Pular para o conteúdo
Publicidade

Criação

Por Bíblia Online

Tudo o que existe ao nosso redor, desde a imensidão dos céus até os detalhes da vida humana, aponta diretamente para a obra de um Deus que age com propósito e poder. Olhar para a natureza e para a nossa própria existência é lembrar que nada neste mundo surgiu por acaso, mas carrega a marca de quem sustenta todas as coisas.

As Escrituras mostram que o mesmo Deus que organizou o caos e deu ordem ao universo continua presente e ativo na história. Quando você para para ler o que a Palavra diz sobre a origem de tudo, encontra bases sólidas para confiar na soberania daquele que governa a terra e conhece cada detalhe da sua vida.

A criação revela a glória de Deus. Céus, terra, mares e tudo o que existe testemunham o poder criador. No princípio Deus criou — e tudo era muito bom.

No princípio

No princípio criou Deus os céus e a terra. O Espírito de Deus pairava sobre as águas. E Deus disse: haja luz.

ဖန်​ဆင်း​ခြင်း

အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။

မြေ​ကြီး​သည် အ​ဆင်း​သ​ဏ္ဌာန်​မ​ရှိ၊ လွတ်​လပ်​လ​ဟာ​ဖြစ်​၏။ နက်​နဲ​ရာ​အ​ရပ်​ကို မှောင်​မိုက်​ဖုံး​လွှမ်း​၍ ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ရေ​မျက်​နှာ​ပြင်​ပေါ်​မှာ​လှုပ်​ရှား​တော်​မူ​၏။

တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​တို့​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီတ​သ​ဏ္ဌာန်​တည်း လူ​ကို ဖန်​ဆင်း​ကြ​စို့။ သူ​သည် ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ သားယဉ်​တို့​ကို​လည်း​ကောင်း၊ မြေ​တ​စ်​ပြင်​လုံး​နှင့်​တ​ကွ၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အုပ်​စိုး​စေ​ဟု အ​မိန့်​တော်​ရှိ​၏။

ထို​သို့​ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ လူယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း​ပြီး​လျှင်၊

ထို​သ​တ္တ​မ​နေ့​ကို ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး၍ သန့်​ရှင်း​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည် ပြီး​စီး​သော​ကြောင့်၊ ထို​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ယောက်ျား​သည် တစ်​ယောက်​တည်း​မ​နေ​ကောင်း၊ သူ​နှင့်​တော်​သော အ​ထောက်​အ​မ​ကို သူ့​ဖို့​ငါ​လုပ်​ဦး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​၏။

O poder criador

Pela palavra do Senhor foram feitos os céus. Tudo foi criado por Ele e para Ele — o visível e o invisível.

ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ နှုတ်​တော်​အ​သက်​အား​ဖြင့် မိုး​ကောင်း​ကင် တန်​ဆာ​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၏။

တောင်​များ​ကို မ​ဖော်၊ မြေ​ကြီး​နှင့် လော​က​ဓာတ်​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ၊ ကိုယ်​တော်​သည် ရှေး​က​မ္ဘာ အ​ဆက်​ဆက်​မှ​စ၍၊ နောက်​က​မ္ဘာ အ​ဆက်​ဆက်​တိုင်​အောင် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။

လာ​ကြ။ ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ​ကုန်​အံ့။ ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ရှေ့​တော်၌ ဒူး​ထောက်​ကြ​ကုန်​အံ့။

ကာ​ကွယ်​ခြင်း​အ​ရှင်

ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ​သော​တောင်​ရိုး​သို့ ငါ​မျှော်​ကြည့်၏။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ၊ ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ၏။

ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အား​ဖြင့်၊ ငါ​တို့​သည် မ​စ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​သ​တည်း။

ဤ​နေ့​ရက်​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​သော​နေ့​ရက်​ဖြစ်၍၊ ယ​နေ့ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ကုန်​အံ့။

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကျောက်​ကပ်​ကို​ပင် ဖန်​ဆင်း၍၊ အ​မိ​ဝမ်း​ထဲ​မှာ အ​ကျွန်ုပ်​ကို ဖုံး​အုပ်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။

Criador e Sustentador

O Deus eterno não se cansa nem se fatiga. Dele, por Ele e para Ele são todas as coisas — a Ele seja a glória.

ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး​စွန်း​တိုင်​အောင် ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မော​တော်​မူ​ခြင်း၊ ပင်​ပန်း​တော်​မူ​ခြင်း​မ​ရှိ၊ စစ်၍ မ​ကုန်​နိုင်​သော​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည် မ​သိ​မ​ကြား​ဖူး​သ​လော။

အ​ကြင်​သူ​သည် မိ​မိ​ကို ဖန်​ဆင်း​သော​သူ​နှင့် ဆန့်​ကျင်​ဘက်​ပြု၏၊ ထို​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ မြေ​အိုး​ခြမ်း​တို့​တွင် အိုး​ခြမ်း​ပါ​တ​ကား။ အိုး​မြေ​က၊ သင်​သည် အ​ဘယ်​သို့​သော​အ​ရာ​ကို လုပ်​သ​နည်း​ဟု အိုး​ထိန်း​သ​မား​ကို ဆို​ရ​မည်​လော။ ငါ့​ကို​လုပ်​သော​သူ၌ လက်​မ​ရှိ​ဟု သင်​လုပ်​သော​အ​ရာ​က ဆို​ရ​မည်​လော။

အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​နှင့် လက်​ရုံး​တော်​ကို​ဆန့်၍၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ကိုယ်​တော် မ​တတ်​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ပါ။

အ​ထက်​အ​ခန်း​တော်​တို့​ကို ကောင်း​ကင်၌​ဆောက်၍၊ အောက်​တိုက်​တော်​ကို မြေ​ကြီး​ပေါ်​မှာ တည်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​ရေ​ကို​ခေါ်၍ မြေ​ကြီး​ပြင်၌ သွန်း​လောင်း​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်​အ​ထဲ​က​လည်း​ကောင်း၊ ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း ဖြစ်​ကြ၏။ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​ကို ထောက်​ရှု​သ​ဖြင့်၊ ထာ​ဝ​ရ​တန်​ခိုး​တော်​နှင့် ထာ​ဝ​ရ​အ​ဖြစ်​တော်​တည်း​ဟူ​သော မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်၏​အ​ရာ​တို့​သည် က​မ္ဘာ​တည်​သည်​ကာ​လ​မှ​စ၍ ထင်​ရှား​လျက်​ရှိ​ကြ၏။ ထို​ကြောင့်​သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။-

ဤ​လော​က​သည် ဘု​ရား​သ​ခင့်​သား​တို့၏ ပေါ်​ထွန်း​ခြင်း​အ​ရာ​ကို အ​လွန်​တောင့်​တ မျှော်​လင့်​လျက်​နေ၏။-

Nova criação

Se alguém está em Cristo, nova criatura é. O Criador faz novas todas as coisas — na natureza e na redenção.

လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။

နိ​မ္မိ​တ​သ​တ္တ​ဝါ​တို့​တွင် ငါ​တို့​သည် အ​ဦး​သီး​သော​အ​သီး​ကဲ့​သို့ ဖြစ်​စေ​ခြင်း​ငှာ၊ သ​မ္မာ​တ​ရား​စ​ကား​အား​ဖြင့် မိ​မိ​အ​လို​တော်​အ​တိုင်း ငါ​တို့​ကို ဖြစ်​ဖွား​စေ​တော်​မူ၏။

အိမ်​မည်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော​သူ ဆောက်​သော​ကြောင့်​ဖြစ်၏။ အ​လုံး​စုံ​တို့​ကို တည်​ဆောက်​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။-

ငါ​တို့​သည် ဘု​ရား​သ​ခင်​အား​ဖြင့် အ​သက်​ရှင်​လျက်၊ လှုပ်​ရှား​လျက်၊ ဖြစ်​လျက်​ရှိ​ကြ၏။ ထို​သို့​နှင့်​အ​ညီ၊ သင်​တို့​တွင် လင်္ကာ​ဆ​ရာ​အ​ချို့​တို့​က၊ ငါ​တို့​သည်​ကား၊ နွယ်​တော်​သား​ပင်၊ ဘု​ရား​မျိုး​ပေ၊ ဖြစ်​ကြ​လေ​ဟု စပ်​ဆို​သ​တည်း။

ကောင်း​ကင်၊ မြေ​ကြီး၊ မြေ​ကြီး​အောက်၊ သ​မု​ဒ္ဒ​ရာ​အ​ထဲ၊ အ​ရပ်​ရပ်​တို့၌ ရှိ​ရှိ​သ​မျှ​သော ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​က၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​နှင့် သိုး​သ​ငယ်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​မင်္ဂ​လာ၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား​လေ၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.