Pular para o conteúdo
Publicidade

Domínio próprio

Por Bíblia Online

Governar a própria vontade exige esforço diário, mas essa firmeza não nasce de uma força puramente humana. Quando você decide vigiar os próprios passos, as palavras e os desejos, percebe que a maturidade espiritual se manifesta justamente na capacidade de parar, respirar e recusar o impulso que tenta governar suas atitudes.

A Escritura mostra que o equilíbrio diante das pressões da vida diária é o resultado natural de uma vida moldada por Deus. Encontre nas palavras abaixo a direção necessária para manter a sobriedade, resistir aos impulsos do momento e viver com a serenidade que vem do alto.

O domínio próprio é fruto do Espírito e marca de maturidade espiritual. A Bíblia ensina que quem governa o próprio espírito é melhor do que quem conquista uma cidade.

Fruto do Espírito

O fruto do Espírito inclui domínio próprio. A graça de Deus nos ensina a viver de maneira sóbria e justa neste mundo.

ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။-

အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ရှိ​သော မျှော်​လ​င့်​ရာ​ကို​လည်း​ကောင်း၊ ကြီး​မြတ်​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘုန်း​အ​သ​ရေ​တော် ထင်​ရှား​ပေါ်​ထွန်း​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​သည် မျှော်​လ​င့်​လျက်၊ ဘု​ရား​မဲ့ တ​ရား​မဲ့​နေ​ခြင်း၊ လော​ကီ​တပ်​မက်​ခြင်း​ကို ပယ်​ရှား​လျက်၊ ယ​ခု​ဘ​ဝ၌ ဣ​န္ဒြေ​စောင့်​ခြင်း၊ တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌​မွေ့​လျော်​ခြင်း​တို့​ကို ပြု​နေ​ရ​မည်​အ​ကြောင်း၊ ငါ​တို့​ကို ဆုံး​မ​သွန်​သင်၍၊ လူ​အ​ပေါင်း​တို့​ကို ကယ်​တင်​တတ်​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​သည် ထင်​ရှား ပေါ်​ထွန်း​လျက်​ရှိ၏။-

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ကြောက်​တတ်​သော စိတ်​သ​ဘော​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​မ​ဟုတ်၊ တန်​ခိုး​ပါ​သော​စိတ်၊ ချစ်​တတ်​သော​စိတ်၊ ရှင်း​လင်း​သော​စိတ်​သ​ဘော​ကို ပေး​တော်​မူ၏။-

ထို​သို့​အ​လို​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ သီ​လ​ကို​လည်း​ကောင်း၊ သီ​လ၌ ပ​ညာ​ကို​လည်း​ကောင်း၊- ပ​ညာ၌ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ကို​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း၌ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း၊ သည်း​ခံ​ခြင်း၌ ဘု​ရား​ဝတ်​ကို​ပြု၍ မွေ့​လျော်​ခြင်း​ကို​လည်း​ကောင်း၊- ထို​မွေ့​လျော်​ခြင်း၌ ညီ​အစ်​ကို​စုံ​မက်​ခြင်း​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက်​ခြင်း၌ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​လွန်​ကြိုး​စား​အား​ထုတ်၍ ထပ်​ဆင့်​ကြ​လော့။-

Governar a si mesmo

Melhor é o que domina o seu espírito do que o que toma uma cidade. A cidade sem muros é o homem sem domínio próprio.

စိတ်​ရှည်​သော​သူ​သည် ခွန်​အား​ကြီး​သော​သူ​ထက်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​ချုပ်​တည်း​သော​သူ​သည် မြို့​ကို​တိုက်​ယူ​သော သူ​ထက်​လည်း​ကောင်း သာ၍​ကောင်း၏။

ကိုယ်​စိတ်​ကို မ​ချုပ်​တည်း​နိုင်​သော​သူ​သည် မြို့​ရိုး​ပြို​ပျက်၍ ဟင်း​လင်း​ရှိ​သော​မြို့​နှင့် တူ၏။

မိုက်​သော​သူ​သည် မိ​မိ​ကြံ​စည်​သ​မျှ​ကို ဖော်​ပြ​တတ်၏။ ပ​ညာ​ရှိ​သော​သူ​မူ​ကား၊ အ​ဆင်​မ​သင့်​မီ ထိမ်​ဝှက်​တတ်၏။

စ​ကား​များ​သော​အား​ဖြင့် အ​ပြစ်​ပါ​တတ်၏။ မိ​မိ​နှုတ်​ကို​ချုပ်​တည်း​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

မြေ​တ​လင်း၌​ပြိုင်၍ ပြေး​ကြ​သော​သူ​အ​ပေါင်း​တို့​သည် ပြိုင်၍ ပြေး​ကြ​သော်​လည်း၊ တစ်​ယောက်​တည်း​သာ​လျှင် ဆု​ကို​ရ​သည်​ဟု သင်​တို့​မ​သိ​ကြ​သ​လော။ ဆု​ကို​ရ​မည်​အ​ကြောင်း ပြေး​ကြ​လော့။- ပွဲ၌​ပြိုင်၍ အ​ချင်း​ချင်း​တိုက်​သော သူ​မည်​သည်​ကား၊ အ​ရာ​ရာ၌ တပ်​မက်​ခြင်း​ကို ချုပ်​တည်း​တတ်၏။ ထို​သူ​တို့​သည် ညှိုး​နွမ်း​ပျက်​စီး​တတ်​သော ပန်း​ဦး​ရစ်​ကို ရ​ခြင်း​အ​လို​ငှာ​ပြု​ကြ၏။ ငါ​တို့​မူ​ကား မ​ညှိုး​နွမ်း မ​ပျက်​စီး​နိုင်​သော ပန်း​ဦး​ရစ်​ကို ရ​ခြင်း​အ​လို​ငှာ ပြု​ကြ၏။- ထို​ကြောင့် ငါ​ပြေး​သော​အ​ခါ၊ အ​မှတ်​တ​မဲ့ ပြေး​သည်​မ​ဟုတ်၊ လက်​ပွေ့​သတ်​သော​အ​ခါ အာ​ကာ​သ ကောင်း​ကင်​ကို​သာ ထိုး၍ သတ်​သည်​မ​ဟုတ်။- သူ​တစ်​ပါး​ကို ဆုံး​မ​ပြီး​မှ ကိုယ်​တိုင်​ရှုံး​သော​သူ မ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ကိုယ်​ကို​ထိုး၍ နှိပ်​စက်​လေ့​ရှိ၏။

သို့​သော်​လည်း၊ ကာ​မ​ဂုဏ်​ကို မ​ချုပ်​တည်း​နိုင်​လျှင် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို ပြု​ကြ​စေ။ ကိ​လေ​သာ​စိတ် ပူ​ပန်​ခြင်း​ရှိ​သည်​ထက် ထိမ်း​မြား​စုံ​ဖက်​ခြင်း ပြု​သော် သာ၍​ကောင်း၏။

လူ၌​ဖြစ်​တတ်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​သည် ခံ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့ မ​ခံ​နိုင်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့၌ ရောက်​စိမ့်​သော​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင်​တို့​သည် ခံ​နိုင်​မည်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ထွက်​မြောက်​သော​လမ်း​ကို​လည်း စီ​ရင်​ပြု​ပြင်​တော်​မူ​လိမ့်​မည်။

Disciplina e vigilância

Sede sóbrios e vigilantes. O diabo anda em derredor como leão rugidor. A sobriedade nos protege e fortalece.

သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။- သို့​ဖြစ်၍၊ လူ​ပြည်​အ​ရပ်​ရပ်​တို့၌​ရှိ​သော သင်​တို့ ညီ​အစ်​ကို​များ​တို့​သည် ထို​သို့​သော​ဆင်း​ရဲ​ကို ခံ​ရ​ကြ​သည်​ဟု သိ​မှတ်​လျက်၊ ယုံ​ကြည်​ခြင်း၌​တည်၍ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။

ဘ​ဏ္ဍာ​စိုး​ကောင်း

ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် အ​ဆုံး​သို့​ရောက်​လု​သည် ဖြစ်​သော​ကြောင့်၊ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ဆု​တောင်း​ခြင်း​အ​လို​ငှာ စောင့်​နေ​ကြ​လော့။-

ဘု​ရား​သ​ခင်​အ​တွက်​အ​သက်​ရှင်​ခြင်း

ထို​သို့​ခ​ရစ်​တော်​သည် ကိုယ်​ခ​န္ဓာ​တော်၌ ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​မှန်​သော​ကြောင့်၊ သင်​တို့​လည်း ထို​သို့​သော​သ​ဘော​ကို လက်​နက်​ပြု၍ သုံး​စွဲ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ခ​န္ဓာ၌​ခံ​သော​သူ​သည် ဒု​စ​ရိုက်​တို့​နှင့် လွတ်​ငြိမ်း​သည်​ဖြစ်၍၊- နောက်​တစ်​ဖန် သူ​တို့၏ တပ်​မက်​ခြင်း​တ​ရား​ကို မ​ကျင့်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း​ကျင့်​လျက်၊ ကိုယ်​ခ​န္ဓာ​အ​သက်​အ​ပိုင်း​အ​ခြား ကျန်​ရစ်​သော​ကာ​လ​ကို လွန်​စေ​တတ်၏။- သာ​သ​နာ​ပ​လူ​တို့၏ အ​လို​သို့​လိုက်၍၊ ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ ကာ​မ​တပ်​မက်​ခြင်း၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း၊ ပွဲ​လုပ်​ခြင်း၊ သောက်​ကြူး​ခြင်း၊ အ​ဓ​မ္မ​ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း၌ ကျင်​လည်၍၊ ငါ​တို့​လွန်​စေ​ပြီး​သော အ​သက်​ကာ​လ​သည် ငါ​တို့​အား လောက်​ပေ၏။- ယ​ခု​မှာ သင်​တို့​သည် သူ​တို့​နှင့်​အ​တူ မ​ဆက်​ဆံ၊ ကာ​မ​ဂုဏ်၌ လွန်​ကျူး​ညစ်​ညူး​စွာ မ​ပြု​သည်​အ​ရာ​ကို သူ​တို့​သည်​အံ့​ဩ၍ ကဲ့​ရဲ့​တတ်​ကြ၏။- သို့​ဖြစ်၍၊ အ​သက်​ရှင်​သော သူ​တို့​ကို​လည်း​ကောင်း၊ သေ​သော​သူ​တို့​ကို​လည်း​ကောင်း တ​ရား​စီ​ရင်​ခြင်း​ငှာ အ​သင့်​ရှိ​တော်​မူ​သော​သူ ရှေ့၌၊ ထို​သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-

ဘု​ရား​သ​ခင်​ကို​မ​သိ​သော သာ​သ​နာ​ပ​လူ​တို့​သည် ကိ​လေ​သာ တပ်​မက်​ခြင်း​ရှိ​သ​ကဲ့​သို့ မ​ရှိ၊- သင်​တို့​အ​ပေါင်း​သည် သန့်​ရှင်း​ခြင်း၊ အ​သ​ရေ​တင့်​တယ်​ခြင်း​နှင့် မိ​မိ​ကိုယ်​ကို​မိ​မိ ထိန်း​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

O senhorio de Cristo

Todo domínio pertence a Cristo. Ele é Senhor dos senhores e Rei dos reis — e nos capacita a viver em santidade.

နိုင်​ငံ​တော်​အ​ရပ်​ရပ်၌ စီ​ရင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။

ကိုယ်​တော်၏​နိုင်​ငံ​သည် နိ​စ္စ​ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၍၊ အာ​ဏာ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​ရ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် လဲ​သော​သူ​ရှိ​သ​မျှ​တို့​ကို ထောက်​မ​တော်​မူ၏။

ထို​ည​အ​ခါ ငါ​သည် အာ​ရုံ​ပြု၍၊ လူ​သား​နှင့် တူ​သော​သူ​တစ်​ဦး​သည် မိုး​တိမ်​ကို​စီး​လျက်၊ အ​သက်​ကြီး​သော သူ၏​အ​ထံ​တော်​သို့ ရောက်​လာ၏။ ထို​သူ​ကို အ​ထံ​တော်​ပါး​သို့​သွင်း​ကြ၏။အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​မျိုး​တ​ကာ​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ၊ ထို​သူ​သည် နိုင်​ငံ​နှင့်​တ​ကွ အာ​ဏာ​စက်​တန်​ခိုး​ကို​ရ၏။ အာ​ဏာ​စက်​တော်​သည် က​မ္ဘာ​အ​ဆက်​ဆက် တည်၏။ နိုင်​ငံ​တော်​သည် ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်​ရာ။

မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ၌​ပြု​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ နိ​မိတ်​လ​က္ခ​ဏာ​တော်​သည် အ​လွန်​ကြီး​ပေ၏။ အံ့​ဖွယ်​သော အ​မှု​တော်​လည်း တန်​ခိုး​နှင့်​ပြည်​စုံ​ပေ၏။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၏။ အာ​ဏာ​စက်​တော်​လည်း က​မ္ဘာ​အ​ဆက်​ဆက် တည်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။ ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။

မှောင်​မိုက်​တန်​ခိုး​မှ​လည်း ငါ​တို့​ကို​နုတ်၍၊ ချစ်​တော်​မူ​သော သား​တော်၏​နိုင်​ငံ​ထဲ​သို့ သွင်း​တော်​မူ၏။- ထို​သား​တော်၏ အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။

ထို​တန်​ခိုး​တော်​ကား၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ၍ ခ​ရစ်​တော်၌​ပြု​ပြင်​သော မ​ဟာ​တန်​ခိုး အာ​နု​ဘော်​အ​ရှိန်​ကဲ့​သို့​ဖြစ်၏။- ခပ်​သိမ်း​သော အ​ထွတ်​အ​မြတ်၊ အာ​ဏာ​စက်၊ တန်​ခိုး၊ အ​စိုး​ရ​ခြင်း​မှ​စ၍ ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ၌ ခေါ်​ဝေါ်​သ​မုတ်​သော ဘွဲ့​နာ​မ​အ​လုံး​စုံ​တို့​အ​ထက်၊ ကောင်း​ကင်​အ​ရပ်၌ မိ​မိ​လက်​ယာ​တော်​ဘက်​မှာ အ​လွန်​မြင့်​မြတ်​သော​နေ​ရာ​ကို ခ​ရစ်​တော်​အား ပေး​တော်​မူ၍၊-

ငါ​တို့​ကျင့်​သော အ​ကျင့်​မူ​ကား၊ ကောင်း​ကင်​ဘုံ​နှင့် စပ်​ဆိုင်​လျက်​ရှိ၏။ ကယ်​တင်​တော်​မူ​သော​အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​တော်​မူ​မည်​ဟု ငါ​တို့​သည် မျှော်​လ​င့်​လျက်​နေ​ကြ၏။- ထို​သ​ခင်​သည် ခပ်​သိမ်း​သော​အ​ရာ​ကို​ပင် မိ​မိ​အောက်၌ နှိမ့်​ချ​နိုင်​တော်​မူ​သော ပြု​ပြင်​အား​ထုတ်​ခြင်း​အား​ဖြင့် ယုတ်​ညံ့​သော ငါ​တို့၏ ကိုယ်​ခ​န္ဓာ​ကို​ပင်၊ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော ကိုယ်​ခ​န္ဓာ​တော်၏​နည်း​တူ ဖြစ်​စေ​ခြင်း​ငှာ အ​သစ် ပြင်​ဆင်​တော်​မူ​လ​တ္တံ့။

သေ​ခြင်း​တ​ရား​သည် နောက်​တစ်​ဖန် ကိုယ်​တော်​ကို မ​အုပ်​စိုး​ရ​သည်​ကို ထောက်​သော်၊ ငါ​တို့​သည် ခ​ရစ်​တော်​နှင့် အ​တူ​သေ​လျှင်၊ ထို​သ​ခင်​နှင့် အ​တူ ရှင်​လိမ့်​မည်​ဟု သ​ဘော​ရှိ​ကြ၏။-

ထို​ကြောင့် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် မ​တွေ့​နိုင်​ကြ။- သို့​သော်​လည်း ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​လျှင်၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ​ဘက်၌ ရှိ​ကြ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​ပ​က​တိ​ဘက်၌ ရှိ​ကြ၏။ ခ​ရစ်​တော်၏​ဝိ​ညာဉ်​ကို မ​ရ​သော​သူ​မည်​သည်​ကား ခ​ရစ်​တော်​နှင့်​မ​ဆိုင်။-

လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။- သို့​ရာ​တွင် လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့ အ​လှည့်​အ​တိုင်း လိုက်​ရ​ကြ​လိမ့်​မည်။ ခ​ရစ်​တော်​သည် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ၏၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​ဖြစ်​သော သူ​တို့​သည် ရှင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

ထို​အ​ခါ ခ​ရစ်​တော်​သည် အ​ထွတ်​အ​မြတ် အာ​ဏာ​တန်​ခိုး​အ​မျိုး​မျိုး​ကို ပယ်​ရှင်း၍၊ မိ​မိ​နိုင်​ငံ​ကို ဘု​ရား​သ​ခင်​တည်း​ဟူ​သော ခ​မည်း​တော်၌ အပ်​ပြန်​တော်​မူ​ပြီး​မှ က​မ္ဘာ​ကုန်​ရ​လ​တ္တံ့။- ခ​ရစ်​တော်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ခြေ​ဖ​ဝါး​တော်​အောက်၌ ချ​ထား​တော်​မ​မူ​မီ​တိုင်​အောင် အုပ်​စိုး​တော်​မူ​ရ​မည်။-

ဘု​ရား​သ​ခင်​သည် အာ​ဏာ​တော်​နှင့်​လည်း​ကောင်း၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဂုဏ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ၍၊ မြင့်​သော​ဌာ​န​တော်၌ ငြိမ်​သက်​ခြင်း​ကို ပြု​စု​တော်​မူ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.