Ensinar
Ensinar é mandamento e dom. A Bíblia exorta pais, líderes e mestres a transmitir a verdade divina com fidelidade, paciência e sabedoria para as próximas gerações.
Ensinar a Palavra
Toda Escritura é útil para ensinar. Quem ouve as palavras de Jesus e as pratica é como o homem sábio que construiu sobre a rocha.
ကျမ်းစာတော်မြတ် အားလုံးသည် ဘုရားသခင် မှုတ်သွင်းထားတော်မူသည်ဖြစ်၍ ထိုကျမ်းစာတော်မြတ်သည် သမ္မာတရားကို သွန်သင်ခြင်း၊ အပြစ်ကို ဖော်ပြ၍ ဆုံးမခြင်း၊ အမှားကို ပြုပျင်ခြင်း၊ မှန်သောအသက်လမ်းကို ညွှန်ပြပီးခြင်း၌ အသုံးဝင်တော်မူ၏။ ထို့ကြောင့် ကျမ်းစာတော်မြတ်သည် ဘုရားသခင်၏အစီခံတစ်ယောက်၌ ကောင်းသောအမှု အမျိုးမျိုးကို ဆောင်ရွက်နိုင်ရန် အရည်အချင်းများနှင့် ပြည့်ဝ စီတော်မူ၏။
အိမ်ဆောက်သော လူနှစ်ဦး
"ထို့နောက် ငါ့စကားတိကို ကြား၍ လိုက်နာသောသူတိုင်းသည် မိမိ၏အိမ်ကို ကျောက်ထက်မှာ တည်ဆောက်ထားသော ပညာဟိနှင့် တူ၏။
ခရစ်တော်၏ နှုတ်ကပတ်တရားတော်ကို သင်ရို့၏ စိတ်နှလုံးထဲ၌ ကြွယ်ဝစွာ တည်စီကြလော့။ အမျိုးမျိုးသော ဉာဏ်ပညာဖြင့် တစ်ဦးကို တစ်ဦး သွန်သင်၍ ဆုံးမပဲ့ပျင်ကြလော့။ ဆာလံတေးခြင်း၊ ဓမ္မတေးခြင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ တေးခြင်းများကို စိတ်နှလုံးထဲ၌ ကျေးဇူးတင်သောစိတ်ဖြင့် ဘုရားသခင်အား သီဆိုကြလော့။
ကျမ်းစာ၌ အယင်က ရီးထားသောအရာတိုင်းသည် ငါရို့ကို သွန်သင်ဖို့ရန် ရီးထားခြင်းဖြစ်၏။ အကြောင်းမှာ ကျမ်းစာ၌ သွန်သင်ထားသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ငါရို့၌ မျှော်လင့်စရာ ဟိစီရန်ဖြစ်၏။
Instruir as gerações
Ensina a criança nos caminhos de Deus. A geração que não conhece o Senhor perde a herança espiritual da fé.
Fidelidade no ensino
Quem ensina com fidelidade merece dupla honra. Cuidado com doutrinas falsas — permaneçam na doutrina de Cristo.
အသင်းတော်ကိစ္စများကို ကောင်းမွန်စွာ စီမံဆောင်ရွက်သော အသင်းတော်အကြီးအကဲရို့သည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်၏။ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်း၌ ကြိုးစား၍ လုပ်ဆောင်သောသူများသည် ယင်းသို့ ခံစားထိုက်ပေ၏။ အကြောင်းမူကား "တလင်းနယ်သော နွားကို နှာရုပ် မတပ်ရ။" "အလုပ်လုပ်သော သူရို့သည်လည်း မိမိရို့၏လုပ်ခကို ခံထိုက်၏" ဟူ၍ ကျမ်းစာက မိန့်မှာထား၏။
မထီမဲ့မြင်ပြုလျက် အကျိုးမဟိသော ဆွေးနွေးပြောဆိုခြင်းကို ယှောင်ယှားလော့၊ ထိုသို့ ပြောဆိုခြင်းများသည် လူတိကို ဘုရားသခင်နှင့် သာ၍ ဝီးကွာစီတတ်၏။ သူရို့၏သွန်သင်ချက်သည် အသားကို ပုပ်ပျက်ဆွီးမြေ့တတ်သော မြစ်ပွားနာနှင့် တူ၏။ ဟုမေနဲနှင့် ဖိလက် သည် ဤကဲ့သို့ သွန်သင်တတ်ကြသော သူနှစ်ယောက်ဖြစ်ကြ၏။
ခရစ်တော်၏ သွန်သင်ချက်၌ မတည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကို မရကြပေ။ ထိုသွန်သင်ချက်၌ တည်သောသူမူကား ခမည်းတော်ကိုလည်းကောင်း၊ သားတော်ကိုလည်းကောင်း ရကြ၏။
ထိုပွဲကျင်းပသောကာလ ထက်ဝက်ခန့်မျှ ရောက်လာသောအခါ ယေသျှုသည် ဗိမာန်တော်သို့ ကြွ၍ စတင်ဟောပြောသွန်သင်လျက် နိန်တော်မူ၏။ ထိုအရပ်၌ဟိကြသော ယုဒလူရို့သည်လည်း အံ့ဩကြ၍ "ဤသူသည် ဇာအတန်းပညာကိုမျှ မသင်ယူဖူးဘဲ ဤပညာများကို မည်သို့ရသနည်း" ဟု ပြောဆိုကြ၏။
ယေသျှုကလည်း "ငါသွန်သင်သော တရားသည် ငါ၏တရား မဟုတ်။ ငါ့ကို စီရွှတ်တော်မူသောသူ၏ တရားပင်ဖြစ်၏။ ဘုရားသခင်၏အလိုကို လိုက်လျှောက်လိုသော သူရို့မူကား၊ ငါဟောပြောသောတရားသည် ဘုရားသခင်၏ တရားဖြစ်သလော၊ သို့မဟုတ် ငါ၏ တရားဖြစ်သလော ဟူ၍ ခွဲခြားသိမြင်ကြလိမ့်မည်။ မိမိရို့၏တရားကို ဟောပြောသောသူသည် မိမိ၏ဘုန်းကို ရဟိ၏။ သို့သော် မိမိအား စီရွှတ်တော်မူသောသူ၏ ဘုန်းတန်ခိုးကို ရှာသောသူမူကား ရိုးသားစွာ ဟောပြောတတ်၏။ ထိုသူ၌ အမှားမဟိ။