Pular para o conteúdo
Publicidade

Família

Por Bíblia Online

A convivência diária sob o mesmo teto exige paciência, perdão e renúncias constantes. É na rotina da casa que a nossa fé é provada de verdade, longe dos discursos bonitos e bem perto das pequenas lides do dia a dia.

As Escrituras conhecem bem o peso e a beleza da vida em família. Encontre nas palavras sagradas o direcionamento necessário para amar quem mora com você e construir um ambiente de paz.

A família é a primeira instituição criada por Deus. Ele a projetou para ser escola de amor, fé e formação de caráter. A Bíblia honra a família e nos ensina a cuidar dela.

Eu e minha casa

Eu e minha casa serviremos ao Senhor. A família que serve a Deus juntos permanece unida e fortalecida em todas as circunstâncias.

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊

ထို​သူ​တို့​က​လည်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ပြော​ဆို​လျက်၊-

ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​အ​တူ ရှိ​တော်​မူ​သည်​နည်း​တူ ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့​ကို အ​လျှင်း​စွန့်​ပစ်​တော်​မ​မူ​ပါ​စေ​နှင့်။

Criar os filhos

Instrui a criança no caminho em que deve andar. O lar é a primeira escola de fé e obediência.

သူ​ငယ်​သွား​ရာ​လမ်း​ဝ၌ ဆုံး​မ​သွန်​သင်​လော့။ သို့​ပြု​လျှင် သူ​သည် အို​သော​အ​ခါ ထို​လမ်း​မှ​မ​လွှဲ၊ လိုက်​သွား​လိမ့်​မည်။

သူ​ငယ်​သွား​ရာ​လမ်း​ဝ၌ ဆုံး​မ​သွန်​သင်​လော့။ သို့​ပြု​လျှင် သူ​သည် အို​သော​အ​ခါ ထို​လမ်း​မှ​မ​လွှဲ၊ လိုက်​သွား​လိမ့်​မည်။

ပ​ညာ​ဆိုင်ရာသတိစကား

ငါ့​သား၊ အ​ဘ၏​နည်း​ဥ​ပ​ဒေ​သ​ကို​နား​ထောင်​လော့။ အ​မိ၏​တ​ရား​ကို​လည်း မ​ပယ်​နှင့်။ ထို​နည်း​ဥ​ပ​ဒေ​သ​တ​ရား​တို့​သည် သင်၏​ခေါင်း၌ တင့်​တယ်​သော​ဦး​ရစ်၊ သင်၏​လည်​ပင်း၌ ပတ်​ရစ်​သော​လည်​ဆွဲ ဖြစ်​ကြ​လိမ့်​မည်။

သူ​တစ်​ပါး​အိမ်​ရာ​ကို​မ​ပြစ်​မှား​ရန်သ​တိ​ပေး​ခြင်း

ငါ့​သား၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​လော့။ အ​မိ​ပေး​သော တ​ရား​ကို မ​ပယ်​နှင့်။

ယ​နေ့ ငါ​မှာ​ထား​သော​စ​ကား​ကို နှ​လုံး​သွင်း​ရ​မည်။ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။

ယ​နေ့ ငါ​မှာ​ထား​သော​စ​ကား​ကို နှ​လုံး​သွင်း​ရ​မည်။ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

သား​သ​မီး​နှ​င့်​မိ​ဘ

သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား ကို​နား​ထောင်​ခြင်း​အ​မှု​သည် တ​ရား​သော​အ​မှု ဖြစ်၏။- မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ဤ​ပ​ညတ်​တော်​ကား၊ သင်​သည် ပြည်​တော်၌ ကောင်း​စား၍ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း ဟူ၍ က​တိ​တော်​နှင့်​ဆိုင်​သော ပ​ထ​မ​ပ​ညတ်​ဖြစ်၏။-

Honrar e amar

Honra teu pai e tua mãe. A família funciona com perdão, paciência e amor incondicional entre todos os seus membros.

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။

မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု မိန့်​တော်​မူ၏။-

လင်​မ​ယား​ကွာ​ရှင်း​ခြင်း

ထို​ဒေ​သ​နာ​တော်​ကို ယေ​ရှု​သည်​အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​လျှင်၊ ဂါ​လိ​လဲ​ပြည်​မှ​ပြောင်း၍ ယု​ဒ​ပြည်​စွန်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကြွ​တော်​မူ၏။- လူ​များ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သည်​ဖြစ်၍၊ ထို​အ​ရပ်၌ အ​နာ​ရော​ဂါ​များ​ကို ငြိမ်း​စေ​တော်​မူ၏။- ဖာ​ရိ​ရှဲ​တို့​သည် အ​ထံ​တော်​သို့​လာ၍ လူ​သည် ခပ်​သိမ်း​သော​အ​ပြစ်​ကြောင့် မိ​မိ​မ​ယား​နှင့် ကွာ​အပ်​သ​လော​ဟု စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ အ​စ​အ​ဦး၌ ဖန်​ဆင်း​တော်​မူ​သော​သူ​သည် ယောက်ျား​နှင့် မိန်း​မ​နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။-ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်​ဟု ကျမ်း​ဆို​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​သ​လော။-ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း​ဖြစ်၏။ ဘု​ရား​သ​ခင်​ဖက်​စပ်၍ ထမ်း​ပိုး​တင် တော်​မူ​သော​အ​ရာ​ကို လူ​မ​ခွဲ​မ​ခွာ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။- ဖာ​ရိ​ရှဲ​တို့​က​လည်း၊ ထို​သို့​မှန်​လျှင် ဖြတ်​စာ​ကို​ပေး၍ မ​ယား​နှင့်​ကွာ​စေ​ခြင်း​ငှာ မော​ရှေ​သည် အ​ဘယ်​ကြောင့် စီ​ရင်​သ​နည်း​ဟု လျှောက်​ကြ​သော်၊-ကိုယ်​တော်​က၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မ​ယား​နှင့် ကွာ​ရ​သော​အ​ခွင့်​ကို မော​ရှေ​သည် စီ​ရင်၏။ အ​စ​အ​ဦး၌ ထို​သို့​မ​ဟုတ်။- ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့်​စုံ​ဖက်​သော​သူ​သည် မိ​မိ​မ​ယား​ကို​ပြစ်​မှား၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။

တ​ပည့်​တော်​တို့​က​လည်း၊ လင်​မ​ယား​အ​မှု​သည် ဤ​သို့​ဖြစ်​လျှင် စုံ​ဖက်​ခြင်း​ကို မ​ပြု​ကောင်း​ပါ​ဟု လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ ထို​စ​ကား​ကို လူ​တိုင်း​မ​ခံ​မ​ယူ​နိုင်။ အ​ခွင့်​ရ​သော​သူ​တို့​သာ ခံ​ယူ​နိုင်​ကြ၏။- လူ​အ​ချို့​တို့​သည် အ​မိ​ဝမ်း​တွင်း​က​ပင် မိန်း​မ​လျှာ​ဖြစ်​ကြ၏။ အ​ချို့​တို့​သည် သူ​တစ်​ပါး​ဆုံး​မ၍ မိန်း​မ​လျှာ ဖြစ်​ကြ၏။ အ​ချို့​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​အ​ဖို့ အ​လို့​ငှာ မိ​မိ​ကိုယ်​ကို​ဆုံး​မ၍ မိန်း​မ​လျှာ​ဖြစ်​ကြ၏။ ထို​စ​ကား​ကို ခံ​ယူ​နိုင်​သော​သူ​သည် ခံ​ယူ​စေ​ဟု မိန့်​တော်​မူ၏။

သူ​ငယ်​များ​ကို​ကောင်း​ချီး​ပေး​ခြင်း

ထို​အ​ခါ သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်၍ မေ​တ္တာ​ပို့​တော်​မူ​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ဖြစ်၍ တ​ပည့်​တော်​တို့​သည် အ​ပြစ်​တင်​ကြ၏။- ယေ​ရှု​က​လည်း၊ ထို​သူ​ငယ်​တို့​ကို ရှိ​စေ​တော့။ ငါ့​ထံ​သို့​လာ​သည်​ကို မ​ဆီး​တား​ကြ​နှင့်။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၍၊- သူ​ငယ်​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​ပြီး​လျှင်၊ ထို​အ​ရပ်​မှ ကြွ​သွား​တော်​မူ၏။

ဥ​စ္စာ​ကြွယ်​ဝ​သူ

ထို​နောက်​လူ​တစ်​ယောက်​သည် ချဉ်း​ကပ်၍၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​ကောင်း​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊- ငါ့​ကို​ကောင်း​မြတ်​သည်​ဟု အ​ဘယ်​ကြောင့်​ခေါ်​သ​နည်း။ ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ ကောင်း​မြတ်​တော်​မူ၏။ အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​လို​လျှင် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့​ဟု မိန့်​တော်​မူ၏။- အ​ဘယ်​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​မည်​နည်း​ဟု လျှောက်​ပြန်​သော်၊ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။-မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု မိန့်​တော်​မူ၏။-ထို​လု​လင်​က​လည်း၊ ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​သည် ငယ်​သော​အ​ရွယ်​မှ​စ၍​စောင့်​ရှောက်​ပါ​ပြီ။ အ​ဘယ်​အ​ကျင့် လို​သေး​သ​နည်း​ဟု လျှောက်​ပြန်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​သည်​စုံ​လင်​ခြင်း​သို့ ရောက်​လို​လျှင် သွား​လော့။ ကိုယ်​ဥ​စ္စာ​များ​ကို​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။- ထို​လု​လင်​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​လှ၏။- တစ်​ဖန် ငါ​ဆို​သည်​ကား၊ ကု​လား​အုတ်​သည် အပ်​န​ဖား​ကို လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ၏။- ထို​သူ​တို့​သည်​ကြား​လျှင် အ​လွန်​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။- ယေ​ရှု​သည်​လည်း သူ​တို့​ကို​ကြည့်​ရှု၍ ဤ​အ​မှု​ကို လူ​မ​တတ်​နိုင်။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော အ​မှု​တို့​ကို တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ ပေ​တ​ရု​က၊ အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​ပစ်၍ ကိုယ်​တော်​နောက်​သို့ လိုက်​ကြ​ပါ​ပြီ။ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​ပါ​မည်​နည်း​ဟု လျှောက်​လေ​သော်၊- ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​သော​ကာ​လ၌ လူ​သား​သည် ဘုန်း​ရှိ​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​အ​ခါ၊ ငါ့​နောက်​သို့​လိုက်​ကြ​သော သင်​တို့​သည် တစ်​ဆယ်​နှစ်​ခု​သော ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​လူ တစ်​ဆယ်​နှစ်​မျိုး​ကို စစ်​ကြော​စီ​ရင်​ရ​ကြ​လ​တ္တံ့။-အ​ကြင်​သူ​သည် ငါ၏​နာ​မ​ကြောင့် အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။ ထို​သူ​သည် အ​ဆ​တစ်​ရာ သော​အ​ကျိုး​ကို ရ၍ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​လ​တ္တံ့။- နောက်​ကျ​သော​သူ အ​များ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​အ​များ​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်။

အ​ချင်း​ချင်း ကျေး​ဇူး​ပြု​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကြောင့် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ချင်း​ချင်း အ​ပြစ်​လွှတ်​ခြင်း ရှိ​ကြ​လော့။

သို့​ရာ​တွင် သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​ကို​ကိုယ် ချစ်​သ​ကဲ့​သို့ ကိုယ်​ခင်​ပွန်း​ကို​ချစ်​ကြ​လော့။ မိန်း​မ​သည်​လည်း ကိုယ်​ခင်​ပွန်း​ကို ရို​သေ​ခြင်း​ရှိ​စေ​လော့။

တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို​ချစ်၏​ဟု ဆို​လျက်​ပင် မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျှင်၊ ထို​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၏။ မိ​မိ​မြင်​ရ​သော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသောဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ချစ်​နိုင်​မည်​နည်း။-

Cuidar da família

Quem não cuida dos seus negou a fé. A família é responsabilidade sagrada — prover, proteger e abençoar é mandamento divino.

မိ​မိ​လူ​တို့​ကို​မ​ပြု​စု၊ ထို​မျှ​မ​က၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို မ​ပြု​စု​သော​သူ​မည်​သည်​ကား၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို ငြင်း​ပယ်၏။ မ​ယုံ​ကြည်​ဖူး​သော​သူ​ထက် သာ၍ ယုတ်​မာ၏။

မိ​မိ​လူ​တို့​ကို​မ​ပြု​စု၊ ထို​မျှ​မ​က၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို မ​ပြု​စု​သော​သူ​မည်​သည်​ကား၊ ယုံ​ကြည်​ခြင်း​တ​ရား​ကို ငြင်း​ပယ်၏။ မ​ယုံ​ကြည်​ဖူး​သော​သူ​ထက် သာ၍ ယုတ်​မာ၏။

သား​မြေး​ရှိ​သော မု​ဆိုး​မ​ဖြစ်​လျှင်၊ ထို​သား​မြေး​တို့​သည် ရှေ့​ဦး​စွာ ဘု​ရား​ဝတ်​ကို ရည်​မှတ်​လျက်၊ မိ​မိ​အိမ်​ကို ပြု​စု၍ မိ​ဘ​ဘိုး​ဘွား၌ ကျေး​ဇူး​ဆပ်​ခြင်း​ငှာ သင်​ကြ​စေ။ ထို​အ​မှု​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်၏။-

အ​သင်း​တော်​တွင်း​ကွဲ​ပြား​ခြင်း

ညီ​အစ်​ကို​တို့၊ သင်​တို့​ရှိ​သ​မျှ​သည် စ​ကား​တ​ညီ​တ​ညွတ်​တည်း​ဖြစ်၍ အ​ချင်း​ချင်း​မ​ကွဲ​ပြား​ဘဲ စိတ်​သ​ဘော​တစ်​သံ တစ်​သ​မတ်​တည်း ရှိ​သည်​နှင့် စေ့​စပ်​စုံ​လင်​ကြ​မည်​အ​ကြောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ သင်​တို့​ကို ငါ​နှိုး​ဆော်​တောင်း​ပန်​ပါ၏။-

ဖွား​မြင်​သော သား​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဆု​ချ၍ ပေး​သ​နား​တော်​မူ​သော အ​မွေ​ဥ​စ္စာ​ဖြစ်​ကြ၏။ အ​သက်​ပျို​စဉ်၊ ဖွား​မြင်​သော​သား​သ​မီး​တို့​သည် သူ​ရဲ​လက်၌​ရှိ​သော မြား​ကဲ့​သို့ ဖြစ်​ကြ၏။ မိ​မိ​မြား​တောင့်​ကို သူ​တို့​နှင့်​ပြည့်​စေ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ သူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ။ ရန်​သူ​တို့​ကို တံ​ခါး​ဝ၌ ဆီး​တား​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​မူ​ကား၊ ကြောက်​ရွံ့​သော သူ​တို့​အ​ပေါ်​သို့ ကာ​လ​အ​စဉ်​အ​ဆက် သက်​ရောက်​တတ်၏။ သ​စ္စာ​တော်​ကို​စောင့်၍ ပ​ညတ်​တော်​တို့​ကို​ကျင့်​ခြင်း​ငှာ၊ သ​တိ​ပြု​သော​သူ​တို့၏ သား​စဉ်​မြေး​ဆက်​တို့​သည် ကု​သ​လ​တ​ရား​တော်​နှင့် ဆိုင်​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​မူ​ကား၊ ကြောက်​ရွံ့​သော သူ​တို့​အ​ပေါ်​သို့ ကာ​လ​အ​စဉ်​အ​ဆက် သက်​ရောက်​တတ်၏။ သ​စ္စာ​တော်​ကို​စောင့်၍ ပ​ညတ်​တော်​တို့​ကို​ကျင့်​ခြင်း​ငှာ၊ သ​တိ​ပြု​သော​သူ​တို့၏ သား​စဉ်​မြေး​ဆက်​တို့​သည် ကု​သ​လ​တ​ရား​တော်​နှင့် ဆိုင်​ရ​ကြ၏။

ညီ​အစ်​ကိုသဘောတူခြင်း

ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။

Unidade familiar

A coroa dos velhos são os filhos dos filhos. O casamento, os filhos e a comunhão familiar são bênçãos de Deus.

မြေး​တို့​သည် အ​သက်​ကြီး​သော​သူ၏ သ​ရ​ဖူ​ဖြစ်၏။ သား​တို့၏​ဘုန်း​ကား အ​ဘ​တည်း။

မြေး​တို့​သည် အ​သက်​ကြီး​သော​သူ၏ သ​ရ​ဖူ​ဖြစ်၏။ သား​တို့၏​ဘုန်း​ကား အ​ဘ​တည်း။

အ​ဆွေ​ခင်​ပွန်း​သည် အ​ခါ​ခပ်​သိမ်း​ချစ်​တတ်၏။ ညီ​အစ်​ကို​သည် ဒု​က္ခ​ကာ​လ​အ​ဖို့ မွေး​ဖွား​လျက်​ရှိ၏။

အ​ပေါင်း​အ​ဖော်​များ​သော​သူ​သည် အ​ကျိုး​နည်း​ရှိ​တတ်၏။ မိတ်​ဆွေ​မူ​ကား၊ ညီ​အစ်​ကို​စွဲ​ကပ်​သည်​ထက် သာ၍ စွဲ​ကပ်​တတ်၏။

ကိုယ်​အ​ဆွေ​ခင်​ပွန်း​နှင့် အ​ဘ၏​အ​ဆွေ​ခင်​ပွန်း​ကို မ​စွန့်​နှင့်။ အ​မှု​ရောက်​သော​ကာ​လ၌၊ ညီ​အစ်​ကို​အိမ်​သို့​မ​သွား​နှင့်။ နီး​သော​အိမ်​နီး​ချင်း​သည် ဝေး​သော​ညီ​အစ်​ကို​ထက် သာ၍​ကောင်း၏။

ငါ့​သား၊ သင့်​နှ​လုံး၌ ပ​ညာ​ရှိ​လျှင် ငါ့​နှ​လုံး​နှင့် ငါ့​ကိုယ်​တိုင်​သည် ဝမ်း​မြောက်​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ၏​အ​ဘ​သည် အ​လွန်​ဝမ်း​မြောက်​လိမ့်​မည်။ ပ​ညာ​ရှိ​သော သား​ကို ဖြစ်​ဖွား​စေ​သော​သူ​သည် ထို​သား၌ အား​ရ​ဝမ်း​မြောက်​လိမ့်​မည်။

ရှော​လ​မုန်​မင်း​၏သု​တ္တံ​စ​ကား​များ

ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ မိုက်​သော​သား​မူ​ကား၊ အ​မိ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ဖြစ်​စေ​တတ်၏။

ပြင်​အ​ရပ်​မှာ သင်၏​အ​လုပ်​ကို ပြင်​လော့။ လယ်​တော၌ ကိုယ်​အ​ဖို့ ပြင်​ဆင်​လော့။ နောက်​မှ သင်၏​နေ​ရာ​အိမ်​ကို ဆောက်​လော့။

မ​တ​ရား​သော စီး​ပွား​ကို​ရှာ​သော​သူ​သည် မိ​မိ​အိမ်​သား​တို့​ကို နှောင့်​ယှက်​တတ်၏။ တံ​စိုး​ကို​ရွံ​သော​သူ​မူ​ကား အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။

မိ​မိ​အိမ်​ကို​နှောင့်​ယှက်​သော​သူ​သည် လေ​ကို​အ​မွေ​ခံ​ရ​လိမ့်​မည်။ မိုက်​သော​သူ​သည်​လည်း၊ လိ​မ္မာ​သော​သူ​ထံ၌ ကျွန်​ခံ​ရ​လိမ့်​မည်။

Casamento e família

O homem deixará pai e mãe e se unirá à sua mulher. A família começa no casamento — aliança sagrada diante de Deus.

ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍၊ ကိုယ်​ခင်​ပွန်း၌​မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။

အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။

နေ​အောက်​မှာ ပေး​သ​နား​တော်​မူ​သော အ​န​တ္တ​အ​သက်​ကာ​လ​ပတ်​လုံး၊ သင်​ချစ်​သော​မ​ယား​နှင့် ရွှင်​လန်း​စွာ အ​သက်​ကာ​လ​ကို​လွန်​စေ​လော့။ ဤ​ရွေ့​ကား၊ အ​သက်​ရှင်၍ နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​ရာ၌ သင်​ခံ​ရ​သော အ​ကျိုး​ပေ​တည်း။

ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​စ​က ယောက်ျား​နှင့် မိန်း​မ နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။-ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊-ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။ ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ် တစ်​ဦး​တည်း​ဖြစ်၏။- ဘု​ရား​သ​ခင် တွဲ​ဖက်၍ ထမ်း​ပိုး​တင်​တော်​မူ​သော​အ​ရာ​ကို လူ​မ​ခွဲ​မ​ခွာ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။

သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။

မိန်း​မ​သည် မိ​မိ​ဖွား​သော​သား​ကို မ​သ​နား​သည်​တိုင်​အောင်၊ မိ​မိ​နို့​စို့​သူ​ငယ်​ကို မေ့​လျော့​နိုင်​သ​လော။ အ​ကယ်၍ မေ့​လျော့​သော်​လည်း၊ သင့်​ကို ငါ​မ​မေ့​လျော့။ ငါ​သည် ကိုယ်​လက်​ဝါး၌ သင့်​ကို​စာ​ထိုး​ပြီ။ သင်၏​မြို့​ရိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ်​ရှိ၏။

ချစ်​သူ​တို့၊ ယ​ခု​တွင် ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။ နောက်​မှ အ​ဘယ်​သို့​သော​သူ​ဖြစ်​မည်​ဟု မ​ထင်​ရှား​သေး။ သို့​သော်​လည်း ကိုယ်​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် ကိုယ်​တော်​နှင့် တူ​ကြ​လ​တ္တံ့​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော် ဖြစ်​တော်​မူ​သည်​အ​တိုင်း​ကို ငါ​တို့​သည် မြင်​ရ​ကြ​လ​တ္တံ့။- ထို​သို့ မျှော်​လ​င့်​သော​သူ​မည်​သည်​ကား၊ ကိုယ်​တော် သန့်​ရှင်း​တော်​မူ​သည်​နည်း​တူ၊ ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​တတ်၏။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.