Pular para o conteúdo
Publicidade

Ensinar

Por Bíblia Online

Passar a verdade de Deus adiante não é tarefa apenas para quem está atrás de um púlpito. No dia a dia, dentro de casa, na conversa com os filhos ou no convívio com quem está ao seu lado, você tem a oportunidade de repartir o que aprendeu nas Escrituras. A responsabilidade de instruir exige paciência, constância e, acima de tudo, um coração que primeiro se deixa moldar por aquilo que Deus ensina.

As Escrituras mostram que a transmissão da fé acontece de forma contínua, na rotina da vida e no exemplo prático. Quando você guarda os mandamentos e vive de acordo com eles, o ensino deixa de ser apenas teoria e se torna um caminho seguro para quem precisa conhecer a Deus e andar na verdade.

Ensinar é mandamento e dom. A Bíblia exorta pais, líderes e mestres a transmitir a verdade divina com fidelidade, paciência e sabedoria para as próximas gerações.

Ensinar a Palavra

Toda Escritura é útil para ensinar. Quem ouve as palavras de Jesus e as pratica é como o homem sábio que construiu sobre a rocha.

ထို​ကျမ်း​စာ​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် မှုတ်​သွင်း​တော်​မူ​သော အား​ဖြင့်​ဖြစ်၍၊- ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။

တည်​ဆောက်​ခြင်း​နှစ်​မျိုး

အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို ကြား၍​နား​ထောင်၏။ ထို​သူ​သည် ကျောက်​ပေါ်​မှာ အိမ်​ဆောက်​သော ပ​ညာ​ရှိ​နှင့် တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။-

ခ​ရစ်​တော်၏ နှုတ်​က​ပတ်​တ​ရား​သည် ပ​ညာ​အ​မျိုး​မျိုး​နှင့် သင်​တို့​အ​ထဲ၌ ကြွယ်​ဝ​စွာ တည်​နေ၍ သင်​တို့​သည် ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း​အ​မျိုး​မျိုး​အား​ဖြင့်၊ အ​ချင်း​ချင်း​တို့​ကို ဆုံး​မ​သွန်​သင်​ခြင်း၊ သ​တိ​ပေး​ခြင်း​ကို​ပြု၍၊ နူး​ညွတ်​သော​စိတ်​နှ​လုံး​နှင့် ဘု​ရား​သ​ခင်​ရှေ့​တော်၌ တင့်​တယ်​လျောက်​ပတ်​စွာ သီ​ချင်း​ဆို​ကြ​လော့။-

ငါ​တို့​သည် ကျမ်း​စာ၌​ပါ​သော​သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း​အ​ကြောင်း​များ​ကို​အ​မှီ​ပြု၍ မျှော်​လင့်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကျမ်း​စာ၌ အ​ထက်​က​ရေး​ထား​သ​မျှ​သည် ငါ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ရေး​ထား​သ​တည်း။-

သု​တ္တံ​စ​ကား​၏​တန်​ဖိုး

ပ​ညာ​တ​ရား၊ နည်း​ဥ​ပ​ဒေ​သ​တ​ရား​ကို​သိ​၍၊ ဉာဏ်​နှင့်​ယှဉ်​သော စ​ကား​ကို နား​လည်​မည်​အ​ကြောင်း၊ ပ​ညာ​သွန်​သင်​ခြင်း၊ ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ​ဆုံး​ဖြတ်​ခြင်း အ​မှု​အ​ရာ၌​လေ့​ကျက်​မည်​အ​ကြောင်း၊ မိုက်​သော​သူ​သည်​လိ​မ္မာ​၍၊ လူ​ပျို​သည် ပ​ညာ​သ​တိ​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ ဒါ​ဝိဒ်၏​သား​တော်​ဖြစ်​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လ​မုန်​စီ​ရင်​သော သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ပ​ညာ​ရှိ​သော​သူ​သည် နား​ထောင်​သ​ဖြင့်၊ ပ​ညာ​အ​တတ် တိုး​ပွား​ရ​လိမ့်​မည်။ ဉာဏ်​ကောင်း​သော​သူ​သည် သု​တ္တံ​စ​ကား​အ​နက်​အ​ဓိ​ပ္ပာယ်​ကို​လည်း​ကောင်း၊ ပ​ညာ​ရှိ​ဟော​ပြော၍ နက်​နဲ​သော စ​ကား​တို့​ကို​လည်း​ကောင်း၊ နား​လည်​သော နိဿ​ရည်း​ဆ​ရာ​အ​ဖြစ်​သို့ ရောက်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ လူ​မိုက်​တို့​သည် ပ​ညာ​နှင့် ဥ​ပ​ဒေ​သ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။

Instruir as gerações

Ensina a criança nos caminhos de Deus. A geração que não conhece o Senhor perde a herança espiritual da fé.

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​လော့။ယ​နေ့ ငါ​မှာ​ထား​သော​စ​ကား​ကို နှ​လုံး​သွင်း​ရ​မည်။ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။

ပ​ညာ​ဆိုင်ရာသတိစကား

ငါ့​သား၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်​လော့။ အ​မိ၏​တ​ရား​ကို​လည်း မ​ပယ်​နှင့်။ ထို​နည်း​ဥ​ပ​ဒေ​သ​တ​ရား​တို့​သည် သင်၏​ခေါင်း၌ တင့်​တယ်​သော​ဦး​ရစ်၊ သင်၏​လည်​ပင်း၌ ပတ်​ရစ်​သော​လည်​ဆွဲ ဖြစ်​ကြ​လိမ့်​မည်။

သူ​တစ်​ပါး​အိမ်​ရာ​ကို​မ​ပြစ်​မှား​ရန်သ​တိ​ပေး​ခြင်း

ငါ့​သား၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​လော့။ အ​မိ​ပေး​သော တ​ရား​ကို မ​ပယ်​နှင့်။ နှ​လုံး​ပေါ်​မှာ အ​မြဲ​ချည်၍ လည်​ပင်း၌ ဆွဲ​ထား​လော့။ သင်​သည် အ​ခြား​သို့​သွား​သော​အ​ခါ၊ ထို​ပ​ညတ်​တ​ရား​သည် လမ်း​ပြ​လိမ့်​မည်။ အိပ်​သော​အ​ခါ သင့်​ကို​စောင့်​လိမ့်​မည်။ နိုး​သော​အ​ခါ သင်​နှင့် နှုတ်​ဆက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တော်​သည် မီး​ခွက်​ဖြစ်၏။ တ​ရား​တော်​သည် အ​လင်း​ဖြစ်၏။ အ​ပြစ်​ကို ပြ​တတ်​သော ဩ​ဝါ​ဒ​စ​ကား​သည် အ​သက်​လမ်း​ဖြစ်၏။

ပ​ညာ​ကို ဆည်း​ပူး​လော့။ ဉာဏ်​ကို ဆည်း​ပူး​လော့။ သ​တိ​မ​လစ်​စေ​နှင့်။ ငါ၏​နှုတ်​ထွက်​စ​ကား​ကို မ​လွှဲ​မ​ရှောင်​နှင့်။ ပ​ညာ​ကို မ​စွန့်​နှင့်။ သူ​သည်​သင့်​ကို ထိန်း​သိမ်း​လိမ့်​မည်။ သူ့​ကို​ချစ်​လော့။ သင့်​ကို စောင့်​မ​လိမ့်​မည်။ ပ​ညာ​သည် အ​မြတ်​ဆုံး​သော​အ​ရာ​ဖြစ်၏။ ပ​ညာ​ကို​ဆည်း​ပူး​လော့။ ဆည်း​ဖူး​သ​မျှ​သော​ဥ​စ္စာ​တို့​တွင် ဉာဏ်​ကို​ဆည်း​ပူး​လော့။ သူ့​ကို အ​မြတ်​ထား​လော့။ သူ​သည် သင့်​ကို ချီး​မြှောက်​လိမ့်​မည်။ သူ့​ကို​ဖက်​ယမ်း​လျှင်၊ ဂုဏ်​အ​သ​ရေ​ကို ပေး​လိမ့်​မည်။

ဥ​ပ​ဒေ​သ​ကို ကိုင်​ဆွဲ​လော့။ မ​လွှတ်​နှင့်။ စောင့်​ထား​လော့။ အ​သက်​ရှင်​ခြင်း၏​အ​ကြောင်း ဖြစ်၏။ အ​ဓ​မ္မ​လူ​တို့ လမ်း​ထဲ​သို့ မ​ဝင်​နှင့်။ ဆိုး​ယုတ်​သော​သူ​တို့​နှင့်​အ​တူ မ​လိုက်​နှင့်။

နှ​လုံး​သည် အ​သက်၏​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်၊ သင်၏​နှ​လုံး​ကို အ​ထူး​သ​ဖြင့် စောင့်​ရှောက်​လော့။ ကောက်​သော​စ​ကား​တို့​ကို​လည်း​ကောင်း၊ ငြင်း​ဆန်​တတ်​သော​နှုတ်​ခမ်း​တို့​ကို​လည်း​ကောင်း ဝေး​စွာ​ပယ်​ရှောင်​လော့။ သင်၏​မျက်​စိ​သည်​ရှေ့​ရှု​ကြည့်၍၊ မျက်​ခမ်း​တို့​သည် တည့်​တည့်​အာ​ရုံ​ပြု​စေ​လော့။ သင်​သွား​ရာ​လမ်း​ကို စူး​စမ်း၍၊ သွား​လေ​ရာ​ရာ၌ တည်​ကြည်​ခြင်း​ရှိ​စေ​လော့။လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​တိမ်း​မ​လွှဲ​နှင့်။ ဒု​စ​ရိုက်​ပြု​ရာ​လမ်း​ကို​ရှောင်​လော့။

ပ​ညာ​ရှိ​သော​သူ၏​တ​ရား​သည် အ​သေ​ခံ​ရာ​ကျော့​ကွင်း​တို့​မှ၊ လွှဲ​ရှောင်​ရာ အ​သက်​စမ်း​ရေ​တွင်း​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​မူ​လ​အ​မြစ်​ဖြစ်၏။ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို သိ​ကျွမ်း​သော​သ​ဘော​သည် ဉာဏ်​ဖြစ်၏။

ဘု​ရား​သ​ခင်​၏​သ​စ္စာ​တော်

ငါ၏​လူ​များ​တို့၊ ငါ့​တ​ရား​ကို နာ​ကြ​လော့။ ငါ​မြွက်​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။ ပုံ​စ​ကား​ကို ငါ​မြွက်​ဆို၍၊ ရှေး​ကာ​လ၏ နက်​နဲ​သော​အ​ရာ​များ​ကို ဖော်​ပြ​ပေ​အံ့။ဘိုး​ဘေး​တို့​သည်​ပြော၍ ငါ​တို့​သည် ကြား​သိ​ရ​သော ထို​အ​ရာ​များ​ကို၊ သား​မြေး​တို့​မှ မ​ဝှက်​မ​ထား။ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​နှင့် တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​ကို​လည်း​ကောင်း၊ ဖြစ်​လ​တ္တံ့​သော​သူ​တို့​အား ဖော်​ပြ​ကြ​မည်။

ယော​ရှု​လက်​ထက် ကာ​လ၌ ဖြစ်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ဘိုး​ဘေး​တို့ စု​ဝေး​ရာ​သို့​ရောက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သော​အ​မှု​တို့​ကို​လည်း​ကောင်း မ​သိ​သော နောင်​ကာ​လ​အ​မျိုး​သား​တို့​သည် ပေါ်​လာ​ကြ၏။

Fidelidade no ensino

Quem ensina com fidelidade merece dupla honra. Cuidado com doutrinas falsas — permaneçam na doutrina de Cristo.

ကောင်း​မွန်​စွာ​အုပ်​သော သင်း​အုပ်​တို့​သည် အ​လှူ​နှစ်​ဆ​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ တ​ရား​ဟော​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​အ​မှု​ကို ကြိုး​စား​အား​ထုတ်​သော​သူ​တို့​သည်၊ အ​လှူ​နှစ်​ဆ​ကို အ​ထူး​သ​ဖြင့် ခံ​ထိုက်​သော​သူ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း မှတ်​ရ​မည်။- အ​ကြောင်း​မူ​ကား၊ စ​ပါး​နင်း​နယ်​သော​နွား၏​နှုတ်​ကို မ​ချုပ်​တည်း​ရ​ဟု ကျမ်း​စာ​လာ၏။ တစ်​ချက်​ကား၊ လုပ်​ဆောင်​သော​သူ​သည် အ​ခ​ကို ခံ​ထိုက်​ပေး​သည်​ဟု လာ​ပြန်၏။-

တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး​စ​ကား​ကို ရှောင်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​စ​ကား​သည် မ​တ​ရား​သော အ​မှု​တို့​ကို ပွား​များ​စေ​လိမ့်​မည်။- သူ​တို့၏​စ​ကား​သည် ခူ​နာ​ကဲ့​သို့ စား​လိမ့်​မည်။ ထို​သူ​တို့​တွင် ဟု​မေ​နဲ​နှင့်​ဖိ​လက် ပါ​သ​တည်း။-

ခ​ရစ်​တော်၏​ဒေ​သ​နာ၌ မ​တည်​ဘဲ လွန်​ကျူး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ကို​မ​သိ။ ခ​ရစ်​တော်၏​ဒေ​သ​နာ၌ တည်​သော​သူ​သည် ခ​မည်း​တော်​နှင့် သား​တော်​ကို​သိ၏။-

ထို​ပွဲ​ကို ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့​တက်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏၊- ယု​ဒ​လူ​တို့​သည် အံ့​ဩ၍၊ ဤ​သူ​သည် စာ​မ​သင်​ဘဲ​လျက် အ​ဘယ်​သို့ တတ်​ဘိ​သ​နည်း​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ငါ​ဟော​သော​ဒေ​သ​နာ​သည် ငါ၏​ဒေ​သ​နာ​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ၏​ဒေ​သ​နာ​ဖြစ်၏။- ထို​သူ၏​အ​လို​တော်​သို့ လိုက်​ချင်​သော​သူ​မည်​သည်​ကား၊ ဤ​ဒေ​သ​နာ​သည် ဘု​ရား​သ​ခင်၏ ဒေ​သ​နာ​တော်​ဖြစ်​သ​လော၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သ​လော​ဟု ပိုင်း​ခြား၍​သိ​လိမ့်​မည်။- ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သော​သူ​သည် မိ​မိ​ဘုန်း​အ​သ​ရေ​ကို ရှာ​တတ်၏။ မိ​မိ​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ ဘုန်း​အ​သ​ရေ​ကို ရှာ​သော​သူ​မူ​ကား၊ ယုံ​လောက်​သော​သူ​ဖြစ်၏။ ထို​သူ၌ မု​သား​မ​ရှိ။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.