Domínio próprio
O domínio próprio é fruto do Espírito e marca de maturidade espiritual. A Bíblia ensina que quem governa o próprio espírito é melhor do que quem conquista uma cidade.
Fruto do Espírito
O fruto do Espírito inclui domínio próprio. A graça de Deus nos ensina a viver de maneira sóbria e justa neste mundo.
သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သော တရားဟူ၍ မဟိ။
အကြောင်းမူကား လူအပေါင်းရို့အား ကယ်တင်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီ။ ဘုရားမဲ့ တရားမဲ့ နီထိုင်ခြင်းနှင့် လောကီတပ်မက်ခြင်းများကို စွန့်ပယ်၍ အဂုမျက်မှောက်ကာလ၌ ဣန္ဒြေသိက္ခာဟိစွာဖြင့် ဖြောင့်မတ်မှန်ကန်ပြီး ဘုရားဝတ်၌ ပျော်မွိ့သော အသက်တာဖြင့် အသက်ရှင်ကြရန်လည်းကောင်း၊ ငါရို့၏ ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ကယ်တင်သျှင် ယေသျှုခရစ်တော်၏ဘုန်းတန်ခိုးတော် ပေါ်ထွန်းခြင်းတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် သက်ဆိုင်သော မျှော်လင့်ခြင်းကို စောင့်မျှော်လျက်နိန်ကြရန် လည်းကောင်း ဘုရားသခင်သည် ငါရို့အား ဆုံးမသွန်သင်လျက် ဟိ၏။
အကြောင်းမူကား ဘုရားသခင် ပီးတော်မူသော ဝိညာဉ်တော်သည် ငါရို့အား ကြောက်တတ်သောစိတ်ကို ဖြစ်စီတော်မမူ။ ကိုယ်တော်၏ဝိညာဉ်တော်သည် တန်ခိုးနှင့် လည်းကောင်း၊ ချစ်ခြင်းမေတ္တာနှင့် လည်းကောင်း၊ မိမိကိုယ်ကို မိမိချုပ်တည်းနိုင်စီရန် လည်းကောင်း ငါရို့ကို ပြည့်စုံစီတော်မူ၏။
ဤအကြောင်းကြောင့် သင်ရို့သည် မိမိရို့၏ ယုံကြည်ခြင်းကို ကောင်းမြတ်ခြင်းဖြင့် လည်းကောင်း၊ ကောင်းမြတ်ခြင်းကို အသိပညာဖြင့် လည်းကောင်း၊ အသိပညာကို ကာမဂုဏ်ချုပ်တည်းခြင်းဖြင့်လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းကို သည်းခံနိုင်ခြင်းဖြင့် လည်းကောင်း၊ သည်းခံနိုင်ခြင်းကို ဘုရားဝတ်၌မွိ့လျော်ခြင်းဖြင့် လည်းကောင်း၊ ဘုရားဝတ်၌မွိ့ပျော်ခြင်းကို ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်း အားဖြင့် လည်းကောင်း၊ ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်းကို ချစ်မေတ္တာဖြင့် လည်းကောင်း ထပ်လောင်း၍ ဖြည့်စွက်ပီးရန် အစွမ်းကုန် ကြိုးစား ကြလော့။
Governar a si mesmo
Melhor é o que domina o seu espírito do que o que toma uma cidade. A cidade sem muros é o homem sem domínio próprio.
အဗြီးပြိုင်ပွဲ တစ်ပွဲ၌ အဗြီးသမားများစွာ ဝင်ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်းသာလျှင် အောင်ဆု ရဟိသည့်အကြောင်းကို သင်ရို့သိကြ၏။ သို့ဖြစ်၍ သင်ရို့သည် အောင်ဆုကို ရနိုင်ခြင်းငှာ ဗြီးကြလော့။ ပြိုင်ပွဲဝင်ခြင်းငှာ လေ့ကျင့်သော အားကစားသမားတိုင်းသည် တင်းကြပ်သော စည်းကမ်းများကို လိုက်နာရ၏။ ထိုသို့ လေ့ကျင့်ရသည့် အကြောင်းမှာ ညှိုးနွမ်းပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းငှာ ပြုကြခြင်း ဖြစ်ပေ၏။ ငါရို့မူကား မညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကို ရဟိခြင်းငှာ ပြုကြ၏။ ထို့ကြောင့် ငါသည် ပန်းဝင်ရာသို့ တည့်မတ်စွာ ဗြီး၏။ ငါသည် လက်ဝှေ့ထိုးသောအခါ လီကို ထိုးသတ်သော လက်ဝှေ့သမားတစ်ယောက်ကဲ့သို့ မဟုတ်။ ငါသည် သူတစ်ပါးအား ပြိုင်ပွဲဝင်ရန် ခေါ်ခပြီးနောက် မိမိကိုယ်တိုင်ပြိုင်ပွဲ၌ မယှုံးစီခြင်းငှာ ငါ၏ကိုယ်ခန္ဓာကို မာကြောအောင် ထိုးကြိတ်ခြင်းကိုခံ၍ လေ့ကျင့်လေ့ဟိ၏။
သို့သော် သင်ရို့၏စိတ်ဆန္ဒကို မချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြလော။ ကိလေသာစိတ်ပူလောင်ခြင်း ဟိသည်ထက် အိမ်ထောင်ပြုခြင်းက သာ၍ကောင်း၏။
သင်ရို့တွိ့ကြုံရသော စုံစမ်းနှောင့်ယှက်ခြင်းများသည် လူ၌ဖြစ်တတ်သော သာမန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရားသခင်သည် ကတိတည်တော်မူသော အသျှင်ဖြစ်တော်မူသဖြင့် သင်ရို့အား မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို ခံစီတော်မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်၌ ခံနိုင်သောခွန်အားကို ပီးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှ လွတ်မြောက်ရာလမ်းကိုလည်း ပီးတော်လိမ့်မည်။
Disciplina e vigilância
Sede sóbrios e vigilantes. O diabo anda em derredor como leão rugidor. A sobriedade nos protege e fortalece.
သမ္မာသတိဟိလျက် နိုးကြားစွာ စောင့်နိန်ကြလော့။ သင်ရို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ မွားမျိုရမည့်သူကို လှည့်လည် ရှာဖွီလျက်ဟိ၏။ သင်ရို့၏ ယုံကြည်ခြင်း၌ ခိုင်ခံ့စွာရပ်တည်လျက် မာရ်နတ်ကို ဆီးတားကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့ သိကြသည့်အတိုင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟိကြသော သင်ရို့၏ ညီအစ်ကိုများသည်လည်း ဤသို့သော ဆင်းရဲဒုက္ခနှင့် ကြုံတွိ့နိန်သောကြောင့်ဖြစ်၏။
ဘုရားသခင်၏ ဆုကျေးဇူးများကို ကောင်းမွန်စွာ စီမံခန့်ခွဲသူများ
အားလုံးသော အမှုအရာများအတွက် နောက်ဆုံးသောအချိန် နီးကပ်လာပြီဖြစ်၏။ သို့ဖြစ်၍ သင်ရို့သည် ဆုတောင်းခြင်းအမှုကို ပြုနိုင်ရန် စိတ်ကို ထိန်းချုပ်လျက် နိုးနိုးကြားကြား ဟိကြရမည်။
ဘုရားသခင်အတွက် အသက်ရှင်ခြင်း
ခရစ်တော်သည် ကိုယ်ကာယ၌ ဝေဒနာကို ခံတော်မူခသည်ဖြစ်၍ သင်ရို့သည်လည်း ထိုသို့သော သဘောကို ခံယူကြရမည်။ အကြောင်းမူကား ကိုယ်ကာယ၌ ဝေဒနာကို ခံပြီးသောသူသည် ဒုစရိုက်အပြစ်နှင့် ပြတ်စဲပြီ ဖြစ်သောကြောင့်ဖြစ်၏။ သို့ဖြစ်၍ ဤလောကတွင် သင်ရို့ အသက်ရှင်ရန် ကျန်နိန်သိမ့်သော အချိန်ကာလ၌ လူ့စိတ်အလိုသို့ မလိုက်ဘဲ ဘုရားသခင်၏ အလိုတော်ကို လိုက်၍ အသက်ရှင်နိုင်ရန် ဖြစ်သည်။ လွန်ခသည့်ကာလက သင်ရို့သည် သာသနာပလူများ ပြုသကဲ့သို့ ပြုမူခကြ၏။ သင်ရို့သည် ညစ်ညမ်းစွာပြုမူခြင်း၊ ကာမဂုဏ် တပ်မက်ခြင်း၊ သီရည်သောက်ကြူးခြင်း၊ အပျော်ကြူးခြင်း၊ စားသောက်ပွဲများ ကျင်းပခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်သော ရုပ်တုကိုးကွယ်ခြင်းများဖြင့် အသက်ရှင်လျက် အချိန်ကုန်ခကြ၏။ အဂုမူကား သင်ရို့သည် သာသနာပလူများနှင့်အတူ ထိုသို့ အပျော်ကြူး၍ စည်းမဲ့ကမ်းမဲ့ သက်ရှင်မှုများတွင် မပါဝင်သောကြောင့် သူရို့သည် အံ့သြလျက် ကဲ့ရဲ့ပြောဆိုကြ၏။ သို့ဖြစ်၍ သူရို့သည် အသက်ရှင်သောသူနှင့် သီသောသူတိအား တရားစီရင်ရန် အသင့် ဟိတော်မူသော ဘုရားသခင်၏ အထံတော်၌ စစ်ဆေးစီရင်ခြင်းကို ခံရလိမ့်မည်။
သင်ရို့တစ်ဦးစီတိုင်းသည် သန့်ယှင်းခြင်းနှင့် ဂုဏ်သရေဟိခြင်းဖြင့် မိမိ၏မယားနှင့် မည်သို့ ပေါင်းသင်းနီထိုင်သင့်သည်ကို သိကြသည်ဖြစ်၍၊ ဘုရားသခင်ကို မသိသော တခြားလူမျိုးတိကဲ့သို့ ကိလေသာတပ်မက်ခြင်း စိတ်၏အလိုသို့ မလိုက်ကတ်ကေ့။
O senhorio de Cristo
Todo domínio pertence a Cristo. Ele é Senhor dos senhores e Rei dos reis — e nos capacita a viver em santidade.
ကိုယ်တော်သည် ငါရို့အား မှောင်မိုက်တန်ခိုးမှ ကယ်နုတ်တော်မူ၍ ချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။ ထိုသားတော်အားဖြင့် ငါရို့ကို လွတ်မြောက်စီတော်မူပြီး ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီ။
ခရစ်တော်ကို သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူ၍ ကောင်းကင်ဘုံတွင် မိမိ၏လက်ျာဖက်၌ ထိုင်စီတော်မူသောအခါ ကိုယ်တော်အသုံးပြုတော်မူခသော တန်ခိုးတော်ပင်ဖြစ်၏။ ခရစ်တော်သည် အလုံးစုံ၏ အုပ်ချုပ်မှု၊ အာဏာစက်၊ တန်ခိုးနှင့် အုပ်စိုးခြင်းမှစ၍ အဂုဘဝ၊ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော အလုံးစုံသော ဘွဲ့နာမထက် ကြီးမြတ်တော်မူ၏။
ငါရို့မူကား ကောင်းကင်နိုင်ငံသားများ ဖြစ်ကြသဖြင့် ကောင်းကင်ဘုံမှ ငါရို့၏ ကယ်တင်သျှင် အသျှင်ခရစ်တော်ယေသျှု ကြွလာတော်မူမည်ကို စောင့်မျှော်လျက်ဟိကြ၏။ ကိုယ်တော်သည် အရာခပ်သိမ်းကို မိမိ၏ အာဏာစက်အောက်တွင် ရောက်စီတော်မူသော တန်ခိုးတော်အားဖြင့် ငါရို့၏ ဖောက်ပြန်ပျက်စီးတတ်သော ကိုယ်ခန္ဓာကို ဘုန်းတော်နှင့် ပြည့်စုံသော ကိုယ်ခန္ဓာနှင့်တူအောင် ပြောင်းလဲစီတော်မူလိမ့်မည်။
အကြောင်းမူကား ခရစ်တော်သည် သီခြင်းမှ ထမြောက်လာပြီးဖြစ်၍ ကိုယ်တော်သည် နောက်တဖန် မသီနိုင်ကြောင်းကိုလည်းကောင်း၊ သီခြင်းတရားသည်လည်း ကိုယ်တော့်ကို မအုပ်စိုးနိုင်ကြောင်းကိုလည်းကောင်း ငါရို့ သိကြ၏။
ဇာတိပကတိနောက်သို့ လိုက်သောသူရို့သည် ဘုရားသခင်၏စိတ်တော်နှင့် မတွိ့နိုင်။
သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်ရို့သည် ဇာတိပကတိ၏အလိုအတိုင်း အသက်ရှင်ကြသည် မဟုတ်။ ဝိညာဉ်တော်၏အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ဝိညာဉ်တော်မဟိသော သူသည်ကား ခရစ်တော်နှင့် မဆိုင်။
အကြောင်းမူကား လူအပေါင်းရို့သည် အာဒံ၌ သီဆုံးကြရ၏။ သို့သော် ခရစ်တော်၌ ထမြောက်ရကြလိမ့်မည်။ သို့ရာတွင် လူအသီးသီးရို့သည် အစဉ်အတိုင်းဖြင့် ရှင်ပြန်ထမြောက်ရကြမည်။ ခရစ်တော်ကား ဦးစွာ ရှင်ပြန်ထမြောက်တော်မူ၏။ ခရစ်တော်နှင့်ဆိုင်သော သူရို့သည် ကိုယ်တော်ကြွလာတော်မူသောအခါ ရှင်ပြန်ထမြောက်ကြလိမ့်မည်။ ထို့နောက် ကပ်ကာလ ကုန်ဆုံးချိန် ရောက်လိမ့်မည်။ ထိုအခါ ခရစ်တော်သည် အလုံးစုံသော အုပ်စိုးခြင်းတိ၊ အခွင့်အာဏာတိနှင့် တန်ခိုးအာဏာတိကို ပယ်ဖျက်ပြီးနောက် နိုင်ငံတော်ကို ခမည်းတော်ဘုရားသခင်ထံသို့ ပီးအပ်တော်မူလိမ့်မည်။ ခရစ်တော်သည် ရန်သူအပေါင်းကို မိမိ၏ခြီဖဝါးအောက်၌ ချထားတော်မူသည်အထိ အုပ်စိုးတော်မူရမည်။