Dia das crianças
As crianças são preciosas aos olhos de Deus. Jesus as acolheu, abençoou e ensinou que delas é o Reino dos Céus — modelos de fé, pureza e humildade.
Jesus e as crianças
Deixai vir a mim as crianças. Jesus abraçou, abençoou e honrou as crianças como modelo de fé para os adultos.
ယေသျှုက "သငယ်တိကို ငါ့ပါးသို့ လာခွင့်ပြုလိုက်ပါ၊ သူရို့ကို မတားဆီးကတ်ကေ့။ ဇာကြောင့်လဲဆိုကေ၊ ကောင်းကင်နိုင်ငံတော်သည် သူရို့အတွက် ဖြစ်တေ" ဟု မိန့်တော်မူ၏။
အကြီးမြတ်ဆုံးသူ
ထိုအချိန်၌ တပည့်တော်ရို့သည် ယေသျှုထံပါးသို့ ရောက်လာကြပြီးလျှင် "ကောင်းကင်နိုင်ငံတော်မှာ ဇာသူသည် အကြီးဆုံးဖြစ်ပါလဲ" ဟု မိန်းကြ၏။
ယေသျှုက သူငယ်တစ်ယောက်ကို ခေါ်၍ တပည့်တော်တိရှိ့မှာ ရပ်ခိုင်းထားပြီးလျှင် "သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့သည် သူငယ်တိကဲ့သို့ မပြောင်းလဲလျှင် ကောင်းကင်နိုင်ငံသို့ လုံးဝ ဝင်ရကြလိမ့်မည် မဟုတ်။ ဤသူငယ်ကဲ့သို့ မိမိကိုယ်ကို နှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော်၌ အကြီးဆုံးသောသူ ဖြစ်၏။
ပျောက်သည့်သိုး ဥပမာ
"သင်ရို့သည် ဤသူငယ်များထဲက ဇာသူတစ်ဦး တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုစီခြင်းငှာ သတိထားကတ်ပါ။ သင်ရို့ကို ငါဆိုသည်ကား သူရို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ငါ့အဖ၏ရှိ့မှာ အမြဲတမ်း ခစားနိန်ကြ၏။
ယဇ်ပရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများသည် ကိုယ်တော်ပြုတော်မူသော အံ့သြဘွယ်အရာများကို မြင်၍ လည်းကောင်း၊ ဗိမာန်တော်ထဲမှာ ဟိနိန်ကြသောသူငယ်တိက "ဒါဝိဒ်၏သားတော်အဖို့ ဟောသျှဏ္ဏဖြစ်ပါစီ" ဟု ကြွေးကြော်နိန်ကြသည်ကို မြင်ရ၍လည်းကောင်း၊ ဒေါသထွက်လာကြ၏။ ထို့ကြောင့် သူရို့က "ဤသူငယ်တိ၊ ဇာပိုင် အော်နိန်ကြသည်ကို သင်ကြားသလား" ဟု ယေသျှုကို မိန်းကြ၏။
ယေသျှုက "ငါ အမှန်ပင် ကြား၏၊ ‘ကိုယ်တော်သည် နိ့စို့သူငယ်တိနှင့် အချေတိကို ကျေးဇူးတော် ချီးမွမ်းတတ်စီရန် သင်ကြားပီးလေပြီ’ ဟု ကျမ်းစာမှာ ရီးထားသည်ကို သင်ရို့ မဖတ်ဖူးကတ်လား" ဟု ယေသျှုက ပြော၏။
ငါ အမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို အသျှေတစ်ယောက်ပိုင် မခံယူတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ မရောက်" ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် အသျှေရို့ကို ပွိ့ဖက်ပြီးလျှင်၊ သူရို့ထက်၌ လက်တော်ကို တင်လျက် ကောင်းကြီးပီးတော်မူ၏။
ထို့နောက် ကိုယ်တော်သည် အသျှေတစ်ယောက်အား ခေါ်၍ သူရို့ရှိ့၌ ထားပြီးမှ၊ ထိုအသျှေကို ဖက်လျက်၊ "ငါ၏နာမကို ထောက်၍ ဤပိုင် အသျှေရို့ထဲက တစ်ယောက်ယောက်ကို လက်ခံသောသူသည် ငါ့ကို လက်ခံ၏။ ငါ့ကို လက်ခံသောသူက ငါ့ကိုသာ လက်ခံသည် မဟုတ်၊ ငါ့ကို စီရွှတ်တော်မူသော အသျှင်ကိုလည်း လက်ခံခြင်း ဖြစ်၏" ဟု မိန့်တော်မူ၏။
Instruir e proteger
Instrui a criança no caminho de Deus. Elas são herança do Senhor — presentes sagrados que devemos educar com amor.
သားသမီးရို့၊ အရာရာ၌ မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ဤအမှုသည် ဘုရားသခင် နှစ်သက်သောအမှု ဖြစ်၏။
မိဘရို့၊ သင်ရို့သားသမီးတိကို စိတ်ဆိုးအောင် မပြုမူကတ်ကေ့။ ထိုသို့ပြုလျှင် သူရို့သည် အားလျော့စိတ်ပျက်ကြလိမ့်မည်။
သားသမီးနှင့် မိဘများ
သားသမီးရို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ သင်ရို့ မိဘရို့၏ စကားကို နားထောင်ကြလော့၊ ထိုသို့ ပြုခြင်းသည် သားသမီးများအဖို့ ပြုအပ်သည့်ဝတ် ဖြစ်၏။ သမ္မာကျမ်းစာ၌ "သင်၏ မိဘကို ရိုသီစွာပြုလော့" ဟူသော ပညတ်သည် ကတိတော်နှင့်ဆိုင်သော ပထမဆုံးသော ပညတ်ဖြစ်၏။ ထိုသို့ပြုလျှင် "သင်သည် ကောင်းစားလျက် မြီကြီးထက်တွင် အသက်ရှည်လိမ့်မည်" ဟု ဖော်ပြ၏။
မိဘရို့၊ သားသမီးရို့ကို စိတ်ဆိုးစီခြင်းငှာ မပြုကတ်ကေ့။ ထိုသို့ ပြုမည့်အစား၊ သူရို့အား သခင်ဘုရား၏ အလိုတော်နှင့်အညီ ပြုစုပျိုးထောင်ကြလော့။