Família de Deus
A família de Deus transcende laços de sangue. Em Cristo, somos adotados como filhos, irmãos uns dos outros e membros de uma família eterna — a Igreja.
Adotados por Deus
Recebemos o espírito de adoção pelo qual clamamos: Abba, Pai! Se filhos, também herdeiros — herdeiros de Deus e co-herdeiros com Cristo.
နင်ရဆိသော ဝိညာဉ်တော်ဟ နင့်အား ကျွန်အဖြစ် ပစ်မထားပါ။ နင်လို့ဟ တဖန် ကြောက်တတ်သော စိတ်လည်း ဆိစေတာ မဟုတ်ဘဲ၊ နင်ရဆိထားသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် နင်လို့ဟ လူပဲ့သငယ်များ ဖြစ်စေပင်း "အဗ္ဗ၊ အဖ" ဟု ငါလို့ ခေါ်ကြအယ်။ ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဖြစ်ကြတာဟု ဝိညာဉ်တော်ဟ ငါလို့ရဲ့ ဝိညာဉ်နဲ့အတူ သက်သေခံအယ်။ အဲလို့ လူပဲ့သငယ်များဖြစ်ကြရင် အမွေခံများလည်း ဖြစ်ကြအယ်။ ငါလို့ဟ ခရစ်တော်နဲ့အတူ ဘုန်းတော်ချီးမြောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းဟိုလည်း ကိုယ်တော်နဲ့အတူခံရကြရင် ဘုရားသခင်ရဲ့ အမွေခံများဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အမွေဆက်ခံများလည်း ဖြစ်ကြအယ်။
အဲလိုလဲ နောက်ဆုံး မန်ကန်လဲ့အချိန် ရောက်လာသောအခါ၊ ဘုရားသခင်ဟ သူ့သားတော်ဟို စေလွှတ်ခဲ့အယ်။ သူဟ လူသားအမေ့တယောက်မှ မွေးဖွားလာပင်း ယုဒလူလို့ရဲ့ ပညတ်တရားအောက်နှိုက် နေထိန်ခဲ့ကာ ပညတ်တရားအောက်နှိုက် ဆိသောသူများဟို ရွေးနှုတ်ရန် ဖြစ်အယ်။ အေးလိုမို့ ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်လာရအယ်။
နင်လို့ဟ သူရဲ့ လူပဲ့သူငယ်များ ဖြစ်ကျောန်း ပြသရန် ဘုရားသခင်ဟ "အဗ္ဗ၊ ငါ့ အဖ" ဟု ကြွေးကြော်သော သားတော်ရဲ့ ဝိညာဉ်တော်ဟို ငါလို့ရဲ့ စိတ်နလုံးထဲဟို စေလွတ်ခဲ့အယ်။ အေးလိုမို့ နင်ဟ ကျွန် မဟုတ်တော့ဘဲ လူပဲ့ ဖြစ်အယ်။ အားပင်း နင်လို့ဟ သူရဲ့လူပဲ့ဖြစ်ကတည်းဟ ဘုရားသခင်သည် နင့်အား သူရဲ့လူပဲ့သူငယ်အတွက် ဆိသမျှဟို ပေးမယ်။
နင်လို့အားလုံးဟ ယုံကြည်ခြင်းအားဖြင့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဆိသော ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ နင်ဟ ခရစ်တော်နဲ့ တလုံးတဝတည်း နှစ်ခြင်းမင်္ဂလာဟို ခံခဲ့ပင်း အခုတွင် နင်ဟ ခရစ်တော်ဟို အဝတ်တန်ဆာလိုမျိုး ဝတ်ဆင်ကြအယ်။ အေးလိုမို့ ယုဒလူမျိုးများနဲ့ လူမျိုးခြားတွေကြား ကွာခြားမှု ဆိဝူး။ ကျွန်များနဲ့ လွတ်လပ်သူများ၊ ယောက်ျားနဲ့ မိန်းမကြား ကွာခြားမှု မဆိ၊ နင်လို့ဆိသမျှဟ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ကြအယ်။
ဘုရားသခင်ဟ ယေရှု ခရစ်အားဖြင့် ငါလို့ဟို သူရဲ့ လူပဲ့သငယ်များ ဖြစ်စေရန် ဆုံးဖြတ်ထားပင်း၊ အေးစာဟ သူရဲ့အလိုတော်နဲ့ ရည်ရွယ်ချက် ဖြစ်အယ်။ သူဟ ချစ်လှစွာသော သားတော်ဟို ငါလို့အား ပေးသော အခမဲ့လက်ဆောင်နဲ့ ဘုန်းကြီးသော ကျေးဇူးတော်ကျောန့် ဘုရားသခင်ဟို ချီးမွမ်းကြစို့။
ခရစ်တော်ရဲ့ မေတ္တာတော်
အေးအကျောန်းကျောန့် ခေါန်းခင်နဲ့ မြေကြီးပေါ်ဆိ မိသားစုတိုင်းရဲ့ အမယ်နာမ ခံယူရဆိရာဖြစ်သော အဖ ခမည်းတော်ဆေမှာ ဒူးထောက်လျက် ဆုတောင်းအယ်။
အဲလိုလဲ ကိုယ်တော်ဟို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ရဲ့ နာမဟို ယုံကြည်သောသူလို့အား ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ခွင့်ဟို ပေးအယ်။ သူလို့ဟ သဘာဝနည်းလမ်းဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်လာကြတာ မဟုတ်၊ အဲဟာဟ လူသား အဖတဦးရဲ့ လူပဲ့သငယ်အဖြစ် မွေးဖွားလာခြင်းဖြင့် ဘုရားသခင် တတ်တိုင်းဟ သူလို့ရဲ့ အဖ ဖြစ်အယ်။
A comunidade de fé
Não abandonem a congregação. Somos um corpo em Cristo, membros uns dos outros, chamados a amar e a servir.
အချို့သောသူလို့ ပြုလေ့ဆိသလို အတူတကွ စည်းဝေးခြင်းအမှုဟို မပစ်ပယ်ဘဲ အချင်းချင်း တိုက်တွန်းနှိုးဆော်ယွေ့ နေ့ရက် နီးကပ်လာတာဟို တွေ့မျော်သလို သာယွေ့ အားပေးကြစို့။
ဘုရားသခင်ဟ နင်လို့ဟို သားလို ပြုမူဆက်ဆံတာဖြစ်ယွေ့ နင်လို့ဟ ဆုံးမပဲ့ပြင်ခြင်းဟို သည်းခံကြရမယ်။ အကျောန်းမှာ အဘ မဆုံးမ မပဲ့ပြင်သောသားဟူယွေ့ ဆိသလော။ လူတိုင်းခံရသော ဆုံးမပဲ့ပြင်ခြင်းဟို နင်လို့ မခံရဘဲနေရင် နင်လို့ဟ သားအရင်း မဟုတ်၊ တရားမဝင်သောသားများသာ ဖြစ်ကြအယ်။ အဲပြင် ငါလို့တွင် ဆုံးမပဲ့ပြင်ပေးသော လူသားအဖ ဆိယွေ့ သူလို့ဟို ငါလို့ ရိုသေလေးစားကြတာ ဖြစ်ယွေ့ ဝိညာဉ်ရေးဆိုင်ရာ အဖဟို ပိုယွေ့ပင် နာခံရမယ် မဟုတ်လော၊ အဲအခါ ငါလို့ဟ အသက်ချမ်းသာရာ ရကြလိမ့်မယ်။ အကျောန်းမှာ လူသားအဖလို့ဟ ကောင်းတာဟု မိမိလို့ ထင်မျော်လဲ့အတိုင်း ခဏသာ ဆုံးမပဲ့ပြင်တတ်ကြအယ်၊ အားပေမဲ့ ဝိညာဉ်ရေးဆိုင်ရာ အဖဟ သူရဲ့ သန့်ဆှင်းခြင်းနှိုက် ငါလို့ ပါဝင် ခံစားရမဲ့အကျောန်း ငါလို့အကျိုးဟို ထောက်ယွေ့ ဆုံးမပဲ့ပြင်အယ်။
အေးနည်းတူ ငါလို့ဟ ရမ်းဆာ့များသော်လည်း ခရစ်တော်နဲ့ တလုံးတဝတည်း ဖြစ်ကြသဖြင့် ခန္ဓာကိုယ် တခုတည်းနှိုက် တည်ဆိကြအယ်၊ ငါလို့ အသီးသီးဟ အချင်းချင်း ဆက်စပ်လျက် ဆိသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်ကြအယ်။
ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုဟ ဝေဒနာခံရရင် အခြား အစိတ်အပိုင်းများဟလည်း အတူခံရကြအယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုဟ ချီးမွန်းခံရရင် အခြား အစိတ်အပိုင်းများဟလည်း အတူ ဝမ်းမြောက်ရကြအယ်။
တဆက်တည်း၊ နင်လို့ဟ လူမျိုးခြားများနဲ့ သူစိမ်းများ မဟုတ်တော့ဘဲ ဘုရားသခင်ရဲ့ လူတွေနဲ့ သူ့အိုင်ထောင်စုဝင်တွေ ဖြစ်ကြအယ်။ တမန်တော်များနဲ့ ပရောဖက်များရဲ့ အုတ်မြစ်ပေါ်တွင် ခရစ်တော် ယေရှု တတ်တိုင်း ထောင့်ချုပ်ကျောက်တိုင် ဖြစ်အယ်။ ထောင့်ကျောက်တိုင်အဖြစ် တည်ဆောက်ခဲ့အယ်။ သခင်ဘုရားနှိုက် သန့်ဆှင်းသော ဗိမာန်တော်အဖြစ်သို့ အဆောက်အအုံ တခုလုံးဟ တညီတညွတ်တည်း တည်ဆိနေအယ်။ ဘုရားသခင်ဟ သူရဲ့ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်သောနေရာဖြစ်ရန် နင်လို့ဟလည်း အေးသခင်နှိုက် အတူတကွတည်ဆောက်ခြင်းခံရကြအယ်။
Quem é minha família?
Jesus disse: quem faz a vontade de Deus, esse é meu irmão e irmã. A família de Deus inclui todos os que creem.
ယေရှုဟ "ငါ့အမေ့၊ ငါ့ညီများဟ စသူလုန်း" ဟု ပြန်ယွေ့ မေးအယ်။ အဲပင်းရင် မိမိပတ်လည်နှိုက် ဝန်းရံလျက် ထိန်နေသူများဟို ကျေ့ရှုလျက် "ကျေ့လော့၊ ငါ့အမေနဲ့ ငါ့ညီများဟာ ဟေမှာဖြစ်အယ်။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ဆောင်ရွက်သူမန်သမျှဟ ငါ့ညီ၊ ငါ့နှမ၊ ငါ့မေ ဖြစ်အယ်" ဟု ပြောလေအယ်။
ကျွန်ဟ မိသားစုနဲ့ အစဉ်နေတာမဟုတ်၊ သားဟ အစဉ်အမြဲ နေအယ်။
ယေရှုဟ "ဘုရားသခင်သည် နင်လို့ရဲ့ အဖမန်ရင် နင်လို့ဟ ငါ့ဟို ချစ်ကြလိမ့်မယ်၊ ငါဟ ဘုရားသခင်ဆေမှ လာယွေ့ အခု ဟေအရပ်ဟို ရောက်ဆိနေအယ်။ ကိုယ်ပိုင်အခွင့်အာဏာအရ လာတာ မဟုတ်၊ အဲလိုလဲ ကိုယ်တော်ဟ ငါ့ဟို စေလွှတ်အယ်။
ယုံကြည်သူများဟို စောင့်ဆှောက်ရမဲ့ တာဝန်များ
အသက်ကြီးသူဟို ပစ်တင် ဆုံးမခြင်း မပြုဘဲ တို့ဖလို တောင်းပန်ပြောဆိုလော့။ နင့်ထက် အသက်ငယ်သောသူလို့အား နင့်ရဲ့ ညီအကိုလို လည်းကောင်း၊ အသက်ကြီးသော မိန်းမလို့ဟို တို့မေ့လို လည်းကောင်း၊ ငယ်ရွယ်သောမိန်းမလို့ဟို သန့်ဆှင်းသော စိတ်အပြေ့အဝဖြင့် နှမလို လည်းကောင်း မှတ်ယွေ့ တိုက်တွန်းနှိုးဆော်လော့။
ဘုရားသခင်ရဲ့ လူပဲ့သငယ်များ
ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဟု ခေါ်ခြင်းခံရကြသော အခွင့်ဟို ရကြသဖြင့် ငါလို့အား ခမည်းတော်ဟ စလောက်ချစ်တာဟို ဆင်ခြင်ကြလော့။ ငါလို့ဟ အမန်ပင် ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ ဟေအကျောန်းကျောန့် ဟေလောကသားလို့ဟ ငါလို့ဟို မသိ၊ သူလို့ဟ ခမည်းတော်ဟိုလည်း မသိ။ ချစ်ရသောသူလို့၊ အခု ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ အားပေမဲ့ နောင်ကာလတွင် ငါလို့ စလိုဖြစ်ကြမယ်ဟို ထင်ဆှားစွာ မသိသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းသောအခါ ကိုယ်တော်ဟို ပကတိအဖြစ်တော်အတိုင်း မျော်ရကြမယ် ဖြစ်ယွေ့ ငါလို့ဟ ကိုယ်တော်နဲ့ တူကြမယ်ဟို ငါလို့ သိကြအယ်။
အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။