Esperar no Senhor
Esperar no Senhor é ato de fé e confiança. A Bíblia promete que os que esperam em Deus renovam as forças, recebem direção e experimentam a fidelidade divina no tempo certo.
Renovar as forças
Os que esperam no Senhor renovam as forças. Sobem como águias, correm e não se cansam, caminham e não se fatigam.
Espera paciente
Esperei com paciência no Senhor e Ele se inclinou para mim. Confie nele e descanse — Ele agirá no tempo certo.
Confiança e perseverança
Confie no Senhor de todo o coração. Sede pacientes na tribulação — o Senhor é fiel e cumprirá todas as suas promessas.
အယ်လော့-က်နကဟှ ဆင်းရဲဒေါက်ခလေနှိုက်လည်း ဝါကြွားဝန်းသာမှုရှိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဆင်းရဲဒေါက်ခလေဟှာ သီးခံရှင်းဟှို ဖြစ်စေကြောန့် ဖြစ်ဟှယ်။ သီးခံမှုဟှာ ခံနိုင်ရည် ခွန်အားဟှိုရဘီး ဘုရားသခင်ရဲ့ မျစ်နှာသာဟှို ပိုဘီး ခံစားရလေဟှယ်။ ဘုရားသခင်ရဲ့ မျစ်နှာသာဟှလည်းဘဲ့ မျှော်လင့်ရှင်းဟှို တိုးပွားစေဟှယ်။
နော့-က်ဘီး နန်းနို့လေဟှာ ကိုယ်တော်ရဲ့ ဖောင်းတဂိုး အာနုဘော်တော်ဟှနေ ဆင်းသတ်လာဟှူ စွမ်းသတ်တိရှိဟှူမျှန အားဖ္လဲ့ဇာခံရဘီး သီးခံရှင်း၊ စိရှယ်ရှင်းန ပ္လဲ့ဝဘီးဟှာ၊
သည်းခံရှင်းန ဆုတောန်းကြောန်း
အယ်ကြောန့် ညီကို မောန်နှမလေ၊ နန်းနို့ဟှာ သခင်ဘုရား ကြွလာဟှူခီထိ သည်းခံဘီးဟှာ စောန့်နေဂေ့ပါ။ လယ်သမားဟှာ သူ့ရဲ့ လယ်မာ ဖိုးကီးဟှူ သီးနှံလေ ထွပ်လာဟှို့တွပ် ရင်မိုးန နော့-က်မှဝါဟှူ မိုးဟှို စောန့်မျှော်နေဟှယ်။ နန်းနို့ဟှာ သည်းခံဟှူစိန စောန့်နေဂေ့ပါ။ သခင်ဘုရား ကြွလာဟှူ နေ့ရစ်ကာလဟှာ နီးလာဘီ ဖြစ်ဟှူကြောန့် နန်းနို့လေ မျှော်လင့်ဇာလေဟှို ခိုင်းခိုင်မားမာ ထားဂေ့ပါ။
သူးနို့လေဟှာ ခံနိုင်ရည်ရှိဟှူ လူလေဖြစ်ဟှူကြောန့် သူးနို့ဟှို မင်္ဂလာရှိဟှူလူလေ ဆိုဘီး နို့လေဟှ ခေါ်ဂေ့ဟှယ်။ ယောဘဟှာ ဖယ်မျိုးသည်းခံဟှယ် ဆိုဇာ နန်းနို့လေ ကြားရဂေ့ဟှယ်။ နော့-က်ဆောင်းမာ သူ့ဟှို ဘုရားသခင်ဟှ ဖယ်မျိုးကေ့ရှုကြောန်းဟှို နန်းနို့လေ သိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ထာဝရဘုရားဟှာ သနားကြင်နာဘီး ကရုဏာတော်န ပ္လဲ့ဇောင်ဟှူ သခင်ဖြစ်ဟှူကြောန့် ဖြစ်ဟှယ်။
နန်းနို့လေဟှာ သမ္မာတရားဟှို လိုက်လျှော့-က် ကျင့်သောင်းရှင်းအားဖြင့် နန်းနို့လေရဲ့ စိဝိညာဉ်ဟှို သန့်ရှင်း စင်ကြယ်စေဂေ့ဘီး ဟန်ဆောန်ရှင်းမှေ့ဘဲဟှူ ညီကိုရှင်း ရှစ်ဟှူ မြစ်တာဟှို ရဟှူကြောန့် ဖ္လူစင်ဟှူ စိနှလောင်းအားဖြင့် ရှင်းရှင်း ခိုင်းခိုင်မြဲမြဲ ရှစ်ဂေ့ပါ။ နန်းနို့လေဟှာ ဖော့-က်ပ္လန် ပျစ်စီးတတ်ဟှူ မျိုးစေ့အားဖြင့် မှုဘဲန ဖော့-က်ပ္လန် ပျစ်စီးမှုန ကင်းဟှူ မျိုးစေ့ဖြစ်ဟှူ သတ်ရှင်ဘီး မြဲတည်ဟှူ ဘုရားသခင်ရဲ့ စကားတော်အားဖြင့် ဒုတိယခါ ပ္လန်မွီးရှင်းဟှို ခံရဂေ့ဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊
"လူလေ ဂူလောင်းဟှာ ဗြစ်ပန်ဟှူမျိုး ဖြစ်ဘီး
သူးနို့လေရဲ့ ဖောင်းသရေတော်ဟှာ ဗြစ်ပွမ့်ဟှူမျိုး ဖြစ်ဟှယ်။
ဗြစ်ပန်ဟှာ ညှိုးနွမ်းဘီး သွိခြော့-က်ဟှားတတ်ဟှယ်။
ဗြစ်ပွမ့်လေလည်း ကွီတတ်လေဟှယ်။ ဘုရားသခင်ရဲ့ စကားတော်ဟှာ ကာလစဉ်ဆစ် တည်ဟှယ်။"
အယ်စကားတော်ဟှာ နန်းနို့လေဟှို ဟောပြောဟှူ ဒန်းကောန်းဘဲ့ဖြစ်ပါဟှယ်။
နှေးဟှယ် ဆိုဘီး တချို့လူလေ ထန်မှတ်နေဘေမဲ့ ဘုရားသခင်ဟှာ ဂဒိတော်ရာမာ နှေးတော်မူဟှ။ ဖယ်သူလည်း ပျစ်စီးဘဲန လူတိုင်းနောန်ဒရဟှို့တွပ် လိုတော်ရှိဟှူကြောန့် နန်းနို့လေဟှို သီးခံတော်မူလေဟှယ်။
ဒို့သမီးဆယ်ယော့-က်ကြောန်း
"အယ်မူခီမာ ကောန်းဂန်နိုင်ငံတော်ဟှာ ဒို့သားဟှို ကြိုဟှို့တွပ် သူးနို့ရဲ့ မီးခွပ်လေယူဘီး ထွပ်ဟှားဟှူ ဒို့သမီးဆယ်ယော့-က်န တူလေဟှယ်။ သူးနို့ထဲဟှ ငါးယော့-က်ဟှာ မိုက်မဲဟှူသူလေဖြစ်ဘီး ငါးယော့-က်ဟှာ ပညာရှိလေဖြစ်ဂေ့ဟှယ်။ မိုက်မဲဟှူသူလေဟှာ မီးခွပ်လေဟှိုဘဲ့ယူဘီး ဆီဟှို ယူဂေ့ဟှ။ ပညာရှိဟှူသူလေဟှာ မီးခွပ်လေနတူးဒူ ဆီဟှိုလည်း ယူဂေ့ဟှယ်။ ဒို့သားဟှာ လာသေးဘဲနနေဟှူကြောန့် သူးနို့လေဂူလောင်းဟှာ အိငိုက်လာဘီး အိမွိဟှားလေ့ဟှယ်။
"ညဉ့်နတ်သန်းဂေါန်မာ ‘ဒို့သားရော့-က်လာဘီ! ကြိုဟှို့ထွပ်လာဂေ့ပါ!’ ဆိုဘီး အော်သံထွပ်ပေါ်လာလေဟှယ်။ အယ်ခီမာ ဒို့သမီးလေဟှာ ထဘီးဟှာ သူးနို့လေရဲ့ မီးခွပ်လေဟှို ပြင်ဆင်ဂေ့ဟှယ်။ မိုက်မဲဟှူသူလေဟှ ‘နို့လေရဲ့မီးခွပ် မီးသေဟှမယ်။ အယ်ကြောန့် နန်းနို့ရဲ့ ဆီဟှို နဲနဲပေးပါ’ ဆိုဘီး ပညာရှိဟှူ သူလေဟှို တောန်းဂေ့ဟှယ်။ ပညာရှိဟှူ သူလေဟှ ‘အယ်မျိုးလောက်မယ် ဆိုဟှာ နန်းနို့န နို့လေတွပ် ဆီလော့-က်ဟှို့ မှုဟှ။ အယ်ကြောန့် ဆီရောန်းမားနားဟှို သွားဘီး ဝယ်ဂေ့ပါ’ ဆိုဘီး ပ္လန်ပြောလေဟှယ်။ မိုက်မဲဟှူသူလေဟှာ ဆီဝယ်သွားနေဒူးမာ ဒို့သားဟှာ ရော့-က်လာဟှယ်။ ဆင်သင့်ရှိနေဟှူ ဒို့သမီးလေဟှာ ဒို့သားနတူးဒူ အီတတ်ဗွဲဟှို ဝမ်ဘီးဟှာ ခွဗော့-က်ဟှို ပိဟှားလိုက်ဟှယ်။"
"မိုက်မဲဟှူ ဒို့သမီးလေလည်း ရော့-က်လာဘီးဟှာ ‘သခင်၊ သခင်! ကျွန်မဟှားလေဟှို ခွဗော့-က်ဖွမ့်ပေးပါ!’ ဆိုဘီး လျှော့-က်ဂေ့ဟှယ်။ အယ်ဘေမဲ့ ဒို့သားဟှ ‘နန်းနို့လေဟှို ငါမှန်ပြောမယ်၊ နန်းနို့လေဟှို ငါသိဟှ!’ ဆိုဘီး ပ္လန်ပြောဟှယ်။"
"အယ်ကြောန့် နန်းနို့လေလည်း အယ်နေ့အယ်ခီဟှို သိဘဲဟှူကြောန့် ဒိနစောန့်နေဂေ့ပါ။"