Egoísmo
O egoísmo é o oposto do amor cristão. Jesus nos ensinou a negar a nós mesmos, tomar a cruz e segui-lo. A vida cristã é vida de entrega, serviço e generosidade.
Negar-se a si mesmo
Se alguém quer vir após mim, negue-se a si mesmo. O caminho de Cristo é o caminho da auto-entrega e do serviço.
အဲပင်းရင် ယေရှုဟ သူရဲ့ တဘဲ့တော်လို့နဲ့တကွ လူအုပ်ဟို ခေါ်ပင်း ပြောတာဟ၊ "ငါ့တဘဲ့ဖြစ်လို သူတိုင်းဟ ကိုယ့်ကိုယ်ဟို ငြင်းပယ်ပင်း သူလို့ရဲ့ လက်ဝါးကပ်တိုင်ဟို ထမ်းယွေ့ ငါ့နောက်ဟို လိုက်ရမယ်။
‘အိုင်နားနီးချင်းဟို ကိုယ်နဲ့အမျှ ချစ်ရမယ်’ ဟူသော ပညတ်ဟ ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်အယ်။ ဟေပညတ်နေပါးထက် ပိုအရေးကြီးသောပညတ် မဆိ" ဟု ဖြေကြားလေအယ်။
အေးလိုမို့ ငါအသက်ဆှင်တာဟ ငါတတ်တိုင်း မဟုတ်တော့ဘဲ ခရစ်တော်ဟ ငါနှိုက် အသက်ဆှင်အယ်။ အခု ငါအသက်ဆှင်သော ဟေအသက်ဟ ငါ့ဟို ချစ်ယွေ့ ငါ့အတွက် သူ့အသက်ဟို ပေးလှူသော ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်နေအယ်။
ကြွားဝါလိုသောစိတ်၊ အလကားကား ကျော်စောလိုသောစိတ်လို့ဖြင့် ပစာအမှုဟိုမျှ မပြုကြနဲ့၊ အားပေမဲ့ သူတပါးဟ မိမိထက်သာတာဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။
အဲလိုလဲ ဘုရားသခင်ရဲ့ကျေးဇူးတော်အကျောန်း သတင်းကောင်းဟို သက်သေခံစေယွေ့၊ သခင် ယေရှုဟ ငါ့ဟို ပေးအပ်ထားသော အမှုတော်လုပ်ငန်း ပီးမြောက်စေနိန်ရန်အတွက်ဆိုရင် ငါဟ မိမိအသက်ဟိုပင် နှမြောခြင်း မဆိ။
Viver para os outros
Ninguém busque o próprio interesse, mas o do próximo. O amor não busca os seus próprios interesses.
စသူမျှ ကိုယ်အကျိုးဟို မဆာကြစေနဲ့။ သူတပါးရဲ့ အကျိုးဟိုသာ ဆာစေ။
မေတ္တာဟ စိတ်ရှည်တတ်အယ်။ ကြင်နာသနားတတ်အယ်။ မေတ္တာဟ ဂုဏ်ပြိုင်ခြင်း မဆိ၊ ဝါကြွားခြင်း မဆိ၊ မာန်မာန မဆိ။ မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ့်အကျိုးဟို မဆာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပစ်ဆိအယ်ဟု မထင်တတ်။
စသူမျှ မိမိတတ်တိုင်း မလှည့်စားစေနဲ့။ နင်လို့တွင် အကြင်သူဟ ဟေလောကရဲ့ စံနှုန်းအရ ပညာဆိ ဖြစ်တာဟု ကိုယ့်ကိုထင်တတ်အယ်။ အဲသူဟ ပညာဆိဖြစ်လာစေရန် လူမိုက် ဖြစ်မန့်စေ။
ငါလို့ တယောက်ချင်းစီဟ အိုင်နီးချင်းများအား သူလို့ရဲ့ ကောင်းကျိုးအတွက် သူလို့ဟို တည်ဆောက်ပေးသင့်အယ်။
အကျောန်းမှာ မနာလိုခြင်းနဲ့ တကိုယ်ကောင်းဆန်ခြင်း ဆိသောနေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနဲ့ ဆိုးညစ်သော အမှုအမျိုးမျိုးလို့ ဆိတတ်အယ်။