Deus nos chamou
Deus nos chamou antes da fundação do mundo. Ele nos conhece pelo nome, nos predestinou para sermos conforme a imagem de Cristo e nos capacita para o chamado.
Chamados por Deus
Os que Deus predestinou, também os chamou. O Seu chamado é irrevogável — fundamentado no propósito eterno e na graça abundante.
ဘုရားသခင်ဟို ချစ်သောသူ တည်းဟူသော အကြံအစည်အတိုင်း ခေါ်သောသူများအတွက် ဘုရားသခင်ဟ ခပ်သိမ်းသော အမှုအရာလို့ဟို ပူးပေါင်း လုပ်ဆောင်စေယွေ့ ကောင်းကျိုးဖြစ်စေကျောန်းဟို ငါလို့ သိကြအယ်။ ဘုရားသခင်ဟ ကြိုရွေးချယ်ထားသော သူလို့ဟို မိမိသားတော်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ခွဲခန့်ထားအယ်။ အေးလို့ပြုလုပ်ခြင်းမှာ သားတော်ဟ ညီအကိုများထဲမှ သားဦးအရာ ဖြစ်စေချင်သောကျောန့် ဖြစ်အယ်။ အေးလို့ ခွဲခန့်မှတ်သားနဲ့သော သူလို့ဟို ခေါ်အယ်၊ ခေါ်သောသူလို့လည်း ဖြောင့်မတ်ရာနှိုက် တည်စေအယ်၊ အေးလို့ ဖြောင့်မတ်ရာနှိုက် တည်စေသောသူလို့ဟိုလည်း ဘုန်းတော် ထင်ဆှားစေအယ်။
သူ့အလင်းဟို မျော်ဖို့ နင့်ရဲ့စိတ်နေလုံး မျက်စေ့ဟို ပွင့်စေယွေ့ ခေါ်သောသူနဲ့ဆိုင်သော မျော်လင့်ခြင်းဟ ပစာဆိုလဲဆိုတာဟို လည်းကောင်း၊ သူရဲ့သန့်ဆှင်းသော လူများဟို ကတိပေးသော အံ့ဩဖွယ်ကောင်းချီးများ စလောက် ကြွယ်ဝတာဟို လည်းကောင်း၊ ကိုယ်တော်ရဲ့ အစွမ်းသတ္တိနဲ့ပြေ့စုံသော တန်ခိုးအရှိန်အဝါရဲ့ လုပ်ဆောင်မှုအားဖြင့် ယုံကြည်သော ငါလို့အပေါ်သက်ရောက်လဲ့ ကိုယ်တော်ရဲ့ တန်ခိုးဟ စလောက် ထူးကဲကြီးမားတာဟို လည်းကောင်း နင်လို့အား သိဆိစေမဲ့အကျောန်း တောင်းဆှောက်အယ်။ ငါလို့အထဲနှိုက် လုပ်ဆောင်လျက်ဆိသော တန်ခိုးတော်ဟ
အဲကျောန့် ငါလို့ရဲ့ သခင်ဘုရားအကျောန်း သက်သေခံတာဟို လည်းကောင်း၊ ငါဟ ကိုယ်တော်အတွက် အကျဉ်းသားဖြစ်တာဟို လည်းကောင်း၊ ဆှက်ကြောက်ခြင်း မဆိဘဲ ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့် ကောင်းမြတ်သော သတင်းကောင်းအတွက် ငါနဲ့အတူ ဆင်းရဲဒုက္ခဟို ခံလော့။ ဘုရားသခင်ဟ ငါလို့ဟို ကယ်တင်ယွေ့ သန့်ဆှင်းသော ခေါ်ယူခြင်းဖြင့် ငါလို့ဟို ခေါ်ယူတာဟ ငါလို့ပြုသောအမှုများကျောန့် မဟုတ်ဘဲ ကိုယ်တော်ရဲ့ အကြံအစည်ကျောန့် ဖြစ်ပင်း ဆေ့ကာလများ မတိုင်မီဟပင် ခရစ်တော် ယေရှုအားဖြင့် ငါလို့အား ပေးသော ကျေးဇူးတော်ကျောန့် ဖြစ်အယ်၊ အဲကျေးဇူးတော်ဟ ငါလို့ရဲ့ ကယ်တင်ဆှင် ခရစ်တော် ယေရှု ပေါ်ထွန်းခြင်းအားဖြင့် အခု ထင်ဆှားလေပီ၊ ခရစ်တော်ဟ သေခြင်းဟို ပယ်ဖျက်ယွေ့ အသက်နဲ့တကွ ဖောက်ပြန်ခြင်းနဲ့ ကင်းသောအရာလို့ဟို သတင်းကောင်းအားဖြင့် အလင်းဟို ယူဆောင်လေအယ်။
နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
A resposta ao chamado
Ninguém pode vir a mim se o Pai não o atrair. Deus escolheu os fracos para confundir os fortes — e nos chamou para a luz.
"ငါ့ဟို စေလွှတ်သော ခမည်းတော် မပို့ဆောင်ရင် စသူမှ ငါ့ဆေဟို မလာနိန်၊ ငါ့ဆေ လာသောသူဟို ငါဟ နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်စေမယ်။
ညီအကို မောင်နှမလို့၊ နင်လို့ဟို ခေါ်ခြင်းအရာဟို ဆင်ခြင်ကြလော့။ ခေါ်သောသူလို့တွင် လောကီပညာဆိအများ မပါ၊ ထင်ဆှားသော လူကြီးအများ မပါ၊ မင်းမျိုးနွယ်ဖြစ်သောသူအများ မပါ။ ဘုရားသခင်ဟ ပညာဆိလို့ဟို ဆှက်ကြောက်စေရန်၊ လောကီအရာနှိုက် မိုက်မဲသောသူလို့ဟို ရွေးကောက်အယ်။ အစွမ်းသတ္တိဆိသော သူလို့ဟို ဆှက်ကြောက်စေရန် လောကီအရာနှိုက် အားနည်းသောသူလို့ဟို ရွေးကောက်လေအယ်။
ငါ ချစ်သော ညီအကို မောင်နှမလို့၊ နားထောင်ကြလော့။ ဘုရားသခင်ဟ ဟေလောကတွင် ဆင်းရဲသောသူလို့ဟို ယုံကြည်ခြင်းနှိုက် ကြွယ်ဝသောသူအဖြစ် လည်းကောင်း၊ ကိုယ်တော်ဟို ချစ်သောသူလို့အား ကတိထားသော နိုင်ငံတော်ဟို အမွေဆက်ဆံသူအဖြစ် လည်းကောင်း ရွေးကောက်တာ မဟုတ်လော။
ကိုယ်တော်ဟ ငါလို့အား မိုက်ရဲ့ တန်ခိုးမှ ကယ်တင်ယွေ့ မိမိချစ်သော သားတော်ရဲ့ နိုင်ငံတော်ထဲသို့ ခေါ်သွင်းအယ်၊ ဘုရားသခင်ဟ အဲသားတော်အားဖြင့် ငါလို့ဟို ရွေးနုတ်ပီ။ အဲနည်းအားဖြင့် ငါလို့ရဲ့ အပစ်များဟို ဖြေလွှတ်ပီ။
ပေတရုဟ သူလို့ဟို "နင်လို့ အယောက်စီတိုင်း အပစ်မှ နောင်တရကြပင်း၊ နင်လို့ အပစ်များ ဖြေလွှတ်စေရန် ယေရှု ခရစ်ရဲ့ နာမနှိုက် နှစ်ခြင်းဟို ခံလော့။ အားပင်း နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် တည်းဟူသော ဘုရားသခင်ရဲ့ လက်ဆောင်ဟို ရဆိကြလိမ့်မယ်။ အကျောန်းမှာ ဟေကတိတော်ဟ နင်နဲ့ နင်လို့ရဲ့ လူပဲ့များမှ စယွေ့ အဝေးနှိုက်ဆိသော သူအားလုံးဖြစ်ကြသော ငါလို့ရဲ့ ဘုရားသခင် ထာဝရဘုရား ခေါ်သော သူလို့အတွက် ဖြစ်အယ်" ဟု ဆိုလေအယ်။
Confirmando o chamado
Procurai tornar cada vez mais firme a vossa vocação. Deus começou a boa obra e a completará até o dia de Cristo.
အေးကျောန့် ညီအကို မောင်နှမလို့၊ နင်လို့ခံရသော ခေါ်ယူခြင်းနဲ့ ရွေးချယ်ခြင်းဟို တည်မြဲစေရန် ပိုပင်း ကြိုးစားကြလော့။ အကျောန်းမှာ အေးလို့ လုပ်နေသရွေ့ နင်လို့ဟ ပစာအခါမှ မားယွင်းကြမယ် မဟုတ်။ အေးနည်းတူ ငါလို့ သခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ထာဝရ နိုင်ငံတော်ထဲဟို ဝင်နိန်ရန် အခွင့်အရေး အပြေ့အဝဟို နင်လို့ ရဆိကြလိမ့်မယ်။
အဲလိုမို့ နင်လို့တွင် ဟေကောင်းမြတ်လဲ့အမှုဟို စတင်ပြုသော ဘုရားသခင်ဟ ခရစ်တော် ယေရှုရဲ့ နေ့ရက်တိုင်ခင် အဲအမှုဟို ပီးစီးလဲ့တိုင်အောန် ပြုလိမ့်မယ်ဟု ငါ ယုံကြည်စိတ်ချအယ်။
အေးနောက် ယေရှုဟ "ဖိတ်ကြားခြင်းခံရသူလို့မှာ များသော်လည်း ရွေးချယ်ထားသူလို့ဟ နည်းအယ်" ဟု မိန့်အယ်။