Pular para o conteúdo
Publicidade

Esperar no Senhor

Por Bíblia Online

Quando o tempo passa e a resposta que você tanto pede parece não chegar, o coração aperta e o cansaço pesa. A tendência humana é tentar apressar os passos, resolver tudo com as próprias forças e tomar o controle das situações.

Deus compreende essa angústia e convida você a descansar na certeza de que Ele governa todas as coisas. A Palavra lembra que o tempo de Deus não é o nosso, mas é sempre perfeito, trazendo renovação para os dias difíceis e paz para a alma que confia.

Esperar no Senhor é ato de fé e confiança. A Bíblia promete que os que esperam em Deus renovam as forças, recebem direção e experimentam a fidelidade divina no tempo certo.

Renovar as forças

Os que esperam no Senhor renovam as forças. Sobem como águias, correm e não se cansam, caminham e não se fatigam.

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

9*8/သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ကျေး​ဇူး​ပြု​လို​သော​ငှာ မျှော်​လင့်​တော်​မူ​မည်။ က​ရု​ဏာ​ပြု​လို​သော​ငှာ ချီး​မြှောက်​ခြင်း​ကို ခံ​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လော့။ အား​ယူ၍ ရဲ​ရင့်​သော စိတ်​နှ​လုံး​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ​လော့။

အ​ကယ်​စင်​စစ် အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ငါ​တွေ့​မြင်​ပြီ​ဟု ယုံ​မှတ်​စွဲ​လမ်း​ခြင်း​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လော့။ အား​ယူ၍ ရဲ​ရင့်​သော စိတ်​နှ​လုံး​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ​လော့။

အ​လင်း​နှင့်​ကယ်​တင်​ရှင်

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း၊ ငါ့​ကို ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို ကြောက်​ရ​အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​သက်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​ရ​အံ့​နည်း။ ငါ့​ကို​အ​ငြိုး​ထား​သော ရန်​သူ​လူ​ဆိုး​တို့​သည်၊ ငါ့​အ​သား​ကို​ကိုက်​စား​မည်​ဟု လာ​ကြ​သော​အ​ခါ၊ ခြေ​တိုက်​မိ၍​လဲ​ကြ၏။ ငါ့​တစ်​ဖက်၌ တပ်​ချ​ကြ​သော်​လည်း၊ ငါ့​နှ​လုံး​မ​ကြောက်​တတ်။ စစ်​ချီ၍​လာ​ကြ​သော်​လည်း၊ ထို​အ​မှု​တွင်​ပင် တည်​ကြည်​သော စိတ်​ရှိ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။ အ​ကြောင်း​မူ​ကား၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ၊ တဲ​တော်​တွင် ငါ့​ကို ကွယ်​ကာ​တော်​မူ​မည်။ ဗိ​မာန်​တော်​အ​တွင်း​အ​ရပ်၌၊ ငါ့​ကို​ဝှက်​ထား​တော်​မူ​မည်။ ကျောက်​ပေါ်​မှာ​လည်း ငါ့​ကို​တင်​ထား​တော်​မူ​မည်။ ယ​ခု​ပင် ငါ့​ပတ်​လည်၌​ရှိ​သော ရန်​သူ​တို့၏​အ​ပေါ်​သို့ ငါ၏​ဦး​ခေါင်း​ကို ချီး​မြှောက်​တော်​မူ၏။ ထို​ကြောင့် ဗိ​မာန်​တော်​မှာ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ ယဇ်​ပူ​ဇော်​ပါ​မည်။ သီ​ချင်း​ဆို​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို​သ​နား၍ ထူး​တော်​မူ​ပါ။ ငါ၏​မျက်​နှာ​ကို​ရှာ​ကြ​လော့​ဟူ​သော အ​မိန့်​တော်​ကို ရှေ့​တော်၌ အ​ကျွန်ုပ်​သည် သ​တိ​ပြု​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​မျက်​နှာ​ကို​ရှာ​ပါ​မည်။ အ​ကျွန်ုပ်​ကို မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ အ​မျက်​ထွက်၍ ကိုယ်​တော်၏​ကျွန်​ကို ပယ်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​တော်​မူ​ဖူး​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​မိ​ဘ​တို့​သည် အ​ကျွန်ုပ်​ကို​စွန့်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို ချီ​ယူ​တော်​မူ​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​ကို အ​ကျွန်ုပ်​အား​ပြ​သ​သွန်​သင်​တော်​မူ​ပါ။ အ​ကျွန်ုပ်၏ ရန်​သူ​တို့​ကြောင့် ဖြောင့်​သော​လမ်း​ထဲ၌ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​ပါ။ မ​မှန်​သော​သက်​သေ​ကို​ခံ​သော​သူ​တို့​နှင့် ညှဉ်း​ဆဲ​ခြင်း​ငှာ၊ ပြင်း​စွာ​အ​သက်​ရှူ​သော သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​ကြ​သည်​ဖြစ်၍၊ ရန်​သူ​တို့​အ​လို​သို့ အ​ကျွန်ုပ်​ကို အပ်​နှံ​တော်​မ​မူ​ပါ​နှင့်။ အ​ကယ်​စင်​စစ် အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ငါ​တွေ့​မြင်​ပြီ​ဟု ယုံ​မှတ်​စွဲ​လမ်း​ခြင်း​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လော့။ အား​ယူ၍ ရဲ​ရင့်​သော စိတ်​နှ​လုံး​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ​လော့။

Espera paciente

Esperei com paciência no Senhor e Ele se inclinou para mim. Confie nele e descanse — Ele agirá no tempo certo.

လွတ်​မြောက်​ခြင်း​အ​တွက်​ချီး​မွမ်း​ခြင်း

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို စေ့​စေ့​မျှော်​လင့်​သည်​ကာ​လ၊ ငါ့​ကို မျက်​နှာ​ပြု၍ ငါ​အော်​ဟစ်​သော​အ​သံ​ကို ကြား​တော်​မူ၏။ ပျက်​စီး​ရာ​တွင်း​နှင့် အ​လွန်​ဆိုး​သော​ရွှံ့​ထဲ​က ငါ့​ကို​ဆယ်​နုတ်​ပြီး​လျှင် ငါ့​ခြေ​တို့​ကို ကျောက်​ပေါ်​မှာ​တင်၍ ငါ​ခြေ​ရာ​တို့​ကို တည်​စေ​တော်​မူ၏။ ထို​သို့ ငါ​တို့​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ရာ​သီ​ချင်း​သစ်​ကို ငါ​မြွက်​ဆို​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ၏။ လူ​များ​တို့​သည် သိ​မြင်၍ ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လိမ့်​မည်။ မာ​န​ထောင်​လွှား​သော​သူ​နှင့် မိ​စ္ဆာ​တ​ရား​လမ်း​သို့ လွှဲ​သွား​သော သူ​တို့​ကို မ​မှီ​ဝဲ၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​ဖို့ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​နှင့် ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​သည် များ​လှ​ပါ၏။ ရှေ့​တော်၌ အ​စဉ်​အ​တိုင်း လျှောက်၍​မ​ကုန်​နိုင်​ပါ။ အ​ကျွန်ုပ် ထုတ်​ဖော်​ကြား​ပြော​မည်​ဟု ဆို​သော်၊ ရေ​တွက်၍ မ​ကုန်​နိုင်​အောင်​များ​လှ​ပါ၏။

ကိုယ်​တော်​သည် ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​ကို အ​လို​တော်​မ​ရှိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​နား​ကို ဖွင့်​တော်​မူ​ပြီ။ မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ​ယဇ်​များ​ကို တောင်း​တော်​မ​မူ​သော​အ​ခါ၊ ကျမ်း​စာ​လိပ်၌ အ​ကျွန်ုပ်​ကို​အ​မှတ်​ပြု၍ ရေး​ထား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​သည်​သွား​ပါ​မည်​ဟု ဝန်​ခံ​ပါ၏။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​အ​လို​ကို ဆောင်​ရာ၌ အ​ကျွန်ုပ်​သည် အား​ရ​ဝမ်း​မြောက်​ပါ၏။ ကိုယ်​တော်၏ တ​ရား​သည်​လည်း အ​ကျွန်ုပ်​နှ​လုံး​ထဲ​မှာ​ရှိ​ပါ၏။ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ပ​ရိသတ်​ကြီး​အ​လယ်​မှာ အ​ကျွန်ုပ်​ဟော​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​ကို​ပိတ်၍ မ​နေ​ကြောင်း​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ခြင်း​တ​ရား​ကို အ​ကျွန်ုပ်​သည် ကိုယ်​နှ​လုံး​ထဲ​မှာ ဝှက်၍​မ​ထား​ပါ​နှင့်။ သ​စ္စာ​စောင့်​တော်​မူ​ခြင်း​တ​ရား​နှင့် ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ဟော​ပြော​ပါ​ပြီ။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို ပ​ရိ​သတ်​ကြီး​အ​လယ်​မှာ မ​ထိမ်​မ​ဝှက်​ပါ။

ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ခြင်း

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၌ သ​နား​စုံ​မက်​တော်​မူ​ခြင်း​စိတ်​ကို မ​ချုပ်​တည်း​ပါ​နှင့်။ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​စောင့်​မ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ အ​တိုင်း​မ​သိ များ​စွာ​သော​ဘေး​ဥ​ပဒ်​တို့​သည် အ​ကျွန်ုပ်​ကို ဝိုင်း​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​မျှော်၍ မ​ကြည့်​နိုင်​အောင် ခံ​ရ​သော​အ​ပြစ်​တို့​သည် အ​ကျွန်ုပ်​ကို​မီ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆံ​ပင်​ထက် များ​ပြား​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​နှ​လုံး​သည် အား​လျော့​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​နုတ်​ယူ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ကို သတ်​ခြင်း​ငှာ ရှာ​ကြံ​သော သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ၍ မျက်​နှာ​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်၌ အ​န္တ​ရာယ်​ပြု​ချင်​သော​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ၍ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။

ငါ​တို့၏​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ၏။ ထို​ဘု​ရား​သည် ငါ​တို့​ကို မ​စ​သော​သူ၊ ကွယ်​ကာ​သော​သူ ဖြစ်​တော်​မူ၏။ သန့်​ရှင်း​သော​နာ​မ​တော်​ကို ခို​လှုံ​သော​ကြောင့်၊ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ကိုး​စား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ က​ရု​ဏာ​တော် သက်​ရောက်​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား​ကို ငါ​စောင့်​လျက်​နေ၏။ ငါ့​ဝိ​ညာဉ်​သည် စောင့်​လျက်​နေ၏။ နှုတ်​က​ပတ်​တော်​ကို ငါ​မျှော်​လင့်၏။ နံ​နက်​ကို​မျှော်​လင့်​သော သူ​တို့​ထက်​မ​က၊ ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​ရှင်​ကို​မျှော်​လင့်​လျက်​နေ၏။

အ​ကယ်​စင်​စစ် ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​သ​ခင်​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​တတ်၏။ ငါ​မျှော်​လင့်​ခြင်း​အ​ကြောင်း​သည် အ​ထံ​တော်​က သက်​ရောက်​ရ၏။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်၍၊ လမ်း​တော်​ကို လျှောက်​သွား​လော့။ ပြည်​တော်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​နှင့် ချီး​မြှောက်​တော်​မူ​မည်။ မ​တ​ရား​သော​သူ​တို့ ဆုံး​ရှုံး​ခြင်း​ကို သင်​သည် ကြည့်​မြင်​ရ​လိမ့်​မည်။

Confiança e perseverança

Confie no Senhor de todo o coração. Sede pacientes na tribulação — o Senhor é fiel e cumprirá todas as suas promessas.

ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။

ထို​မျှ​မ​က၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ကို​ခံ၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​သည် သည်း​ခံ​ခြင်း​ကို ပြု​စု​တတ်၏။- သည်း​ခံ​ခြင်း​သည်​လည်း သက်​သေ​ထင်​ရှား​ခြင်း​ကို ပြု​စု​တတ်၏။ သက်​သေ​ထင်​ရှား​ခြင်း​သည်​လည်း မျှော်​လင့်​ခြင်း​ကို ပြု​စု​တတ်၏။-

ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သည်​နေ့​မှ​စ၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။ ဆု​တောင်း​သော​အ​ချက် ဟူ​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​အ​မျိုး​မျိုး​တည်း ဟူ​သော အ​သီး​ကို​သီး​ခြင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော ဉာဏ်​တိုး​ပွား​ခြင်း​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ရာ​ရာ၌​သည်း​ခံ​ခြင်း၊ စိတ်​ရှည်​ခြင်း​အ​လို​ငှာ၊ ဘုန်း​ကြီး​သော တန်​ခိုး​တော်​အ​တိုင်း ခွန်​အား​နှင့် ပြည့်​စုံ​သ​ဖြင့်​လည်း​ကောင်း၊ ခ​မည်း​တော်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ သ​ခင်​ဘု​ရား​နှင့် ထိုက်​လျောက်​စွာ ကျင့်၍ အ​ရာ​ရာ၌ နှစ်​သက်​တော်​မူ​စေ​ခြင်း​ငှာ၊ ပ​ညာ​အ​မျိုး​မျိုး၊ ဓ​မ္မ​ဉာဏ်​အ​မျိုး​မျိုး​အား​ဖြင့် အ​လို​တော်​ကို အ​ကုန်​အ​စင် နား​လည်​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-

ဆင်း​ရဲ​ဒု​က္ခ​ကို​သည်း​ခံ​ခြင်း

ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ အ​ကယ်၍ လယ်​လုပ်​သော​သူ​သည် အ​ရင်​မိုး၊ နောက်​မိုး​ကို​ရ​သည်​တိုင်​အောင်၊ အ​ဖိုး​ထိုက်​သော မြေ​အ​သီး​ကို သည်း​ခံ​လျက် စောင့်​နေ၍ မျှော်​လ​င့်​တတ်၏။- သင်​တို့​သည်​လည်း သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို မြဲ​မြံ​စေ​ကြ​လော့။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သော​အ​ချိန် ရောက်​လု​နီး​ပြီ။-

သည်း​ခံ​နိုင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ငါ​တို့​သည် ခေါ်​ကြ၏။ ယော​ဘ​သည် သည်း​ခံ​ကြောင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ရာ​မှာ အ​လွန်​သ​နား စုံ​မက်​တော်​မူ​ကြောင်း​ကို​လည်း သိ​မြင်​ရ​ကြ​ပြီ။

သင်​တို့​သည် ဖောက်​ပြန်​ပျက်​စီး​တတ်​သော မျိုး​စေ့​အား​ဖြင့် ဖြစ်​ဖွား​သည်​မ​ဟုတ်၊- မ​ဖောက်​ပြန်​မ​ပျက်​စီး​တတ်​သော မျိုး​စေ့​တည်း​ဟူ​သော အ​သက်​ရှင်၍ အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် ဖြစ်​ဖွား​သော​ကြောင့်၊ ညီ​အစ်​ကို​များ​ကို ချစ်​ယောင်​မ​ဆောင်၊ အ​မှန်​ချစ်​ခြင်း​အ​လို​ငှာ စိတ်​ထဲ​မှာ​သ​မ္မာ​တ​ရား​ကို နား​ထောင်​လျက်၊ ကိုယ်​စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​ပြီး​သည်​နှင့် အ​ညီ၊ စင်​ကြယ်​သော​စိတ်​နှင့် အ​ချင်း​ချင်း အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ ရှိ​ကြ​လော့။- လူ​မျိုး​ရှိ​သ​မျှ​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်၏။ လူ​မျိုး၏ ဘုန်း​ရှိ​သ​မျှ​သည်​လည်း မြက်​ပွင့်​ကဲ့​သို့​ဖြစ်၏။ မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။- ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​မူ​ကား၊ ကာ​လ​အ​စဉ်​အ​မြဲ တည်၏။ ထို​နှုတ်​က​ပတ်​တော်​သည်၊ သင်​တို့​အား ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ဖြစ်​သ​တည်း။

လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။-

သ​တို့​သ​မီး​တစ်​ကျိပ်​ဥ​ပ​မာ

ထို​အ​ခါ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ မီး​ခွက်​ကို ကိုင်​ယူ၍ ထွက်​သွား​သော သ​တို့​သ​မီး တစ်​ကျိပ်​နှင့် တူ၏။-ထို​သ​တို့​သ​မီး​တို့​တွင် ငါး​ယောက်​သည် ပ​ညာ​သ​တိ​ရှိ​ကြ၏။ ငါး​ယောက်​မူ​ကား အ​မိုက်​ဖြစ်​ကြ၏။- မိုက်​သော​သူ​တို့​သည် မီး​ခွက်​တို့​ကို​သာ​ယူ၍ ဆီ​ကို မ​ယူ​ကြ။- ပ​ညာ​သ​တိ​ရှိ​သော သူ​တို့​မူ​ကား၊ မီး​ခွက်​နှင့်​တ​ကွ ဘူး၌​ပါ​သော​ဆီ​ကို​လည်း ယူ​ကြ၏။- မင်္ဂ​လာ​ဆောင်​လု​လင်​သည် မ​လာ​ဘဲ​နေ​စဉ်၊ ထို​သ​တို့​သ​မီး​အ​ပေါင်း​တို့​သည် ငိုက်၍ အိပ်​ပျော်​ကြ၏။-

သန်း​ခေါင်​ယံ၌ ကြည့်​ပါ။ မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ​ပြီ။ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ထွက်​သွား​ကြ​ကုန်​ဟု ကြွေး​ကြော်​လျှင်၊- ထို​သ​တို့​သ​မီး​အ​ပေါင်း​တို့​သည် ထ၍​မီး​ခွက်​များ​ကို ပြင်​ဆင်​ကြ၏။- မိုက်​သော​သူ​တို့​က ငါ​တို့​ဆီ​မီး သေ​ပါ​ပြီ။ သင်​တို့​ဆီ​ကို အ​နည်း​ငယ်​ပေး​ပါ​ဟု ပ​ညာ​ရှိ​သော​သူ​တို့​အား တောင်း​ကြ၏။- ပ​ညာ​ရှိ​သော​သူ​တို့​က​လည်း သင်​တို့​အ​ဖို့​နှင့် ငါ​တို့​အ​ဖို့ ဆီ​မ​လောက်။ ထို​ကြောင့် ဆီ​ရောင်း​သော​သူ ရှိ​ရာ​သို့ သွား၍ ကိုယ်​သုံး​ဖို့​ဝယ်​လျှင် သာ၍​ကောင်း​သည်​ဟု ပြန်​ပြော​ကြ၏။- ထို​သူ​တို့​သည် ဆီ​ဝယ်​သွား​သည်​အ​ခိုက်​တွင် မင်္ဂ​လာ​ဆောင်​လု​လင်​သည် လာ၍၊ အ​သင့်​ရှိ​သော သ​တို့​သ​မီး​တို့​သည် လု​လင်​နှင့်​အ​တူ ပွဲ​သို့​ဝင်​ကြ​ပြီး​လျှင် တံ​ခါး​ကို​ပိတ်​ထား၏။- ထို​နောက် ကြွင်း​သော​သ​တို့​သ​မီး​တို့​သည် လာ၍ အ​ရှင်၊ အ​ရှင်၊ ကျွန်​မ​တို့​အား တံ​ခါး​ကို​ဖွင့်​ပါ​ဟု တောင်း​လျှောက်​ကြ​သော်၊-အ​ရှင်​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​ကို ငါ​မ​သိ​ဟု ပြန်​ပြော​လေ၏။- သို့​ဖြစ်၍ လူ​သား​သည် ကြွ​လာ​အံ့​သော​နေ့​ရက်၊ အ​ချိန်​နာ​ရီ​ကို သင်​တို့​သည် မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.