Pular para o conteúdo
Publicidade

Evangelização

Por Bíblia Online  - 

Falar de Jesus aos outros parece uma tarefa difícil quando olhamos para as nossas próprias limitações e fraquezas. No entanto, a mensagem que transforma vidas não depende da nossa eloquência, mas da obra que o próprio Deus realiza através da nossa obediência diária.

As palavras que você vai ler mostram que compartilhar a fé é um privilégio concedido a todo seguidor de Cristo. Elas lembram que a nossa presença no mundo tem um propósito claro e que a verdade do evangelho continua sendo a única esperança para quem ainda não conhece o amor do Pai.

A evangelização é a missão suprema da Igreja. Jesus mandou: ide por todo o mundo e pregai o evangelho a toda criatura. O evangelho é poder de Deus para a salvação de todo aquele que crê.

A Grande Comissão

Ide, fazei discípulos de todas as nações. Jesus confiou a seus seguidores a missão de levar a boa notícia ao mundo inteiro.

သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။-ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။

ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။

သင်​တို့​သည် လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​သို့​သွား၍၊ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ကြ​လော့။-

ထို​သို့​မ​ရှိ​သော်​လည်း၊ သင်​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဆင်း​သက်​သော​အ​ခါ သင်​တို့​သည် တန်​ခိုး​ကို​ခံ​ရ၍ ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​သက်​သေ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

သင်​တို့​သည် ဤ​လော​က၏ အ​လင်း​ဖြစ်​ကြ၏။ တောင်​ထိပ်၌​တည်​သော​မြို့​ကို မ​ကွယ်​နိုင်။-

ဆား​နှ​င့်​အ​လင်း

သင်​တို့​သည် ဤ​လော​က၏ ဆား​ဖြစ်​ကြ၏။ ဆား​မူ​ကား၊ အ​ငန်​ကင်း​ပျောက်​လျှင် ငန်​သော​အ​ရ​သာ​ကို အ​ဘယ်​သို့ ရ​ပြန်​မည်​နည်း။ ပြင်​သို့​ပစ်​လိုက်၍ ကျော်​နင်း​ခြင်း​မှ​တစ်​ပါး အ​ဘယ်​အ​သုံး​မျှ​မ​ဝင်။-

ဆီ​မီး​ထွန်း၍ တောင်း​ဇ​လား​အောက်၌ ဖုံး​ထား​လေ့​မ​ရှိ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် အ​လင်း​ကို ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။-ထို​နည်း​တူ၊ သူ​တစ်​ပါး​တို့​သည် သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို မြင်၍၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​ရှေ့၌ သင်​တို့​အ​လင်း​ကို လင်း​စေ​ကြ​လော့။-

ထို​အ​ခါ​မှ​စ၍ ယေ​ရှု​က၊ နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ ဟူ​သော တ​ရား​ကို ဟော​စ​ပြု​တော်​မူ၏။-

O poder do evangelho

O evangelho é poder de Deus para a salvação. A fé vem pelo ouvir, e o ouvir pela Palavra de Cristo.

သ​တင်း​ကောင်း​၏​တန်​ခိုး

ငါ​သည် ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်၊ ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​သည် ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌ ဟေ​လ​သ​လူ၊ ယုံ​ကြည်​သ​မျှ​သော​သူ​အ​ပေါင်း​တို့​ကို ကယ်​တင်​စေ​သော ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-

သို့​ဖြစ်၍၊ ယုံ​ကြည်​ခြင်း​သည် ကြား​နာ​ခြင်း​အား​ဖြင့် ဖြစ်၏။ ကြား​နာ​ခြင်း​သည်​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​အား​ဖြင့် ဖြစ်၏။-

အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော သ​ခင်​မှ​တစ်​ပါး၊ အ​ဘယ်​အ​ရာ​ကို​မျှ သင်​တို့​တွင် ငါ​မ​သိ​မ​မှတ်​ဟု ငါ​စိတ်​ပြ​ဋ္ဌာန်း​ခြင်း​ရှိ၏။-

ခရစ်တော်သေ​ခြင်း​မှ​ထ​မြောက်​ခြင်း

ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​အား ဟော​ပြော​ဖူး​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် ခံ​ယူ၍ မှီ​ဝဲ​ဆည်း​ကပ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား တစ်​ဖန်​ငါ​ကြား​လိုက်၏။- အ​ထက်​က​ငါ​ဟော​ပြော​သည် အ​ကြောင်း​များ​ကို သင်​တို့​သည် အ​ကျိုး​မဲ့​မ​ယုံ​ဘဲ စိတ်​စွဲ​လမ်း​လျှင်၊ ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။-

ထို​သို့​အ​လို​ငှာ ငါ​တို့​ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် သင်​တို့​ကို​ခေါ်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ဘုန်း​ကို ပိုင်​ရ​မည် အ​ကြောင်း​တည်း။-

Testemunhar e proclamar

Estai sempre preparados para responder com mansidão a todo aquele que pedir razão da vossa esperança.

စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို ရို​သေ​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​မျှော်​လ​င့်​ခြင်း၏ အ​ကြောင်း​ကို မေး​မြန်း​သော​သူ ရှိ​သ​မျှ​တို့​အား၊ နူး​ညံ့​သော​သ​ဘော၊ ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြန်​ပြော​ခြင်း​ငှာ၊ ကာ​လ​အ​စဉ်​မ​ပြတ် အ​သင့်​ရှိ​နေ​ကြ​လော့။-

သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထို​မေ​တ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ၏​တ​ပည့်​ဖြစ်​သည်​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​သည် များ​စွာ​သော​အ​သီး​ကို သီး​သော​အား​ဖြင့်၊ ငါ့​ခ​မည်း​တော်​သည် ဘုန်း​ထင်​ရှား​တော်​မူ၍၊ သင်​တို့​သည်​လည်း ငါ၏​တ​ပည့် မှန်​ကြ​လိမ့်​မည်။-

မှာ​တော်​မူ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ကား၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သားတို့​လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား၏​ဟု ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟု ရဲ​ရင့်​စွာ ပြော​ဆို​ကြ၏။-

သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊-

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်၌ တည်​တော်​မူ၏။-

ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း၊ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။- ထို​သူ​သည် အ​ဆ​တ​ရာ​သော အ​ကျိုး​တည်း​ဟူ​သော ယ​ခု​ကာ​လ၌ ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ အ​မိ၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း ခံ​ရ​လ​တ္တံ့။-

အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း အ​သက်​ရှုံး၏။ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။-

Fazer conhecer

Dai graças ao Senhor, invocai o seu nome, fazei conhecidas as suas obras entre os povos.

ဘု​ရား​သ​ခင်​၏သ​စ္စာ​တော်

ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​အား ပြ​သ​ကြ​လော့။

ထို​ကာ​လ၌​လည်း ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​တွင် ဖော်​ပြ​ကြလော့။ နာ​မ​တော်​သည်​မြင့်​မြတ်​သော​ကြောင့် ချီး​မွမ်း​ကြ​လော့။

တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဤ​နက်​နဲ​သော​အ​ရာ​နှင့်​ဆိုင်​သော မ​ဟာ​စည်း​စိမ်​ကား၊ အ​ဘယ်​မျှ​လောက်​ကြီး​သည်​ကို သန့်​ရှင်း​သူ​တို့​သည် သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ၏။ ထို​စည်း​စိမ်​ကား၊ ဘုန်း​အ​သ​ရေ​ကို မျှော်​လ​င့်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော သင်​တို့​အ​ထဲ၌ တည်​တော်​မူ​သော ခ​ရစ်​တော်​ပေ​တည်း။-

စင်​ကြယ်​သော​ဩ​ဝါ​ဒ

သင်​မူ​ကား၊ စင်​ကြယ်​သော​ဩ​ဝါ​ဒ​နှင့် ထိုက်​တန်​သ​မျှ​တို့​ကို ဟော​ပြော​လော့။-

ထို​သို့​ငါ​သည် ကိုယ်​ကို​ချီး​မြှောက်၍ ရို​သေ​ဖွယ်​သော ဂုဏ်​လ​က္ခ​ဏာ​တို့​ကို​ပြ​လျက်၊ များ​စွာ​သော လူ​မျိုး​တို့​ရှေ့​မှာ ထင်​ရှား​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.