Evangelização
A evangelização é a missão suprema da Igreja. Jesus mandou: ide por todo o mundo e pregai o evangelho a toda criatura. O evangelho é poder de Deus para a salvação de todo aquele que crê.
A Grande Comissão
Ide, fazei discípulos de todas as nações. Jesus confiou a seus seguidores a missão de levar a boa notícia ao mundo inteiro.
အဲလိုမို့ နင်လို့ဟ သွားယွေ့ လူမျိုးတကာလို့ဟို ငါ့တဘဲ့ ဖြစ်စေကြလော့။ သူလို့အား ခမည်းတော်၊ သားတော်၊ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်းမင်္ဂလာဟို ပေးကြလော့။ နင်လို့အား ငါပေးသမျှသော ပညတ်လို့ဟို စောင့်ထိန်းကြစေရန် သူလို့အား သွန်သင်ကြလော။ ငါဟ ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောန် နင်လို့နဲ့အတူ အစဉ်မပြတ် ဆိမယ်" ဟု မိန့်အယ်။
ကိုယ်တော်ဟ "ကမ္ဘာတဝှမ်းလုံးသို့ သွားယွေ့ လူသတ္တဝါအပေါင်းလို့အား ဧဝံဂေလိတရားဟို ဟောကြလော့။
အဲလိုလဲ နင်လို့ အပေါ်ဟို သန့်ဆှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ နင်လို့ဟ တန်ခိုးနဲ့ ပြေ့လိမ့်မယ်၊ နင်လို့ဟ ယေရုရှလင်မြို့၊ ယုဒပြေတပြေလုံးနဲ့ ရှမာရိပြေမှ စယွေ့ ကမ္ဘာမြေကြီး အဆုံးတိုင်အောန် ငါရဲ့ အကျောန်းဟို သက်သေခံသူများ ဖြစ်ကြလိမ့်မယ်" ဟု မိန့်အယ်။
"နင်လို့ဟ လောကရဲ့ အလင်းနဲ့ တူကြအယ်။ တောင်ပေါ်မှာ တည်သောမြို့ဟို ဖုံးကွယ်ယွေ့ မထားနိန်။
ဆားနဲ့ အလင်း
"နင်လို့ဟ လောကရဲ့ ဆားနဲ့ တူကြအယ်။ အဲလိုလဲ ဆားဟ အငန်ပျောက်သွားရင်၊ ပစာလိုပြန်ပင်း ငန်အောန် လုပ်နိန်မလဲ။ ပစာမျှ သုံးစားရဘဲ အပြင်ဟို ဝဲလိုက်ယွေ့ လူလို့ဟ ခွနင်းသွားကြအယ်။
ဆီမီးဟို ထွန်းယွေ့ တောင်းနဲ့အုပ်ပင်း မထားတတ်ကြ။ အဲအစား အိုင်သူအိုင်သားအပေါင်းလို့ အလင်းရောင်ရစေရန် ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြအယ်။ အေးတိုင်းတိုင်း လူလို့ဟ နင်လို့ရဲ့ ကောင်းသောအကျင့်ဟို မျော်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖရဲ့ ဂုဏ်တော်ဟို ချီးမွန်းစေရန် နင်လို့ရဲ့ အလင်းဟို လူလို့ရဲ့ ဆေ့မှာ ထွန်းလင်းစေကြလော့။
အဲအခါမှစပင်း ယေရှုဟ "နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့။ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ" ဟု ဟောခဲ့အယ်။
O poder do evangelho
O evangelho é poder de Deus para a salvação. A fé vem pelo ouvir, e o ouvir pela Palavra de Cristo.
သတင်းကောင်းရဲ့ တန်ခိုး
ငါဟ သတင်းကောင်းတရားအတွက် ဆှက်ကြောက်ခြင်း မဆိ၊ အေးအရာဟ ဦးရင်ဆုံး ယုဒလူနောက်မှာ လူမျိုးခြား ယုံကြည်သူ အားလုံးဟို ကယ်တင်သော ဘုရားသခင်ရဲ့ တန်ခိုး ဖြစ်အယ်။
အဲလိုမို့ ယုံကြည်ခြင်းဟ နှုတ်ကပတ်တော်ဟို ကြားနာခြင်းအားဖြင့် လာအယ်။ ယုံကြည်ခြင်းဟ ခရစ်တော်အကျောန်း ဟောပြောခြင်းမှ လာအယ်။
နင်လို့နဲ့အတူ ဆိစဉ်အခါ ငါဟ ယေရှု ခရစ်တော်အကျောန်းနဲ့ အထူးသဖြင့် လက်ဝါးကပ်တိုင်တွင် အသေခံလဲ့အကျောန်းမှ လွဲယွေ့ အခြားအရာမန်သမျှဟို မေ့ပျောက်ရန် စိတ်ပိုင်းဖြတ်ထားအယ်။
ခရစ်တော်ရဲ့ ဆှင်ပြန်ထမြောက်ခြင်း
ညီအကို မောင်နှမလို့၊ နင်လို့အား ငါပြောလဲ့ သတင်းကောင်းဟို ပြန်လည်သတိရ စေလိုအယ်။ အဲသတင်းကောင်းဟို နင်လို့ ခံယူပင်း အေးအပေါ်နှိုက် နင်လို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲစွာ အမြစ်စွဲလျက် ဆိကြအယ်။ အေးသတင်းကောင်းဟ နင်လို့အား ငါဟောပြောလဲ့ တရားဖြစ်အယ်။ နင်လို့ဟ အေးသတင်းကောင်းဟို စွဲမြဲစွာ ယုံကြည်လက်ခံလျှင် ကယ်တင်ခြင်းဟို ခံရကြမယ်၊ အဲဟာမဟုတ်ရင် နင်လို့ ယုံကြည်ခဲ့တာဟ အချည်းနှီး ဖြစ်အယ်။
ငါလို့ ဟောပြောသော ဧဝံဂေလိတရားအားဖြင့် ဘုရားသခင်ဟ နင်လို့ဟို ခေါ်ယွေ့၊ ငါလို့ သခင် ယေရှု ခရစ်ရဲ့ ဘုန်းအသရေဟို နင်လို့ ရဆိစေရန်အတွက် ဖြစ်အယ်။
Testemunhar e proclamar
Estai sempre preparados para responder com mansidão a todo aquele que pedir razão da vossa esperança.
နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခရစ်တော်ဟို အဆှင်သခင် အဖြစ် ရိုသေကြလော့။ နင်လို့ နှိုက်ဆိလဲ့ မျှော်လင့်ခြင်းအကျောန်းနဲ့ ပတ်သက်ယွေ့ နင်လို့အား မေးသောသူ အားလုံးဟို ဖြေဆှင်း ပြောဆိုနိန်ရန် အမြဲတမ်း အဆင်သင့် ဆိကြလော့။
နင်လို့ဟ အချင်းချင်း ချစ်ကြရင် လူအပေါင်းလို့ဟ အဲမေတ္တာဟို ထောက်ယွေ့ နင်လို့ဟ ငါရဲ့ တဘဲ့များ ဖြစ်ကျောန်းဟို သိကြလိမ့်မယ်" ဟု မိန့်လေအယ်။
နင်လို့ဟ ရမ်းဆာ့သော အသီးသီးခြင်းအားဖြင့် ငါ့ခမည်းတော်ရဲ့ ဘုန်းဟို ထင်ဆှားစေကြအယ်၊ အဲတိုင်းတိုင်းဖြင့် နင်လို့ဟ ငါရဲ့ တဘဲ့များ ဖြစ်လာကြအယ်။
အကျောန်းမှာ ငါလို့အား ထာဝရဘုရားဟ
" ‘ကယ်တင်ခြင်း ကျေးဇူးဟို တကမ္ဘာလုံးဆိ ရဆိစေရန် နင်လို့အား
လူမျိုးခြားများအတွက် အလင်းအဖြစ် ငါ ခန့်ထားအယ်’ ဟူယွေ့ မိန့်ခဲ့အယ်" ဟု ဆိုကြအယ်။
အဲလိုလဲ ဘုရားသခင်ရဲ့ကျေးဇူးတော်အကျောန်း သတင်းကောင်းဟို သက်သေခံစေယွေ့၊ သခင် ယေရှုဟ ငါ့ဟို ပေးအပ်ထားသော အမှုတော်လုပ်ငန်း ပီးမြောက်စေနိန်ရန်အတွက်ဆိုရင် ငါဟ မိမိအသက်ဟိုပင် နှမြောခြင်း မဆိ။
"သခင်ဘုရားရဲ့ ဝိညာဉ်တော်ဟ ငါ့အပေါ်မှာ တည်အယ်။
ဆင်းရဲသောသူလို့အား သတင်းကောင်းဟို ဟောကြားစေရန် ငါဟို ခန့်ထားပီ။
ဖမ်းဆီးချုပ်ထားလျက် ဆိသော သူလို့အား လွတ်မြောက်စေရန်၊
မျက်စေ့ကန်းသူများ မျက်စေ့အလင်း ပြန်လည်ရဆိစေရန်၊
နှိပ်စက်ခံရသူများအား လွတ်မြောက်စေရန်၊
ယေရှုဟ "နင်လို့အား ငါအမန်ဆိုတာဟ နေအိုင်၊ ညီအကို၊ နှမ၊ တို့မေ၊ တို့ဖ၊ သားသမီး၊ လယ်ယာများ အဲဟာမဟုတ်ရင် ငါနဲ့ ဧဝံဂေလိတရားအတွက် စွန့်သောစသူမဆို၊ ဟေဖဝါ့နှိုက် ရမ်းဆာ့ ပိုရလိမ့်မယ်။ သူဟ အဆတရာပိုသော နေအိုင်၊ ညီအကို၊ နှမ၊ တို့မေ၊ သားသမီးများနဲ့ လယ်ယာများနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းဟို ခံရလိမ့်မယ်၊ နောက်လာမဲ့ဖဝါ့နှိုက် ထာဝရအသက်ဟို ရဆိလိမ့်မယ်။
အကျောန်းမှာ သူလို့ရဲ့ အသက်ဟို ကယ်တင်လိုသောသူဟ အသက် ဆုံးရှုံးရလိမ့်မယ်၊ အဲလိုလဲ ငါ့အတွက် သူလို့ရဲ့ အသက်နဲ့ ဧဝံဂေလိတရားအတွက် အသက်ဆုံးရှုံးသောသူဟ ကယ်တင်လိမ့်မယ်။
Fazer conhecer
Dai graças ao Senhor, invocai o seu nome, fazei conhecidas as suas obras entre os povos.
ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။
မန်ကန်သော ဩဝါဒ
အဲလိုလဲ နင်လို့ဟ မန်ကန်သော ဩဝါဒနဲ့ ကိုက်ညီလဲ့ အရာများဟို သွန်သင်ရမယ်။