Simplicidade do Evangelho
A simplicidade do evangelho é sua força. Deus escolheu as coisas loucas do mundo para confundir os sábios. O poder está na mensagem da cruz, não na eloquência humana.
ဘုရားသခင်ဟ ပညာဆိလို့ဟို ဆှက်ကြောက်စေရန်၊ လောကီအရာနှိုက် မိုက်မဲသောသူလို့ဟို ရွေးကောက်အယ်။ အစွမ်းသတ္တိဆိသော သူလို့ဟို ဆှက်ကြောက်စေရန် လောကီအရာနှိုက် အားနည်းသောသူလို့ဟို ရွေးကောက်လေအယ်။ ဟေလောကအရာနှိုက် မြတ်သောသူလို့ဟို ဆှက်ကြောက်စေခြင်းငှါ နှိမ့်ချခြင်း ခံရသူများ၊ မထီမဲ့မြင်ပြုခြင်း ခံရသူများနဲ့ အပယ်ခံရသူများဟို ဘုရားသခင် ရွေးကောက်အယ်။ အဲကျောန့် ဘုရားသခင်ဆေ့နှိုက် စသူမျှ ဝါကြွားစရာအကျောန်း မဆိ။
ခရစ်တော်ဟ ငါ့ဟို နှစ်ခြင်း ပေးစေရန် စေလွှတ်တာ မဟုတ်။ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်တွင် အသေခံခြင်း တန်ခိုး အလကားကား မဖြစ်စေရန် လူလို့ရဲ့ ဉာဏ်ပညာနဲ့ယှဉ်သော စကားများဟို အသုံးမပြုဘဲ သတင်းကောင်းဟို ပြောရန် ငါ့ဟို စေလွှတ်ခြင်း ဖြစ်အယ်။
ငါရဲ့ စကားနဲ့ ငါရဲ့ ဟောပြောချက်လို့ဟ ဆွဲဆောင်မှုဆိလဲ့ ဉာဏ်ပညာ စကားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်နဲ့ တန်ခိုးတော်လို့ရဲ့ သက်သေအထောက်အထားအားဖြင့် ဖြစ်အယ်။
ငါဟ မြေမှ မြှောက်ထားခြင်းဟို ခံရသောအခါ လူအားလုံးလို့ဟို ငါ့ဆေဟို ငါ ဆွဲခေါ်မယ်" ဟု မိန့်အယ်။
Este artigo te tocou? Faça uma oração!
+581 estão orando agora.
Junte-se à corrente de oração.