Pular para o conteúdo
Publicidade

Deus nos chamou

Por Bíblia Online

Deus conhece você pelo nome e direciona cada passo da sua história. Antes mesmo que você pudesse imaginar um propósito, Ele já havia preparado um caminho de amor e comunhão para a sua vida, chamando-o para sair das trevas e caminhar na luz da verdade.

Essa vocação não depende de forças próprias, mas da graça daquele que o separou para grandes coisas. Quando as dúvidas sobre o futuro ou sobre a própria capacidade apertarem o coração, lembre-se de que a mão que o chamou é a mesma que sustenta e completa a obra até o fim.

Deus nos chamou antes da fundação do mundo. Ele nos conhece pelo nome, nos predestinou para sermos conforme a imagem de Cristo e nos capacita para o chamado.

Chamados por Deus

Os que Deus predestinou, também os chamou. O Seu chamado é irrevogável — fundamentado no propósito eterno e na graça abundante.

ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တည်း​ဟူ​သော ကြံ​စည်​တော်​မူ​ခြင်း​အ​တိုင်း ခေါ်​တော်​မူ​သော​သူ​တို့၏​အ​ကျိုး​ကို ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပြု​စု​ကြ​သည်​ကို ငါ​တို့​သိ​ကြ၏။- ဘု​ရား​သ​ခင်၏​သား​တော်​သည် အ​များ​သော​ညီ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ရှေ့​မ​ဆွ​က​သိ​တော်​မူ​သော သူ​တို့​ကို သား​တော်၏​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ရှေ့​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။- ထို​သို့ ခွဲ​ခန့်​မှတ်​သား​နှင့်​သော​သူ​တို့​ကို ခေါ်​တော်​မူ၏။ ခေါ်​တော်​မူ​သော သူ​တို့​ကို​လည်း ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ၏။ ထို​သို့ တည်​စေ​တော်​မူ​သော သူ​တို့​ကို​လည်း ချီး​မြှောက်​တော်​မူ၏။

ခေါ်​တော်​မူ​သော​ကြောင့် မျှော်​လ​င့်​ရ​သော​အ​ရာ​ကား အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ခံ​ရ​သော​အ​မွေ​တော်၏ ဘုန်း​စည်း​စိမ်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊- ယုံ​ကြည်​သော​ငါ​တို့၌ ပြ​တော်​မူ​သော အ​လွန်​ကြီး​လှ​စွာ​သော တန်​ခိုး​တော်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​သိ​စေ​ခြင်း​ငှာ၊ သင်​တို့၏ ဉာဏ်​မျက်​စိ​ကို လင်း​စေ​ပါ​မည်​အ​ကြောင်း ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။-

ထို​ကြောင့်၊ ငါ​တို့​သ​ခင်​ဘု​ရား၏ သက်​သေ​ကို​လည်း​ကောင်း၊ ထို​သ​ခင်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ​ဖြစ်​သော ငါ​ကို​လည်း​ကောင်း ရှက်​ကြောက်​ခြင်း​မ​ရှိ​နှင့်။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော တန်​ခိုး​ကို​ရ​သည်​အ​တိုင်း ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် ဆက်​ဆံ၍ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​လော့။- ဘု​ရား​သ​ခင်​သည် ငါ​တို့​ကျင့်​သော​အ​ကျင့်​ကို ထောက်​တော်​မ​မူ။ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ဖို့ ကိုယ်​တော်​တိုင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​နှင့်​အ​ညီ ငါ​တို့​ကို​ကယ်​တင်၍၊ သန့်​ရှင်း​သော​အ​ရာ၌ ခေါ်​သွင်း​တော်​မူ၏။- ထို​ကျေး​ဇူး​တော်​ကား၊ ငါ​တို့​ကို​ကယ်​တင်​သော​သ​ခင်​ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​သည်​အ​ရာ​မှာ ယ​ခု​ထင်​ရှား​လျက်​ရှိ၏။ ထို​သ​ခင်​သည် သေ​ခြင်း​အ​ကြောင်း​ကို ပယ်​ရှား၍၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် မ​ဖောက်​ပြန်​ခြင်း​အ​ကြောင်း​ကို ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ထင်​ရှား​စေ​တော်​မူ​ပြီ။-

ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​တော်​သို့ ခေါ်​တော်​မူ​သော၊ ခပ်​သိမ်း​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ခ​ဏ​ဆင်း​ရဲ​ခံ​ပြီး​သော သင်​တို့​ကို စုံ​လင်​တည်​ကြည်​ခိုင်​ခံ့ မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။-

သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။

A resposta ao chamado

Ninguém pode vir a mim se o Pai não o atrair. Deus escolheu os fracos para confundir os fortes — e nos chamou para a luz.

ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​သည် သွေး​ဆောင်​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ့​ထံ​သို့ မ​လာ​နိုင်။ လာ​သော​သူ​ကို နောက်​ဆုံး​သော​နေ့၌ ငါ​ထ​မြောက်​စေ​မည်။-

ညီ​အစ်​ကို​တို့၊ သင်​တို့​ကို ခေါ်​တော်​မူ​ခြင်း အ​ကြောင်း​အ​ရာ​ကို ဆင်​ခြင်​ကြ​လော့။ ခေါ်​တော်​မူ​သော​သူ​တို့​တွင် လော​ကီ​ပ​ညာ​ရှိ အ​များ​မ​ပါ။ ထင်​ရှား​သော လူ​ကြီး​အ​များ​မ​ပါ။ မင်း​အ​မျိုး​အ​နွယ်​ဖြစ်​သော​သူ အ​များ​မ​ပါ။- ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ မိုက်​မဲ​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။ အ​စွမ်း​သ​တ္တိ​ရှိ​သော သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ အား​နည်း​သော သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။-

ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ လော​က​တွင် ဆင်း​ရဲ​သော​သူ​တို့​သည် ယုံ​ကြည်​ခြင်း ရ​တ​နာ​ကို ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အား ပေး​မည်​ဟု ဝန်​ခံ​တော်​မူ​သော နိုင်​ငံ​တော်၏​အ​မွေ​ခံ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​သည် မ​ဟုတ်​လော။-

မှောင်​မိုက်​တန်​ခိုး​မှ​လည်း ငါ​တို့​ကို​နုတ်၍၊ ချစ်​တော်​မူ​သော သား​တော်၏​နိုင်​ငံ​ထဲ​သို့ သွင်း​တော်​မူ၏။- ထို​သား​တော်၏ အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။

ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ က​တိ​တော်​သည် သင်​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့၏ သား​သ​မီး​တို့​နှင့်​လည်း​ကောင်း၊ ဝေး​သော​သူ​တို့​တွင် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သ​မျှ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆိုင်​သည်​ဟု ဟော၏။-

Confirmando o chamado

Procurai tornar cada vez mais firme a vossa vocação. Deus começou a boa obra e a completará até o dia de Cristo.

ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ခေါ်​တော်​မူ​ခြင်း​နှင့် ရွေး​ချယ်​တော်​မူ​ခြင်း​ကို တည်​မြဲ​စေ​ခြင်း​ငှာ သာ၍ ကြိုး​စား​အား​ထုတ်​ကြ​လော့။ သို့​ပြု​လျှင်၊ ရွေ့​လျော့​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​သည်​ဖြစ်၍၊- ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ထာ​ဝ​ရ​နိုင်​ငံ​တော်​ထဲ​သို့ ဝင်​စား​ခြင်း​အ​ခွင့်​ကို သင်​တို့​အား ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​လ​တ္တံ့။

သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။-

ထို​သို့ ခေါ်​တော်​မူ​သော​သူ အ​များ​ရှိ​သော်​လည်း၊ ရွေး​ကောက်​တော်​မူ​သော​သူ နည်း​သည်​ဟု မိန့်​တော်​မူ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.