သည် ပွင့်​လိမ့်​မည်။ ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​လိမ့်​မည်။-မှောင်​မိုက်၌ သင်​တို့​ပြော​သ​မျှ​သော​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​သည် အ​လင်း၌ နား​ကြား​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​ခန်း​ထဲ​မှာ နား​အ​ပါး၌ ပြော​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လိမ့်​မည်။

ကြောက်​သင့်​သူ

ငါ့​အ​ဆွေ​တို့၊ သင်​တို့​အား ငါ​ဆို​သည်​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်၍ နောက်​တစ်​ဖန် အ​လျှင်း​မ​ပြု​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။- အ​ဘယ်​သူ​ကို ကြောက်​ရ​မည်​နည်း​ဟူ​မူ​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်​ပြီး​မှ င​ရဲ​ထဲ​သို့ ချ​နိုင်​သော​သူ​ကို ကြောက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​ကို ကြောက်​ကြ​လော့။- စာ​ငှက်​ငါး​ကောင်​ကို အဿ​ရိ​နှစ်​ပြား​အ​ဖိုး​နှင့် ဝယ်​ရ​သည်​မ​ဟုတ်​လော။ ထို​စာ​ငှက်​တစ်​ကောင်​ကို​မျှ ဘု​ရား​သ​ခင် မေ့​လျော့​တော်​မ​မူ။- သင်​တို့ ဆံ​ပင်​သည်​လည်း အ​ကုန်​အ​စင် ရေ​တွက်​လျက်​ရှိ၏။ ထို​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​ငှက်​အ​များ​တို့​ထက် သာ၍​မြတ်​ကြ၏။

ခ​ရစ်​တော်​ကို​ဝန်​ခံ​ခြင်း

ငါ​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ဝန်​ခံ​အံ့။ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​ရှေ့​မှာ လူ​သား​သည် ထို​သူ​ကို​ဝန်​ခံ​မည်။- အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ငြင်း​ပယ်​အံ့။ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​ရှေ့​မှာ ထို​သူ​ကို ငါ​ငြင်း​ပယ်​မည်။- လူ​သား​ကို နှုတ်​ဖြင့်​ပြစ်​မှား​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို ရ​နိုင်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို မ​ရ​နိုင်​ရာ။-သင်​တို့​ကို တ​ရား​ဇ​ရပ်​သို့​လည်း​ကောင်း၊ အ​ကဲ​အ​မှူး၊ မင်း​များ​ရှေ့​သို့​လည်း​ကောင်း၊ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။-အ​ကြောင်း​မူ​ကား၊ ထို​ခ​ဏ​ချင်း​တွင် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် အ​ကြံ​ပေး​မည်​ဟု မိန့်​တော်​မူ၏။

သူ​ဌေး​မိုက်​ဥ​ပ​မာ

လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​အစ်​ကို​သည် အ​မွေ​ဥ​စ္စာ​ကို အ​ကျွန်ုပ်​အား ဝေ​ပေး​ပါ​မည်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊- ကိုယ်​တော်​က အ​ချင်း​လူ၊ အ​ဘယ်​သူ​သည် သင်​တို့​အ​မှု​ကို စီ​ရင်​ခွဲ​ဝေ​ပိုင်​သော​အ​ခွင့်​ကို ငါ့​အား အပ်​ပေး​သ​နည်း​ဟု မေး​တော်​မူ၏။- ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။

တစ်​ဖန် ဥ​ပ​မာ​စ​ကား​ကို မိန့်​တော်​မူ​သည်​ကား၊ သူ​ဌေး​တစ်​ဦး၌ မြေ​ကောင်း၍ အ​သီး​အ​နှံ​များ​လှ၏။- ထို​သူ​ဌေး​က၊ ငါ​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ အ​သီး​အ​နှံ​များ​ကို သို​ထား​စ​ရာ​အ​ရပ်​မ​ရှိ။- ပြု​မည်​အ​ကြံ​မူ​ကား၊ ငါ့​တိုက်​များ​ကို​ဖျက်၍ ကျယ်​သော​တိုက်​တို့​ကို တည်​ပြီး​မှ၊ ငါ၏​အ​သီး​အ​နှံ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို သို​ထား​မည်။- ငါ့​ဝိ​ညာဉ်​အား​လည်း၊ အ​ချင်း​ဝိ​ညာဉ်၊ သင်​သည် နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင်​ရန် ဥ​စ္စာ​များ​ကို သို​ထား​လျက်​ရှိ​ပြီ။ ငြိမ်​ဝပ်​စွာ​နေ​လော့။ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​ကို ပြု​လော့။ ငါ​ပြော​မည်​ဟု သူ​ဌေး​အ​ကြံ​ရှိ၏။- ထို​သို့ အ​ကြံ​ရှိ​စဉ်​တွင် ဘု​ရား​သ​ခင်​က၊ အ​ချင်း​လူ​မိုက်၊ ယ​နေ့​ည​ပင် သင်၏​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​ရာ​အ​ချိန် ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ သင်​သည် ပြင်​ဆင်​သို​ထား​သော ဥ​စ္စာ​ကို အ​ဘယ်​သူ​ပိုင်​မည်​နည်း​ဟု သူ​ဌေး​အား မိန့်​တော်​မူ၏။- ထို​အ​တူ ကိုယ်​အ​ဖို့ ဘ​ဏ္ဍာ​များ​ကို​ဆည်း​ပူး၍၊ ဘု​ရား​သ​ခင်​ရှေ့​တော်၌ ဆင်း​ရဲ​သော​သူ မည်​သည်​ကား၊ ထို​သူ​ဌေး​နှင့်​တူ​သည်​ဟု မိန့်​တော်​မူ၏။

မ​စိုး​ရိမ်​ကြ​နှင့်။

တစ်​ဖန် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ထို​ကြောင့် သင်​တို့​သည် အ​ဘယ်​သို့ စား​ရ​မည်​ဟူ၍ အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟူ၍ ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ငါ​ဆို၏။- အ​စာ​ထက် အ​သက်​မြတ်​သည်​မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည်​မ​ဟုတ်​လော။- ကျီး​ကန်း​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​ငှက်​တို့​သည် မျိုး​စေ့​ကို မ​စိုက်​မ​ကြဲ၊ စ​ပါး​ကို​မ​ရိတ်၊ စ​ပါး​ကျီ​မ​ရှိ၊ ဘ​ဏ္ဍာ​တိုက်​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထို​ငှက်​တို့​ထက် သင်​တို့​သည် အ​လွန်​မြတ်​သည် မ​ဟုတ်​လော။- အ​ဘယ်​သူ​သည် စိုး​ရိမ်​ခြင်း​အား​ဖြင့် မိ​မိ​အ​သက်​တာ​ကို တစ်​တောင်​ခန့်​မျှ တိုး​ပွား​စေ​နိုင်​သ​နည်း။- ထို​သို့ အ​ငယ်​ဆုံး​သော​အ​မှု​ကို​မျှ မ​တတ်​နိုင်​လျှင် ကြွင်း​သော​အ​မှု​ကို အ​ဘယ်​ကြောင့်​စိုး​ရိမ်​ကြ​သ​နည်း။- နှင်း​ပင်​တို့​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကြီး​ပွား​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​အ​ပင်​တို့​သည် အ​လုပ်​လည်း​မ​လုပ်၊ ချည်​ဖြစ်​စေ​ခြင်း​ငှာ မ​ငင်​မ​ဝင့်။ သို့​သော်​လည်း ဘုန်း​ကြီး​သော​ရှော​လ​မုန်​မင်း​ကြီး အ​ဝတ်​သည် ထို​အ​ပင်​တစ်​ပင်​မျှ၏​အ​ဝတ်​ကို မ​မီ​ဟု ငါ​ဆို၏။-ယုံ​ကြည်​အား​နည်း​သော​သူ​တို့၊ ယ​နေ့​အ​သက်​ရှင်​လျက်၊ နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်​ကို ဘု​ရား​သ​ခင်​သည် ထို​သို့​သော​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​လျှင်၊ ထို​မျှ​မ​က သင်​တို့​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​မည် မ​ဟုတ်​လော။- ထို​ကြောင့် အ​ဘယ်​သို့ စား​ရ​အံ့​နည်း။ အ​ဘယ်​သို့ သောက်​ရ​အံ့​နည်း​ဟူ၍ မ​ရှာ​ဖွေ​ကြ​နှင့်။ သော​က​မွှေ​နှောက်​ခြင်း​လည်း မ​ရှိ​ကြ​နှင့်။- ထို​အ​ရာ​များ​ကို လော​ကီ​သား​အ​မျိုး​မျိုး​တို့​သည် ရှာ​ဖွေ​တတ်​ကြ၏။ ထို​အ​ရာ​များ​ကို သင်​တို့​သည် အ​သုံး​လို​ကြောင်း​ကို သင်​တို့​အ​ဘ သိ​တော်​မူ၏။- သင်​တို့​မူ​ကား ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍ ပေး​တော်​မူ​လ​တ္တံ့။

ကောင်း​ကင်​ဘဏ္ဍာ

သိုး​စု​ငယ်၊ သင်​တို့​သည် မ​ကြောက်​ကြ​နှင့်။ သင်​တို့​အ​ဘ​သည် သင်​တို့​အား နိုင်​ငံ​ကို​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။- သင်​တို့​ဥ​စ္စာ​များ​ကို ရောင်း၍ ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​ဟောင်း​တတ်​သော အိတ်​တို့​ကို ကိုယ်​သုံး​ဖို့ လုပ်​ကြ​လော့။ သူ​ခိုး​မ​ရောက်၊ ပိုး​များ​မ​ဖျက်​ဆီး​ရာ​အ​ရပ်၊ ကောင်း​ကင်​ဘုံ၌ မ​ကုန်​မ​ဆုံး​နိုင်​သော​ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ သင်​တို့၏​ဘ​ဏ္ဍာ​ရှိ၏။ ထို​အ​ရပ်​သို့ သင်​တို့​စိတ်​နှ​လုံး ရောက်​တတ်၏။

သ​တိ​နှင့်​စောင့်​နေ​သော​အ​စေ​ခံ​များ

သင်​တို့​သည် ခါး​ပန်း​စည်း​လျက်၊ ဆီ​မီး​ထွန်း​လျက်​နေ​သ​ဖြင့်၊-သ​ခင်​သည် မင်္ဂ​လာ​ဆောင်​ပွဲ​မှ ပြန်​လာ၍ တံ​ခါး​ကို​ခေါက်​သော​အ​ခါ ချက်​ချင်း​ဖွင့်​ခြင်း​ငှာ သ​ခင်​လာ​မည်​ကို​မျှော်​လ​င့်၍​နေ​သော ကျွန်​ကဲ့​သို့ ရှိ​နေ​ကြ​လော့။-အ​ကြင်​ကျွန်​တို့​သည် စောင့်​လျက်​နေ​သည်​ကို သ​ခင်​သည်​ပြန်​လာ၍ တွေ့၏။ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ သ​ခင်​သည် ခါး​ပန်း​စည်း​လျက် ကျွန်​တို့​ကို စား​ပွဲ၌​လျောင်း​စေ​ပြီး​မှ၊ ကိုယ်​တိုင်​လာ၍ သူ​တို့​အား လုပ်​ကျွေး​လိမ့်​မည်။- နှစ်​ချက်​တီး​အ​ချိန်​ဖြစ်​စေ၊ သုံး​ချက်​တီး​အ​ချိန်​ဖြစ်​စေ၊ သ​ခင်​သည်​လာ၍ ထို​သို့​တွေ့​လျှင်၊ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- အိမ်​ရှင်​သည် သူ​ခိုး​လာ​မည်​အ​ချိန်​နာ​ရီ​ကို သိ​ရ​လျှင်၊ မိ​မိ​အိမ်​ကို မ​ထွင်း​မ​ဖောက်​စေ​ခြင်း​ငှာ စောင့်​နေ​လိမ့်​မည်ကို သင်တို့သိကြ၏။ ထို​ကြောင့် သင်​တို့​သည် ပြင်​ဆင်​လျက်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​မ​ထင်​မှတ်​သော​အ​ချိန်၌ လူ​သား​သည် ကြွ​လာ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သစ္စာ​ရှိ​သော​အ​စေ​ခံ​နှင့်​သစ္စာ​မဲ့​သော​အ​စေ​ခံ

ပေ​တ​ရု​က​လည်း၊ သ​ခင်၊ ဤ​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား​သာ မိန့်​တော်​မူ​သ​လော။ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သ​လော​ဟု မေး​လျှောက်​လျှင်၊- သ​ခင်​ဘု​ရား​က၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​သား​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။- အ​ကြင်​ကျွန်​သည် ဤ​သို့​ပြု​လျက်​နေ​သည်​ကို အ​ရှင်​သည် ပြန်​လာ၍​တွေ့၏။ ထို​ကျွန်​သည် မင်္ဂ​လာ​ရှိ၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ရှင်​သည် မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ထို​ကျွန်၌ အပ်​လိမ့်​မည်။- သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​က၊ ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့် ကျွန်​ချင်း ယောက်ျား​မိန်း​မ​တို့​ကို ရိုက်​ပုတ်​လျက်၊ စား​သောက်​ယစ်​မူး​လျက် နေ၏။- ထို​ကျွန် မ​ကြည့်​မ​မျှော်​သော​နေ့​ရက်၊ မ​ကြား​မ​သိ​သော​အ​ချိန်​နာ​ရီ၌ သ​ခင်​သည် ရောက်​လာ​လျှင်၊ ထို​ကျွန်​ကို ပြင်း​စွာ ဆုံး​မ​ကွပ်​မျက်၍ သ​စ္စာ​မ​ရှိ​သော​သူ​တို့​နှင့်​တ​ကွ နေ​ရာ​ချ​လ​တ္တံ့။- အ​ကြင်​ကျွန်​သည် မိ​မိ​သ​ခင်၏ အ​လို​ကို​သိ​လျက်​နှင့် အ​သင့်​မ​နေ၊ သ​ခင်၏​အ​လို​ကို မ​ဆောင်၊ ထို​ကျွန်​သည် များ​စွာ​သော​ဒဏ်​ကို ခံ​ရ၏။- သ​ခင်၏​အ​လို​ကို မ​သိ​ဘဲ​လျက်၊ ဒဏ်​ခံ​ထိုက်​သော​အ​မှု​ကို ပြု​မိ​သော​သူ​မူ​ကား၊ အ​နည်း​ငယ်​သော ဒဏ်​ကို​သာ ခံ​ရ၏။ အ​ကြင်​သူ သည် များ​စွာ​သော​ကျေး​ဇူး​ကို​ခံ​ရ၏။ ထို​သူ​သည် အ​များ​ကို​ဆပ်​ရ၏။ အ​ကြင်​သူ၌ များ​စွာ​သော​ဥ​စ္စာ​ကို အပ်​နှင်း၏။ ထို​သူ​ကို များ​စွာ​တောင်း​လိမ့်​မည်။

အ​ချင်း​ချင်း​ကွဲ​ပြား​စေ​ခြင်း

မြေ​ပေါ်၌ မီး​လောင်​စေ​ခြင်း​ငှာ ငါ​လာ​သ​တည်း။ ထို​မီး​မ​ညှိ​မီ​တိုင်​အောင် ငါ၏​အ​လို​မ​ပြည့်​စုံ။ ဗ​တ္တိ​ဇံ​တစ်​ခု​ကို​လည်း ငါ​ခံ​စ​ရာ​ရှိ၏။- ထို​ဗ​တ္တိ​ဇံ​ကို မ​ခံ​မီ​တိုင်​အောင် ငါ​သည် အ​လွန်​ငြီး​ငွေ့​သော​စိတ်​ရှိ၏။-မြေ​ပေါ်၌ ငြိမ်​သက်​ခြင်း​ကို ပေး​အံ့​သော​ငှာ ငါ​လာ​သည်​ဟု ထင်​ကြ​သ​လော။ ထို​သို့​သော​အ​လို​ငှာ ငါ​လာ​သည်​မ​ဟုတ်။ အ​ချင်း​ချင်း​ကွဲ​ပြား​စေ​ခြင်း​ငှာ ငါ​လာ​သည်​ဟု ငါ​ဆို၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယ​ခု​မှ​စ၍ အိမ်​တစ်​အိမ်၌​နေ​သော လူ​ငါး​ယောက်​တို့​သည် နှစ်​ယောက်​တစ်​စု သုံး​ယောက်​တစ်​စု အ​ချင်း​ချင်း ကွဲ​ပြား​လိမ့်​မည်။- အ​ဘ​နှင့် သား၊ အ​မိ​နှင့် သ​မီး၊ ယော​က္ခ​မ​နှင့် ချွေး​မ အ​ချင်း​ချင်း ကွဲ​ပြား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ကပ်ကာ​လ​ကို​သိ​ခြင်း

တစ်​ဖန် လူ​အ​စု​အ​ဝေး​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​နောက်​မျက်​နှာ၌ မိုး​ရိပ်​တက်​သည်​ကို မြင်​သော​အ​ခါ မိုး​ရွာ​မည်​ဟု ချက်​ချင်း​ဆို​တတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။- တောင်​လေ​လာ​သည်​ကို မြင်​သော​အ​ခါ နေ​ပူ​မည်​ဟု ဆို​တတ်၏။ ဆို​သည်​အ​တိုင်း​လည်း ဖြစ်​တတ်၏။- လျှို့​ဝှက်​သော​သူ​တို့၊ သင်​တို့​သည် မြေ​ကြီး၏​မျက်​နှာ​နှင့် မိုး​ကောင်း​ကင်၏​မျက်​နှာ​ကို ပိုင်း​ခြား၍ သိ​နိုင်​ကြ၏။ ယ​ခု​ကပ်​ကာ​လ​ကို အ​ဘယ်​ကြောင့်​ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ​သ​နည်း။

တ​ရား​တွေ့​ဖက်​နှ​င့်​အ​မှု​ပြေ​ခြင်း

ထို​မှ​တစ်​ပါး ဖြောင့်​မတ်​ခြင်း​တ​ရား​ကို အ​ဘယ်​ကြောင့် အ​လို​အ​လျောက်​ပိုင်း​ခြား၍ မ​သိ​ကြ​သ​နည်း။- သင်​သည် တ​ရား​တွေ့​ဖက်​နှင့်​အ​တူ မင်း​ထံ​သို့​သွား​သော​အ​ခါ အ​မှု​ပြေ​စေ​ခြင်း​ငှာ လမ်း၌​ကြိုး​စား​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး​ရှေ့​သို့ ဆွဲ​မည်။ တ​ရား​သူ​ကြီး​သည် လု​လင်​ခေါင်း​၌​အပ်၍၊ လု​လင်​ခေါင်း​သည် ထောင်​ထဲ၌ လှောင်​ထား​မည်။- လျော်​ပြစ်​ငွေ​ရှိ​သ​မျှ​ကို မ​လျော်​မီ​တိုင်​အောင် ထောင်​ထဲ​က​မ​ထွက်​ရ၊ ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

သို့​ဖြစ်၍၊ စိတ်​ညှိုး​ငယ်​ခြင်း​အ​ကြောင်း​နှင့်၊ ကိုယ်​ဆင်း​ရဲ​ခြင်း​အ​ကြောင်း​ကို ပယ်​ရှား​လော့။ အ​သက်​ငယ်​ခြင်း​အ​ရာ​နှင့် အ​ရွယ်​ပျို​ခြင်း​အ​ရာ​သည် အ​န​တ္တ​ဖြစ်၏။

União e harmonia

O corpo é um só, mas tem muitos membros. Cristo é a cabeça; a paz de Cristo governe em vossos corações.

သင်​တို့​ကို ခေါ်​တော်​မူ​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​တစ်​ပါး​ထဲ​သို့ ခေါ်​သွင်း​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​တစ်​ကိုယ်၊ ဝိ​ညာဉ်​တစ်​ဝိ​ညာဉ်​တည်း​ရှိ၏။-

အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် အ​သင်း​တော်၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်​တော်​မူ​သ​ကဲ့​သို့၊ ယောက်ျား​သည် မိ​မိ​ခင်​ပွန်း၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်၏။ ခ​ရစ်​တော်​သည်​လည်း မိ​မိ​ကိုယ်​ကို ကယ်​တင်​သော​သူ ဖြစ်​တော်​မူ၏။-

သင်​တို့​စိတ်​နှ​လုံး​အ​ထဲ၌ ခ​ရစ်​တော်၏ ငြိမ်​သက်​ခြင်း အုပ်​စိုး​စေ။ ထို​သို့​အ​လို​ငှာ သင်​တို့​သည် တစ်​လုံး​တစ်​ကိုယ်​တည်း၌ ခေါ်​ထား​တော်​မူ​ခြင်း​ကို ခံ​ကြ​သည် ဖြစ်၍၊ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​ရှိ​ကြ​လော့။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ထဲ​က​ထုတ်​သော​နံ​ရိုး​ဖြင့် လူ​မိန်း​မ​ကို​ဖန်​ဆင်း၍ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ​၏။ လူ​က​လည်း၊ ယ​ခု ဤ​သူ​သည် ငါ့​အ​ရိုး​ထဲ​က​အ​ရိုး၊ ငါ့​အ​သား​ထဲ​က​အ​သား​ဖြစ်​၏။ လူ​ထဲ​က​ထုတ်​သော​ကြောင့် သူ့​ကို​လူ​မိန်း​မ​ဟု ခေါ်​ဝေါ်​အပ်​သည်​ဟု ဆို​လေ​၏။ ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍၊ ကိုယ်​ခင်​ပွန်း၌​မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။

ယုံ​ကြည်​ခြင်း​ဖြ​င့်​အ​သက်​ရှင်​ခြင်း

ထို​ကြောင့် ငါ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။ ငါ​တို့၏​ပြင်​လူ​သည် ဖောက်​ပြန် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​တွင်း​လူ​မူ​ကား တစ်​နေ့​ထက်​တစ်​နေ့ ပြု​ပြင်​ခြင်း​ကို​ခံ​ရ၏။-

ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-

ငါ​တို့​ရှိ​သ​မျှ​သည် အ​များ​သော​အား​ဖြင့် မှား​တတ်​ကြ၏။ စ​ကား​အား​ဖြင့် မှား​ခြင်း​မ​ရှိ​သော​သူ​မည်​သည်​ကား၊ စုံ​လင်​သော​သူ​ဖြစ်၏။ မိ​မိ​ကိုယ်​တစ်​ကိုယ်​လုံး​ကို ချုပ်​တည်း​နိုင်​သော​သူ ဖြစ်၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.