Pular para o conteúdo
Publicidade

Tomar uma decisão

Por Bíblia Online

Escolher um caminho nem sempre é simples. Quando você se vê diante de uma encruzilhada, o peso da escolha pode gerar dúvidas sobre qual direção seguir. A ansiedade costuma crescer quando o futuro parece incerto e cada passo exige cautela.

Deus compreende o tamanho das suas dúvidas e oferece orientação segura para os momentos de indecisão. As palavras guardadas nas Escrituras servem para acalmar o coração e iluminar a mente, mostrando que você nunca caminha sozinho ao tomar decisões importantes.

Tomar decisões com sabedoria é um dos maiores desafios da vida. A Bíblia nos ensina a buscar a Deus em oração, na Palavra e no conselho, confiando que Ele dirige os nossos passos.

Buscar a Deus

Se algum de vós tem falta de sabedoria, peça a Deus. Ele dá generosamente e sem repreensão a todos os que pedem.

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-

ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ရဲ​ရင့်​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​လို​တော်​နှင့်​အ​ညီ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လျှင်၊ ဘု​ရား​သ​ခင်​သည် နား​ထောင်​တော်​မူ၏။-

ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-

ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။

သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။

Conselho e direção

Onde não há conselho os planos se frustam. Toda Escritura é útil para nos guiar nas decisões da vida.

အ​ကြံ​ပေး​နိုင်​သော ဉာဏ်​မ​ရှိ​လျှင် ပြည်​သား​တို့​သည် ရှုံး​တတ်၏။ အ​ကြံ​ပေး​နိုင်​သော​သူ အ​များ​ရှိ​လျှင်​မူ​ကား၊ ဘေး​လွတ်​တတ်၏။

စာ​ရေး​တံ​တို့​ကို အိတ်​ထဲ၌​လောင်း​လျက်​ရှိ​ရာ​တွင်၊ ခွဲ​ဝေ​စီ​ရင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။

သူ​တစ်​ပါး​များ​နှင့် မ​ရော​နှော​သော​သူ​သည် မိ​မိ​စေ​တ​နာ​အ​လို​ရှိ​သည်​အ​တိုင်း ရှာ​ဖွေ၍၊ ပ​ညာ​ရ​တ​နာ​အ​မျိုး​မျိုး​ကို စူး​စမ်း​မွှေ​နှောက်​တတ်၏။ မိုက်​သော​သူ​မူ​ကား၊ မိ​မိ​စိတ်​သ​ဘော​ကို ပြ​စ​ရာ​အ​ခွင့်​မှ​တစ်​ပါး၊ အ​ခြား​သော​အ​ကြောင်း​ကြောင့် ဉာဏ်​ပ​ညာ၌ မ​ပျော်​မွေ့​တတ်။ မ​တ​ရား​သော​သူ​လာ​သော​အ​ခါ၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​ရ၏။ ဂုဏ်​အ​သ​ရေ​ပျက်​သော​အ​ခါ၊ ကဲ့​ရဲ့​ခြင်း​ကို​လည်း ခံ​ရ၏။ နှုတ်​ထွက်​သော​စ​ကား​သည် နက်​သော​ရေ​ကဲ့​သို့​လည်း​ကောင်း၊ ပ​ညာ​စမ်း​ရေ​တွင်း​သည် ရေ​စီး​သော မြစ်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။ တ​ရား​တွေ့​ရာ​အ​မှု၌ ဖြောင့်​မတ်​သော​သူ​ကို ရှုံး​စေ​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ၏​မျက်​နှာ​ကို မ​ထောက်​ကောင်း။ မိုက်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် ရန်​တွေ့​တတ်၏။ သူ၏​နှုတ်​သည်​လည်း အ​ပြစ်​ဒဏ်​ကို တောင်း​တတ်၏။ မိုက်​သော​သူ၏​နှုတ်​သည် ပျက်​စီး​ရာ​အ​ကြောင်း၊ နှုတ်​ခမ်း​တို့​သည်​လည်း မိ​မိ​အ​သက်​ကို ကျော့​မိ​ရာ​အ​ကြောင်း​ဖြစ်၏။ ကုန်း​တိုက်​သော​သူ၏​စ​ကား​သည် မြိန်​သော ခဲ​ဖွယ်​စား​ဖွယ်​ကဲ့​သို့​ဖြစ်၍၊ ဝမ်း​အ​တွင်း​သို့ ဝင်​တတ်၏။ အ​လုပ်​လုပ်​သော​အ​ခါ ပျင်း​ရိ​သော​သူ​သည်၊ မိ​မိ​ဥ​စ္စာ​ကို အ​ချည်း​နှီး​ကုန်​စေ​သော​သူ​နှင့် ညီ​အစ်​ကို​တော်​ပေ၏။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ပြေး​ဝင်​သ​ဖြင့်၊ လုံ​ခြုံ​စွာ​နေ​ရ​ကြ၏။ ငွေ​ရ​တတ်​သော​သူ​က၊ ငါ့​စည်း​စိမ်​သည် ခိုင်​ခံ့​သော​မြို့ ဖြစ်၏။ မြင့်​သော​မြို့​ရိုး​နှင့် တူ​သည်​ဟု ထင်​တတ်၏။ ပျက်​စီး​ခြင်း​အ​ရင်၌ လူ​သည် စိတ်​မြင့်​ခြင်း၏​နေ​ရာ၊ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။ အ​ကျိုး​အ​ကြောင်း​ကို မ​စစ်​မီ၊ အ​မှု​စီ​ရင်​သော​သူ​သည် မိုက်​သော​အ​ပြစ်၊ အ​ရှက်​ကွဲ​ရ​သော​အ​ပြစ်​ရှိ၏။

လူ၏​စိတ်​ဝိ​ညာဉ်​သည် မိ​မိ​နာ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​နိုင်၏။ ကြေ​ကွဲ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ သည်း​ခံ​နိုင်​သ​နည်း။

ထို​ကျမ်း​စာ​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် မှုတ်​သွင်း​တော်​မူ​သော အား​ဖြင့်​ဖြစ်၍၊-

ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။

မု​သိ​ပြည်​သို့​ရောက်၍၊ ဗိ​သု​နိ​ပြည်​သို့ သွား​မည်​ပြု​ကြ​စဉ်၊ ဝိ​ညာဉ်​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​သော​ကြောင့်၊-

ဗာ​န​ဗ​နှ​င့်​ရှော​လု​ကို​စေ​လွှတ်​ခြင်း

အ​န္တိ​အုတ်​မြို့​တွင်​ရှိ​သော အ​သင်း​တော်၌ ဗာ​န​ဗ​မှ​စ၍ နိ​ဂါ​ဟု​ခေါ်​ဝေါ်​သော ရှု​မောင်၊ ကု​ရေ​နေ​ပြည်​သား လု​ကိ၊ စော်​ဘွား​ဟေ​ရုဒ်၏ သူ​ငယ်​ချင်း​အ​ရင်း​ဖြစ်​သော မာ​နင်​နှင့် ရှော​လု​တည်း​ဟူ​သော ပ​ရော​ဖက်​ပြု​သူ၊ ဆ​ရာ​ပြု​သူ​ရှိ​ကြ၏။- ထို​သူ​တို့​သည် သ​ခင်​ဘု​ရား​ဝတ်​ကို​ပြု၍ အ​စာ​ကို​ရှောင်​ကြ​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က၊ ငါ​ခန့်​ထား​သော​အ​မှု​ကို ဆောင်​ရွက် စေ​ခြင်း​ငှာ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ရွေး​ချယ်​ခွဲ​ထား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊- အ​စာ​ရှောင်၍ ပ​တ္ထ​နာ​ပြု​လျက်၊ ထို​သူ​တို့​ခေါင်း​ပေါ်​မှာ လက်​ကို​တင်၍ လွှတ်​လိုက်​ကြ၏။

Confiar e seguir

Seja o que for que façais, fazei tudo para a glória de Deus. O sábio ouve a Deus antes de agir.

သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-

ယေ​ရှု​ကို​စေ့​စေ့​ထောက်​ရှု​ကြ

ထို​ကြောင့်၊ ဤ​မျှ​လောက် များ​စွာ​သော သက်​သေ​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ဝိုင်း​ရံ​လျက်​ရှိ​ကြ​သည်​ဖြစ်၍၊ ငါ​တို့​သည် ခပ်​သိမ်း​သော ဝန်​တို့​ကို​လည်း​ကောင်း၊ နှောင့်​ယှက်​တတ်​သော ဒု​စ​ရိုက်​ကို​လည်း​ကောင်း ပယ်​ရှား၍၊ ငါ​တို့​မျက်​မှောက်၌ ထား​သော ပန်း​တုံး​တိုင်​သို့​ရောက်​ခြင်း​ငှာ၊ အား​မ​လျော့​ဘဲ ပြေး​ကြ​ကုန်​အံ့။-

ထို​မြို့၌​ထာ​ဝ​ရ​ဘု​ရား​သည် ည​အ​ခါ အိပ်​မက်​တွင် ရှော​လ​မုန်​အား ထင်​ရှား​လျက်၊ ငါ​ပေး​ရ​မည်​ဆု​ကို တောင်း​လော့​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။ ရှော​လ​မုန်​က​လည်း၊ ကိုယ်​တော်၏​ကျွန် အ​ကျွန်ုပ်၏​အ​ဘ​ဒါ​ဝိဒ်​သည် ရှေ့​တော်၌ သ​ဘော​ဖြောင့်၍ သ​မ္မာ​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​အ​တိုင်း ကျင့်​သည်​နှင့်​အ​ညီ၊ သူ၌​များ​စွာ​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​ပြီ။ ယ​နေ့​တွင်​ရှိ​သည်​အ​တိုင်း၊ သူ၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော​သား​ကို သူ့​အား ပေး​သ​နား​တော်​မူ​သ​ဖြင့်၊ သူ့​အ​ဖို့ ကျေး​ဇူး​တ​ရား​ကို စောင့်​ရှောက်​တော်​မူ​ပြီ။ ယ​ခု​မှာ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​ကို အ​ဘ​ဒါ​ဝိဒ်၏​ကိုယ်​စား ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည် သူ​ငယ်​ဖြစ်​ပါ၏။ ထွက်​ဝင်​ခြင်း​ငှာ မ​တတ်​နိုင်​ပါ။ ရွေး​ချယ်​တော်​မူ၍ အ​ရေ​အ​တွက်​အား​ဖြင့် အ​တိုင်း​မ​သိ​များ​ပြား​စွာ​သော ကိုယ်​တော်၏ လူ​မျိုး​ကြီး​အ​လယ်၌ ကိုယ်​တော်​ကျွန်​ရှိ​ပါ၏။ သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​သည် ကိုယ်​တော်၏​လူ​တို့​ကို တ​ရား​စီ​ရင်​နိုင်​မည်​အ​ကြောင်း ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား၍ သိ​တတ်​သော​ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ ဤ​မျှ​လောက်​များ​စွာ​သော ကိုယ်​တော်၏​လူ​တို့​ကို အ​ဘယ်​သူ​သည် ကိုယ်​အ​လို​အ​လျောက် တ​ရား​စီ​ရင်​နိုင်​ပါ​မည်​နည်း​ဟု တောင်း​လျှောက်၏။ ထို​သို့ ရှော​လ​မုန်​တောင်း​လျှောက်​သော ပ​တ္ထ​နာ​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​တော်​မူ၏။ ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် တာ​ရှည်​သော​အ​သက်​ကို မ​တောင်း၊ စည်း​စိမ်​ကို​လည်း မ​တောင်း၊ ရန်​သူ​တို့၏​အ​သက်​ကို​လည်း မ​တောင်း၊ တ​ရား​စီ​ရင်​ခြင်း​ငှာ တတ်​နိုင်​သော​ဉာဏ်​ကို​သာ ကိုယ်​အ​ဖို့​တောင်း​လျှောက်​သော​ကြောင့်၊ သင်​တောင်း​လျှောက်​သည်​အ​တိုင်း ငါ​ပေး၏။ ရှေး​ကာ​လ၌ သင်​နှ​င့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ဖြစ်၊ နောင်​ကာ​လ၌ မ​ဖြစ်​နိုင်​အောင် ဉာဏ်​ပ​ညာ​နှ​င့်​ပြ​ည့်​စုံ​သော​စိတ်​ဝိ​ညာဥ်​ကို သင့်​အား​ငါ​ပေး၏။

ထို​အ​ခါ​မ​ယား​က၊ သင်​သည် ဖြောင့်​မတ်​သော​တ​ရား​ကို စွဲ​လမ်း​သေး​သ​လော။ ဘု​ရား​သ​ခင်​ကို စွန့်​ပယ်၍ သေ​လော့​ဟု​ဆို၏။ ယော​ဘ​က​လည်း၊ မိန်း​မ​မိုက်​ပြော​တတ်​သ​ကဲ့​သို့ သင်​သည်​ပြော၏။ အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​လက်​တော်​မှ သု​ခ​ချမ်း​သာ​ကို ခံ​ယူ​သည်​ဖြစ်၍၊ ဒု​က္ခ​ဆင်း​ရဲ​ကို မ​ခံ​မ​ယူ​ရာ​သ​လော​ဟု ဆို၏။ ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း နှုတ်​ဖြင့်​မျှ မ​မှား​ယွင်း။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.