Dificuldades
As dificuldades são parte da vida, mas Deus é refúgio certo em todo tempo de angústia. A Bíblia promete que nenhuma adversidade pode separar os filhos de Deus do seu amor.
Deus é refúgio
Deus é nosso refúgio e fortaleza, socorro bem presente nas angústias. Nada poderá nos separar do amor de Cristo.
သို့ဖြစ်၍ ဇာသူသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာမှ ငါရို့ကို ကွာဝီးစီနိုင်မည်နည်း။ ဒုက္ခနှင့် ကြုံတွိ့ရခြင်း၊ အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်း၊ ညှဉ်းဆဲခံရခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ဆင်းရဲခြင်း၊ အန္တရာယ်နှင့် ကြုံတွိ့ရခြင်း၊ အသီသတ်ခံရခြင်း စသည့်အရာများသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာမှ ငါရို့ကို ကွာဝီးစီနိုင်မည်လော။ ကျမ်းစာ၌၊
"ကိုယ်တော်အတွက် အကျွန်ရို့သည် အချိန်တိုင်း၌ အသီသတ်ခြင်းကို ခံနိန်ကြရပါ၏၊
သတ်ဖို့ရန်ထားသော သိုးကဲ့သို့ အကျွန်ရို့ကို ထင်မှတ်ကြပါ၏" ဟု လာသတည်း။
မကွာဝီးသည်သာမက၊ ငါရို့သည် ခပ်သိမ်းသောဤအမှုတိကို ကြုံတွိ့ရကြသောအခါ ငါရို့ကို ချစ်တော်မူသော အသျှင်အားဖြင့် လုံးဝ အောင်မြင်မှုကို ရဟိကြ၏။ အကြောင်းမူကား၊ သီခြင်းဖြစ်စီ၊ အသက်ရှင်ခြင်းဖြစ်စီ၊ ကောင်းကင်တမန်ဖြစ်စီ၊ အကာသကို အစိုးရသောသူဖြစ်စီ၊ တန်ခိုးသျှင်ဖြစ်စီ၊ မျက်မှောက်အရာဖြစ်စီ၊ နောင်လာလတ္တံ့သောအရာဖြစ်စီ၊ ဤလောက၏အမြင့်ဖြစ်စီ၊ အနိမ့်ဖြစ်စီ၊ ဖန်ဆင်းထားသမျှသောအရာ အားလုံးထဲက မည်သည့်အရာမျှ ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် ခံရသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါရို့ကို မကွာစီနိုင်ဟု ငါသည် ယုံကြည်စိတ်ချလျက်ဟိ၏။
Provisão nas dificuldades
O Senhor provê mesmo nos tempos mais difíceis. Ele sustentou Elias, protegeu Israel e cuida dos seus com fidelidade eterna.
Força nas provas
Em tudo somos atribulados, mas não esmagados. O Senhor é bom e é fortaleza no dia da angústia — Ele conhce os seus.
ငါရို့သည် မကြာခဏ ဆင်းရဲဒုက္ခ ရောက်ကြသော်လည်း နာလန်မထူနိုင်အောင် ဖြစ်သည် မဟုတ်။ တစ်ခါတရံ ဝေခွဲမရ ဖြစ်နိန်သော်လည်း မည်သည့်အခါမျှ စိတ်မပျက်။ ငါ့ရို့၌ ရန်သူအများ ဟိသော်လည်း မိတ်ဆွီကင်းမဲ့သည် ဟူ၍မဟိ။ အလဲထိုး ခံရသော်လည်း ဆုံးရှုံးခြင်းသို့မရောက်။
ယေသျှုကလည်း "သင်ရို့သည် ဇာဖြစ်လို့ အကြောက်လွန်နိန်ကတ်လဲ၊ အလွန် ယုံကြည်ခြင်း နည်းကတ်တေကား" ဟု ဆိုပြီးနောက် အိပ်ရာမှ ထ၍ မုန်တိုင်းနှင့် ရီလှိုင်းကို ရပ်တန့်ရန် အမိန့်ပီးလိုက်သဖြင့် လီပြင်းမုန်တိုင်သည် ငြိမ်သက်လားလေ၏။
လူတိသည် အလွန်အံ့ဩကြသည်ဖြစ်၍ "ဤသူကား ဇာပိုင်လူလဲ၊ လီနှင့် လှိုင်းတိတောင် သူ့အမိန့်ကို နာခံကတ်တေကား" ဟု ပြောကြ၏။
ယုံကြည်ခြင်း အားနည်းသူရို့၊ ဤနိ့မြင်၍ နက်ဖြန်ခါ မီးဖိုထဲသို့ ချရမည့် မြက်ရိုင်းပန်းတိကိုတောင်မှ ဤသို့သောအဝတ်နှင့် ဝတ်ဆင်ပီးသော ဘုရားသခင်သည် သာ၍ လှပသောအဝတ်များနှင့် သင်ရို့ကို ဝတ်ဆင်ပီးလိမ့်မည် မဟုတ်ပါလား။
"ထို့ကြောင့် ‘ငါ ဇာပိုင်စားရဖို့လဲ၊ ဇာပိုင် သောက်ရဖို့လဲ၊ ဇာပိုင် ဝတ်ရဖို့လဲ’ ဆိုသည်ကို မစိုးရိမ်ကတ်ကေ့။
မိန်းမသည် တောကန္တာရ၌ ဘုရားသခင် ပျင်ဆင်ထားတော်မူသော အရပ်သို့ ထွက်ဗြီးလေ၏။ ထိုအရပ်တွင် သူမသည် ရက်ပေါင်း ��,������ အထိ ပြုစုစောင့်ရှောက်ခြင်းကို ခံရ၏။
နားထောင်ကတ်၊ မြွီဆိုးတိ၊ ကင်းမီးကောက်တိကို နင်းလားနိုင်ခြင်းငှာ လည်းကောင်း၊ ရန်သူ၏တန်ခိုးအားလုံးကို အောင်နိုင်ခြင်းငှာလည်းကောင်း အခွင့်အာဏာကို သင်ရို့အား ငါ ပီးအပ်ထားပြီးဖြစ်၏။ သို့ဖြစ်၍ သင်ရို့အား ဇာအရာကလည်း နာကြင်အောင် မလုပ်နိုင်။