Pular para o conteúdo
Publicidade

Falar

Por Bíblia Online

Você já percebeu o peso que uma única frase tem no dia a dia. O que sai dos nossos lábios carrega a capacidade de abençoar quem está por perto ou de causar feridas difíceis de sarar. Por isso, vigiar o que dizemos é um dos maiores desafios da vida cristã e exige maturidade e constante dependência de Deus.

As Escrituras tratam desse assunto com muita clareza e praticidade, mostrando que a nossa fala revela o que está guardado no coração. Parar para refletir sobre o uso da voz é o primeiro passo para alinhar nossa comunicação com a vontade do Pai e transformar o nosso convívio diário.

A Bíblia tem muito a ensinar sobre a arte de falar. As palavras têm poder de vida e de morte — podem edificar ou destruir, curar ou ferir, aproximar ou afastar.

O poder das palavras

A morte e a vida estão no poder da língua. A palavra branda desvia a ira, mas a palavra dura suscita o furor.

လျှာ​သည် အ​သက်​သေ​ခြင်း​နှင့် ရှင်​ခြင်း​ကို​အ​စိုး​ရ၏။ လျှာ​ကို​နှစ်​သက်​သော​သူ​သည်​လည်း၊ လျှာ၏​အ​သီး​ကို စား​ရ၏။

ဖြည်း​ညင်း​သော စ​ကား​သည် စိတ်​ကို​ဖြေ​တတ်၏။ ကြမ်း​တမ်း​သော​စ​ကား​မူ​ကား၊ အ​မျက်​ကို နှိုး​ဆော်​တတ်၏။

ဖြည်း​ညင်း​သော​လျှာ​သည် အ​သက်​ဖြစ်၏။ ကြမ်း​တမ်း​သော​လျှာ​မူ​ကား စိတ်​နာ​စေ​တတ်၏။

လူ​သည် ပြန်​ပြော​သော​စ​ကား​အား​ဖြင့် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ရှိ၏။ အ​ချိန်​တန်၍ ပြော​သော​စ​ကား​သည်​လည်း အ​လွန်​လျောက်​ပတ်​ပေ၏။

တိုင်​ပင်​ခြင်း​မ​ရှိ​လျှင် အ​ကြံ​ပျက်​တတ်၏။ တိုင်​ပင်​သော​သူ​များ​လျှင်​မူ​ကား၊ အ​ကြံ​တည်​တတ်၏။

Falar com sabedoria

No muito falar não falta transgressão. A boca do justo fala sabedoria, e quem guarda os lábios guarda a si mesmo.

စ​ကား​များ​သော​အား​ဖြင့် အ​ပြစ်​ပါ​တတ်၏။ မိ​မိ​နှုတ်​ကို​ချုပ်​တည်း​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

မိ​မိ​နှုတ်​ကို​စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ကို​စောင့်၏။ မိ​မိ​နှုတ်​ကို​ကျယ်​ကျယ်​ဖွင့်​သော​သူ​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​တတ်၏။

မိုက်​သော​သူ​ပင် တိတ်​ဆိတ်​စွာ​နေ​လျှင် ပ​ညာ​ရှိ​ဟူ၍​လည်း​ကောင်း၊ မိ​မိ​နှုတ်​ကို မ​ဖွင့်​ဘဲ​နေ​သော​သူ​ကို​လည်း၊ ဉာဏ်​ကောင်း​သော​သူ ဟူ၍​လည်း​ကောင်း သူ​တစ်​ပါး​ထင်​တတ်၏။

လည်၍ စ​ကား​များ​စွာ​ပြော​တတ်​သော​သူ​သည် လျှို့​ဝှက်​အပ်​သော​အ​ရာ​ကို ဖော်​ပြ​တတ်၏။ သ​စ္စာ​စောင့်​သော​သူ​မူ​ကား၊ ဝှက်​ထား​တတ်၏။

ကိုး​ကွယ်​ရာ​မ​ရှိ​သော သူ​အ​ပေါင်း​တို့၏​အ​မှု​ကို စောင့်​ခြင်း​ငှာ၊ စ​ကား​အ​သော​သူ​တို့​ဘက်​မှာ နေ၍​ပြော​လော့။

ပ​ညာ​ရှိ​သော​သူ၏​စ​ကား​သည် လျောက်​ပတ်၏။ မိုက်​သော​သူ၏​နှုတ်​မူ​ကား သူ့​ကိုယ်​ကို​မျို​တတ်၏။

Falar a verdade

Cada palavra ociosa será pesada no dia do juízo. Fale a verdade, edifique com a boca e confesse Cristo com os lábios.

ငါ​ဆို​သည်​ကား၊ လူ​တို့​သည် အ​ကျိုး​မဲ့​သော​စ​ကား​ကို ပြော​သ​မျှ​အ​တွက်၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။ သင့်​စ​ကား​များ​အား​ဖြင့် သင်​သည် အ​ပြစ်​လွတ်​လိမ့်​မည်။-

ပြစ်​မှား​သူ​ညီ​အစ်​ကို

ထို​ကြောင့် သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ သူ့​ဆီ​သို့​သွား၍ နှစ်​ယောက်​တည်း​ချင်း သူ၏​အ​ပြစ်​ကို​ပြ၍ ဆုံး​မ​လော့။ သူ​သည် သင်၏​စ​ကား​ကို နား​ထောင်​လျှင် ညီ​အစ်​ကို ကို​ရ​ပြီ။-

သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သာ​သ​နာ​ပ​လူ​နည်း​တူ အ​ချည်း​နှီး​သော​စ​ကား​ဖြင့် အ​ထပ်​ထပ် မ​မြွက်​ကြ​နှင့်။ ထို​သူ​တို့​သည် များ​စွာ​သော​စ​ကား​အား​ဖြင့် မိ​မိ​တို့​အ​လို ပြည့်​စုံ​မည်​ဟု ထင်​မှတ်​ကြ၏။-

မှောင်​မိုက်၌ သင်​တို့​ပြော​သ​မျှ​သော​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​သည် အ​လင်း၌ နား​ကြား​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​ခန်း​ထဲ​မှာ နား​အ​ပါး၌ ပြော​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လိမ့်​မည်။

ကောင်း​သော​သူ​သည် ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​သည် သ​ခင်​ယေ​ရှု​ကို နှုတ်​ဖြင့်​ဝန်​ခံ၍၊ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု စိတ်​နှ​လုံး​ထဲ၌ ယုံ​ကြည်​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။-

ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။-

Edificar com palavras

Não saia da boca nenhuma palavra torpe. Sejam prontos para ouvir, tardios para falar, e tardios para a ira.

ညစ်​ညူး​သော စ​ကား​တစ်​ခွန်း​ကို​မျှ သင်​တို့​နှုတ်​ထဲ​က မ​ထွက်​စေ​နှင့်။ ကြား​နာ​သော သူ​တို့၏​အ​ကျိုး​ကို ပြု​စု​စေ​ခြင်း​ငှာ၊ တည်​ဆောက်​စ​ရာ​ဖို့ ကောင်း​သော​စ​ကား​ကို​သာ သုံး​ဆောင်​ကြ​လော့။-

ကြား​နာ​ခြင်း​နှ​င့်​ကျ​င့်​သုံး​ခြင်း

သို့​ဖြစ်၍၊ ငါ​ချစ်​သော ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ။ စ​ကား​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း​ငှာ​လည်း​ကောင်း နှေး​ကြ​စေ။-

ငါ​တို့​ရှိ​သ​မျှ​သည် အ​များ​သော​အား​ဖြင့် မှား​တတ်​ကြ၏။ စ​ကား​အား​ဖြင့် မှား​ခြင်း​မ​ရှိ​သော​သူ​မည်​သည်​ကား၊ စုံ​လင်​သော​သူ​ဖြစ်၏။ မိ​မိ​ကိုယ်​တစ်​ကိုယ်​လုံး​ကို ချုပ်​တည်း​နိုင်​သော​သူ ဖြစ်၏။-

သင်​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ခံ​စေ​ခြင်း​အ​လို​ငှာ ခေါ်​တော်​မူ​သော​သူ ဖြစ်​သည်​ဟု သိ​မှတ်၍၊ အ​ချင်း​ချင်း ရန်​တုံ့​မ​မူ၊ ပြန်၍ မ​ကဲ့​ရဲ့၊ မေ​တ္တာ​ပို့​ခြင်း​ကို ပြု​ကြ​လော့။-

ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ရဲ​ရင့်ခွင့်

ချစ်​သား​တို့၊ ငါ​တို့​သည် စ​ကား​ပြော​ကာ​မျှ​အား​ဖြင့်​သာ မ​ချစ်​ဘဲ၊ စိတ်​ပါ​ကိုယ်​ရောက် ဧ​ကန်​အ​မှန် ချစ်​ကြ​ကုန်​အံ့။-

ဘု​ရား​သ​ခင်​၏သ​စ္စာ​တော်

ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​အား ပြ​သ​ကြ​လော့။

ဂုဏ်​အ​သ​ရေ​တော်​နှင့် ယှဉ်​သော ထော​မ​နာ​စ​ကား​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် မြွက်​ဆို​ပါ​စေ​သော။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.