Pular para o conteúdo
Publicidade

Simplicidade do Evangelho

Por Bíblia Online

A simplicidade do evangelho é sua força. Deus escolheu as coisas loucas do mundo para confundir os sábios. O poder está na mensagem da cruz, não na eloquência humana.

ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ မိုက်​မဲ​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။ အ​စွမ်း​သ​တ္တိ​ရှိ​သော သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ အား​နည်း​သော သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။- မြတ်​သော​သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ လော​ကီ​အ​ရာ၌ ဆင်း​ရဲ​သော​သူ၊ မ​ရေ​ရာ​သော​သူ၊ ယုတ်​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။- ထို​ကြောင့်၊ ဘု​ရား​သ​ခင်​ရှေ့၌ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ကြောင်း​မ​ရှိ။-

ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှာ စေ​လွှတ်​တော်​မူ၏။ သို့​သော်​လည်း၊ ခ​ရစ်​တော်၏​လက်​ဝါး​ကပ်​တိုင်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ နှုတ်​ပ​ညာ​ကို အ​ခွင့်​မ​ပေး​ဘဲ နေ​တော်​မူ၏။

သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် လူ​ပ​ညာ​အား​ဖြင့် မ​တည်၊ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် တည်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား၊ ငါ့​ဒေ​သ​နာ​သည် လူ​ပ​ညာ​နှင့်​ယှဉ်​သော ဖြား​ယောင်း​သော​စ​ကား​နှင့်​တ​ကွ ရှိ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်၏​နိ​မိတ်​လ​က္ခ​ဏာ တန်​ခိုး​တော်​နှင့်​တ​ကွ ရှိ၏။

ငါ​သည်​လည်း မြေ​ကြီး​နှင့်​ခွာ၍ မြှောက်​ထား​ခြင်း​ကို ခံ​ရ​လျှင် လူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​သို့ ငါ​ဆွဲ​မည်​ဟု မိန့်​တော်​မူ၏။-

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.