Pular para o conteúdo
Publicidade

Dar

Por Bíblia Online

Dar vai muito além de dividir o que sobra. É uma postura que reflete o próprio caráter de Deus, que se entregou por amor e sustenta a vida com generosidade. Quando você reparte o pão, socorre quem precisa e usa os seus recursos para abençoar, você coloca em prática a essência do Reino.

A Escritura mostra que o ato de repartir transforma tanto quem recebe quanto quem doa. Sem cobranças pesadas ou interesses egoístas, a Palavra convida você a examinar o próprio coração e a descobrir a leveza de viver com as mãos abertas para o próximo.

Dar é princípio do Reino de Deus. Jesus deu tudo — até a própria vida. A Bíblia nos ensina que é mais bem-aventurado dar do que receber, e que Deus ama ao que dá com alegria.

Dar com alegria

Deus ama ao que dá com alegria. Dai e dar-se-vos-á. O generoso prospera e quem abençoa será abençoado.

လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။-

ကျမ်း​စာ​လာ​သည်​ကား၊ သူ​သည်​စွန့်​ကြဲ​ပြီ၊ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ကမ်း​ပြီ။-

မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​အာ​ဟာ​ရ​ကို​လည်း​ကောင်း၊ ပေး​တော်​မူ​သော​သူ​သည်၊ သင်​တို့​အား မျိုး​စေ့​ကို ပေး၍ ပွား​များ​စေ​တော်​မူ​မည်။ သင်​တို့၏ ဖြောင့်​မတ်​ခြင်း​ကို​လည်း ကြွယ်​ဝ​စေ​တော်​မူ​မည်။-

ထို​သို့​သင်​တို့​သည် စေ​တ​နာ​စိတ်​နှင့် အ​မျိုး​မျိုး​သော စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​အ​လို​ငှာ အ​ရာ​ရာ၌​ကြွယ်​ဝ​ခြင်း ရှိ​သည်​ဖြစ်၍၊ ငါ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စ​ရာ​အ​ကြောင်း ရှိ​လိမ့်​မည်။-

အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။-

သူ​တစ်​ပါး​အား ပေး​ကြ​လော့။ ပေး​လျှင် သူ​တစ်​ပါး​သည် သင်​တို့​အား​ပေး​ကြ​လိမ့်​မည်။ အ​မှန်​ခြင်​ရုံ​မျှ​မ​က၊ သိပ်​နှက်​လျက်၊ လှုပ်​လျက်၊ လျှံ​လျက်​ရှိ​ခြင်း​နှင့် သင်​တို့​ရင်​ခွင်၌ ပေး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား​ပေး၏၊ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။

Princípios de generosidade

Honra ao Senhor com as tuas primícias. Não negues o bem a quem o merece. A alma generosa prosperará.

သင်​သည် ကိုယ်​ဥ​စ္စာ​နှင့် အ​ဦး​သီး​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လော့။

ကျေး​ဇူး​ကို​ခံ​သင့်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ရ​သော​အ​ခွင့်​ရှိ​လျှင် မ​ပြု​ဘဲ​မ​နေ​နှင့်။

စွန့်​ကြဲ​တတ်​သော​သူ​သည် ကြွယ်​ဝ​လိမ့်​မည်။ သူ​တစ်​ပါး​ကို ရေ​လောင်း​သော​သူ​သည် ကိုယ်​တိုင်​ရေ​လောင်း​ခြင်း​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

လူ၌​ပါ​သော လက်​ဆောင်​အား​ဖြင့်၊ လမ်း​ရှင်း​လင်း၍၊ လူ​ကြီး​ထံ​သို့ ဝင်​ရ​သော​အ​ခွင့် ရှိ​တတ်၏။

တစ်​နေ့​လုံး တပ်​မက်​အား​ကြီး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား မ​နှ​မြော​ဘဲ စွန့်​ကြဲ​တတ်၏။

စ​ကား​ပြော​လျက်၊ တ​ရား​သ​ဖြင့် စီ​ရင်​လျက်၊ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့၏​အ​မှု​ကို စောင့်​လော့။

ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြတင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

O ensino de Jesus

Quando deres esmola, não toque a trombeta. A generosidade do coração importa mais que a grandeza do donativo.

ထို​ကြောင့် သင်​သည် အ​လှူ​ဒါ​န​ကို ပေး​သော​အ​ခါ လျှို့​ဝှက်​သော​သူ တို့​သည် လူ​များ​အ​ချီး​အ​မွမ်း​ကို ခံ​လို၍ ပွဲ​သ​ဘင်​လမ်း​ခ​ရီး၌ မိ​မိ​တို့​ရှေ့​မှာ တံ​ပိုး​ခ​ရာ​မှုတ်​စေ​သည်​နည်း​တူ မ​ပြု​နှင့်။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ရ​ကြ​ပြီ။-

သင်​သည် အ​လှူ​ဒါ​န​ကို​ပေး​သော​အ​ခါ ပေး​ကြောင်း​ကို မ​ထင်​ရှား​စေ​ခြင်း​ငှာ၊ လက်​ယာ​လက် ပြု​သည်​အ​မှု​ကို လက်​ဝဲ​လက်​မျှ မ​သိ​စေ​နှင့်။- မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို​ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။-

နာ​သော​သူ​တို့​အား ချမ်း​သာ​ပေး​ကြ​လော့။ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​ကြ​လော့။ နူ​သော​သူ​တို့​ကို သန့်​ရှင်း​စေ​ကြ​လော့။ နတ်​ဆိုး​တို့​ကို​လည်း နှင်​ထုတ်​ကြ​လော့။ သင်​တို့​သည် အ​ဖိုး​မ​ပေး​ဘဲ ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​ပြီ​ဖြစ်၍ အ​ဖိုး​မ​ခံ​ဘဲ ပေး​ကမ်း​ကြ​လော့။-

ယေ​ရှု​က​လည်း၊ သင်​သည်​စုံ​လင်​ခြင်း​သို့ ရောက်​လို​လျှင် သွား​လော့။ ကိုယ်​ဥ​စ္စာ​များ​ကို​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

အ​ကြင်​သူ​သည် သင့်​ကို​တောင်း၏။ ထို​သူ​အား ပေး​လော့။ သင့်​ဥ​စ္စာ​ကို သိမ်း​ယူ​သော​သူ​အား ပြန်၍​မ​တောင်း​နှင့်။-

ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။

မ​တ​ရား​သော​သူ​သည်​ချေး​ငှား၍ မ​ဆပ်​ဘဲ​နေ​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သ​နား​သော​စိတ်​ရှိ၍ ပေး​တတ်၏။

သို့​ရာ​တွင် ကြည်​ညို​သော​စိတ်​နှင့် ဤ​မျှ​လောက် ပူ​ဇော်​နိုင်​အောင် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​က​သာ ကိုယ်​တော်​အား ပူ​ဇော်​ပါ၏။

သွား​ကြ​လော့၊ မြိန်​စွာ​သော​အ​စာ​ကို စား​ကြ​လော့။ ချို​သော​အ​ရည်​ကို သောက်​ကြ​လော့။ ဆင်း​ရဲ​သော​သူ​တို့​အား ဝေ​မျှ​ကြ​လော့။ ဤ​သည်​နေ့​ရက်​သည် ငါ​တို့​ဘု​ရား​ရှင်​အ​ဖို့ သန့်​ရှင်း၏။ ဝမ်း​မ​နည်း​ကြ​နှင့်၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခွင့်​နှင့် အား​ယူ၍ ဝမ်း​မြောက်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​အား ဆို​ကြ၏။

သူ​တစ်​ပါး​ကို ငါ​ကျွေး​မွေး၍ ဥ​စ္စာ​ရှိ​သ​မျှ​ကို စွန့်​ကြဲ​သည်​သာ​မ​က၊ ကိုယ်​ခ​န္ဓာ​ကို မီး​ရှို့​စေ​ခြင်း​ငှာ အပ်​သော်​လည်း၊ မေ​တ္တာ​မ​ရှိ​လျှင်၊ ငါ၌​အ​ကျိုး​မ​ရှိ။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.