Pular para o conteúdo
Publicidade

Esperar em Deus

Por Bíblia Online

Esperar pelo tempo de Deus é um dos maiores desafios da vida cristã. Quando a resposta demora e o peso dos dias parece grande demais, o coração humano naturalmente se agita e busca o controle de tudo.

As Escrituras conhecem bem essa angústia e oferecem descanso para a alma cansada. Encontre paz nas palavras que falam diretamente ao seu momento e renove hoje a sua confiança naquele que nunca falha.

Esperar em Deus não é passividade — é confiança ativa no Senhor que age no tempo perfeito. Os que esperam nele não serão confundidos nem envergonhados.

Esperança em Deus

Descanse somente em Deus, ó minha alma, pois dele vem a minha esperança. Ele é rocha e salvação — não serei abalado.

အ​ကယ်​စင်​စစ် ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​တတ်၏။ ငါ​မျှော်​လင့်​ခြင်း​အ​ကြောင်း​သည် အ​ထံ​တော်​က သက်​ရောက်​ရ၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​တော်​ကို​ငံ့​လင့်​လော့။ မိ​မိ​အ​မှု၌ အောင်​တတ်​သော​သူ၊ မ​ကောင်း​သော​အ​ကြံ​အ​စည်​တို့​ကို ပြီး​စေ​သော​သူ၏​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။

ပြစ်​မှား​သော​သူ​တို့​သည် ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်၍၊ လမ်း​တော်​ကို လျှောက်​သွား​လော့။ ပြည်​တော်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​နှင့် ချီး​မြှောက်​တော်​မူ​မည်။ မ​တ​ရား​သော​သူ​တို့ ဆုံး​ရှုံး​ခြင်း​ကို သင်​သည် ကြည့်​မြင်​ရ​လိမ့်​မည်။

လွတ်​မြောက်​ခြင်း​အ​တွက်​ချီး​မွမ်း​ခြင်း

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို စေ့​စေ့​မျှော်​လင့်​သည်​ကာ​လ၊ ငါ့​ကို မျက်​နှာ​ပြု၍ ငါ​အော်​ဟစ်​သော​အ​သံ​ကို ကြား​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ငါ​စောင့်​လျက်​နေ၏။ ငါ့​ဝိ​ညာဉ်​သည် စောင့်​လျက်​နေ၏။ နှုတ်​က​ပတ်​တော်​ကို ငါ​မျှော်​လင့်၏။ နံ​နက်​ကို​မျှော်​လင့်​သော သူ​တို့​ထက်​မ​က၊ ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​ရှင်​ကို​မျှော်​လင့်​လျက်​နေ၏။

အ​ကယ်​စင်​စစ် ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ​ကြ​ပါ။ အ​ကြောင်း​မ​ရှိ​ဘဲ သ​စ္စာ​ကို​ဖျက်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​ပါ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ကိုး​စား​ပါ၏။ အ​ကျွန်ုပ်၏​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ပြန်​ပြော​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လော့။ အား​ယူ၍ ရဲ​ရင့်​သော စိတ်​နှ​လုံး​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ​လော့။

Confiança na espera

O Senhor é bom para os que esperam nele. O olho não viu o que Deus preparou para os que o amam e o aguardam.

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို မျှော်​လင့်​ကြ​ပါ၏။ နံ​နက်​တိုင်း အ​ကျွန်ုပ်​တို့၌ ခွန်​အား​ကို ပေး​တော်​မူ​ပါ။ အ​မှု​ရောက်​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​ပါ။

ကိုယ်​တော်​ကို မျှော်​လင့်​သော သူ​တို့​အ​ဖို့​အ​လို​ငှာ ကျေး​ဇူး​ပြု​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​သ​ခင်​ကို က​မ္ဘာ​ဦး​မှ​စ၍ အ​ဘယ်​သူ​မျှ မ​ကြား​မ​သိ​ပါ။ နား​ဖြင့်​မ​ကြား၊ မျက်​စိ​ဖြင့် မ​မြင်​စ​ဖူး​ပါ။

ငါ​သည် ရန်​တုံ့​ပြု​မည်​ဟု မ​ဆို​နှင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ငံ့​လင့်​လော့။ သို့​ပြု​လျှင် ကယ်​တင်​တော်​မူ​လိမ့်​မည်။

ဆင်း​ရဲ​ဒု​က္ခ​ကို​သည်း​ခံ​ခြင်း

ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ အ​ကယ်၍ လယ်​လုပ်​သော​သူ​သည် အ​ရင်​မိုး၊ နောက်​မိုး​ကို​ရ​သည်​တိုင်​အောင်၊ အ​ဖိုး​ထိုက်​သော မြေ​အ​သီး​ကို သည်း​ခံ​လျက် စောင့်​နေ၍ မျှော်​လ​င့်​တတ်၏။- သင်​တို့​သည်​လည်း သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို မြဲ​မြံ​စေ​ကြ​လော့။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သော​အ​ချိန် ရောက်​လု​နီး​ပြီ။-

ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ၌ ကိုယ်​ကို​ကိုယ်​စောင့်​ရှောက်၍ ထာ​ဝ​ရ​အ​သက်​အ​လို​ငှာ၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ က​ရု​ဏာ​တော်​ကို မျှော်​လ​င့်၍ နေ​ကြ​လော့။-

ငါ​တို့​ကျင့်​သော အ​ကျင့်​မူ​ကား၊ ကောင်း​ကင်​ဘုံ​နှင့် စပ်​ဆိုင်​လျက်​ရှိ၏။ ကယ်​တင်​တော်​မူ​သော​အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ကောင်း​ကင်​ဘုံ​မှ ကြွ​လာ​တော်​မူ​မည်​ဟု ငါ​တို့​သည် မျှော်​လ​င့်​လျက်​နေ​ကြ၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.