Doença
A doença é realidade humana que a Bíblia confronta com compaixão e poder. Jesus curou toda enfermidade e prometeu ouvir a oração da fé pelos enfermos.
Jesus, o curador
Jesus percorreu toda a Galileia curando toda enfermidade e doença entre o povo. Pelo seu nome, curas continuam acontecendo.
ယေသျှုသည် လူတိအား သနားတော်မူခြင်း
ယေသျှုသည် အားလုံးသော မြို့များနှင့် ကျေးလက်တောရွာများကို လှည့်လည်၍ ကြွချီတော်မူ၏။ ကိုယ်တော်သည် တရားဇရပ်များ၌ ဆုံးဩဝါဒ ပီးတော်မူ၍ နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောကြားပြီးလျှင် မကျန်းမာသောသူတိနှင့် အနာရောဂါအမျိုးမျိုး ခံစားနိန်ရသောသူရို့ကို ကျန်းမာစီတော်မူ၏။
မကျန်းမာသောသူတိကို ကျန်းမာစီကြလော့၊ သီနိန်သောသူတိကို ထမြောက်စီကြလော့၊ နူနာစွဲနိန်သောသူတိကို ပျောက်ကင်းစီကြလော့၊ ပြီးနောက် နတ်ဆိုးတိကို နှင်ထုတ်ကြလော့။ သင်ရို့သည် အဖိုးအခမပီးဘဲ ရထားကြသည်ဖြစ်သောကြောင့်၊ အဖိုးအခမယူဘဲ ပြန်ပီးကြလော့။
မကျန်းမာသောသူတိကို ကျန်းမာစီကြလော့၊ သီနိန်သောသူတိကို ထမြောက်စီကြလော့၊ နူနာစွဲနိန်သောသူတိကို ပျောက်ကင်းစီကြလော့၊ ပြီးနောက် နတ်ဆိုးတိကို နှင်ထုတ်ကြလော့။ သင်ရို့သည် အဖိုးအခမပီးဘဲ ရထားကြသည်ဖြစ်သောကြောင့်၊ အဖိုးအခမယူဘဲ ပြန်ပီးကြလော့။
ညအချိန်ရောက်သောခါ၌ နတ်ဆိုးပူးနိန်သောသူတိကို ယေသျှုပါးသို့ ခေါ်ယူလာကြ၏။ ယေသျှုသည် နတ်ဆိုးတိကို စကားတစ်ခွန်းတည်းဖြင့် အမိန့်ပီး မောင်းထုတ်လိုက်သည်နှင့် ထိုသူအားလုံး ကျန်းမာကြလေ၏။ "အကျွန်ရို့၌ ဟိသော ဖျားနာခြင်းတိကို သူကိုယ်တိုင် နုတ်ယူ၍ အကျွန်ရို့၏ ရောဂါတိကိုလည်း ဖယ်ယှားပစ်လိမ့်မည်" ဟု ပရောဖက်ဟေသျှာယ ဟောထားခသော ကျမ်းစကားသည် ပြည့်စုံလာခြင်းသို့ ရောက်လေ၏။
ငါသည် အဝတ်လိုအပ်သောအခါ၊ သင်ရို့သည် ငါ့အား အဝတ်ကို ဝတ်ပီးခကြ၏၊ ငါ ဖျားနာနိန်စဉ်က သင်ရို့သည် ငါ့အား ပြုစုစောင့်ယှောင့်ကြ၏။ ငါသည် ထောင်ကျခံနိန်ရစဉ်က သင်ရို့သည် ငါ့ကို လာတွိ့ကြ၏။’
"ထိုအခါ ဖြောင့်မတ်သောသူရို့က ‘အသျှင်ဘုရား၊ အကျွန်ရို့သည် ဇာအချိန်အခါ၌ အသျှင်ဘုရား ဝမ်းဆာနိန်သည်ကို မြင်၍ ကျွေးမွီးခပါလဲ။ ဇာအချိန်အခါ၌ အသျှင်ဘုရား ရီသောက်ငတ်နိန်သည်ကို မြင်၍ သောက်စရာကို ပီးဖူးခပါလဲ။ ဇာအချိန်အခါ၌ အသျှင်ဘုရား ဧည့်သည် ဖြစ်နိန်ခသည်ကို မြင်၍ အကျွန်ရို့သည် ကိုယ်တော့်ကို ဖိတ်ခေါ်ခပါလဲ။ ဇာအချိန်အခါ၌ အသျှင်ဘုရား အဝတ် လိုအပ်သည်ကို မြင်၍ အကျွန်ရို့သည် ကိုယ်တော့်ကို အဝတ် ဝတ်ပီးခပါလဲ။ ဇာအချိန်အခါ၌ အသျှင်ဘုရား ဖျားနာနိန်ခသည်ကိုလည်းကောင်း၊ ထောင်ကျနိန်ခသည်ကိုလည်းကောင်း ကျွန်ရို့သည် မြင်၍ လာတွိ့ဖူးပါလဲ’ ဟု လျှောက်ကြသောအခါ သျှင်ဘုရင်က ‘သင်ရို့ကို ငါ အမှန် ဆိုသည်ကား၊ ဤသို့သော ငါ၏ညီအစ်ကို မောင်နှမတိထဲက အငယ်ဆုံးသောသူတစ်ယောက်ကို ပြုစုခြင်းသည် ငါ့အား ပြုစုခြင်းဖြစ်၏’ ဟု မိန့်တော်မူလိမ့်မည်။
ကိုယ်တော်သည် ထိုစကားကို ကြားလျှင် "ကျန်းမာသောသူရို့သည် ဆီးသမားကို အလိုမဟိ၊ မကျန်းမာသော လူတိရာ အလိုဟိကြ၏။ ငါ ကြွလာသည်ကား၊ အရိုအသီခံရသော လူတိအတွက် လာသည် မဟုတ်၊ အပယ်ခံရသောလူတိနှင့် ဆိုးသွမ်းသောလူတိအတွက် ငါ ကြွလာခြင်းဖြစ်၏" ဟု မိန့်တော်မူ၏။
ထိုမြို့၌ဟိသော လူမမာတိကို ကျန်းမာစီပြီးလျှင် ထိုအရပ်၌ဟိသော လူရို့အား ဘုရားသခင်၏ နိုင်ငံတော်တည်ချိန် နီးပြီဖြစ်ကြောင်း ဟောပြောကြလော့။
ယေသျှုက တပည့်တော် တစ်ဆယ့်နှစ်ပါးကို ရွှတ်တော်မူခြင်း
ယေသျှုသည် တပည့်တော် တစ်ဆယ့်နှစ်ပါးကို ခေါ်တော်မူပြီးလျှင် နတ်ဆိုးအပေါင်းကို နှင်ထုတ်ရန်နှင့် အနာရောဂါများကို ပျောက်ကင်းစီနိုင်သော တန်ခိုးအာဏာကို ပီးအပ်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် သူရို့အား ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရန်နှင့် ဖျားနာသူများကို ကျန်းမာစီရန် ရွှတ်တော်မူပြီးလျှင်၊
Promessas de cura
Eu sou o Senhor que te sara. As Escrituras prometem cura para o corpo e para a alma aos que confiam em Deus.
အဆွီ၊ သင်၏ စိတ်ဝိညာဉ် တိုးတက်ကြီးပွားသကဲ့သို့ အရာရာ၌ တိုးတက်ကြီးပွား၍ ကျန်းမာစီရန် ငါဆုတောင်း၏။
Oração pelos doentes
A oração da fé salvará o enfermo. Confessai as ofensas uns aos outros e orai uns pelos outros para serdes curados.
သင်ရို့၌ မကျန်းမမာသောသူ ဟိလျှင်၊ ထိုသူသည် အသင်းတော် အကြီးအကဲရို့ကို ခေါ်၍ သူရို့သည် သူ့ကို ဆီလူးကာ သခင်ဘုရား၏နာမတော်၌ ဆုတောင်းပီးကြစီ။ ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းသည် လူနာကို ကျန်းမာစီလိမ့်မည်။ သခင်ဘုရားသည်လည်း သူ့ကို ထူမတော်မူလိမ့်မည်။ သူရို့သည် အပြစ်ကို ပြုမှားမိခလျှင်လည်း ထိုသူ့ရို့ကို ခွင့်ရွှတ်တော်မူလိမ့်မည်။
သင်ရို့၌ မကျန်းမမာသောသူ ဟိလျှင်၊ ထိုသူသည် အသင်းတော် အကြီးအကဲရို့ကို ခေါ်၍ သူရို့သည် သူ့ကို ဆီလူးကာ သခင်ဘုရား၏နာမတော်၌ ဆုတောင်းပီးကြစီ။ ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းသည် လူနာကို ကျန်းမာစီလိမ့်မည်။ သခင်ဘုရားသည်လည်း သူ့ကို ထူမတော်မူလိမ့်မည်။ သူရို့သည် အပြစ်ကို ပြုမှားမိခလျှင်လည်း ထိုသူ့ရို့ကို ခွင့်ရွှတ်တော်မူလိမ့်မည်။
သို့ဖြစ်၍ သင်ရို့သည် ကျန်းမာခြင်းကို ရစီမည့်အကြောင်း တစ်ယောက်ကို တစ်ယောက် မိမိရို့၏ အပြစ်များကို ဖော်ပြဝန်ခံလျက် တစ်ယောက်ကို တစ်ယောက် ဆုတောင်းပီးကြလော့။ ဖြောင့်မတ်သောသူတစ်ယောက်၏ ဆုတောင်းပတ္ထနာသည် အလွန်တန်ခိုးပါ၍ အကျိုးဟိ၏။
ငါမြင်ရသည့် ဗျာဒိတ်တော်သည် အလွန် ထူးမြတ်သောကြောင့် ငါ့ကို ထောင်လွှားခြင်း မပြုစီရန် ငါ၏ ခန္ဓာတွင် နာကြင်စီသော ဆူးတစ်ခုကို ပီး၏။ ထိုဆူးသည် စာတန်၏ စီတမန်သဖွယ် ငါ့ကို ဒဏ်ခတ်၍ ငါ၏မာနကို ချိုးနှိမ်၏။ ထိုအရာကို ငါ့ပါးမှ ဖယ်ယှားပီးရန် သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါ ဆုတောင်းခ၏။ သို့သော် ကိုယ်တော်က "ငါ၏ ကျေးဇူးတော်သည် သင့်အတွက် လုံလောက်ပေသည်။ အကြောင်းမူကား ငါ၏တန်ခိုးသည် အားနည်းခြင်းကို ပြည့်စုံစီ၏" ဟု ဖြေကြားတော်မူ၏။ သို့ဖြစ်၍ ခရစ်တော်၏ တန်ခိုးတော်သည် ငါ၌ တည်နိန်သည်ဖြစ်၍ ငါ၏အားနည်းချက်များနှင့်ပတ်သက်၍ ငါသည် အလွန်ဝမ်းမြောက်စွာ ဝါကြွားလိမ့်မည်။ ခရစ်တော်အဖို့အလို့ငှာ ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ဒုက္ခခံရခြင်း၊ ညှည်းဆဲခံရခြင်း၊ ခက်ခဲခြင်းဝေဒနာများကို ငါနှစ်သက်၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ၌ သာ၍ ခွန်အားဟိတော်မူ၏။
Esperança na aflição
Ele tomou sobre si as nossas enfermidades. Mesmo na doença, o coração alegre serve de bom remédio e Deus dá esperança.
ငါသည် ပထမဆုံးအကြိမ် သင်ရို့အား သတင်းကောင်းကို ဟောပြောရခြင်းသည် ငါနာမကျန်းသောကြောင့် ဖြစ်သည်ကို သင်ရို့သိကြ၏။ သို့ရာတွင် ငါ၏ ကိုယ်ကာယ အခြေအနေကြောင့် သင်ရို့အတွက် အနှောက်အယှက်ဖြစ်သော်လည်း သင်ရို့သည် ငါ့အား အထင်သေးခြင်း၊ ငြင်းပယ်ခြင်းများကို မပြုကတ်။ သင်ရို့သည် ငါ့အား ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ လည်းကောင်း၊ ခရစ်တော်ယေသျှုကဲ့သို့ လည်းကောင်း လက်ခံကြ၏။
သင်သည် မကြာခဏ မကျန်းမမာ ဖြစ်တတ်သည်ဖြစ်၍ ရီကိုချည်း မသောက်ဘဲ အစာကြီဖို့ရန်အတွက် စပျစ်ရည် အနည်းငယ်ကို သုံးဆောင်လော့။
ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ" ဟု ဆို၏။