Pular para o conteúdo
Publicidade

Deus nunca falha

Por Bíblia Online

Quando a vida aperta e o chão parece faltar, o que sustenta o nosso coração é a certeza de que Deus cumpre o que diz. Nenhuma palavra dEle volta vazia, mesmo quando o tempo passa e a resposta demora a chegar.

Em meio às incertezas do dia a dia, você pode descansar na fidelidade daquele que conhece a sua história e jamais abandona os seus filhos. A Escritura lembra quem Ele é e renova a esperança nos momentos em que a fé precisa de firmeza.

Deus nunca falha. Nenhuma de suas promessas vem ao chão. O que Ele prometeu, Ele cumprirá. A fidelidade de Deus é o fundamento inabalável da nossa fé.

Promessas cumpridas

Nenhuma boa palavra falhou de todas as promessas que Deus fez. Ele é fiel e verdadeiro em tudo o que diz.

ငါ​သော်​ကား၊ မြေ​သား​အ​ပေါင်း​တို့​သွား​ရာ​လမ်း​သို့ ယ​နေ့​သွား​လု​ပြီ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဖို့ မိန့်​တော်​မူ​သော ကောင်း​ကျိုး​တစ်​စုံ​တစ်​ပါး​မျှ မ​ယုတ်​မ​လျော့၊ အ​ကုန်​အ​စင်​ပြည့်​စုံ​ကြောင်း​ကို သင်​တို့​သည် စိတ်​နှ​လုံး​ထဲ​မှာ သိ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ မိန့်​တော်​မူ​သော ကောင်း​ကျိုး​တစ်​စုံ​တစ်​ပါး​မျှ မ​လျော့၊ ရှိ​သ​မျှ​တို့​သည် ပြည့်​စုံ​ကြ၏။

က​တိ​တော်​ရှိ​သ​မျှ​အ​တိုင်း မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို ငြိမ်​ဝပ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​ကျွန်​မော​ရှေ​အား​ဖြင့် ထား​တော်​မူ​သော က​တိ​တော်​ကောင်း တစ်​ခွန်း​မျှ​မ​ပျက်၊

ဘု​ရား​သ​ခင်​သည် မု​သား​စ​ကား​ကို​ပြော​အံ့​သော​ငှာ လူ​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ နောင်​တ​ရ​အံ့​သော​ငှာ လူ​သား​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ မိန့်​တော်​မူ​ပြီး​မှ၊ စ​ကား​တော်​အ​တိုင်း မ​ပြု​ဘဲ​နေ​တော်​မူ​မည်​လော။ က​တိ​ထား​တော်​မူ​ပြီး​မှ၊ က​တိ​တော်​မ​တည်​ဘဲ နေ​တော်​မူ​မည်​လော။

ထာ​ဝ​ရ​ဘု​ရား၏​ပြ​ဌာန်း​တော်​မူ​ခြင်း​သည် ကာ​လ​အ​န​န္တ​နှင့်​ဆိုင်၍၊ စိတ်​နှ​လုံး​တော်၏​အ​ကြံ​အ​စည်​တို့​သည် သား​စဉ်​မြေး​ဆက် အ​ဆုံး​တိုင်​အောင်​တည်​ကြ​လိမ့်​မည်။

Fidelidade eterna

A Palavra do Senhor permanece para sempre. A tua palavra é muito pura e o teu servo a ama profundamente.

မိုး​ကောင်း​ကင်​ကို မျှော်၍ ကြည့်​ကြ​လော့။ မြေ​ကြီး​ကို​လည်း ငုံ့၍ ကြည့်​ကြ​လော့။ မိုး​ကောင်း​ကင်​သည် မီး​ခိုး​ကဲ့​သို့ ကွယ်​ပျောက်၍၊ မြေ​ကြီး​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​လိမ့်​မည်။ မြေ​ကြီး​သား​တို့​သည် ခြင်​ကောင်​ကဲ့​သို့ သေ​ကြ​လိမ့်​မည်။ ငါ၏​ကယ်​တင်​ခြင်း​တ​ရား​မူ​ကား အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ငါ၏​ဖြောင့်​မတ်​ခြင်း​တ​ရား​လည်း ပ​ပျောက်​ခြင်း မ​ရှိ​နိုင်​ရာ။

နှုတ်​က​ပတ်​တော်​သည် အ​လွန်​စင်​ကြယ်​သည်​ဖြစ်၍၊ ကိုယ်​တော်၏​ကျွန်​သည် နှစ်​သက်​ပါ၏။

ကိုယ်​တော်၏​နိုင်​ငံ​သည် နိ​စ္စ​ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၍၊ အာ​ဏာ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​ရ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် လဲ​သော​သူ​ရှိ​သ​မျှ​တို့​ကို ထောက်​မ​တော်​မူ၏။ နှိမ့်​ချ​သော​သူ​အ​ပေါင်း​တို့​ကို ကြွ​ပင့်​တော်​မူ၏။

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မြို့​အ​လယ်၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ၏။ မ​တ​ရား​သော အ​မှု​ကို ပြု​တော်​မ​မူ။ နံ​နက်​အ​စဉ်​အ​တိုင်း မိ​မိ​ဖြောင့်​မတ်​ကြောင်း​ကို မ​ချွတ်​မ​ယွင်း ဖော်​ပြ​တော်​မူ၏။ သို့​သော်​လည်း၊ အ​ဓ​မ္မ​လူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​ကြ။

ထို​ရူ​ပါ​ရုံ​သည် ချိန်း​ချက်​သော အ​ချိန်​နှင့်​ဆိုင်၍ အ​မှု​ကုန်​ရ​သော​ကာ​လ​ကို ဆို​လို၏။ မု​သား​နှင့် ကင်း​လွတ်၏။ ဆိုင်း​သော်​လည်း မျှော်​လင့်​လော့။ နောက်​မ​ကျ​ဘဲ ဧ​ကန်​အ​မှန်​ရောက်​လိမ့်​မည်။

Segurança em Deus

Todas as promessas de Deus são sim e amém em Cristo. Fiel é Aquele que prometeu — Ele jamais nos decepcionará.

ထို​သ​ခင်​မှာ ဘု​ရား​သ​ခင်၏ က​တိ​တော်​ရှိ​သ​မျှ​တို့​သည် ငါ​တို့​အား​ဖြင့် ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ခြင်း​အ​လို​ငှာ၊ ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ အာ​မင်​ဟူ၍ လည်း​ကောင်း​ဖြစ်​သ​တည်း။- သင်​တို့​နှင့် ငါ​တို့​ကို ခ​ရစ်​တော်၌​တည်​စေ၍ ဘိ​သိက်​ပေး​သော သူ​ကား၊ ဘု​ရား​သ​ခင်​ဖြစ်​သ​တည်း။- ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​တံ​ဆိပ်​ခတ်၍ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော စ​ရန်​ကို သွင်း​ပေး​တော်​မူ၏။

မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ကို ဝန်​ခံ၍ မ​တိမ်း​ယိမ်း​မ​ရွေ့​လျော့​ဘဲ တည်​ကြည်​ကြ​ကုန်​အံ့။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။-

သင်​တို့​သည်​လည်း ကယ်​တင်​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော သ​မ္မာ​တ​ရား​ကို​ကြား​နာ၍ ထို​ခ​ရစ်​တော်​ကို ယုံ​ကြည်​ပြီး​မှ၊ က​တိ​တော်​နှင့်​ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။- ပိုင်​ထိုက်​တော်​မူ​သော​သူ​တို့​သည် ဘုန်း​တော်​ကို ချီး​မွမ်း​ခြင်း​အ​ကြောင်း​နှင့် ရွေး​နုတ်​တော်​မူ​ခြင်း​သို့ မ​ရောက်​မီ​ကာ​လ​ပတ်​လုံး ထို​ဝိ​ညာဉ်​တော်​သည် ငါ​တို့ အ​မွေ၏ စ​ရန်​ဖြစ်​တော်​မူ၏။

စုံ​စမ်း​ခြင်း​နှ​င့်​သွေး​ဆောင်​ခြင်း

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ စစ်​ကြော​စုံ​စမ်း​ခြင်း​ကို ခံ​ပြီး​မှ သ​ခင်​ဘု​ရား​ကို ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.