Pular para o conteúdo
Publicidade

Espírito

Por Bíblia Online

Deus conhece o lugar mais íntimo de quem você é e habita exatamente aí, na profundez do seu ser. É nesse espaço invisível que a fé toma raiz, que a adoração verdadeira acontece e que a voz de Deus encontra eco para guiar cada passo da sua jornada diária.

A vida cristã passa por essa realidade diária de depender da força que vem do alto para vencer as fraquezas humanas. Quando você entende o papel do Espírito de Deus moldando o seu interior, a obediência deixa de ser um peso e passa a ser a resposta natural de quem conhece o amor do Pai.

O espírito humano é a parte mais profunda do nosso ser — onde Deus habita, onde a fé se ancora e de onde brota a verdadeira adoração. A Bíblia nos chama a viver pelo Espírito.

A natureza do espírito

O espírito está pronto, mas a carne é fraca. A batalha entre carne e espírito é constante e exige vigilância.

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား​အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊-

မင်္ဂ​လာ​တ​ရား​တော်

စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-

အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​နှင့် ဝိ​ညာဉ်​ပ​က​တိ​သည် တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​သော အ​လို​ရှိ​ကြ၏။ တစ်​ပါး​နှင့်​တစ်​ပါး ဆန့်​ကျင်​ဘက်​ဖြစ်၍၊ သင်​တို့​သည် ကျင့်​ချင်​သော အ​ကျင့်​ကို မ​ကျင့်​နိုင်​ကြ။-

ဝိ​ညာဉ်​ပ​က​တိ​နှ​င့်​ဇာ​တိ​ပ​က​တိ

ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။-

ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။-

သို့​ဖြစ်၍ ငါ​တို့​သည် ဝိ​ညာဉ်​ပ​က​တိ​ကြောင့် အ​သက်​ရှင်​လျှင်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​ကုန်​အံ့။-

ဇာ​တိ​ပ​က​တိ​စိတ်​သ​ဘော​သည် သေ​ခြင်း​အ​ကြောင်း ဖြစ်၏။ ဝိ​ညာဉ်​ပ​က​တိ​စိတ်​သ​ဘော​သည် အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် ငြိမ်​သက်​ခြင်း​အ​ကြောင်း ဖြစ်၏။-

O Espírito de Deus em nós

Vosso corpo é templo do Espírito Santo. Deus fortalece com poder no homem interior pelo seu Espírito.

အ​ဘယ်​သို့​နည်း။ သင်​တို့​ကိုယ်​ခ​န္ဓာ​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော၊ သင်​တို့​အ​ထဲ၌ ကျိန်း​ဝပ်၍ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ဗိ​မာန်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ မ​ပိုင်​ကြောင်း​ကို​လည်း​ကောင်း၊ မ​သိ​ကြ​သ​လော။-သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။

သ​ခင်​ဘု​ရား၌ မှီ​ဝဲ​သော​သူ​သည် ထို​သ​ခင်​နှင့် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ဖြစ်၏။-

လူ၏​နက်​နဲ​သော​အ​ရာ​ကို လူ၌​ရှိ​သော မိ​မိ​စိတ်​ဝိ​ညာဉ်​မှ တစ်​ပါး အ​ဘယ်​သူ​သိ​သ​နည်း။ ထို​နည်း​တူ ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​ကို ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​သိ။-

သို့​ဖြစ်​လျှင်၊ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ စိတ်​နှ​လုံး​နှင့် လည်း​ကောင်း၊ ဉာဏ်​နှင့် လည်း​ကောင်း၊ ဆု​တောင်း​ရ​မည်။ စိတ်​နှ​လုံး​နှင့် လည်း​ကောင်း၊ ဉာဏ်​နှင့် လည်း​ကောင်း သီ​ချင်း​ဆို​ရ​မည်။-

ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သင်​တို့၏​အ​တွင်း​လူ​ကို ခွန်​အား​နှင့် မြဲ​မြံ​ခိုင်​ခံ့​စေ၍၊- ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​သည် သင်​တို့၏ စိတ်​နှ​လုံး​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ ဘုန်း​တော်​ကြွယ်​ဝ​ပြည်​စုံ​ခြင်း​နှင့် ညီ​လျော်​စွာ သင်​တို့​အား ပေး​တော်​မူ၍၊ မေ​တ္တာ၌ စိုက်​ပျိုး​ခြင်း၊ တိုက်​မြစ်​လည်း​ကျ​တည်​ခြင်း ရှိ​သ​ဖြင့်၊-

ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ဘုန်း​ကြီး​သော အ​ဘ​ခ​မည်း​တော်​သည် ကိုယ်​တော်​မြတ်​ကို သိ​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​လည်း​ကောင်း၊ ထိုး​ထွင်း​သော​ဉာဏ်​ကို​လည်း​ကောင်း၊ သင်​တို့​အား ပေး​ပါ​မည်​အ​ကြောင်း၊-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် တစ်​ဖန် ကြောက်​ရွံ့​တတ်​သော ကျွန်၏​သ​ဘော​ကို ရ​ကြ​သည်​မ​ဟုတ်။ အ​ဗ္ဗ​အ​ဘ​ဟု​ခေါ်​ရ​သော​အ​ခွင့်​နှင့် သား​ဖြစ်​ခြင်း၏ သ​ဘော​ကို​ရ​ကြ​ပြီ။-ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ​သည်​ဟု ဝိ​ညာဉ်​တော်​သည် ငါ​တို့၏​ဝိ​ညာဉ်​နှင့်​အ​တူ သက်​သေ​ခံ​တော်​မူ၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ​သည်​ဟု ဝိ​ညာဉ်​တော်​သည် ငါ​တို့၏​ဝိ​ညာဉ်​နှင့်​အ​တူ သက်​သေ​ခံ​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် တစ်​ဖန် ကြောက်​ရွံ့​တတ်​သော ကျွန်၏​သ​ဘော​ကို ရ​ကြ​သည်​မ​ဟုတ်။ အ​ဗ္ဗ​အ​ဘ​ဟု​ခေါ်​ရ​သော​အ​ခွင့်​နှင့် သား​ဖြစ်​ခြင်း၏ သ​ဘော​ကို​ရ​ကြ​ပြီ။-

ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ၌​ရှိ​တော်​မူ​လျှင်၊ ကိုယ်​ကာ​ယ​သည် အ​ပြစ်​ကြောင့် အ​သေ​ဖြစ်​သော်​လည်း ဝိ​ညာဉ်​မူ​ကား ဖြောင့်​မတ်​ခြင်း​ကြောင့် အ​သက်​ရှင်​လျက်​ရှိ၏။-

ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော် ဆုံး​မ​ပဲ့​ပြင်​တော်​မူ​သ​မျှ​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ၏။-

ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။-

အား​ထုတ်​ခြင်း​အ​ရာ​မှာ ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ​လျက်၊ စိတ်​တန်း​သ​ဖြင့် သ​ခင်​ဘု​ရား၏​အ​လို​တော်​သို့ လိုက်၍ အား​ထုတ်​ကြ​လော့။-

သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။

Vida no Espírito

Deus é Espírito e importa que os que o adoram o adorem em espírito e em verdade. O Espírito vivifica e transforma.

ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။-

ကိုး​ကွယ်​သော​သူ​မှန်​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကိုး​ကွယ်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို ခ​မည်း​တော်​သည် အ​လို​ရှိ​တော်​မူ၏။- ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။-

ငါ​တို့​ရှိ​သ​မျှ​သည် မျက်​နှာ​ဖုံး​ကို​ဖွင့်​လျက် မှန်​ကို ကြည့်​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏ ဘုန်း​အ​သ​ရေ​တော်​ကို ကြည့်​မြင်၍၊ ဝိ​ညာဉ်​တော်​တ​ရား၏ အ​ရှင်​သည် ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့​သည် ဘုန်း​အ​သ​ရေ တိုး​ပွား၍ ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ ပြောင်း​လဲ​ခြင်း ရှိ​ရ​ကြ၏။

ထို​ကြောင့် ချစ်​သူ​တို့၊ ထို​က​တိ​တော်​များ​နှင့် ငါ​တို့​သည် ဆိုင်​ကြ​သည်​ဖြစ်၍၊ ကိုယ်​ခ​န္ဓာ၏ အ​ညစ်​အ​ကြေး၊ စိတ်​ဝိ​ညာဉ်၏ အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​ကို​ကိုယ်​ကင်း​စင်​စေ​လျက်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​နှင့် ပြည့်​စုံ​ကြ​ကုန်​အံ့။

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ကြောက်​တတ်​သော စိတ်​သ​ဘော​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​မ​ဟုတ်၊ တန်​ခိုး​ပါ​သော​စိတ်၊ ချစ်​တတ်​သော​စိတ်၊ ရှင်း​လင်း​သော​စိတ်​သ​ဘော​ကို ပေး​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ကြောက်​တတ်​သော စိတ်​သ​ဘော​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​မ​ဟုတ်၊ တန်​ခိုး​ပါ​သော​စိတ်၊ ချစ်​တတ်​သော​စိတ်၊ ရှင်း​လင်း​သော​စိတ်​သ​ဘော​ကို ပေး​တော်​မူ၏။-

အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​သည် အ​လျှင်း​ရှက်​ကြောက်​ခြင်း​မ​ရှိ၊ ရဲ​ရင့်​ခြင်း​နှင့်​ပြည့်​စုံ၍ အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​ကိုယ်​ခ​န္ဓာ၌ ခ​ရစ်​တော်​သည် အ​စဉ်​မ​ပြတ် ဂုဏ်​အ​သ​ရေ​ထင်​ရှား တော်​မူ​သ​ကဲ့​သို့၊ ယ​ခု​ပင် ထင်​ရှား​တော်​မူ​မည်​ဟု ငါ​မျှော်​လ​င့်​အား​ကြီး၍ တောင့်​တ​သည်​နှင့်​အ​ညီ သင်​တို့ ဆု​တောင်း​သ​ဖြင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ဝိ​ညာဉ်​တော် မ​စ​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ကြောင်း​အ​ရာ​သည် ငါ့​ကို​ကယ်​တင်​သော အ​ကြောင်း​အ​ရာ ဖြစ်​မည်​ဟု ငါ​သိ၏။-

ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။

ဖိ​လိ​ပ္ပိ​ဩ​ဝါ​ဒ​စာ​ပြီး၏။

Promessas do Espírito

Derramarei o meu Espírito sobre toda a carne. O Espírito revela, guia e capacita os filhos de Deus.

ငါ​ဆုံး​မ​သော စ​ကား​ကို နား​ထောင်၍ ပြောင်း​လဲ​ကြ​လော့။ ငါ့​ဝိ​ညာဉ်​ကို သင်​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း၍၊ ငါ့​စ​ကား၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​လည်​စေ​မည်။

လူ​သည် မိ​မိ​ကျင့်​သ​မျှ​သော အ​ကျင့်​တို့​ကို နှစ်​သက်​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ စိတ်​သ​ဘော​တို့​ကို ချိန်​တော်​မူ၏။

မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့​နှင့် ပေါင်း​ဖော်၍ စိတ်​နှိမ့်​ချ​ခြင်း​သည်၊ မာ​န​ကြီး​သော​သူ​တို့​နှင့် ဆက်​ဆံ၍ လု​ယူ​သော​ဥ​စ္စာ​ကို ဝေ​မျှ​ခြင်း​ထက် သာ၍​ကောင်း၏။

စိတ်​ရှည်​သော​သူ​သည် ခွန်​အား​ကြီး​သော​သူ​ထက်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​ချုပ်​တည်း​သော​သူ​သည် မြို့​ကို​တိုက်​ယူ​သော သူ​ထက်​လည်း​ကောင်း သာ၍​ကောင်း၏။

လူ၏​စိတ်​ဝိ​ညာဉ်​သည် ကိုယ်​အ​တွင်း၌ ရှိ​ရှိ​သ​မျှ​တို့​ကို စစ်​ဆေး​သော ထာ​ဝ​ရ​ဘု​ရား၏​မီး​ခွက်​ဖြစ်၏။

ဇေ​ရု​ဗ​ဗေလ​အား​ပေး​တော်​မူ​သည့်​က​တိ​တော်

ကောင်း​ကင်​တ​မန်​က​လည်း၊ ဇေ​ရု​ဗ​ဗေ​လ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ ဤ​အ​မှု​သည် ဗိုလ်​ခြေ​အား​ဖြင့် မ​ဟုတ်၊ အာ​ဏာ​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ငါ့​ဝိ​ညာဉ်​အား​ဖြင့် ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကယ်​နုတ်​မည့်​အ​ကြောင်း​သ​တင်း​ကောင်း

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

ငါ​သည်​လည်း၊ ညီ​ညွတ်​သော​စိတ်​နှ​လုံး​နှင့် အ​သစ်​သော​သ​ဘော​ကို သွင်း​ပေး​မည်။ သူ​တို့​ကိုယ်​ခ​န္ဓာ​ထဲ​က ကျောက်​နှ​လုံး​ကို​နုတ်၍၊ အ​သား​နှ​လုံး​ကို ပေး​သော​ကြောင့်၊သူ​တို့​သည် ငါ​စီ​ရင်​ထုံး​ဖွဲ့​သော ပ​ညတ်​တ​ရား​လမ်း​သို့​လိုက်၍ စောင့်​ရှောက်​သ​ဖြင့်၊ ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။

ဤ​သွေ့​ခြောက်​သော အ​ရိုး​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ထဲ​သို့ အ​သက်​ကို​သွင်း၍ သင်​တို့​သည် အ​သက်​ရှင်​ရ​ကြ​မည်။

Cuidar do espírito

Cria em mim um coração puro e renova dentro de mim um espírito reto. O espírito quebrantado Deus não rejeita.

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို အ​ထံ​တော်​ထဲ​က နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။ ကယ်​တင်​တော်​မူ​ခြင်း​နှင့်​ယှဉ်​သော ဝမ်း​မြောက်​ခြင်း​အ​ခွင့်​ကို ပြန်၍​ပေး​သ​နား​တော်​မူ​ပါ။ ကြည်​ညို​သော စေ​တ​နာ​စိတ်​သ​ဘော​သည် အ​ကျွန်ုပ်​ကို​ထောက်​မ​ပါ​စေ​သော။

ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော ယဇ်​မူ​ကား၊ ကျိုး​ပဲ့​သော​စိတ်​ပေ​တည်း။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ကျိုး​ပဲ့​ကြေ​မွ​သော​နှ​လုံး​ကို ငြင်း​ပယ်​တော်​မ​မူ​တတ်​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် ကျိုး​ပဲ့​သော​စိတ်​ရှိ​သော သူ​တို့​နှင့် နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့​ကို နီး​တော်​မူ၏။ နောင်​တ​ရှိ၍ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို​လည်း ကယ်​တင်​တော်​မူ၏။

မင်း​များ​မှ​စ၍ မ​ကယ်​တင်​နိုင်​သော လူ​သား​ကို မ​ကိုး​စား​ကြ​နှင့်။ သူ​သည် အ​သက်​ထွက်၍ မြေ​သို့​ပြန်​သွား​တတ်၏။ ထို​နေ့​ချင်း​တွင်၊ သူ၏​အ​ကြံ​အ​စည်​တို့​သည် ပျက်​စီး​ကြ၏။

ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​သည် အ​သက်​ရှင်​ခြင်း၊ တန်​ခိုး​နှင့် ပြု​ပြင်​ခြင်း၊ သန်​လျက်​တ​ကာ​တို့​ထက် ထက်​ခြင်း​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ အ​သက်​နှင့် စိတ်​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ရိုး​ဆစ်​နှင့် ခြင်​ဆီ​ကို​လည်း​ကောင်း ပိုင်း​ခြား၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို​လည်း သိ​မြင်​တတ်၏။-

ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် အ​သေ​ဖြစ်၏။

စိတ်​ဝိ​ညာဉ်​ကို​စုံ​စမ်း​ခြင်း

ချစ်​သူ​တို့၊ ခပ်​သိမ်း​သော​စိတ်​ဝိ​ညာဉ်​တို့​ကို မ​ယုံ​ကြ​နှင့်။ စိတ်​ဝိ​ညာဉ်​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည် မ​စပ်​ဆိုင်​သည်​ကို စုံ​စမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ဤ​လော​က​သို့ သွား​ကြ​ပြီ။-

ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို ငါ​တို့​အား ပေး​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၌ တည်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ​သည်​ကို​လည်း​ကောင်း သိ​ရ​ကြ၏။-

သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

ထို​ခ​ဏ​ချင်း​တွင် ကွဲ​ပြား​သော​လျှာ​တို့​သည် မီး​လျှာ​ကဲ့​သို့​ထင်​ရှား၍၊ ထို​သူ​အ​သီး​အ​သီး​တို့​အ​ပေါ်၌ တည်​နေ​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်၍၊ ဝိ​ညာဉ်​တော်​သည် ဟော​ပြော​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည်​အ​တိုင်း အ​မျိုး​မျိုး​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ဟော​ပြော​ကြ၏။

ဖန်​ဆင်း​ခြင်း

အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။

မြေ​ကြီး​သည် အ​ဆင်း​သ​ဏ္ဌာန်​မ​ရှိ၊ လွတ်​လပ်​လ​ဟာ​ဖြစ်​၏။ နက်​နဲ​ရာ​အ​ရပ်​ကို မှောင်​မိုက်​ဖုံး​လွှမ်း​၍ ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ရေ​မျက်​နှာ​ပြင်​ပေါ်​မှာ​လှုပ်​ရှား​တော်​မူ​၏။

သို့​ရာ​တွင် လူ​ထဲ၌​ဝိ​ညာဉ်​ရှိ၏။ ဘု​ရား​သ​ခင် အ​သက်​ရှင်​စေ​တော်​မူ​သ​ဖြင့် ဉာဏ်​ရှိ၏။

ငွေ​ကြိုး​ပြုတ်​ခြင်း၊ ရွှေ​ဖ​လား​ကွဲ​ခြင်း၊ စမ်း​ရေ​တွင်း၌ ရေ​ပုံး​ပေါက်​ခြင်း၊ ရေ​ကျင်း​နား​မှာ စက်​ကျိုး​ခြင်း အ​ခြင်း​အ​ရာ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ ထို​ကာ​လ၌ မြေ​မှုန့်​သည်​နေ​ရင်း​မြေ​သို့​လည်း​ကောင်း၊ ဝိ​ညာဉ်​သည် အ​ရင်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​သို့​လည်း​ကောင်း ပြန်​သွား​ရ​လိမ့်​မည်။

မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ၌​ပြု​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ နိ​မိတ်​လ​က္ခ​ဏာ​တော်​သည် အ​လွန်​ကြီး​ပေ၏။ အံ့​ဖွယ်​သော အ​မှု​တော်​လည်း တန်​ခိုး​နှင့်​ပြည်​စုံ​ပေ၏။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၏။ အာ​ဏာ​စက်​တော်​လည်း က​မ္ဘာ​အ​ဆက်​ဆက် တည်​တော်​မူ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.