Crianças
As crianças ocupam lugar especial no coração de Deus. A Bíblia instrui a educá-las, protegê-las e ensiná-las nos caminhos do Senhor desde cedo — formando gerações que temem a Deus.
Herança do Senhor
Os filhos são herança do Senhor. Eles são presentes de Deus — cada criança é um milagre e uma responsabilidade sagrada.
Instruir as crianças
Instrui a criança no caminho em que deve andar. A educação cristã é mandamento repetido através de toda a Escritura.
Disciplinar com amor
A vara e a repreensão dão sabedoria. A disciplina produz o fruto pacífico da justiça nos que são exercitados por ela.
Obediência e promessa
Filhos, obedecei a vossos pais no Senhor. Honra a teu pai e tua mãe para que viva muito tempo sobre a terra.
သားသမီးနှင့် မိဘများ
သားသမီးရို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ သင်ရို့ မိဘရို့၏ စကားကို နားထောင်ကြလော့၊ ထိုသို့ ပြုခြင်းသည် သားသမီးများအဖို့ ပြုအပ်သည့်ဝတ် ဖြစ်၏။ သမ္မာကျမ်းစာ၌ "သင်၏ မိဘကို ရိုသီစွာပြုလော့" ဟူသော ပညတ်သည် ကတိတော်နှင့်ဆိုင်သော ပထမဆုံးသော ပညတ်ဖြစ်၏။ ထိုသို့ပြုလျှင် "သင်သည် ကောင်းစားလျက် မြီကြီးထက်တွင် အသက်ရှည်လိမ့်မည်" ဟု ဖော်ပြ၏။
မိဘရို့၊ သားသမီးရို့ကို စိတ်ဆိုးစီခြင်းငှာ မပြုကတ်ကေ့။ ထိုသို့ ပြုမည့်အစား၊ သူရို့အား သခင်ဘုရား၏ အလိုတော်နှင့်အညီ ပြုစုပျိုးထောင်ကြလော့။
မိဘရို့၊ သားသမီးရို့ကို စိတ်ဆိုးစီခြင်းငှာ မပြုကတ်ကေ့။ ထိုသို့ ပြုမည့်အစား၊ သူရို့အား သခင်ဘုရား၏ အလိုတော်နှင့်အညီ ပြုစုပျိုးထောင်ကြလော့။
အလင်း၌ အသက်ရှင်ခြင်း
သင်ရို့သည် ဘုရားသခင်ချစ်သော သားသမီးများဖြစ်ကြသည်နှင့်အညီ၊ ကိုယ်တော်ကဲ့သို့ ကြိုးစားရမည်။
သားသမီးရို့၊ အရာရာ၌ မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ဤအမှုသည် ဘုရားသခင် နှစ်သက်သောအမှု ဖြစ်၏။
မိဘရို့၊ သင်ရို့သားသမီးတိကို စိတ်ဆိုးအောင် မပြုမူကတ်ကေ့။ ထိုသို့ပြုလျှင် သူရို့သည် အားလျော့စိတ်ပျက်ကြလိမ့်မည်။
Crianças e o reino
Deixai vir a mim as crianças. Jesus honrou as crianças como modelo de fé e humildade para todo o seu povo.
ယေသျှုက "သငယ်တိကို ငါ့ပါးသို့ လာခွင့်ပြုလိုက်ပါ၊ သူရို့ကို မတားဆီးကတ်ကေ့။ ဇာကြောင့်လဲဆိုကေ၊ ကောင်းကင်နိုင်ငံတော်သည် သူရို့အတွက် ဖြစ်တေ" ဟု မိန့်တော်မူ၏။
ယေသျှုက "သငယ်တိကို ငါ့ပါးသို့ လာခွင့်ပြုလိုက်ပါ၊ သူရို့ကို မတားဆီးကတ်ကေ့။ ဇာကြောင့်လဲဆိုကေ၊ ကောင်းကင်နိုင်ငံတော်သည် သူရို့အတွက် ဖြစ်တေ" ဟု မိန့်တော်မူ၏။
အကြီးမြတ်ဆုံးသူ
ထိုအချိန်၌ တပည့်တော်ရို့သည် ယေသျှုထံပါးသို့ ရောက်လာကြပြီးလျှင် "ကောင်းကင်နိုင်ငံတော်မှာ ဇာသူသည် အကြီးဆုံးဖြစ်ပါလဲ" ဟု မိန်းကြ၏။
ယေသျှုက သူငယ်တစ်ယောက်ကို ခေါ်၍ တပည့်တော်တိရှိ့မှာ ရပ်ခိုင်းထားပြီးလျှင် "သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့သည် သူငယ်တိကဲ့သို့ မပြောင်းလဲလျှင် ကောင်းကင်နိုင်ငံသို့ လုံးဝ ဝင်ရကြလိမ့်မည် မဟုတ်။ ဤသူငယ်ကဲ့သို့ မိမိကိုယ်ကို နှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော်၌ အကြီးဆုံးသောသူ ဖြစ်၏။
"သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့သည် သူငယ်တိကဲ့သို့ မပြောင်းလဲလျှင် ကောင်းကင်နိုင်ငံသို့ လုံးဝ ဝင်ရကြလိမ့်မည် မဟုတ်။ ဤသူငယ်ကဲ့သို့ မိမိကိုယ်ကို နှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော်၌ အကြီးဆုံးသောသူ ဖြစ်၏။ ပြီးနောက် ဇာသူမဆို ငါ၏ နာမည်ကို ထောက်၍ ဤကဲ့သို့သော သူငယ်တစ်ယောက်ကို လက်ခံသောသူသည် ငါ့ကို လက်ခံသောသူ ဖြစ်၏။
ပျောက်သည့်သိုး ဥပမာ
"သင်ရို့သည် ဤသူငယ်များထဲက ဇာသူတစ်ဦး တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုစီခြင်းငှာ သတိထားကတ်ပါ။ သင်ရို့ကို ငါဆိုသည်ကား သူရို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ငါ့အဖ၏ရှိ့မှာ အမြဲတမ်း ခစားနိန်ကြ၏။
ငါ့ ပါးသို့ လာ၍ နားခိုကြလော့
ထိုအခါ ယေသျှုက "ကောင်းကင်နှင့် မြီကြီး၏အသျှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာဟိတိအား ဝှက်ထားသောအရာများကို အသျှေတိအား ဖွင့်ပြကာ သွန်သင်တော်မူသောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
ရန်အပေါင်းကို ငြိမ်းချမ်းစီသောသူရို့သည် မင်္ဂလာဟိ၏၊
ထိုသူရို့သည် ဘုရားသခင်၏ သားသမီးများဟု အခေါ်ခံရလိမ့်မည်။
သူငယ်ရို့ကို ယေသျှုက ကောင်းကြီးပီးတော်မူခြင်း
ထိုအခါ လူတချို့သည် အသျှေရို့ကို ယေသျှု၏ လက်တော်ဖြင့် တို့ထိတော်မူစီခြင်းငှာ အထံတော်သို့ ခေါ်ဆောင်ခကြ၏။ ထို့ကြောင့် တပည့်တော်ရို့သည် ထိုသူရို့ကို အပြစ်တင်ကြ၏။ ယေသျှုသည် ထိုအခြင်းအရာတိကို မြင်တော်မူလျှင် အမျက်တော်ထွက်၍ "အသျှေတိ၊ ငါ့ပါးသို့ လာကတ်ပါစီ။ မတားကတ်ကေ့။ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူရို့၏ နိုင်ငံဖြစ်၏။
ထို့နောက် ကိုယ်တော်သည် အသျှေတစ်ယောက်အား ခေါ်၍ သူရို့ရှိ့၌ ထားပြီးမှ၊ ထိုအသျှေကို ဖက်လျက်၊ "ငါ၏နာမကို ထောက်၍ ဤပိုင် အသျှေရို့ထဲက တစ်ယောက်ယောက်ကို လက်ခံသောသူသည် ငါ့ကို လက်ခံ၏။ ငါ့ကို လက်ခံသောသူက ငါ့ကိုသာ လက်ခံသည် မဟုတ်၊ ငါ့ကို စီရွှတ်တော်မူသော အသျှင်ကိုလည်း လက်ခံခြင်း ဖြစ်၏" ဟု မိန့်တော်မူ၏။
ယေသျှုသည်လည်း ခန္ဓာနှင့် ဉာဏ်ပညာပိုင်းတွင် တိုးတက်ကြီးထွားလျက် ဘုရားသခင်နှင့် လူရှိ့၌ မျက်နှာပွင့်လန်းလျက် ဟိလေ၏။
ယေသျှုနှင့် ပေတရု
သူရို့သည် စားပြီးကြသောအခါ ယေသျှုက သျှိမုန်ပေတရုအား "ယောဟန်၏သား သျှိမုန် သင်သည် ဤအရာတိထက် ငါ့ကို ပို၍ ချစ်သလော" ဟု မိန်းသော်၊
"ချစ်ပါ၏ အသျှင်၊ အကျွန်သည် ကိုယ်တော့်အား ချစ်သည်ကို ကိုယ်တော်သိပါ၏" ဟု ပြောလေ၏။
ယေသျှုက "ငါ၏သိုးငယ်တိကို စောင့်ရှောက်လော့" ဟု သျှိမုန်ပေတရုအား မိန့်မှာတော်မူ၏။
Identidade e crescimento
Somos filhos de Deus pelo Espírito de adoção. Crescer em Cristo é amadurecer em fé, obediência e amor ao próximo.
သို့ရာတွင် ထိုသူအား ယုံကြည်လက်ခံသမျှသော သူသည် ဘုရားသခင်၏သားသမီးတိ ဖြစ်ခွင့်ကို ရကြ၏။
ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်မှုကို လိုက်နာသမျှသော သူရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြ၏။
အကြောင်းမူကား၊ ဘုရားသခင်က သင်ရို့အား ပီးထားသော ဝိညာဉ်တော် တန်ခိုးတော်ကြောင့် သင်ရို့သည် ကြောက်ရွံ့တတ်သောကျွန်အဖြစ်သို့ ရောက်ကြရသည် မဟုတ်။ ထိုဝိညာဉ်တော်အားဖြင့် သင်ရို့သည် "အဗ္ဗ၊ အကျွန်၏အဖ" ဟု ခေါ်ခွင့်ရသော ဘုရားသခင်၏သား၊ သမီးများဖြစ်ရသော အကျိုးထူးကို ခံရကြ၏။
ငါရို့သည် ဘုရားသခင်၏သား၊ သမီးများ ဖြစ်ကြသည်ဟု ဘုရားသခင်၏ ဝိညာဉ်တော်ကိုယ်တိုင် ငါရို့ဝိညာဉ်နှင့်အတူ သက်သီခံတော်မူ၏။
ဖန်ဆင်းထားသမျှသော အရာအားလုံးသည် ပေါ်ထွန်းလာကြမည့် ဘုရားသခင်၏ သားသမီးတိကို အလွန်တောင့်တလျက် စောင့်မျှော် နိန်ကြ၏။
သင်ရို့အားလုံးသည် ခရစ်တော်ယေသျှု၌ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။ ခရစ်တော်၌ ဗတ္တိဇံကို ခံယူထားပြီးသော သင်ရို့အားလုံးသည် ခရစ်တော်ကို ယူတင်ဝတ်ဆင် ထားကြပြီး ဖြစ်၏။
ဘုရားသခင်၏ သားသမီးတိ
ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။
အဆွီရို့၊ အဂုအခါ ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသော်လည်း နောင်အခါ၌ မည်သို့သောသူတိ ဖြစ်လာမည်ကို ယှင်းလင်းစွာ မသိရကတ်သိမ့်။ သို့ရာတွင် ခရစ်တော် ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်၏ ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် တူကြမည်ကို ငါရို့သိကြ၏။ ခရစ်တော်သည် သန့်ယှင်းစင်ကြယ်တော်မူသည့် နည်းတူ ခရစ်တော်ကို မျှော်လင့်ကြသော သူတိုင်းသည်လည်း မိမိကိုယ်ကို သန့်ယှင်းစင်ကြယ် စီတတ်၏။
သားသမီးရို့၊ သင်ရို့သည် ခရစ်တော်အားဖြင့် အပြစ်လွှတ်ခြင်း ခံရပြီးသောသူတိ ဖြစ်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။
သားသမီးရို့၊ သင်ရို့သည် ရုပ်တုဆင်းတုကို ယှောင်ကြဉ်ကြလော့။
သူသည် မိမိ၏မိသားစုကို ကောင်းစွာ စီမံအုပ်ထိန်းနိုင်ပြီး၊ မိမိသားသမီးတိက ရိုသီလေးစား၍ နာခံကြသောသူ ဖြစ်ရမည်။
သို့ရာတွင် မိမိ၏ဆွီမျိုးသားချင်းများ၊ အထူးသဖြင့် မိမိ၏မိသားစုဝင်များကို မပြုစု၊ မထောက်ပံ့သောသူသည် ယုံကြည်ခြင်းတရားကို ငြင်းပယ်သောသူ ဖြစ်၍ မယုံကြည်သောသူ တစ်ယောက်ထက်ပင် သာ၍ ဆိုးရွား၏။
ထို့အပြင် သင်ရို့သည် မိမိ၏သားကဲ့သို့ သင်ရို့အား မိန့်တော်မူသော အားပီးတိုက်တွန်းထားသည့် စကားကို မိ့လားကြလေပြီ။
"ငါ့သား၊ သခင်ဘုရား၏ ဆုံးမပဲ့ပြင်တော်မူခြင်းကို အလေးမထားဘဲမနိန်ကေ့။
ကိုယ်တော်သည် သင့်အား အပြစ်ကို ဖော်ပြ၍ ဆုံးမ သောအခါ စိတ်ဓါတ်မကျကေ့။
အကြောင်းမူကား သခင်ဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။
မိမိ၏သားအဖြစ် လက်ခံတော်မူသောသူတိုင်းကို ပြစ်ဒဏ်ပီးတော်မူတတ်၏"
ဘုရားသခင်သည် သင်ရို့ကို မိမိ၏သားကဲ့သို့ ပြုမူဆက်ဆံတော်မူသည်ဖြစ်၍ ထိုကဲ့သို့ ဆုံးမပဲ့ပြင်တော်မူခြင်းကြောင့် ခံရသောဒုက္ခဆင်းရဲခြင်းကို သည်းခံကြလော့။ အကြောင်းမူကား ဖခင်၏ ဆုံးမပဲ့ပြင်ခြင်းကို မခံရသော သားဟူ၍ ဟိသလော။ သားသမီးရို့ခံရသော ဆုံးမပဲ့ပြင်ခြင်းကို သင်ရို့ မခံရလျှင် သင်ရို့သည် သားအရင်း မဟုတ်၊ သျှောက်သားတိသာ ဖြစ်ကြ၏။ ထို့အပြင် ငါရို့ကို ဆုံးမပဲ့ပြင်သော အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် ငါရို့အားလုံးမှာ ဟိကြ၏။ ငါရို့သည် ထိုသို့ ဆုံးမပဲ့ပြင်ခြင်းကြောင့် ထိုဖခင်ရို့ကို ရိုသီလေးစားကြ၏။ သို့ဖြစ်လျှင် ငါရို့စိတ်ဝိညာဉ်များ၏ဖခင်ကို သာ၍ပင် နာခံ၍ အသက်ရှင်ကြရမည် မဟုတ်ပါလော။
နှစ်သက်ဖွယ်ကောင်းသော ဆုံးမပဲ့ပြင်ခြင်းဟူ၍ မဟိ။ နာကြင်စီသော ဆုံးမပဲ့ပြင်ခြင်း ဟူ၍သာ ဟိ၏။ သို့သော် ထိုဆုံးမပဲ့ပြင်ခြင်းကို ခံယူသူများအား ဖြောင့်မတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတည်းဟူသော အကျိုးကျေးဇူးများကို ပွားများစီတတ်၏။
ထိုအခါ သူရို့က "အသျှင်ယေသျှုကို ယုံကြည်လော့။ ထိုသို့ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူ အိမ်သားတိသည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်" ဟု ပြော၏။
လူပျိုရို့၏ ကိလေသာတပ်မက်ခြင်း ကို ယှောင်ကြဉ်လော့။ စင်ကြယ်သောစိတ်နှင့် သခင်ဘုရား၌ ဆုတောင်း ပတ္ထနာပြုသောသူများနှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာဟိခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း ဟိစီခြင်းငှာ ကြိုးစားအားထုတ်လော့။
ထို့ပြင် များစွာသော အသိသက်သီတိရှိ့မှာ ငါ ပြောကြားခသော ဩဝါဒများကို မှတ်သားပြီးလျှင် သစ္စာနှင့်ပြည့်စုံ၍ အခြားသူတိကို သင်ပြနိုင်သောသူရို့အား ပီးအပ်လော့။
Transmitir a fé
Contaremos à geração vindoura os louvores do Senhor. O legado de fé é o maior presente que damos aos nossos filhos.
ငါ့သားသမီးရို့သည် သမ္မာတရားအတိုင်း လိုက်လျှောက်ကြသည့် အကြောင်းကို ကြားရသည်ထက် သာ၍ ငါ့ကို ဝမ်းသာစီသောအရာ မဟိ။
ငါ့သားသမီးရို့သည် သမ္မာတရားအတိုင်း လိုက်လျှောက်ကြသည့် အကြောင်းကို ကြားရသည်ထက် သာ၍ ငါ့ကို ဝမ်းသာစီသောအရာ မဟိ။