Pular para o conteúdo
Publicidade

Filho de Deus

Por Bíblia Online

Conhecer Jesus como o Filho de Deus muda a maneira como você enxerga a sua própria existência. Ele não é apenas uma figura histórica ou um mestre de moral, mas a própria expressão do amor e da autoridade do Pai caminhando entre nós.

Quando você compreende quem Ele é e o que realizou, a incerteza dá lugar à certeza da salvação. As palavras registradas nas Escrituras revelam a divindade daquele que veio para nos resgatar e oferecer comunhão direta com o Criador.

Jesus é o Filho de Deus — a revelação suprema do Pai. Nele habita toda a plenitude da divindade e por Ele temos acesso ao Pai, à salvação e à vida eterna.

A revelação do Filho

O Filho é o resplendor da glória de Deus. Quem vê o Filho vê o Pai. Jesus é a imagem perfeita do Deus invisível.

ထို​သား​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်၏ ပုံ​သ​ဏ္ဌာန်​ဖြစ်၍၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော မိ​မိ​အ​မိန့်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စ​တော်​မူ​သော​သူ​ဖြစ်​လျက်၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​လျှင်၊ မြင့်​သော​အ​ရပ်​မှာ တန်​ခိုး​အာ​နု​ဘော်​တော်၏ လက်​ယာ​ဘက်၌ ထိုင်​တော်​မူ၏။

သား​တော်​၏​ကြီး​မြတ်​ခြင်း

ကောင်း​ကင်​တ​မန်​တို့​ရ​သော ဘွဲ့​နာ​မ​ထက် ထူး​မြတ်​သော ဘွဲ့​နာ​မ​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​တ​မန်​တို့​ထက် ကြီး​မြတ်​သော​သူ ဖြစ်​တော်​မူ၏။-

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-

ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ မ​မြင်​စ​ဖူး​သော်​လည်း၊ ခ​မည်း​တော်၏​ရင်​ခွင်၌​ရှိ​သော တစ်​ပါး​တည်း​သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။

ယေ​ရှု​က​လည်း၊ ငါ့​ခ​မည်း​တော်​သည် ယ​ခု​တိုင်​အောင် အ​လုပ်​လုပ်​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည်​လည်း လုပ်၏​ဟု ပြန်​ပြော​တော်​မူ၏။- သို့​ဖြစ်၍ ဥ​ပုသ်​နေ့​ကို ဖျက်​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​ကို မိ​မိ​အ​ဘ​ဟု​ခေါ်၍ မိ​မိ​ကို​ဘု​ရား​သ​ခင်​နှင့် ပြိုင်​နှိုင်း​တော်​မူ​သော​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​ခြင်း​ငှာ သာ၍​ရှာ​ကြံ​ကြ၏။

Confissão e fé

Tu és o Cristo, o Filho do Deus vivo! Quem confessa que Jesus é o Filho de Deus, Deus permanece nele.

ပေ​တ​ရု​ဝန်​ခံ​ချက်

ယေ​ရှု​သည် ဖိ​လိ​ပ္ပု​ကဲ​သ​ရိ​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​သော​အ​ခါ၊ လူ​များ​တို့​သည် လူ​သား​ဖြစ်​သော ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို မေး​မြန်း​တော်​မူ​လျှင်၊- လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ယေ​ရ​မိ​မှ​စ၍ ပ​ရော​ဖက်​တစ်​ပါး​ပါး​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊- ရှိ​မုန်​ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။-

ယေ​ရှု​သည် ဗ​တ္တိ​ဇံ​ကို​ခံ​တော်​မူ​ပြီး​လျှင် ရေ​မှ​ပေါ်​ထ​စဉ်​တွင်၊ ကောင်း​ကင်​ဖွင့်​လှစ်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ကိုယ်​တော်​အ​ပေါ်၌ နား​တော်​မူ​သည်​ကို မြင်​ရ၍၊ ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ကို ဝန်​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၌ တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌​တည်​တော်​မူ၏။-

သား​တော်​အား​ဖြင့် ငါ​တို့​သည် အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တစ်​ပါး​တည်း​သော သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​အ​ရာ၌၊ ငါ​တို့​ကို ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ထင်​ရှား​လျက်​ရှိ၏။- ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ​သည်​ဟု မ​ဆို။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်၍ ငါ​တို့၏​အ​ပြစ် ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ၊ သား​တော်​ကို စေ​လွှတ်​တော်​မူ​သော​အ​ရာ၌ ချစ်​ခြင်း​မေ​တ္တာ​ရှိ၏။-

မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ၍ ဒု​စ​ရိုက်​ကို​ပြု​သော​သူ ဖြစ်​သော​ကြောင့်၊ အ​ကြင်​သူ​သည် ဒု​စ​ရိုက်​ကို ပြု၏။ ထို​သူ​သည် မာရ်​နတ်​နှင့် ဆိုင်၏။ မာရ်​နတ်​အ​မှု​တို့​ကို ပယ်​ဖျက်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ သား​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ၏။-

သား​တော်​ကို​ရ​သော​သူ​သည် အ​သက်​ကို​ရ၏။ ဘု​ရား​သ​ခင်၏​သား​တော်​ကို မ​ရ​သော​သူ​မူ​ကား အ​သက်​ကို​မ​ရ။

Vida no Filho

Deus enviou seu Filho ao mundo para que vivêssemos por Ele. O Filho dá vida, julga e reconcilia os pecadores com o Pai.

ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-

ခ​မည်း​တော်​သည် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​ရှင်​ပြန်​စေ​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ သား​တော်​သည်​လည်း အ​လို​ရှိ​သ​မျှ​သော သူ​တို့​ကို ရှင်​စေ၏။- လူ​အ​ပေါင်း​တို့​သည် ခ​မည်း​တော်​ကို ရို​သေ​သည်​နည်း​တူ၊- သား​တော်​ကို ရို​သေ​စေ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​သည် အ​ဘယ်​သူ​ကို​မျှ တ​ရား​စီ​ရင်​တော်​မ​မူ။ တ​ရား​စီ​ရင်​ခြင်း​အ​ခွင့် ရှိ​သ​မျှ​ကို သား​တော်​အား အပ်​ပေး​တော်​မူ၏။ သား​တော်​ကို မ​ရို​သေ​သော​သူ​သည်​ကား၊ သား​တော်​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကို မ​ရို​သေ​သော​သူ​ဖြစ်၏။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊ ကြား​သော​အား​ဖြင့် အ​သက်​ရှင်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ခ​မည်း​တော်​သည် ကိုယ်၌ အ​သက်​ရှိ​တော်​မူ​သည်​နည်း​တူ၊ သား​တော်​သည် မိ​မိ၌ အ​သက်​ရှိ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။-

ထို​သူ​ကို​လက်​ခံ​သ​မျှ​သော သူ​တည်း​ဟူ​သော ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​အား၊ ဘု​ရား​သ​ခင်၏ သား​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- ထို​သား​တို့​မူ​ကား၊ လူ​မျိုး​နှင့်​စပ်​ဆိုင်၍ ဖွား​သော​သား​မ​ဟုတ်။ မေ​ထုန်​သံ​ဝါ​သ​အား​ဖြင့် ဖွား​သော​သား​မ​ဟုတ်။ လူ​အ​လို​အ​လျောက် ဖွား​သော​သား​မ​ဟုတ်။ ဘု​ရား​သ​ခင်​ဖွား​တော်​မူ​သော​သား ဖြစ်​သ​တည်း။

ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။-

အ​ချိန်​ကာ​လ​စေ့​သော​အ​ခါ၊ ငါ​တို့​သည် သား၏​အ​ခွင့်​အ​ရာ​ကို ခံ​ရ​မည်​အ​ကြောင်း၊- ပ​ညတ်​တ​ရား​လက်၌​ရှိ​သော ငါ​တို့​ကို ရွေး​နုတ်​စေ​ခြင်း​ငှာ၊ မိန်း​မ​ဝမ်း၌ ပ​ဋိ​သ​န္ဓေ​ယူ၍ ပ​ညတ်​တ​ရား​အောက်၌ ဖွား​မြင်​ရ​သော သား​တော်​ကို ဘု​ရား​သ​ခင်​သည် စေ​လွှတ်​တော်​မူ၏။- ထို​သို့​သင်​တို့​သည် သား​ဖြစ်​သော​ကြောင့် အ​ဗ္ဗ​အ​ဘ​ဟု ခေါ်​တတ်​သော သား​တော်၏​ဝိ​ညာဉ်​တော်​ကို သင်​တို့​စိတ်​နှ​လုံး​ထဲ​သို့ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ရန်​သူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်၏​သား​တော် အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​မှန်​လျှင်၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ပြီး​မှ၊ အ​သက်​တော်​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​မည်​ဟု သာ၍​မျှော်​လင့်​စ​ရာ​ရှိ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။

Seja o primeiro

Este artigo te tocou? Faça uma oração!

+581 estão orando agora.

Junte-se à corrente de oração.