Pular para o conteúdo
Publicidade

Dependência

Por Bíblia Online

Reconhecer que não conseguimos conduzir a própria vida do jeito certo é o primeiro passo para encontrar a verdadeira paz. A tendência humana é tentar resolver tudo sozinho, confiando apenas na própria força e naquilo que parece lógico. Quando as lutas apertam e o controle escapa das mãos, fica evidente o quanto precisamos de um sustento que vem de cima.

A Palavra de Deus mostra que viver ligado ao Criador é a única maneira de frutificar e caminhar sem medo. Entregar o controle a Ele significa abandonar o peso da autossuficiência e descansar no cuidado de quem governa todas as coisas. Encontre conforto nas Escrituras que lembram a importância de permanecer firme na presença do Senhor todos os dias.

A dependência de Deus é o caminho da verdadeira liberdade. Sem Cristo, nada podemos fazer. Mas em Deus encontramos sustento, direção e força para todo desafio.

Sem Ele nada podemos

Sem mim nada podeis fazer. O cristão que se desconecta da videira seca — mas o que permanece dá muito fruto.

ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။-

ဘု​ရား​ရှင်ကိုကိုး​စား​ခြင်း

အ​ကျွန်ုပ်​ကို စောင့်​မ​တော်​မူ​ပါ​ဘု​ရား။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မ​ပြတ် မျက်​မှောက်​ပြု၏။ အ​ကြောင်း​မူ​ကား၊ ငါ​လက်​ယာ​ဘက်၌ တည်​ရှိ​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည်​လှုပ်​ရှား​ခြင်း​မ​ရှိ​ရ။ ထို​ကြောင့် ငါ့​စိတ်​နှ​လုံး​သည်​သာ​ယာ​ခြင်း၊

အိမ်​ထောင်၏​ကောင်း​ချီး

ထာ​ဝ​ရ​ဘု​ရား​သည် အိမ်​ကို​ဆောက်​တော်​မ​မူ​လျှင်၊ ဆောက်​သော​သူ​တို့​သည် အ​ချည်း​နှီး​လုပ်​ဆောင်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင်၊ ကင်း​စောင့်​တို့​သည် အ​ချည်း​နှီး​စောင့်​ကြ၏။

သူ​တို့​သည် ကိုယ်​ဓား​ဖြင့် ထို​မြေ​ကို​အ​စိုး​ရ​ကြ​သည် မ​ဟုတ်​ပါ။ ကိုယ်​လက်​ဖြင့် ကိုယ်​ကို ကယ်​တင်​ကြ​သည် မ​ဟုတ်​ပါ။ ကိုယ်​တော်​အ​လို​ရှိ​သော​ကြောင့် လက်​ယာ​လက်​ရုံး​တော်​နှင့် မျက်​နှာ​တော်​အ​လင်း​အား​ဖြင့် သူ​တို့​ကို ကယ်​တင်​တော်​မူ၏။

သင်​တို့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​စစ်​တိုက်​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ​မည်​ဟု လူ​များ​တို့​အား​ဆို​၏။

Depender do Senhor

Confia no Senhor de todo o coração e não te estribes no teu próprio entendimento. Em todos os caminhos o reconhece.

ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။

လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို စိတ်​ထဲ​မှာ ကြံ​စည်၏။ သို့​သော်​လည်း သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

လူ​သည် အ​ထူး​ထူး အ​ပြား​ပြား ကြံ​စည်​တတ်၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ကြံ​တော်​သည် တည်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ချီး​မင်္ဂ​လာ​သည် စည်း​စိမ်​ကို ဖြစ်​စေ​တတ်၏။ ထို​စည်း​စိမ်​နှင့်​လည်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ရော​နှော​တော်​မ​မူ။

အ​ကျွန်ုပ်၏​အ​သား​နှင့် နှ​လုံး​သည်​ပျက်​ကြ​ပါ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​နှ​လုံး၏ အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​အ​စဉ်​အ​မြဲ ခံ​စား​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို ပြောင်း​လဲ​စေ၍၊ မျက်​နှာ​တော်​အ​လင်း​ကို ပြ​တော်​မူ​ပါ။ သို့​ပြု​လျှင် အ​ကျွန်ုပ်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​ပါ​လိမ့်​မည်။

ကာ​ကွယ်​ခြင်း​အ​ရှင်

ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ​သော​တောင်​ရိုး​သို့ ငါ​မျှော်​ကြည့်၏။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ၊ ငါ့​ကို​မ​စ​ခြင်း​အ​ကြောင်း​သည် ပေါ်​ထွက်​ရ၏။

သင်၏​ခြေ​ကို​ချော်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင့်​ကို စောင့်​သော​သူ​သည် အိပ်​တော်​မ​မူ။

ငါ့​ခြေ​ချော်​လျက်​ရှိ​သည်​ဟု အ​ကျွန်ုပ်​ဆို​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​က​ရု​ဏာ​သည် အ​ကျွန်ုပ်​ကို ထောက်​မ​ပါ၏။

ငါ​သည် ကျဉ်း​မြောင်း​ရာ​ထဲ​က ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျယ်​ဝန်း​သော အ​ရပ်​ထဲ​သို့ သွင်း​တော်​မူ၏။

သိုး​ထိန်း​တော်​မြတ်

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​သိုး​ထိန်း​ဖြစ်​တော်​မူ၏။ ငါ​သည် ဆင်း​ရဲ​မ​ခံ​ရ။ စိမ်း​လန်း​သော ကျက်​စား​ရာ​အ​ရပ်၌ ငါ့​ကို​အိပ်​စေ​တော်​မူ၏။ သာ​ယာ​သော​မြစ်​နား​သို့ လမ်း​ပြ​တော်​မူ၏။

Contentamento e confiança

Aprendi a viver contente em toda situação. A dependência de Deus nos livra da ansiedade e nos firma na paz.

ထို​သို့​ငါ​ဆို​သော်၊ ကိုယ်​တိုင်​ဆင်း​ရဲ​ခြင်း​ကို ရည်​မှတ်၍ ဆို​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တွေ့​ကြုံ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့၌ ရောင့်​ရဲ​သော​စိတ် ရှိ​အံ့​သော​ငှာ သင်​မိ​ပြီ။-

အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ မ​စိုး​ရိမ်​နှင့်။ ငါ​မ​စ​မည်​ဟု သင့်​အား​ဆို​လျက်၊ သင်၏​လက်​ယာ​လက်​ကို ကိုင်​မည်။

ထို​ဘု​ရား​သည် မော​သော​သူ​တို့​အား၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ နွမ်း​နယ်​သော​သူ​တို့​အား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။

အ​ချင်း​ချင်း စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ ဂုဏ်​စည်း​စိမ်​ကို ငဲ့​ကွက်​ခြင်း​မ​ရှိ​ကြ​နှင့်။ နှိမ့်​ချ​သော​သူ​တို့​ကို အ​ပေါင်း​အ​ဖော်​လုပ်​ကြ​လော့။ ငါ​သည် ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​ကြ​နှင့်။-

ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍၊ ထို​အင်္ဂါ​အ​များ​သည် ဆောင်​ရွက်​စ​ရာ​အ​မှု တစ်​ခု​တည်း​မ​ရှိ​သ​ကဲ့​သို့၊-ထို​အ​တူ၊ အ​များ​ဖြစ်​သော​ငါ​တို့​သည် ခ​ရစ်​တော်၌ တစ်​ကိုယ်​တည်း​ဖြစ်၍၊ အ​သီး​အ​သီး​အင်္ဂါ​ချင်း ဖြစ်​ကြ၏။-

ထို​ကြောင့် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် မ​တွေ့​နိုင်​ကြ။-

ထို​ကြောင့် နက်​ဖြန်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန်​နေ့​သည် မိ​မိ​အ​ဖို့ စိုး​ရိမ်​လိမ့်​မည်။ ယ​ခု​နေ့၌​ရှိ​သော မ​ကောင်း​မ​သင့်​သော အ​ရာ​သည် ယ​ခု​နေ့​ဖို့ လောက်​ပေ၏။

သို့​ရာ​တွင် ကြည်​ညို​သော​စိတ်​နှင့် ဤ​မျှ​လောက် ပူ​ဇော်​နိုင်​အောင် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​က​သာ ကိုယ်​တော်​အား ပူ​ဇော်​ပါ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.