Filho de Deus
Jesus é o Filho de Deus — a revelação suprema do Pai. Nele habita toda a plenitude da divindade e por Ele temos acesso ao Pai, à salvação e à vida eterna.
A revelação do Filho
O Filho é o resplendor da glória de Deus. Quem vê o Filho vê o Pai. Jesus é a imagem perfeita do Deus invisível.
သားတော်ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ထွန်းလင်းတောက်ပလျက် ဆိပင်း ကိုယ်တော်ဟ ဘုရားသခင်ရဲ့ ဇာတိအဖြစ်လို့ဟို မန်ကန်သော ပုံသဏ္ဌာန်ဖြစ်လျက် မိမိရဲ့ တန်ခိုးနဲ့ ပြေ့စုံသော အမိန့်အားဖြင့် အရာခပ်သိမ်းဟို တည်နေစေအယ်။ ကိုယ်တော်ဟ လူသားလို့အား အပစ်များမှ စင်ကြယ်စေရန် ဆောင်ရွက်ပင်းနောက် မြင့်သောအရပ်တွင် ဆိသော အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်နေအယ်။
သားတော်အား ဘုရားသခင် ပေးအပ်သော ဘွဲ့နာမဟ ခေါန်းခင်တမန်လို့ရဲ့ ဘွဲ့နာမထက် ကြီးမြတ်လဲ့နည်းတူ သားတော်ဟ ခေါန်းခင်တမန်များထက် သာလွန်ကြီးမြတ်အယ်။
နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။
ဘုရားသခင်ဟို စသူမှ မမျော်ဖူးဝူး။ ဘုရားသခင်နဲ့ တူယွေ့ ခမည်းတော်ဘက်နှိုက် ဆိသော တပါးတည်းသော သားတော်ဟ ဘုရားသခင်ဟို သိစေအယ်။
ယေရှုဟလည်း "ငါ့ခမည်းတော်ဟ အခုတိုင်အောန် အလုပ်လုပ်တာ ဖြစ်ယွေ့ ငါလည်း အလုပ်လုပ်အယ်" ဟု သူလို့အား ပြန်ပြောလေအယ်။
အဲအကျောန်းကျောန့် ယုဒအာဏာပိုင်လို့ဟ ကိုယ်တော်ဟို သတ်ရန် ပိုယွေ့ ကြိုးစားဆှာကြအယ်၊ ဥပုသ်နေ့ဟို ဖောက်ဖျက်ရုံမက ဘုရားသခင်ဟို မိမိရဲ့ အဖဟုခေါ်လျက် မိမိတတ်တိုင်း ဘုရားနဲ့ တန်းတူထားသောကျောန့် ဖြစ်အယ်။
Confissão e fé
Tu és o Cristo, o Filho do Deus vivo! Quem confessa que Jesus é o Filho de Deus, Deus permanece nele.
ယေရှုဟ ကဲသရိ ဖိလိပ္ပုပြေနယ်ဟို ရောက်ဆိသောအခါ ကိုယ်တော်ဟ တဘဲ့တော်လို့အား "လူလို့ဟ လူသားဟို စသူဖြစ်အယ်ဟု ပြောဆိုကြလုန်း" ဟု မေးအယ်။
"အချို့ဟ နှစ်ခြင်းဆရာယောဟန် ဟု ပြောယွေ့ အချို့ဟ ဧလိယ ဟု ပြောအယ်။ အချို့ဟ ယေရမိ အဲဟာမဟုတ်ရင် အခြား ပရောဖက်တပါးပါး ဟု ပြောဆိုကြအယ်" ဟု ဆှောက်ကြအယ်။
ကိုယ်တော်ဟ "နင်လို့ဟမူ ငါ့ဟို စသူ ဟု ဆိုကြလုန်း" ဟု မေးအယ်။
ရှိမုန် ပေတရုဟ "ကိုယ်တော်သည် အသက်ဆှင်သော ဘုရားသခင်ရဲ့ သားတော်တည်းဟူသော ခရစ်တော် ဖြစ်အယ်" ဟု ဆှောက်အယ်။
ယေရှုဟ နှစ်ခြင်းဟို ခံယူပင်းချင်း ယေမှ ပေါ်ထလာအယ်။ အေးနောက် မိုးခေါန်းခင်ဟ ပွင့်သဖြင့်၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ ချိုးတူးမပုံစံလို ဆင်းလာယွေ့ ကိုယ်တော်ရဲ့ အပေါ်မှာ နားတာဟို မျော်ဟယ်။ အေးနောက် "ဟေသူဟ ငါ နှစ်သက်မြတ်နိုးရာ၊ ငါရဲ့ ချစ်သား ဖြစ်အယ်" ဟု ခေါန်းခင်မှ အသံတော် ပေါ်ထွက်လာအယ်။
စသူမဆို ယေရှုဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်း ဝန်ခံရင် ဘုရားသခင်ဟ အဲသူနှိုက် တည်ယွေ့ အဲသူဟလည်း ဘုရားသခင်နှိုက် တည်အယ်။
ငါလို့ဟ သားတော်အားဖြင့် အသက်ဆှင်ကြစေရန် ဘုရားသခင်ဟ မိမိရဲ့ တပါးတည်းသော သားတော်ဟို ဟေလောကသို့ စေလွှတ်အယ်။ အေးလိုဖြင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ထင်ဆှားအယ်။ ငါလို့ဟ ဘုရားသခင်ဟို ချစ်ခဲ့တာ မဟုတ်၊ ဘုရားသခင်ဟသာ ငါလို့ဟို ချစ်ယွေ့ ငါလို့ရဲ့ အပစ်များအတွက် အသနားခံခြင်း ပူဇော်သကာအဖြစ် မိမိရဲ့ သားတော်ဟို စေလွှတ်အယ်။ ဟေအမှုအရာနှိုက် ချစ်ခြင်းမေတ္တာ ဆိအယ်။
အပစ်ဟို ပြုနေသောသူဟ မာရ်နတ်နဲ့ စပ်ဆိုင်သောသူ ဖြစ်အယ်။ အကျောန်းမှာ မာရ်နတ်ဟ ဆေ့ဦးဟပင် အပစ်ပြုလျက် ဆိအယ်။ ဘုရားသခင်ရဲ့ သားတော် ပေါ်ထွန်းခဲ့တာဟ မာရ်နတ်ရဲ့ လုပ်ဆောင်မှုလို့ဟို ပယ်လောရန်အတွက် ဖြစ်အယ်။
သားတော်ဟို ရဆိသောသူဟ အသက်ဟို ရအယ်။ ဘုရားသခင်ရဲ့ သားတော်ဟို မရဆိသောသူဟ အသက်ဟို မရ။
Vida no Filho
Deus enviou seu Filho ao mundo para que vivêssemos por Ele. O Filho dá vida, julga e reconcilia os pecadores com o Pai.
ဘုရားသခင်ဟ လောကသားလို့ဟို ရမ်းဆာ့ ချစ်သောကျောန့် မိမိရဲ့တပါးတည်းသော သားတော်ဟို ပေးအယ်၊ အဲဟာဟ သားတော်ဟို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။
ခမည်းတော်ဟ သေလွန်သောသူလို့ဟို အသက်ဆှင်စေသလို အဲတိုင်းတိုင်း သားတော်ဟလည်း မိမိအလိုဆိသူလို့ဟို အသက်ဆှင်စေအယ်။ ခမည်းတော်ဟ စသူဟိုမျှ တရားစီရင်တော်မမူ။ သားတော်အား တရားစီရင် ပိုင်ခွင့်ဆိသမျှဟို ပေးအပ်ထားအယ်၊ အဲလိုမို့ လူအပေါင်းလို့ဟ ခမည်းတော်အား ရိုသေကြလဲ့တိုင်း သားတော်အား ရိုသေကြရမယ်။ သားတော်အား မရိုသေသောသူဟ သားတော်ဟို စေလွှတ်သော ခမည်းတော်အား မရိုသေသောသူ ဖြစ်အယ်။
နင်လို့အား ငါ အမန်ဆိုတာဟ သေလွန်သောသူလို့ဟ ဘုရားသခင်ရဲ့ သားတော်အသံဟို ကြားယွေ့ ကြားသောသူလို့ဟ အသက်ဆှင်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လာလေပီ။ အကျောန်းမှာ ခမည်းတော်ဟ မိမိနှိုက် အသက်ဆှင်လဲ့တိုင်းတိုင်း သားတော်ဟိုလည်း မိမိနှိုက် အသက်ဆှင်စေခြင်းငှာ အခွင့်ပေးအယ်။
အဲလိုလဲ ကိုယ်တော်ဟို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ရဲ့ နာမဟို ယုံကြည်သောသူလို့အား ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ခွင့်ဟို ပေးအယ်။ သူလို့ဟ သဘာဝနည်းလမ်းဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်လာကြတာ မဟုတ်၊ အဲဟာဟ လူသား အဖတဦးရဲ့ လူပဲ့သငယ်အဖြစ် မွေးဖွားလာခြင်းဖြင့် ဘုရားသခင် တတ်တိုင်းဟ သူလို့ရဲ့ အဖ ဖြစ်အယ်။
အေးလိုမို့ ငါအသက်ဆှင်တာဟ ငါတတ်တိုင်း မဟုတ်တော့ဘဲ ခရစ်တော်ဟ ငါနှိုက် အသက်ဆှင်အယ်။ အခု ငါအသက်ဆှင်သော ဟေအသက်ဟ ငါ့ဟို ချစ်ယွေ့ ငါ့အတွက် သူ့အသက်ဟို ပေးလှူသော ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်နေအယ်။
အဲလိုလဲ နောက်ဆုံး မန်ကန်လဲ့အချိန် ရောက်လာသောအခါ၊ ဘုရားသခင်ဟ သူ့သားတော်ဟို စေလွှတ်ခဲ့အယ်။ သူဟ လူသားအမေ့တယောက်မှ မွေးဖွားလာပင်း ယုဒလူလို့ရဲ့ ပညတ်တရားအောက်နှိုက် နေထိန်ခဲ့ကာ ပညတ်တရားအောက်နှိုက် ဆိသောသူများဟို ရွေးနှုတ်ရန် ဖြစ်အယ်။ အေးလိုမို့ ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်လာရအယ်။
နင်လို့ဟ သူရဲ့ လူပဲ့သူငယ်များ ဖြစ်ကျောန်း ပြသရန် ဘုရားသခင်ဟ "အဗ္ဗ၊ ငါ့ အဖ" ဟု ကြွေးကြော်သော သားတော်ရဲ့ ဝိညာဉ်တော်ဟို ငါလို့ရဲ့ စိတ်နလုံးထဲဟို စေလွတ်ခဲ့အယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ ရန်သူများ ဖြစ်ခဲ့ကြသော်လည်း သူရဲ့သားတော် အသေခံခြင်းအားဖြင့် ငါလို့အား မိတ်ဆွေ ဖြစ်စေအယ်။ အခု ငါလို့ဟ ဘုရားသခင်ရဲ့ မိတ်ဆွေများ ဖြစ်လာကြပီ ဖြစ်လဲ့အတွက် ခရစ်တော်ရဲ့ အသက်အားဖြင့် ကယ်တင်ခြင်းဟို ပိုယွေ့ ခံရကြလိမ့်မယ်။