Pular para o conteúdo
Publicidade

Esperança

Por Bíblia Online

Quando os dias pesam e o futuro parece incerto, é comum que a alma busque um lugar onde descansar. A Bíblia mostra que a esperança cristã não depende das circunstâncias ao seu redor, mas da fidelidade de Deus e das promessas que ele cumpre.

Essas palavras servem para lembrar você de que existe um fundamento seguro para a sua vida, mesmo nos momentos de silêncio e tribulação. Encontre quietude para o seu coração ao relatar o que o Senhor já garantiu para os seus filhos.

A esperança cristã não é desejo vago — é certeza inabalável fundamentada nas promessas de Deus. Ela é âncora da alma, firme e segura, que penetra até o interior do véu.

Esperança viva

Bendito seja Deus que nos gerou de novo para uma esperança viva, mediante a ressurreição de Jesus Cristo.

ရှင်​သန်​သော​မျှော်​လ​င့်​ခြင်း

အ​သက်​ရှင်​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊ ဖောက်​ပြန်​ခြင်း၊ ညစ်​စွန်း​ခြင်း၊ ညှိုး​နွမ်း​ခြင်း​နှင့်​ကင်း​စင်​သော အ​မွေ​တော်​ကို ငါ​တို့​သည် ခံ​ရ​စေ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့်၊ ကြီး​စွာ​သော က​ရု​ဏာ​တော်​နှင့်​အ​ညီ ငါ​တို့​ကို တစ်​ဖန် ဖြစ်​ဖွား​စေ​တော်​မူ​သော၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-

စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို ရို​သေ​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​မျှော်​လ​င့်​ခြင်း၏ အ​ကြောင်း​ကို မေး​မြန်း​သော​သူ ရှိ​သ​မျှ​တို့​အား၊ နူး​ညံ့​သော​သ​ဘော၊ ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြန်​ပြော​ခြင်း​ငှာ၊ ကာ​လ​အ​စဉ်​မ​ပြတ် အ​သင့်​ရှိ​နေ​ကြ​လော့။-

ထို​သို့ မျှော်​လ​င့်​သော​သူ​မည်​သည်​ကား၊ ကိုယ်​တော် သန့်​ရှင်း​တော်​မူ​သည်​နည်း​တူ၊ ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​တတ်၏။

Esperança que não decepciona

A esperança não decepciona, pois o amor de Deus é derramado em nossos corações pelo Espírito Santo.

ထို​မျှော်​လင့်​ခြင်း​သည် ရှက်​ကြောက်​စ​ရာ အ​ကြောင်း​နှင့် ကင်း​လွတ်၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​အား ပေး​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏​မေ​တ္တာ​တော်​ကို ငါ​တို့​စိတ်​နှ​လုံး​ထဲ​သို့ သွန်းလောင်း​တော်​မူ၏။-

ဖြောင့်​မတ်​ခြင်း​ကျေး​ဇူး​တော်

ထို​ကြောင့်၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​ရှိ၍ ဖြောင့်​မတ်​ရာ​သို့​ရောက်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ကြ၏။- ထို​ကျေး​ဇူး​တော်​ကို ခံ​စား​ရ​သည်​အ​ကြောင်း​မှာ ယုံ​ကြည်​ခြင်း​ရှိ၍၊ ထို​သ​ခင်​အား​ဖြင့်​သာ ခံ​စား​သော​အ​ခွင့်​ကို ရ​ကြ၏။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို မျှော်​လင့်၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။-

ထို​မျှ​မ​က၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​သည် သည်း​ခံ​ခြင်း​ကို ပြု​စု​တတ်၏။- သည်း​ခံ​ခြင်း​သည်​လည်း သက်​သေ​ထင်​ရှား​ခြင်း​ကို ပြု​စု​တတ်၏။ သက်​သေ​ထင်​ရှား​ခြင်း​သည်​လည်း မျှော်​လင့်​ခြင်း​ကို ပြု​စု​တတ်၏။-

ငါ​တို့​သည် မျှော်​လင့်​ခြင်း​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။ မျှော်​လင့်​သော​အ​ရာ​ကို တွေ့​မြင်​လျှင် မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ။ တွေ့​မြင်​သော​အ​ရာ​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​မည်​နည်း။- ငါ​တို့​သည် မ​တွေ့​မ​မြင်​သော​အ​ရာ​ကို မျှော်​လင့်​လျှင်​မူ​ကား၊ ထို​အ​ရာ​ကို သည်း​ခံ​သော​စိတ်​နှင့် ငံ့​လင့်၍ နေ​ကြ၏။-

ငါ​တို့​သည် မ​တွေ့​မ​မြင်​သော​အ​ရာ​ကို မျှော်​လင့်​လျှင်​မူ​ကား၊ ထို​အ​ရာ​ကို သည်း​ခံ​သော​စိတ်​နှင့် ငံ့​လင့်၍ နေ​ကြ၏။-

မျှော်​လင့်​လျက် ဝမ်း​မြောက်​ကြ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ရောက်​သော​အ​ခါ သည်း​ခံ​ကြ​လော့။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု​ကြ​လော့။-

သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။

A fé é a certeza

A fé é a certeza do que se espera. Mantenhamos firme a confissão da esperança, pois fiel é o que prometeu.

ယုံ​ကြည်​ခြင်း

ယုံ​ကြည်​ခြင်း​သည် မျှော်​လ​င့်​သော​အ​ရာ​တို့​ကို မျက်​မှောက်​ပြု​ခြင်း​ဖြစ်၏။ မ​မြင်​သေး​သော အ​ရာ​တို့​ကို သိ​မှတ်​စွဲ​လမ်း​ခြင်း​အ​ကြောင်း ဖြစ်၏။-

ယုံ​ကြည်​ခြင်း

ယုံ​ကြည်​ခြင်း​သည် မျှော်​လ​င့်​သော​အ​ရာ​တို့​ကို မျက်​မှောက်​ပြု​ခြင်း​ဖြစ်၏။ မ​မြင်​သေး​သော အ​ရာ​တို့​ကို သိ​မှတ်​စွဲ​လမ်း​ခြင်း​အ​ကြောင်း ဖြစ်၏။-

မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ကို ဝန်​ခံ၍ မ​တိမ်း​ယိမ်း​မ​ရွေ့​လျော့​ဘဲ တည်​ကြည်​ကြ​ကုန်​အံ့။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။-

မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ကို ဝန်​ခံ၍ မ​တိမ်း​ယိမ်း​မ​ရွေ့​လျော့​ဘဲ တည်​ကြည်​ကြ​ကုန်​အံ့။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။-

သင်​တို့​ကို ခေါ်​တော်​မူ​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​တစ်​ပါး​ထဲ​သို့ ခေါ်​သွင်း​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​တစ်​ကိုယ်၊ ဝိ​ညာဉ်​တစ်​ဝိ​ညာဉ်​တည်း​ရှိ၏။-

ခေါ်​တော်​မူ​သော​ကြောင့် မျှော်​လ​င့်​ရ​သော​အ​ရာ​ကား အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ခံ​ရ​သော​အ​မွေ​တော်၏ ဘုန်း​စည်း​စိမ်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊-

တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဤ​နက်​နဲ​သော​အ​ရာ​နှင့်​ဆိုင်​သော မ​ဟာ​စည်း​စိမ်​ကား၊ အ​ဘယ်​မျှ​လောက်​ကြီး​သည်​ကို သန့်​ရှင်း​သူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ၏။ ထို​စည်း​စိမ်​ကား၊ ဘုန်း​အ​သ​ရေ​ကို မျှော်​လ​င့်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော သင်​တို့​အ​ထဲ၌ တည်​တော်​မူ​သော ခ​ရစ်​တော်​ပေ​တည်း။-

သင်​တို့​သည် ယေ​ရှု​ခ​ရစ်​ကို​ယုံ​ကြည်၍၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ကြ​သည်​ဟု ငါ​တို့​သည် ကြား​သ​ဖြင့်​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​သည် အ​ထက်​က ကြား​သိ​ကြ​သည်​အ​တိုင်း၊ သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​သော မျှော်​လ​င့်​ရာ​ကို ထောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အ​ဖို့ အ​စဉ်​မ​ပြတ်​ဆု​တောင်း၍၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ၏။-

Esperança e confiança

Eu sei os planos que tenho para vocês — planos de paz e esperança. Deus é a fonte de toda esperança.

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့၊ အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှ​လုံး​ရှိ​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့၊ အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှ​လုံး​ရှိ​ကြ​လော့။

အို​ငါ့​ဝိ​ညာဉ်၊ သင်​သည် အ​ဘယ်​ကြောင့် ညှိုး​ငယ်​သ​နည်း။ ငါ့​အ​ထဲ​မှာ အ​ဘယ်​ကြောင့် မ​ငြိမ်​မ​ဝပ်​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​ကို မျှော်​လင့်​လျက်​နေ​လော့။ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​ထော​မ​နာ ပြု​ရ​လေ​အံ့​သ​တည်း။

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ၊ အ​ကျွန်ုပ်၏​ဒိုင်း​လွှား ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။

ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ၊ အ​ကျွန်ုပ်၏​ဒိုင်း​လွှား ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ၏။

ကယ်​နုတ်​တော်​မူ​ရန်​ဆု​တောင်း

အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို တောင့်​တ​လျက်​နှင့် ခွန်​အား​လျော့​ပါ၏။ သို့​သော်​လည်း၊ နှုတ်​က​ပတ်​တော်​ကို မျှော်​လင့်​ပါ၏။

ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော​သူ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်၏ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​ကို​အောင်၍ အောင်​ပွဲ​ကို​မ​ခံ​ပါ​စေ​နှင့်။ အ​ကယ်​စင်​စစ် ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ကြ​ပါ။ အ​ကြောင်း​မ​ရှိ​ဘဲ သ​စ္စာ​ကို​ဖျက်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​လိမ့်​မည်။

Esperança eterna

Somos salvos na esperança. Aquele que prometeu é fiel. A esperança está guardada nos céus para os que creem.

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​ရောက်၍ ထာ​ဝ​ရ​အ​သက်​ကို မျှော်​လ​င့်​သည်​နှင့်​အ​ညီ အ​မွေ​ခံ​ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း။

ထို​ကြောင့်၊ အ​သက်​ရှင်​တော်​မူ​ထ​သော၊ လူ​အ​ပေါင်း​တို့​ကိုကယ်မတော်မူ၍၊ ယုံကြည်သောသူတို့ကို အ​ထူး​သ​ဖြင့် ကယ်​မ​တော်​မူ​သော ဘု​ရား​သ​ခင်၌ ငါ​တို့​သည်​ကိုး​စား​သည်​နှင့်​အ​ညီ၊ ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ကြ၏။ ကဲ့​ရဲ့​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။-

မ​ရ​ဏ​နှင့်​ကင်း​လွတ်​သော​သူ တစ်​ပါး​တည်း​ဖြစ်​တော်​မူ​ထ​သော၊ အ​ဘယ်​သူ​မျှ မ​ချဉ်း​ကပ်​နိုင်​သော အ​လင်း​ထဲ၌​နေ​တော်​မူ​ထ​သော အ​ဘယ်​သူ​မျှ မ​မြင်​ဖူး​ရာ၊ မ​မြင်​နိုင်​ရာ ဖြစ်​တော်​မူ​ထ​သော၊ မင်္ဂ​လာ​ရှိ​သော တစ်​ပါး​တည်း​သော အ​ရှင်​ဖြစ်​တော်​မူ​ထ​သော၊ ဘု​ရင်​တ​ကာ​တို့၏ ဘု​ရင်၊ သ​ခင်​တ​ကာ​တို့၏​သ​ခင်​သည်၊ ကာ​လ​အ​ချိန်​ရောက်​သော​အ​ခါ၊ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ထင်​ရှား​ပေါ်​ထွန်း​ခြင်း​ကို ပြ​တော်​မူ​လိမ့်​မည်။ ထို​ဘု​ရား​သ​ခင်​သည် ထာ​ဝ​ရ​ဂုဏ်​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-

ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌၊ သင်​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် အ​ကျင့်​ကို​ကျင့်​ခြင်း၊ ချစ်​သော​စိတ်​နှင့် ကြိုး​စား​အား​ထုတ်​ခြင်း၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မျှော်​လ​င့်​သော​စိတ်​နှင့် တည်​ကြည်​ခြင်း​တို့​ကို ငါ​တို့​သည် အ​စဉ်​မ​ပြတ် အောက်​မေ့​လျက်၊ ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သော ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ရွေး​ကောက်​တော်​မူ​ခြင်း​ကို သိ​လျက်၊ သင်​တို့​အ​ပေါင်း​ကို အ​ကြောင်း​ပြု​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ကာ​လ​အ​စဉ်​ချီး​မွမ်း၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။

သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ခြင်း

ညီ​အစ်​ကို​တို့၊ မျှော်​လ​င့်​ခြင်း​မ​ရှိ​သော အ​ခြား​သူ​တို့​သည် ဝမ်း​နည်း​သ​ကဲ့​သို့၊ သင်​တို့​သည် ဝမ်း​မ​နည်း​မည်​အ​ကြောင်း၊ အိပ်​ပျော်​သော သူ​တို့၏ အ​မှု​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​တို့​အ​လို​မ​ရှိ၊- ယေ​ရှု​သည် သေ​ပြီး​မှ တစ်​ဖန် ထ​မြောက်​တော်​မူ​သည်​ကို ငါ​တို့​သည် ယုံ​လျှင်၊ ထို​နည်း​တူ ယေ​ရှု၌ အိပ်​ပျော်​သော​သူ​တို့​ကို​လည်း၊ ထို​သ​ခင်​နှင့်​အ​တူ ဘု​ရား​သ​ခင် ပို့​ဆောင်​တော်​မူ​လိမ့်​မည်။-

ထို​သို့​သော ယုံ​ကြည်​မျှော်​လ​င့်​ခြင်း​ရှိ​သည်​ဖြစ်၍ ငါ​တို့​သည် ထိမ်​ဝှက်​ခြင်း အ​လျှင်း​မ​ရှိ။ အ​တည့်​အ​လင်း ဟော​ပြော​ကြ၏။-

ယ​ခု​တွင် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း၊ ချစ်​ခြင်း၊ ဤ​သုံး​ပါး​တည်​လျက် ရှိ၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း မေ​တ္တာ​သည် အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။

Expressões de esperança

Vinde a mim todos os que estais cansados. A esperança adia a dor e floresce na presença do Senhor.

ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။-

ကယ်​နုတ်​မည့်​အ​ကြောင်း​သ​တင်း​ကောင်း

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

ငါ့​ဝိ​ညာဉ်၏​သ​ဘော​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​ဖို့​ဖြစ်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​ကို ငါ​မျှော်​လင့်​ပါ၏။

ငါ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​မည်။ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​ခို​လှုံ​မည်။ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်။

မျှော်​လင့်​သော​အ​ရာ​သည် ဖင့်​နွှဲ​လျှင်၊ စိတ်​နှ​လုံး​ကို ပူ​ပန်​စေ​တတ်၏။ အ​လို​ပြည့်​စုံ​သော​အ​ခါ​မူ​ကား အ​သက်​ပင်​ဖြစ်၏။

မျှော်​လင့်​သော​အ​ရာ​သည် ဖင့်​နွှဲ​လျှင်၊ စိတ်​နှ​လုံး​ကို ပူ​ပန်​စေ​တတ်၏။ အ​လို​ပြည့်​စုံ​သော​အ​ခါ​မူ​ကား အ​သက်​ပင်​ဖြစ်၏။

Firmeza na esperança

Esperai no Senhor! O cavalo é vaidade para a segurança, mas o Senhor guarda os que nele esperam.

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ကိုး​စား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ က​ရု​ဏာ​တော် သက်​ရောက်​ပါ​စေ​သော။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ကိုး​စား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ က​ရု​ဏာ​တော် သက်​ရောက်​ပါ​စေ​သော။

ငါ​တို့၏​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ၏။ ထို​ဘု​ရား​သည် ငါ​တို့​ကို မ​စ​သော​သူ၊ ကွယ်​ကာ​သော​သူ ဖြစ်​တော်​မူ၏။

မြင်း​သော်​လည်း ဘေး​လွတ်​ခြင်း​အ​မှု​ကို မ​တတ်​နိုင်။ ကြီး​စွာ​သော ခွန်​အား​ဗ​လ​ဖြင့် မ​ကယ်​မ​ယူ​နိုင်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​နှင့် က​ရု​ဏာ​တော်​ကို ခို​လှုံ​သော​သူ​တို့​သည်၊ သေ​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ အ​သက်​ရှင်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ငါ​စောင့်​လျက်​နေ၏။ ငါ့​ဝိ​ညာဉ်​သည် စောင့်​လျက်​နေ၏။ နှုတ်​က​ပတ်​တော်​ကို ငါ​မျှော်​လင့်၏။

အ​ကယ်​စင်​စစ် ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​တတ်၏။ ငါ​မျှော်​လင့်​ခြင်း​အ​ကြောင်း​သည် အ​ထံ​တော်​က သက်​ရောက်​ရ၏။

အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား၊ အ​ကျွန်ုပ်​တို့၏ ပ​တ္ထ​နာ​ကို​နား​ထောင်၍ အံ့​ဖွယ်​သော​အ​မှု​တို့​ကို တ​ရား​တော်​နှင့်​အ​ညီ ပြ​တော်​မူ၏။ ကိုယ်​တော်​သည် ဝေး​စွာ​သော​မြေ​ကြီး​စွန်း​နှင့်၊ ပင်​လယ်​စွန်း​တို့၌ နေ​သော​သူ​တို့၏ ကိုး​စား​ရာ ဖြစ်​တော်​မူ၏။

ယ​ခု​မူ​ကား၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ မျှော်​လင့်​ရ​ပါ​မည်​နည်း။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၌​သာ မျှော်​လင့်​စ​ရာ​အ​ကြောင်း​ရှိ​ပါ၏။

ကိုယ်​တော်၏​သ​မ္မာ​တ​ရား​ကို​ပြ၍၊ အ​ကျွန်ုပ်​ကို သွန်​သင်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ကယ်​တင်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို အ​စဉ်​မျှော်​လင့်​လျက်​နေ​ပါ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ နံ​နက်​အ​ခါ အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​တော်​မူ​ရ​ပါ၏။ နံ​နက်​အ​ခါ​ကိုယ်​တော်​ကို မျက်​မှောက်​ပြု၍ မျှော်​လင့်​ပါ​မည်။

ငတ်​မွတ်​သော သူ​တို့​ကို အ​စဉ်​မေ့​လျော့​တော်​မ​မူ။ ဆင်း​ရဲ​သော​သူ​တို့​သည် မျှော်​လင့်၍​မ​ရ​ဘဲ အ​စဉ်​မ​နေ​ရ​ကြ။

ထာ​ဝ​ရ​ဘု​ရား​သည် မ​ကောင်း​သော​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​ကို​ကွယ်​ကာ၍၊ သင်၏​အ​သက်​ကို စောင့်​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ထွက်​ခြင်း​နှင့် ဝင်​ခြင်း​တို့​ကို ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် စောင့်​တော်​မူ​လိမ့်​မည်။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မ​ပြတ် မျက်​မှောက်​ပြု၏။ အ​ကြောင်း​မူ​ကား၊ ငါ​လက်​ယာ​ဘက်၌ တည်​ရှိ​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည်​လှုပ်​ရှား​ခြင်း​မ​ရှိ​ရ။ ထို​ကြောင့် ငါ့​စိတ်​နှ​လုံး​သည်​သာ​ယာ​ခြင်း၊

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.